ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
Critique

နိုင်ငံရေးသမားကို ဆယ်လီဇာတ်သွင်းခြင်း

တော်လှန်ရေးကာလမှာ ရန်ပုံငွေရှာဖွေပေးနိုင်တဲ့ အင်အားကြောင့် နိုင်ငံရေးအရ ပြောရေးဆိုခွင့်ရှိသူဆန်ဆန်၊ ခေါင်းဆောင်ဆန်ဆန် ပြောခွင့်အနေအထားတွေရသွား၊ ရှိသွားတာကလည်း စိုးရိမ်ဖွယ်ပါ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က တော်လှန်‌ရေးအစိုးရ ဝန်ကြီးဆိုသူကပါ တော်လှန်ရေးဆယ်လီ ရန်ပုံငွေရှာဖွေသူတဦးကို ပြန်လည်တောင်းပန်ရတဲ့အထိ ဆယ်လီအရှိန်အဝါက ကြီးလာခဲ့ပါတယ်။

ဆယ်လီဆိုတဲ့ စကားလုံး မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ရေပန်းစားလာတာ ဆယ်စုနှစ်တခုလောက်ပဲ ရှိပါသေးတယ်။ ဖျော်ဖြေရေးနယ်ပယ်မှာ ကျော်ကြားသူလို့ အဓိပ္ပာယ်ရတဲ့ အင်္ဂလိပ်စကားလုံး celebrity ရဲ့ အတိုကောက် cele (ဆယ်လီ) ဆိုတဲ့ စကားလုံး မတွင်ကျယ်ခင်ကတော့ မြန်မာပြည် ဖျော်ဖြေရေးကဏ္ဍက ကျော်ကြားသူတွေကို စတား၊ အနုပညာရှင် စသည်ဖြင့်ပဲ​ ခေါ်ခဲ့ကြတာပါ။​

လူမှုကွန်ရက်စာမျက်နှာတွေ ခေတ်စားလာတဲ့ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းမှ ဒီစကားလုံးက ရေပန်းစားလာပါတယ်။​ ဖေ့ဘုတ်နဲ့ ယူကျု စာမျက်နှာတွေမှာ စောင့်ကြည့်သူ(follower) များတဲ့ သူတွေကိုပါ ဆယ်လီလို့ အမည်ပေးအသိမှတ်ပြုမှုတွေ ရှိလာပါတယ်။

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

ဒီဆယ်လီယဉ်ကျေးမှုဟာ မြန်မာ့နိုင်ငံရေးနယ်ပယ်ကိုပါ သက်ရောက်မှုရှိခဲ့ပါတယ်။ လူထုအကြား ကျော်ကြားတဲ့ပုဂ္ဂိုလ်တွေရဲ့ အားဟာ နိုင်ငံရေးအတွက် အရေးကြီးတဲ့ ကြားခံနယ်ဖြစ်တာကို မြန်မာ့နိုင်ငံရေးမှာ ပေါ်ပေါ်လွင်လွင် တွေ့နိုင်ပါတယ်။

၂၀၁၂ ခုနှစ် ကြားဖြတ်နဲ့ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲဟာ မြန်မာ့နိုင်ငံရေးသမိုင်းတလျှောက် အရေးပါတဲ့မိုင်တိုင်တွေ ဖြစ်သလို အနီးခေတ်မြန်မာပြည်မှာ ဆယ်လီတွေရဲ့ ပါဝင်မှုကို ထင်ထင်ရှားရှားတွေ့ရတဲ့ ပွဲတွေဆိုရင်လည်း မမှားပါဘူး။ ၂၀၁၁ မှာစတဲ့ တံခါးဖွင့်ခေတ်မတိုင်မီတုန်းက စစ်အစိုးရရဲ့ ဝါဒဖြန့်ဇာတ်ကားတွေနဲ့ သီချင်းတွေမှာ ကျော်ကြားတဲ့ အနုပညာရှင်တွေ ပါဝင်သရုပ်ဆောင်ခဲ့ရတာမျိုးရှိပေမဲ့ စစ်အုပ်စုနောက်ခံမဟုတ်တဲ့ နိုင်ငံရေးပါတီတရပ်အတွက် ဆယ်လီတွေ အင်တိုက်အားတိုက် ပါဝင်ကြတာကတော့ ၂၀၁၂၊ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ အထင်ရှားဆုံးပါပဲ။

လူထုအပေါ်လွှမ်းမိုးမှုရှိတဲ့ အနုပညာရှင်နဲ့ ဆယ်လီတွေရဲ့အားကို နိုင်ငံရေးလှုပ်ရှားမှုအတွက် အားထားအသုံးပြုတာမျိုးကို နိုင်ငံတကာနိုင်ငံရေးစင်မြင့်မှာလည်း တွေ့ရလေ့ရှိပါတယ်။ ဒါပေမဲ့ နိုင်ငံရေးသမား နဲ့ political stakeholder တွေကို ဆယ်လီပုံစံ သွတ်သွင်းမှုတွေကတော့ မြန်မာပြည် လူမှုကွန်ရက်လောကမှာပဲ​ ရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ အရပ်သားအစိုးရတက်လာပြီးတဲ့နောက် လူမှုကွန်ရက်မှာ ပြည်သူလူထုအကြား နာမည်ကြီးတဲ့ နိုင်ငံရေးသမားနဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် စတဲ့ ပုဂ္ဂိုလ်တွေကို ဆယ်လီတွေလို We Love Group အမည်ရ အုပ်စုဖွဲ့ထောက်ခံမှုတွေ (Fandom) လုပ်ကြ၊ ဟာသဆန်ဆန်ရေးသား၊ ထောက်ခံသူတွေ စုရုံးပြီး ဆယ်လီ တယောက်ပုံစံ ပုံဖော်မှုတွေ လုပ်ကြတာတွေ ရှိပါတယ်။​ ဒီလိုလုပ်ဆောင်မှုတွေက တဖက်မှာတော့ နိုင်ငံရေးသမားဆိုတဲ့ သူ့မူလဘူတဇာစ်မြစ်သရုပ်နဲ့ တာဝန်ကို မှိန်ဖျော့စေတယ်လို့ ထင်ပါတယ်။ ဥပမာ တိုင်းဒေသကြီးဝန်ကြီးချုပ်တဦးရဲ့ နိုင်ငံရေးရပ်တည်ချက်နဲ့ စွမ်းဆောင်ရည်ဟာ အထူးဝေဖန်ခံရဖို့ ထိုက်တန်ပေမဲ့ သူ့ကိုထောက်ခံသူတွေအတွက်ကတော့ သူ့ရဲ့ ကျော်ကြားမှုတွေအပေါ် သည်းခံနိုင်မှုက ပိုအရေးပါခဲ့တာမျိုးတွေပါ။ ဒီအတွက် နိုင်ငံရေးသမားတယောက် ရင်ဆိုင်ရမယ့် မူဝါဒပိုင်းဆိုင်ရာ ထောက်ပြပြောဆိုမှုတွေက လူထုကြားထဲ ရောက်သင့်သလောက် မရောက်တာတွေ ဖြစ်ခဲ့ရပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်စဉ်အပြီးမှာလည်း ဆယ်လီတွေ ဆက်လက်ပါဝင်ကြပါတယ်။ ဒီအခြေနေမှာ အရင်က ဝန်းရံသူဆယ်လီဆိုတဲ့ အနေအထားကနေ နိုင်ငံရေးပုံရိပ်ကို တည်ဆောက်နိုင်တဲ့အနေအထားထိ ဖြစ်လာပါတယ်။ ဒါပေမဲ့ ဒီလိုအခြေနေမှာ မေးခွန်းထုတ်စရာက သာမန်မဟုတ်တဲ့ နိုင်ငံ့အခြေအနေမှာ တော်လှန်ရေးအစိုးရလို့ အမည်ခံထားသူတွေကလည်း နိုင်ငံရေးအရ လူထုကို လမ်းညွှန်နိုင်တာ၊ မူဝါဒ ဦးဆောင်မှုပေးနိုင်တာမျိုး ရှိမနေတာပါ။ တော်လှန်ရေးကို ဘယ်နှစ်မှာ အဆုံးသတ်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေကိုသာ လူထုက ကြားခဲ့ရပါတယ်။

လေးနှစ်တာကာလမှာ တော်လှန်ရေးအစိုးရဆီကနေ နိုင်ငံရေးအရ ဟောပြောမှုတွေဆိုတာ မတွေ့ရသလောက်ဖြစ်ပြီး တော်လှန်ရေးနဲ့ပတ်သက်တဲ့ စကားဝိုင်းတွေမှာ တော်လှန်ရေးဆယ်လီတွေက တစတစ နေရာယူလာကြပါတယ်။

စစ်တပ်ထုတ်ကုန် သပိတ်မှောက်ရေး လှုပ်ရှားမှုတွေကစလို့ တော်လှန်ရေးရဲဘော်တွေအတွက် ရိက္ခာနဲ့ လက်နက်တပ်ဆင်ရေးအတွက် နှိုးဆော်မှုတွေအထိ ဆယ်လီတချို့ရဲ့ ပါဝင်မှုကို ကျယ်ကျယ်ပြန့်ပြန့်တွေ့လာရပါတယ်။ နိုင်ငံရေးမျိုးဆက်အသီးသီးက နိုင်ငံရေးခေါင်းဆောင်တချို့ရဲ့ တိုက်တွန်းတဲ့ ဟောပြောမှုတွေထက် ဆယ်လီတွေရဲ့ နှိုးဆော်အားက လူထုအကြားမှာ ပိုထိုးဖောက်နိုင်နေတာကလည်း နိုင်ငံရေးအရှိတရားတရပ် ဖြစ်လို့နေပါတယ်။

တော်လှန်ရေးကာလမှာ ရန်ပုံငွေရှာဖွေပေးနိုင်တဲ့ အင်အားကြောင့် နိုင်ငံရေးအရ ပြောရေးဆိုခွင့်ရှိသူဆန်ဆန်၊ ခေါင်းဆောင်ဆန်ဆန် ပြောခွင့်အနေအထားတွေရသွား၊ ရှိသွားတာကလည်း စိုးရိမ်ဖွယ်ပါ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က တော်လှန်‌ရေးအစိုးရ ဝန်ကြီးဆိုသူကပါ တော်လှန်ရေးဆယ်လီ ရန်ပုံငွေရှာဖွေသူတဦးကို ပြန်လည်တောင်းပန်ရတဲ့အထိ ဆယ်လီအရှိန်အဝါက ကြီးလာခဲ့ပါတယ်။

အရေးကြီးတာက တော်လှန်ရေးရန်ပုံငွေရှာဖွေတာကစလို့ နိုင်ငံရေးဆွေးနွေးပွဲတွေ၊ နောက်ဆုံး စစ်သင်တန်းဆင်းပွဲတွေအထိပါ ပါဝင်လာတဲ့ တော်လှန်ရေးထဲက ဆယ်လီတွေအနေနဲ့ နိုင်ငံသစ်တည်ဆောက်ရေး၊ စစ်အာဏာရှင်တိုက်ဖျက်ရေးတိုက်ပွဲအတွက် ပြောဆိုတဲ့အခါမှာ ပြည်သူကိုမျက်နှာမူဖို့နဲ့ လူသားဆန်တဲ့ တော်လှန်ရေးရဲ့ နှုန်းစံတွေကို လိုက်နာပြီး ဝေမျှဖို့ကို မမေ့လျော့ဖို့ပါ။​ ဒီမိုကရေစီအရေးအတွက် ရပ်တည်တာဟာ လေးစားရမှာဖြစ်ပေမဲ့ မိမိတို့ဟာ တော်လှန်ရေးထဲမှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့သူတွေဖြစ်တယ်၊ ရှိခဲ့တဲ့ဘဝအခြေနေတွေကို စွန့်ခဲ့တယ်ဆိုပြီး ပြည်တွင်းနေပြည်သူတွေကို တတိယနိုင်ငံကနေ ကြိမ်းမောင်းတာမျိုးကိုလည်း ရှောင်ရှားရမှာပါ။​ နိုင်ငံရေးနဲ့ပတ်သက်လို့ ဆွေးနွေးပြောဆိုတဲ့အခါမှာလည်း လူသားဆန်မှုအခြေခံရှုထောင့်ကနေ လူထုကို တိုက်တွန်းနှိုးဆော်မှသာ သင့်လျော်မှန်ကန်ပါလိမ့်မယ်။ တော်လှန်ရေးထဲက ဆယ်လီတဦး ပြောသလို ‘တော်လှန်ရေးပြီးတဲ့အခါ Non CDM တွေကို ဝက်ခြံထဲကနေ ရှိုးပွဲကြည့်ခိုင်းမယ်’ ဆိုတာမျိုးဟာ လူ့အခွင့်အရေးစံနှုန်းတွေကနေ သွေဖည်စေသလို အန္တရာယ်လည်း များပါတယ်။ ဒါ့အပြင် ပြည်တွင်းက နိုင်ငံရေးအင်အားစုတွေအပေါ် ကိုယ်နဲ့ ချဉ်းကပ်ပုံမတူရုံနဲ့ စစ်တပ်လူအဖြစ်တံဆိပ်ကပ်၊ ဖြတ်သန်းမှုတန်ဖိုးတွေမှေးမှိန်အောင် လူထုအကြား ပုံဖျက်တာတွေကိုလည်း မလုပ်အပ်ပါဘူး။ မှန်ကန်တဲ့ အတွေးအခေါ်နဲ့ ပြောဆိုစည်းရုံးနိုင်ဖို့လည်း နိုင်ငံရေးဦးဆောင်အဖွဲ့အစည်းတွေက ထိန်းကျောင်းပေးနိုင်ဖို့လိုအပ်ပါတယ်။ ဒါဟာ စစ်အာဏာရှင် တော်လှန်ရေးရဲ့ အနှစ်သာရကို ပေါ်လွင်ထင်ရှားစေရုံသာမကပဲ တော်လှန်ရေးအလွန် ပြန်လည်တည်ဆောက်ရေးအတွက်ပါ အရေးကြီးတဲ့ ကဏ္ဍတရပ်ဖြစ်ပါတယ်။

ဒီလို ထိန်းကျောင်းမှုတွေ ရှိ၊ မရှိ မသိရပေမဲ့ တော်လှန်ရေးအစိုးရကတော့ လက်ရှိအချိန်ထိ ဝေဖန်မှုတွေကြုံရတိုင်း တော်လှန်ဆယ်လီတွေရဲ့အားကို အသုံးချနေရဆဲပါပဲ။ တော်လှန်ရေးအစိုးရအပေါ် ဝေဖန်မှုတွေရလာတိုင်း ဆယ်လီတွေရဲ့ ပြန်လည်ကာကွယ်မှုတွေကို လူမှုကွန်ရက်မှာတွေ့နေရတာ ပုံသေနည်းလို ဖြစ်နေပါပြီ။ ဒါတွေဟာ တော်လှန်ဆယ်လီတွေရဲ့ အားအပေါ် တော်လှန်ရေးအစိုးရက ဘယ်လောက်မှီခိုနေရတယ်ဆိုတာ ပေါ်လွင်စေပါတယ်။

ဒါကြောင့်လည်း ဆယ်လီတွေ နိုင်ငံရေးအရပြောဆိုလာတဲ့ကိစ္စတွေအပေါ်မှာ ဝင်ရောက်ထိန်းကျောင်းနိုင်ဖို့ အားနည်းစေတာလည်းဖြစ်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ နိုင်ငံရေးအရ ဦးဆောင်မှုပေးနေသင့်တဲ့ အစိုးရအဖွဲ့အစည်းဟာ ဆယ်လီဆန်ဆန် ပေါ်ပြူလာဖြစ်ချင်လို့ မရသလို ဆယ်လီတွေရဲ့ အားနဲ့ပဲ အမြဲထောက်ခံမှုရယူလို့ မဖြစ်ပါဘူး။ တိုတိုပြောရရင် ဆယ်လီအစိုးရ ဖြစ်ချင်လို့မရပါဘူး။ နိုင်ငံရေးသမားတွေကို ပုဂ္ဂိုလ်ရေးကိုးကွယ်မှု အခြေခံ ဆယ်လီပုံသွင်းခြင်း ကင်းရှင်းကြပါစေ။ လူသားဆန်မှုအခြေခံ ‌တော်လှန်ရေးနှုန်းစံများ ပြန့်ပွားနိုင်ပါစေ။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *