မဏိပူရကန့်ကွက်သံနှင့် နယ်မြေအလဲအထပ် အဆိုပြုချက်

မဏိပူရက အရပ်ဘက်အဖွဲ့အစည်းတွေကတော့ မြန်မာနိုင်ငံကို နယ်မြေ တလက်မလေးပဲဖြစ်ဖြစ် ပေးအပ်လိုက်မယ့်အရေးကို အသေအလဲ ကန့်ကွက်နေကြပါတယ်။ ဒီလို လုပ် တာဟာ နယ်မြေတည်တံ့ခိုင်မြဲမှုကို အပေးအယူလုပ်လိုက်တာဖြစ်သလို ပြည်နယ်နဲ့ ပြည်သူတွေရဲ့ ရပ် တည်ရေးအတွက် ခြိမ်းခြောက်မှုတခုလည်း ဖြစ်တယ်လို့ ရှုမြင်ကြပါတယ်။ ဒီလုပ်ငန်းစဉ်က အိမ်တွေ၊ ခြံတွေ၊ အထွတ်အမြတ်ထားရာ နေရာတွေနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေကို ထိခိုက်စေမှာဖြစ်လို့ပါပဲ။

အထီးကျန်မှု၊ လက်နက်နှင့် ရှင်သန်ရေးကြားက မြန်မာ-ရုရှား ဆက်ဆံရေး

ရုရှားဟာ မြန်မာနိုင်ငံရဲ့ အဓိက လက်နက်ဝယ်ယူ တင်သွင်းနေတဲ့နိုင်ငံတွေထဲက တခုဖြစ်ခဲ့တာ ကြာပါပြီ။ ကိန်းဂဏန်းတွေအရ တရုတ်ဆီက ဝယ်ယူတာပြီးရင် ဒုတိယလိုက်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်ဟာ နိုင်ငံတဝန်းက ခုခံတော်လှန်မှုတွေကို ရင်ဆိုင်နေရတာမို့ ဒီအကူအညီက ပိုပြီး အရေးပါလာပါတယ်။

ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာဖြစ်ရမည့် မီဇိုရမ်စင်္ကြံ

တကယ့်မြေပြင်မှာတော့ အာရက္ခတပ်တော်နဲ့ မီဇိုရမ်ပြည်နယ်အစိုးရတို့ကြား ကုန်သွယ်မှုပြုရာမှာ လက်တွေ့ကျတဲ့ စိန်ခေါ်မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။ အာရက္ခတပ်တော်နဲ့ ညှိနှိုင်းဆောင်ရွက်တာက ရှောင်လွှဲလို့မရတဲ့ လက်တွေ့အရှိတရား ဖြစ်တယ်ဆိုပေမဲ့ တရားဝင်မှု (legitimacy) အပိုင်းနဲ့ အိန္ဒိယဗဟိုအစိုးရရဲ့ နယ်စပ်မူဝါဒ အပြောင်းအလဲတွေကြောင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက်ကတော့ မရေရာမှုတွေ ရှိနေပါသေးတယ်။

ကံနှင့်ဉာဏ်သာမက အစိုးရကောင်းပါ လိုအပ်သည်

စိုက်ပျိုးရေးလုပ်ငန်းသာမက မြန်မာနိုင်ငံက ဘယ်ကုန်ထုတ်လုပ်ငန်းမှာမဆို သဘာဝဘေးနဲ့ အံတုရမယ့်အခါ ကံကို ဉာဏ်နဲ့ကူဆင့်ရုံနဲ့ ကျော်လွှားနိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ ကိုယ့်ပြည်သူကို အနိုင်ကျင့်နေတဲ့ အစိုးရလက်ထက်မှာတော့ ကံရှိဉာဏ်ရှိရင်တောင် ဆင်းရဲဒုက္ခ ရောက်နေရပါလိမ့်မယ်။ အစိုးရကောင်း၊ စနစ်ကောင်းနဲ့ စီမံပြင်ဆင်နိုင်မှသာ ဒီလိုသဘာဝဘေးအန္တရာယ်တွေကနေ သက်သာရာရပါလိမ့်မယ်။

အမှန်တရားကို ဘက်လိုက်ခြင်းနှင့် လူထု၏ ဆင်ခြင်နိုင်စွမ်း

အမှန်တရားကို ဘက်လိုက်ခြင်းဟာ သတင်းစာပညာရဲ့ အခြေခံကျင့်ဝတ် ဖြစ်ပါတယ်။ ဒါပေမဲ့ အမှန်တရားကို ဖော်ထုတ်ခြင်းတခုတည်းနဲ့တော့ မလုံလောက်သေးပါဘူး။ လူထုအတွက် အချက်အလက် စုံလင်စွာရရှိပြီး  အမှန်တရားအပေါ် အခြေခံကာ ကိုယ်တိုင် ဝေဖန်ပိုင်းခြား၊ စဉ်းစားဆုံးဖြတ်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်မှသာ သတင်းစာပညာရဲ့ လူမှုတာဝန် ပိုမိုပြည့်စုံလာစေမှာပါ။

မြစ်ကြီးနားက ခရီးသွားသောက

ကုန်းလမ်းလမ်းပန်းဆက်သွယ်ရေးဟာ အရေးပေါ်သွားလာဖို့ မလိုသူတွေနဲ့ မတတ်သာတဲ့အဆုံး ကံကိုရင်းပြီး ရရာလမ်းကြောင်းက သွားမှရမယ်ဆိုတဲ့သူတွေအတွက်သာ ဖြစ်နေပါတော့တယ်။ ဒီလိုဘေးကျပ်နံကျပ်အခြေအနေမှာ လေကြောင်းလိုင်းကို ပိုပြီးအားကိုးနေထိုင်လာရပါတယ်။ ဒါပေမဲ့ လေကြောင်းလိုင်းကလည်း လူထုဘက်ကသာ တဖက်သတ်မှီခိုနေရပေမဲ့ အားကိုးမရလှပါဘူး။

အရပ်သား ကြီးကြပ်ကွပ်ကဲမှု ဘယ်ဆီဘယ်ဝယ်

စစ်အင်အားအခြေပြုထားတဲ့ အာဏာရှင်ကို စစ်လက်နက်အင်အားနဲ့ တုံ့ပြန်ရင်ဆိုင်ရမယ်ဆိုတဲ့ အယူအဆကို မငြင်းပယ်လိုပေမဲ့ အဲဒီတွန်းလှန်မယ့် စစ်ရေးအခြေပြုအင်အားစုကိုရော ဘယ်လိုပြန်ထိန်းကျောင်းမလဲဆိုတဲ့အချက်က သိပ်အရေးကြီးပါတယ်။ ဒီအင်အားစုကို မှန်မှန်ကန်ကန် မထိန်းကျောင်းနိုင်ခြင်းက လူသတ်မှု၊ မုဒိမ်းမှုစတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖြစ်စေတယ်လို့ ပြောရင် မမှားပါဘူး။

တကျော့ပြန်မြစ်ဆုံဆည်စီမံကိန်းနှင့် မေးခွန်းငါးခု

ကျနော်တို့နိုင်ငံမှာ ရေတိုရေရှည် ကြီးကြပ်စစ်ဆေးနိုင်မယ့် စွမ်းရည်မရှိသေးသလို တည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ ကြပ်မတ်နိုင်မယ့် ဥပဒေ၊ မူဝါဒမူဘောင်တွေ၊ ဘေးအန္တရာယ်ကာကွယ်ရေးအစီအမံကောင်းတွေ မရှိသေးပါဘူး။ … မရေရာတဲ့ အာမခံချက်တွေကို အခြေပြုပြီး မြစ်ဆုံဆည်စီမံကိန်းကို ဖော်ဆောင်တာဟာ နိုင်ငံ့အသက်သွေးကြော မြစ်တစင်းပေါ်မှာ မိုင်းဗုံးတခု ထောင်ထားခဲ့တာနဲ့ အလားသဏ္ဌာန်တူပါလိမ့်မယ်။

ပညာရေးပေါင်းကူးတံတားကို ချိုးဖျက်ပစ်ကြတော့မည်လား

တော်လှန်ရေးသတင်းတွေ ပေါက်ကြားနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျောင်းတက်တာကို ပိတ်ပင်မယ်ဆိုရင် ဆုံးရှုံးသွားမယ့် ပညာရေးအခွင့်အလမ်းတွေ နေရာမှာ ဘာတွေနဲ့ ပြန်အစားထိုး လုပ်ပေးကြမလဲ။ … စစ်ကျွန်ပညာရေး မသင်စေချင်ဘူးဆိုရင် အားလုံး လက်လှမ်းမီတဲ့၊ ဒေသတိုင်းကို လွှမ်းခြုံနိုင်တဲ့၊ အာမခံချက်ရှိတဲ့ ပညာရေးစနစ်မျိုးကို တော်လှန်ရေး အင်အားစုတွေဘက်က အသင့်ဖန်တီးထားနိုင်ပြီလား ဆိုတာကတော့ မေးခွန်းထုတ်စရာပဲ ဖြစ်နေပါတော့တယ်။

‘ငါမှန်-သူမှား’ အမြင်နှင့် ရိုဟင်ဂျာအရေး ဇာတ်ကြောင်းပုံဖော်မှုများ

‎လူ့အခွင့်အရေးစံနှုန်းတွေအရ နစ်နာသူတွေအတွက် ထုတ်ဖော်ပြောဆိုတာဟာ လူသားတိုင်းရဲ့ လွတ်လပ်ခွင့်တခုဆိုပေမဲ့ လူ့အခွင့်အရေးစံနှုန်းတွေကို အသုံးချပြီးတော့ သမိုင်းကြောင်းဆိုင်ရာတွေ၊ လူမှုရေးကျင့်ဝတ်တွေနဲ့ ရိုးရာယဉ်ကျေးမှုတွေကို ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားလာတာဟာ ငြိမ်းချမ်းရေးကို သွားတဲ့ လမ်းစဉ်မျိုးမဟုတ်ဘဲ ပဋိပက္ခဖြစ်လာစေဖို့ အမုန်းစကားတွေနဲ့ မီးစာထည့်ရာ ရောက်ပါတယ်။

ကံနှင့်ဉာဏ်ကို ယှဉ်ကာ ရင်ဆိုင်ရမည့် ဥတုဘေး

ဒီနှစ်ကတော့ တောင်သူဦးကြီးတွေ ရင်တုန်ပန်းတုန်နဲ့ စွန့်စားအလုပ်လုပ်ကြရတော့မယ့်နှစ် ဖြစ်ပါတယ်။ … ဒီနှစ်က ဝါထပ်တဲ့နှစ်။ လူကြီးသူမတွေ အစဉ်အဆက် ပြောလေ့ရှိတဲ့ “ဝါထပ်ရင် ရေကြီးတတ်တယ်၊ မိုးသက်မုန်တိုင်း ထန်တတ်တယ်” ဆိုတဲ့ နိမိတ်စကားက နားထဲမှာ တဝဲလည်လည်နဲ့ ခြောက်လှန့်နေပါတယ်။

ကြားလူကိုရန်ဘက်ပြု၍ လူမှုအရင်းအနှီး ဆုံးရှုံးရခြင်း

မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ ကိုယ့်ဘက်မှာ ရှိနေတဲ့သူတွေအပေါ်မှာသာ မူတည်နေတယ်ဆိုတာ ရာခိုင်နှုန်းပြည့် မမှန်နိုင်ပါဘူး။ ကြားမှာ ရပ်နေသူတွေ၊ စောင့်ကြည့်နေသူတွေနဲ့ အမှန်တရားဘက်မှာ ရပ်တည်ဖို့ မသေချာသေးသူတွေကို ဘယ်လိုပုံစံနဲ့ ဆက်ဆံနေသလဲဆိုတဲ့ အချက်အပေါ်မှာလည်း မူတည်နေမှာပါ။

သက်ငယ်မုဒိမ်းနှင့် လွတ်မြောက်နယ်မြေက ဥပဒေကွက်လပ်

အာဏာရှင်ကို တော်လှန်နေတဲ့ကာလမှာ တရားဥပဒေစိုးမိုးမှု လျော့ရဲနေတဲ့ ခေတ်ဆိုးကြီးကို အသုံးချပြီး ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ဖို့ကြိုးစားနေတာတွေကို လူ့အဖွဲ့အစည်းတွေက မျက်ကွယ်မပြုထားသင့်သလို တော်လှန်ရေးအစိုးရဆိုတဲ့ အာဏာပိုင်တွေကလည်း တာဝန်ယူမှုရှိရှိ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့လိုပါတယ်။

ပြည်သူ မကြည်ဖြူသော အခွန်ဖြစ်နေပါလျှင်…

စစ်ကိုင်းတိုင်းအတွင်းမှာ Starlink ဝိုင်ဖိုင်စက်တွေကို အခွန်ကောက်ဖို့ မြို့နယ် ပအဖ တွေက လုပ်ဆောင်နေပါတယ်။ ဘယ်ကဏ္ဍကနေမဆို အခွန်ကောက်မယ်ဆိုရင် ဒီအခွန်ငွေတွေကို အခွန်ဆောင်ရတဲ့ ပြည်သူတွေအတွက် ဘယ်လိုပုံစံ ပြန်လည်သုံးစွဲမယ်ဆိုတာကို ပွင့်လင်းမြင်သာမှုရှိရှိ ချပြသင့်တယ်လို့ မြင်ပါတယ်။ ဒါမှသာ အခွန်ဆောင်ရမယ့် ပြည်သူတွေကလည်း ကြည်ဖြူမှာဖြစ်ပြီး ပြည်သူကြည်ဖြူမှလည်း တော်လှန်ရေးခရီးက ရေရှည်ရှေ့ဆက်နိုင်မှာ ဖြစ်ပါတယ်။

ငါးနှစ်တာ ဒဏ်ရာများကြားက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဟာ သစ်ပင်စိုက်ရုံ၊ ပလတ်စတစ်ကောက်ရုံတင် မဟုတ်ပါဘူး။ နိုင်ငံရေးစနစ်၊ စီမံအုပ်ချုပ်မှုစနစ် မကောင်းရင် သစ်ပင်စိုက်၊ အမှိုက်ကောက်တာက ပလိုင်းပေါက်နဲ့ ဖားကောက်သလိုပဲ ဖြစ်မှာပါ။ ဘယ်လောက်ပဲ သယံဇာတ ပေါကြွယ်ဝပါစေ ‘သယံဇာတကျိန်စာ’၊ ‘သယံဇာတကပ်ဘေး’ ကြုံရတာများပါတယ်။