ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
Rebuttal

စီသုံးဦးနေသော အိမ်

စီဒီအမ် ဥပဒေ ထွက်လာချိန်မှာ ပိုနေမြဲ ကျားနေမြဲ ကျမနဲ့ စီဒီအမ်လုပ်ရင်း အကျိုးရှိသွားတဲ့ အစ်မက လူ့အခွင့်အရေးတွေနဲ့ ချိန်ထိုးပြီး ဒီဥပဒေကို ဝေဖန်ဖြစ်ကြပေမဲ့ နစ်နာခဲ့ရသူ အစ်မရှေ့မှာတော့ ပြောမထွက်ပါဘူး။

ပြီးခဲ့တဲ့ ဇွန် ၁၃ ရက်မှာ စီဒီအမ်ဥပဒေ ဆိုပြီး  ပြဋ္ဌာန်းပါတယ်။ ထောက်ခံသံတွေရော ဝေဖန်သံတွေရော ဆိုရှယ်မီဒီယာပေါ်မှာ ဆူညံလို့ပါပဲ။ ကိုယ်တိုင်က ဥပဒေသင်ခဲ့တဲ့သူလည်း ဖြစ်သလို စီဒီအမ်ကို ကျောင်းသားအနေနဲ့ရော ဝန်ထမ်းအနေနဲ့ပါ ပါဝင်ခဲ့တဲ့သူအနေနဲ့ ဒီဥပဒေကို မဖြစ်မနေ သုံးသပ်ရမယ်လို့ တွေးမိပါတယ်။ ဆိုတော့ကာ ဒီဇာတ်လမ်းဟာ ကိုယ်တွေ့ဖြစ်မှ အတွေးမျှတမယ်လို့ အားလုံးက ယူဆကြမယ် ထင်ပါတယ်။ ဒါ့ကြောင့် အိမ်ပြင်ကို မထွက်ဘဲ အိမ်ထဲက လူတွေနဲ့ပဲ ဒီဥပဒေ ရှိသင့်၊ မရှိသင့်ကို သုံးသပ်ကြည့်ပါမယ်။

ဆောင်းပါးခေါင်းစဉ်အတိုင်းပါပဲ၊ ကျမတို့အိမ်မှာ စီဒီအမ်လုပ်ထားတဲ့ ညီအစ်မ သုံးယောက် နေပါတယ်။ ခေါင်းစဉ်တခုတည်းအောက်မှာ ရှိနေပေမဲ့ ခေါင်းစဉ်ခွဲလေးတွေတော့ ရှိပါတယ်။ ဘယ်စာတမ်းမှာမှ ပြဋ္ဌာန်းမထားပေမဲ့ ကျမကပဲ အခြေအနေအပေါ်လိုက်ပြီး ခေါင်းစဉ်ခွဲလိုက်တာပါ။ နံပါတ် (၁) စီဒီအမ် လုပ်လို့ အကျိုးရှိသွားသူ၊ (၂) ပိုနေမြဲ ကျားနေမြဲဖြစ်နေသူ၊ (၃) စီဒီအမ် လုပ်ရင်း နစ်နာသွားရသူဆိုပြီး သုံးမျိုး ခွဲလိုက်ပါတယ်။ စီဒီအမ်လုပ်တဲ့ အစ်မဖြစ်သူတယောက်က စီတွေကို နာမည်ပျက်စာရင်း မသွင်းခင်မှာပဲ ပညာတော်သင်ဆုတွေ လျှောက်ပြီး နိုင်ငံခြားကို ရောက်သွားခဲ့ပါပြီ။ အရင် အစိုးရအရာရှိအတိုင်းသာ ဆက်တာဝန်ထမ်းနေမယ်ဆိုရင် ပညာရေးဘက်လည်း ပြန်လှည့်မှာမဟုတ်၊ အချိန်တန်မှ ရာထူးတိုးမယ့်ဘဝမှာ နေတော့မှာထက်စာရင် အခုတော့ ဘာဖြစ်ဖြစ် အဆင်ပြေနေပြီမို့ သူကတော့ စီလုပ်လို့ အကျိုးရှိသွားတဲ့သူလို့ သတ်မှတ်လိုက်ပါတယ်။ ပိုနေမြဲ ကျားနေမြဲကတော့ ကျမပါပဲ။ အရင်က ဖြစ်ချင်တဲ့ အိပ်မက်နောက် မလိုက်နိုင်တော့ပေမဲ့ အသက်မွေးဝမ်းကျောင်းသစ်တခုကို ပြောင်းလိုက်တော့လည်း အိပ်မက်သစ်တခု ပေါ်လာတာပါပဲ။

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

နစ်နာခဲ့ရသူကတော့ အရင်က ပဝါနှစ်စ အသာချလို့ ကထိကဆိုတဲ့ ဂုဏ်သိက္ခာနဲ့နေခဲ့တဲ့ အစ်မပါ။ စီဒီအမ်လုပ်ပြီးတဲ့နောက်ပိုင်း ချည်ထိုးပန်းထိုးနဲ့ အသက်မွေးဖို့ လုပ်ခဲ့ပါတယ်။ အရင်က အားလုံးကို ဆရာလုပ်လာရတဲ့သူ၊ ကျောင်းသားတွေ ချစ်ကြောက်ရိုသေတာ ခံခဲ့ရတဲ့သူက သူ့လက်ရာတွေကို မတန်မရာ ဈေးနှိမ်ကြတာ၊ အမြဲကိုယ့်ကို နှိမ့်ချပြောဆိုခံရတာတွေနဲ့ အသားမကျပုံပါပဲ။ စားဝတ်နေရေး မခက်ခဲရင်တောင် ဂုဏ်သိက္ခာအတွက် ခက်ခဲနေခဲ့တယ် ထင်ပါတယ်။ ခေတ်ပြန်ကောင်းရင် အလုပ်ပြန်ဝင်ဖို့ကိုပဲ လက်ချိုးရေပြီး စောင့်နေတဲ့သူပါ။

စီဒီအမ် ဥပဒေထွက်လာချိန်မှာ ပိုနေမြဲ ကျားနေမြဲ ကျမနဲ့ စီဒီအမ်လုပ်ရင်း အကျိုးရှိသွားတဲ့ အစ်မက လူ့အခွင့်အရေးတွေနဲ့ ချိန်ထိုးပြီး ဒီဥပဒေကို ဝေဖန်ဖြစ်ကြပေမဲ့ နစ်နာခဲ့ရသူ အစ်မရှေ့မှာတော့ ပြောမထွက်ပါဘူး။ ဒီတော်လှန်ရေးကြီး နိုင်သွားပြီပဲ ဆိုပါစို့။ စီဝန်ထမ်းတွေ ပြန်ဝင်၊ အရင်ဝန်ထမ်းတွေ ဒီအတိုင်းနေဆို သူ့အတွက် တရားနိုင်ပါ့မလား။ လုပ်သက်နဲ့ ရာထူးတိုးတဲ့ နိုင်ငံမှာ စီမဝင်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တွေက ပါမောက္ခချုပ်တောင် ဖြစ်နေလောက်ပြီ။ ဒီလိုဆိုတော့ စီဒီအမ်ဥပဒေဟာ သူ တောင့်ခံနိုင်စေမယ့် မျှော်လင့်ချက်၊ သူတွေးရင်း ပျော်ရမယ့် အနာဂတ်တခု ဖြစ်မနေနိုင်ဘူးလား။

စီဒီအမ် ဥပဒေကို ဖတ်ကြည့်ရင်းနဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု (Transitional Justice – TJ) ဆိုတာကို သတိရသွားပါတယ်။ အာဏာရှင်စနစ်ကနေ အခြားစနစ်တခုကို ကူးပြောင်းတဲ့အခါ၊ အခုလို တော်လှန်ရေးစစ်ပွဲတွေ အပြီးသတ်တဲ့အခါ (အရပ်စကားလိုဆို) ဘောင်ချာဆုတ်ကြတဲ့ သဘောပါပဲ။ စီဒီအမ်ဥပဒေမှာ ဖော်ပြတဲ့အချက် အတော်များများကလည်း ဒီသဘောကိုပဲ သက်ရောက်ပါတယ်။ အမှန်တရားကို ဖော်ထုတ်တာ၊ ဂုဏ်ပြုချီးမြှင့်တာ၊ အထိမ်းအမှတ်နေ့တွေ သတ်မှတ်တာ၊ ပြစ်ဒဏ်ပေးတာ စတာတွေက တီဂျေ (TJ) ကို ဖော်ဆောင်တဲ့ ယန္တရားတွေပါပဲ။ ဒီနေရာမှာ တီဂျေကို ဖော်ဆောင်ဖို့ စီဒီအမ်ဥပဒေကို လိုအပ်သလားလို့ ပြန်သုံးသပ်မိပါတယ်။ တီဂျေဆိုတာ ဥပဒေတရပ်မဟုတ်ဘဲ လုပ်ငန်းစဉ် (process) တခုသာ ဖြစ်ပါတယ်။ ဥပဒေဆိုတာ မဖြစ်မနေ လိုက်နာရပြီး တီဂျေကတော့ မတရားခံခဲ့ရသူတွေအတွက် တရားမျှတမှု တစုံတရာကို ပြန်ယူပေးတဲ့ လုပ်ငန်းစဉ်တရပ်သာ ဖြစ်ပါတယ်။ အဖြေက စီဒီအမ်ပြဿနာကို ဥပဒေတခုအနေနဲ့ မထုတ်သင့်ပေမဲ့ မဖြစ်မနေ ပေးရမယ့် ကတိကဝတ်တခုအဖြစ် ဖော်ဆောင်သင့်ပါတယ်။

စီဒီအမ်ဆိုတဲ့ ကိစ္စနောက်ကွယ်မှာ အလုပ်မရှိတာ တခုတည်း မဟုတ်ဘဲ သန်းခေါင်စာရင်း လာစစ်မှာ ကြောက်နေရတာ၊ မှတ်ပုံတင်မှာ ‘ဝန်ထမ်း’ ပါလို့ ကိုယ့်မြို့အပြင်တောင် ထွက်လို့မရတော့တာ စတဲ့ နေ့စဉ်လူမှုဘဝပြဿနာတွေလည်း ရှိနေပါသေးတယ်။ ဒီပြဿနာအများစုကလည်း မြေနိမ့်ရာ လှံစိုက် ဆိုသလို အခြေခံဝန်ထမ်းတွေမှာ ပိုလို့ကြုံနေရပါတယ်။ ‘ရုံးမတက်ဘဲ ရုန်းထွက်ခဲ့’သူတွေမှာ ကျမတို့လို တံခါးတွန်းဖွင့်ပြီး ထွက်လာခဲ့သူတွေ ရှိသလို သံဆူးကြိုးကြားက အနာတရ ထွက်လာရတဲ့သူတွေလည်း ရှိပါတယ်။ ဘေးပြောတဲ့ ထင်မြင်ချက်တွေကို အသာထားပြီး နစ်နာသူတွေကိုသာ ဦးတည်ဖြေရှင်းသင့်ပါတယ်။ နစ်နာသူရဲ့ အသံကို နားထောင်ပြီး နစ်နာသူရဲ့ ဒဏ်ရာကို မဖြစ်မနေ ပြန်ကုစားပေးရပါမယ်။ အလုပ်နဲ့ မဖြေဘဲ ‘ကံ၊ ကံ၏အကျိုး’လို့ တရားနဲ့ဖြေရင် ဗုဒ္ဓဘာသာ မြန်မာပြည်ကြီးမှာ တရားမျှတမှုတွေ ကင်းမဲ့နေအုံးမှာပါပဲ။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles