ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

မြန်မာ့ပေါ်ပြူလာကာချာ အဆိပ်မသင့်ပါစေနဲ့

အဆင့်အတန်းနိမ့်တဲ့ ဖော်ပြမှုတွေကို ကောင်းပါတယ်၊ တော်ပါတယ်၊ ရယ်ရပါတယ်လို့ ထင်နေသေးတဲ့သူတွေ ရှိသေးတာကိုလည်း မမေ့ပါနဲ့။ သူတို့ကို ရှုတ်ချအပြစ်တင်မဲ့အစား ကျမတို့အနေနဲ့ လက်လှမ်းမီသလောက် အသိပညာလည်း ပေးသင့်သလို တဖက်ကလည်း ဒီလို အရည်အသွေးနိမ့်တဲ့ ဖန်တီးမှုတွေ ရပ်တန့်အောင်လို့ ဝိုင်းဝန်း ကြိုးပမ်းကြရပါမယ်။

ရုပ်ရှင်၊ ဂီတ၊ တီဗီရှိုး၊ စာပေ၊ ဂိမ်း၊ ဖက်ရှင်၊ ဆိုရှယ်မီဒီယာနဲ့ အင်တာနက်။ လူငယ်တွေသာမကဘဲ ကလေးတွေနဲ့ လူကြီးတွေအထိ နေ့စဉ်နဲ့အမျှ အသုံးပြု၊ ထိတွေ့နေတဲ့၊ ကင်းကင်းမနေနိုင်တဲ့၊ လူထုရဲ့ စိတ်ဝင်စားမှုကို ရထားတဲ့ ဒီလိုအရာတွေကို ပေါ်ပြူလာကာချာ (popular culture) လို့ ခေါ်ပါတယ်။ လူတွေရဲ့ အတွေးအခေါ်၊ အသိပညာနဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို အလွှမ်းမိုးနိုင်ဆုံးအရာတွေထဲမှာ ပေါ်ပြူလာကာချာလည်း တခုအပါအဝင်ပါပဲ။​

ပေါ်ပြူလာကာချာဟာ ပုံသေတသတ်မတ်တည်း ရှိနေတာမျိုးမဟုတ်ဘဲ အချိန်ကာလရဲ့ တိုက်စားမှု၊ နိုင်ငံ့စီးပွားရေးအခြေအနေ၊ နိုင်ငံရေးအခင်းအကျင်းနဲ့ လူတွေရဲ့ တွေးခေါ်ပုံတွေအပေါ် မူတည်ပြီး ရွေ့လျားနေတဲ့ ကဏ္ဍတရပ်ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတနိုင်ငံရဲ့ ပေါ်ပြူလာကာချာတွေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံနဲ့ စီးဆင်းနေပုံကို လေ့လာကြည့်မယ်ဆိုရင် အဲဒီနိုင်ငံရဲ့ ယဉ်ကျေးမှု၊ လူမှုရေးစံနှုန်း (social value) နဲ့ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုတွေကို တခါတည်းယှဉ်တွဲသိရှိနိုင်ပါတယ်။ ဒီတော့ မြန်မာနိုင်ငံရဲ့ ပေါ်ပြူလာကာချာကရော ဘာလဲ။ ဘယ်လိုလဲ။

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

မြန်မာရဲ့ ပေါ်ပြူလာကာချာကို မပြောခင် အိန္ဒိယနဲ့ ကိုရီးယားကို အလည်သွားကြရအောင်။ သူတို့ရဲ့ ရုပ်ရှင်တွေကနေတဆင့် ဖန်တီးပြထားတဲ့ ဆင်း(န)(scene) တွေမှာဆိုရင် အိန္ဒိယရဲ့ ရိုးရာယဉ်ကျေးမှု အက၊ အလှနဲ့ အပြင်အဆင်တွေ၊ ဖိနှိပ်မှုတွေကို ဆန့်ကျင်တွန်းလှန်ကြပုံတွေအကြောင်း ကွက်ကွက်ကွင်းကွင်းနဲ့ ပညာသားပါပါ ရိုက်ပြထားတာ တွေ့ရမှာပါ။ ထိုနည်းတူ ကိုရီးယားရုပ်ရှင်တွေမှာ နန်းတွင်းဇာတ်လမ်းဆိုရင် သမိုင်းကြောင်းကို အခြေခံပြီး စိတ်ကူးယဉ်ကွန့်မြူးမှုတွေနဲ့အတူ အသေးစိတ်ဖော်ကျူးပြတာဖြစ်ဖြစ်၊ လက်ရှိခေတ်ကို ရိုက်ပြတဲ့ အခါမှာဆိုရင်လည်း ကိုရီးယားရဲ့ လူတန်းစားကွာခြားမှုနဲ့ ရုန်းကန်ရမှုတွေကို အကောင်းဆုံး ပုံဖော်ထားတာပဲဖြစ်ဖြစ် တွေ့ရမှာပါ။ ဒါ့အပြင် ကိုရီးယားရဲ့ ရိုးရာအစားအစာတွေကို ဇာတ်လမ်းတိုင်းမှာထည့်ပြပြီး ဈေးကွက်တခုကိုတောင် ဖော်ဆောင်သွားနိုင်ပါသေးတယ်။

ဒီတော့ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ ပေါ်ပြူလာကာချာကို အသုံးချနိုင်မယ်ဆိုရင် အကျိုးအမြတ်များတဲ့ ဈေးကွက်တခုကို ဖော်ဆောင်နိုင်မယ့်အပြင် နိုင်ငံအနှံ့ တီဗီ၊ အင်တာနက်ရှိတဲ့နေရာက လူတိုင်းကိုပါ အသိပညာပေးနိုင်မယ့် အထိရောက်ဆုံး တန်ဖိုးသင့်လက်နက်တခုလို့လည်း ဆိုနိုင်ပါသေးတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ ပေါ်ပြူလာကာချာဟာ ယိုယွင်းနေပါတယ်လို့ ပြောရင် လွန်မယ်မထင်ပါဘူး။ နေ့စဉ်နဲ့အမျှ ကျမတို့ မြင်တွေ့နေရတဲ့ ကြော်ငြာ၊ ရုပ်ရှင်ဇာတ်ဝင်ခန်း၊ စာပေတွေရဲ့ အဆင့်အတန်းကို ဆန်းစစ်ကြည့်ရအောင်။ တက်ကြွလှုပ်ရှားသူတွေဟာ ပြည်သူလူထုရဲ့ အတွေးအခေါ်ကို ပုံစံမျိုးစုံနဲ့ မြှင့်တင်ပေးဖို့ ကြိုးစားနေလိုက်၊ mainstream ပေါ်ကနေ လူထုကို အလှုပ်ကိုင်နိုင်ဆုံးဖြစ်တဲ့ ပေါ်ပြူလာကာချာက ဖျက်ဆီးလိုက်နဲ့ လုံးလည်ချာလည် လိုက်နေခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။

တက်ကြွလှုပ်ရှားသူတွေဟာ လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေကို ပပျောက်အောင် ကျားကုတ်ကျားခဲ ကြိုးစားနေကြချိန်မှာ ပေါ်ပြူလာကာချာပုံစံတခုဖြစ်တဲ့ ကြော်ငြာတခုမှာတော့ LGBT တဦးနဲ့ အလှမယ်တဦး ပြိုင်ဆိုင်တဲ့အချိန် အကဲဖြတ်ဒိုင်တွေဟာ အလှမယ်ရဲ့ ကျော့ရှင်းတဲ့ အလှမှာ ရုပ်ပျက်ဆင်းပျက် မှင်တက်မိပြီး LGBT အလှမယ်ကို ပစ်ပစ်ခါခါ ငြင်းဆိုတဲ့ပုံစံနဲ့ သရုပ်ဖော်ထားပါတယ်။ ပိတ်ကားပေါ်တင်မယ့် ရုပ်ရှင်ကားကြီး တခုမှာလည်း ဟိန္ဒူလူမှုအဖွဲ့အစည်းကို စော်ကားတဲ့ ပုံစံတွေ။ နောက်ထပ်နောက်ထပ် ရုပ်ရှင်တွေမှာလည်း ‘ဟာသ’ ဆိုတဲ့ ကဏ္ဍ (genre) အောက်မှာ မရယ်ရတဲ့ ဟာသတွေ၊ လိင်အသားပေး အောက်လုံးဆန်ဆန် ပြက်လုံးတွေ၊ ဘာသာခြား၊ လူမျိုးခြားတွေနဲ့ မသန်စွမ်းသူတွေကို ပုတ်ခတ်ပြောဆိုတာတွေအပြင် LGBT တွေကို ပုံဖော်တဲ့အခါမှာလည်း နှိမ့်ချပြီး ပုံဖော်ပြတာတွေကို ကျမတို့ ဖောဖောသီသီ မြင်ခဲ့ကြရပြီးပါပြီ။

ဒီလို ထုတ်လွှင့်မှုတွေကို ရှုတ်ချပုတ်ခတ်တာတွေဟာ ကျမတို့ လက်တဆုပ်စာ လူမှုအသိုင်းအဝိုင်းမှာတင် ဖြစ်နေလို့ မရပါဘူး။ ကောမန့်တွေကို လေ့လာကြည့်ပါ။ ဒီလို အဆင့်အတန်းနိမ့်တဲ့ ဖော်ပြမှုတွေကို ကောင်းပါတယ်၊ တော်ပါတယ်၊ ရယ်ရပါတယ်လို့ ထင်နေသေးတဲ့သူတွေ ရှိသေးတာကိုလည်း မမေ့ပါနဲ့။ သူတို့ကို ရှုတ်ချအပြစ်တင်မဲ့အစား ကျမတို့အနေနဲ့ လက်လှမ်းမီသလောက် အသိပညာလည်း ပေးသင့်သလို တဖက်ကလည်း ဒီလို အရည်အသွေးနိမ့်တဲ့ ဖန်တီးမှုတွေ ရပ်တန့်အောင်လို့ ဝိုင်းဝန်း ကြိုးပမ်းကြရပါမယ်။

အထက်မှာ ပြောခဲ့သလို ကလေး၊ လူကြီးမရွေး စားသုံးနေတဲ့ ပေါ်ပြူလာကာချာဟာ ‘အရွေ့’ တခု ရှိရပါမယ်။ အဲဒီအရွေ့ကလည်း ကောင်းမွန်တဲ့ အရွေ့ဖြစ်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ မြန်မာ့ပေါ်ပြူလာကာချာကနေတဆင့် ကျမတို့အားလုံး ကြိုးစားဖန်တီးနေကြတဲ့ ကောင်းမွန်တဲ့မြန်မာ့လူ့အဖွဲ့အစည်းတခုကို ရုပ်လုံးပေါ်လာစေမှာပဲဖြစ်ပါတယ်။

ပေါ်ပြူလာကာချာဟာ စနစ်တကျအသုံးချတတ်ရင် အလွန်ကိုမှ အကျိုးရှိသလို မှားယွင်းစွာ အသုံးပြုရင်လည်း အလွန်အန္တရာယ်များတဲ့ အဆိပ်တခုဖြစ်တယ်ဆိုတာကို ဖန်တီးသူတွေအနေနဲ့ အမြဲသတိချပ်နေသင့်ကြောင်း ဒီစာကနေတဆင့် လေးလေးနက်နက် တိုက်တွန်းလိုက်ရပါတယ်။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *