ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

နွေဦးရွက်သစ်တွေ ဘယ်တော့ဝေမလဲ

ရိုးသားတဲ့စိတ်ဓာတ်အခံနဲ့ မြင့်မြတ်တဲ့ရည်ရွယ်ချက်တွေကြောင့် လူငယ်တွေရဲ့နွေဦးတိုက်ပွဲတွေဟာ အောင်ပွဲအလီလီရခဲ့ပါတယ်။ ...နွေဦးဟာ ရင့်မှည့်နေပါပြီ။ နွေဦးဟာ ခေါင်ဆောင်ကောင်းကို ဆာလောင်နေတာ ဖြစ်ပါတယ်။ ...နွေဦးခမျာ ပင်ပန်းနေရှာပါပြီ။

နွေဦးသက်တမ်း လေးနှစ်ပြည့်လို့ ငါးနှစ်ထဲကို ဝင်ရောက်လာခဲ့ပါပြီ။ နွေဦးအစမှာ ရိုးသားတဲ့လက်တွေဆန့်တန်းပြီး ရိုးစင်းစွာတောင်းဆိုဟစ်ကြွေးခဲ့တဲ့ ‘ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေး’ ဆိုတဲ့ ကြွေးကြော်သံတွေဟာ လှည်းနေလှေအောင်း မြင်းဇောင်းမကျန်တဲ့အပြင် ကမ္ဘာကြီးတခုလုံးကိုပါ ရိုက်ခတ်ခဲ့ပါတယ်။ ဘယ်သူသေသေ ငတေအမြဲတမ်းမာတဲ့ စစ်တပ်ကလည်း ‘ခေတ်ကိုပြောင်းဖို့ ခေါင်းကိုပစ်’ ဆိုတဲ့ ယုတ်မာရက်စက်တဲ့ မင်းဆရာတွေရဲ့အကြံအတိုင်း တသဝေမတိမ်းလိုက်နာပြီး အမျိုးသမီး၊ အမျိုးသား၊ ကလေး၊ လူကြီးမရွေး ခေါင်းတွေကိုချည်းပဲ တည့်တည့်ပစ်ခဲ့တာပါ။

အဲဒီလိုရက်စက်မှု၊ ဖိနှိပ်မှု၊ ဖြိုခွင်းမှု(အရက်စက်ဆုံး ကားနဲ့ပါတိုက်ပြီးဖမ်းဆီးမှု) တွေကြောင့် လူငယ်တွေဟာ မြို့ပြကိုခွာပြီး မိုးမခတောတွေဆီ ခိုလှုံခဲ့ကြရတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ အပ်တိုတချောင်းတောင် လက်ထဲမရှိတဲ့ဘဝတွေဟာ တိုင်းရင်းသားတွေရဲ့ကူညီပံ့ပိုးမှုတွေကြောင့် တူမီးကနေစပြီး လက်နက်မျိုးစုံ ကိုင်စွဲခဲ့ကြရပါတယ်။ စစ်ဆိုရင် ဂိမ်းထဲမှာပဲ တိုက်ဖူးတဲ့လူငယ်တွေဟာ စစ်သင်တန်းတွေစနစ်တကျသင်ယူပြီး တိုက်ပွဲပျော်ခဲ့ကြပါတယ်။ ပညာတတ်လူငယ်တွေရဲ့သတ္တိဗျတ္တိတွေကို KIA ဗိုလ်ချုပ်ဂွမ်မော်ကတောင် ကျေးဇူးတင်ချီးကျူးတဲ့အကြောင်း အထင်ကရပြောဆိုခဲ့ရပါတယ်။

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

ရိုးသားတဲ့စိတ်ဓာတ်အခံနဲ့ မြင့်မြတ်တဲ့ရည်ရွယ်ချက်တွေကြောင့် လူငယ်တွေရဲ့နွေဦးတိုက်ပွဲတွေဟာ အောင်ပွဲအလီလီရခဲ့ပါတယ်။ အခုဆိုရင်စစ်တပ်ဟာ ဓမ္မရဲ့တွန်းလှန်မှုကို မခံနိုင်တော့လို့ မြို့နယ်ပေါင်းတရာကျော်နဲ့ စစ်ဌာနချုပ်ကြီး နှစ်ခုကို လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့အခြေအနေ ရောက်နေပါပြီ။

ဒါပေမဲ့ နွေဦးဟာ ရွက်သစ်တွေမဝေနိုင်သေးပါဘူး။ တရားမျှတမှုရဲ့သစ္စာကြောင့် အောင်လံကိုမြင်နေရပေမဲ့ အောင်ပွဲမခံနိုင်သေးတာကတော့ ပကတိတရားဖြစ်ပါတယ်။ စစ်တမ်းတွေအရ နွေဦးကြယ်ပွင့်တွေ ၅,၀၀၀ ကျော်ကျဆုံးပြီး ၄,၀၀၀ ကျော် ကိုယ်လက်အင်္ဂါတွေ ထိခိုက်စွန့်လွှတ်လိုက်ရပြီလို့ သိရပါတယ်။ ဒီလိုပေးဆပ်စွန့်လွှတ်မှုတွေနဲ့ နွေဦးဟာ သက်တမ်းလေးနှစ်ကျော်တဲ့အထိ ပွဲမပြီးနိုင်သေးတာကို သုံးသပ်ကြည့်မယ်ဆိုရင် အောက်ပါအတိုင်းတွေ့ ရှိရပါတယ်။

လက်နက်ကိုင်တော်လှန်ရေးတခုအောင်ဖို့ အချက်လေးချက်နဲ့ ပြည့်စုံရမယ်လို့ ဝါရင့်နိုင်ငံရေးသမားတဦးက ပြောပါတယ်။

၁။ အားလုံးအဖိနှိပ်ခံနေရတာ ဖြစ်ရမယ် (လူထုလူတန်စား အသီးသီးကို ဖိနှိပ်နေတာကိုဆိုလိုတယ်)။ မတွန်းလှန်လို့ မဖြစ်တော့တဲ့ အခြေအနေဖြစ်ရမယ်။ သပ်ိတ်စုံတော့ သူပုန်ထဆိုတဲ့စကားလိုပါပဲ။

၂။ လက်နက်ကိုင်လမ်းစဉ်ကလွဲပြီး ရွေးချယ်စရာမရှိတော့တဲ့ အခြေအနေဖြစ်ရမယ်။

၃။ လေ့ကျင့်ပြီးသားတပ်သားတွေ ရှိရမယ်။

၄။ ရိုးသားပြီး စွန့်လွှတ်အနစ်နာခံတဲ့၊ အရည်အချင်းပြည့်ဝတဲ့ ဗျူဟာမြောက်ခေါင်းဆောင်ရှိရမယ်။

အဲဒီလို မှတ်သားခဲ့ရဖူးပါတယ်။

ကျနော်တို့တော်လှန်ရေးဟာ ဒီအချက်လေးချက်မှာ ဘယ်လောက်ပြည့်စုံနေသလဲ ကြည့်တဲ့အခါ တစ်အချက်က လုံးဝကိုက်ညီပါတယ်။ လူထုလူတန်းစားအသီးသီးဟာ အာဏာရူးတယောက်ရဲ့တသွေးတသံတမိန့်အောက်မှာ နည်းမျိုးစုံ၊ ပုံစံမျိုးစုံနဲ့ ဖိနှိပ်ခံနေရတာဖြစ်ပါတယ်။ ဒီအဓမ္မတရားကြီးကို မတွန်းလှန်လို့မဖြစ်တော့တဲ့ အခြေအနေကြောင့် အကြမ်းမဖက်နိုင်ငံရေးနဲ့ ငြိမ်းချမ်းစွာ စုဝေးစီတန်း ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ နှစ်အချက်အနေနဲ့လည်း လုံးဝကိုက်ညီပါတယ်။ ခေါင်းတွေကို အပစ်ခံနေရတဲ့ လူငယ်တွေနဲ့ ပရဟိတသူနာပြုကားကိုပါ ရိုက်ခွဲခံလိုက်ရတဲ့ ပြည်သူတရပ်လုံးဟာ လက်နက်ကိုင်လမ်းစဉ်မှတပါး တခြားရွေးချယ်စရာ မရှိတော့တဲ့ အခြေအနေပါပဲ။ ဆေးထိုးအပ်ကိုလွှတ်ချပြီး မောင်းပြန်ကို ကိုင်ခဲ့ရတဲ့ ဆရာဝန်တွေဟာ နွေဦးသမိုင်းရဲ့ သာဓကတခု ဖြစ်ပါတယ်။ သုံးအချက်ကလည်း ပြည့်စုံနေပြန်ပါတယ်။ စစ်သင်တန်းဆိုတာ အလွန်ဆုံးခြောက်လပဲ တက်ရတဲ့အမျိုးအစားပါ။ အခုလေးနှစ်ပြည့်ပြီဖြစ်တာကြောင့် လေ့ကျင့်ရေးအင်မတန်ကောင်းတဲ့ တပ်သားကောင်းတွေဖြစ်လို့နေပါပြီ။ 

နောက်ဆုံးကျန်တဲ့ နံပါတ်လေးအချက်ကတော့  အခုအချိန်အထိ မေးခွန်းထုတ်နေရတုန်းပဲ ဖြစ်ပါတယ်။ စုစည်းမှုအားနည်းပြီး ပြန့်ကျဲနေတဲ့ မျက်နှာစုံညီအစည်းအဝေးတွေကို မြေပြင်မှာမခေါ်နိုင်တဲ့ အစိုးရဆိုသူတွေတော့ ရှိပါတယ်။ အဲဒီလူတွေထဲမှာ ဘယ်နှယောက်များ နံပါတ်လေးအချက်နဲ့ ကိုက်ညီပါသလဲ ကြည့်ကြရအောင်ပါ။

ရိုးသားမှုဟာ ပထမ၊ စွန့်လွှတ်အနစ်နာခံမှုဟာ ဒုတိယ၊ ဗျူဟာမြောက်တဲ့ခေါင်းဆောင်မှုက ပဓာန၊ အလွန်အရေးကြီးတဲ့ အချက်တွေဖြစ်ပါတယ်။ အဲဒီအချက်တွေနဲ့ ညီတဲ့သူ ဘယ်နှယောက်ရှိလဲ ရေတွက်ကြည့်တဲ့အခါ လက်တဖက်စာထက်မပိုတာကို တွေ့ရပါတယ်။ 

လက်နက်ကိုင်တော်လှန်ရေး အောင်မြင်ဖို့ အောက်ပါအချက်တွေကို မဖြစ်မနေထည့်သွင်းစဥ်းစားရမှာ ဖြစ်ပါတယ်။ 

အဲဒါတွေကတော့ ပြည်သူ့ထောက်ခံမှု၊ စီမံကိန်းနဲ့ ဗျူဟာ၊ အရင်းအမြစ်တွေ၊ စည်းလုံးညီညွတ်မှုနဲ့ နိုင်ငံတကာထောက်ခံမှုတွေပဲ ဖြစ်ပါတယ်။ အခုအချိန်မှာ ပြည်သူဟာ စိတ်ကထောက်ခံပေမဲ့ စစ်တပ်ရဲ့ဖိနှိပ်မှုကို ကြောက်ရွံ့တာကြောင့် တော်လှန်ရာမှာပါဝင်ဖို့ စိတ်သွားတိုင်း ကိုယ်မပါ ဖြစ်နေရပါတယ်။

အချိန်ရဲ့တိုက်စားမှုအောက်မှာ တော်လှန်ကြယ်တွေ တဖြုတ်ဖြုတ်ကြွေခဲ့ရသလို ပြည်သူဟာလည်း ရှင်လျက်နဲ့ သေနေရပြီဖြစ်ပါတယ်။ ပြည်သူဟာ စစ်မှုထမ်းဥပဒေရဲ့ခြိမ်းခြောက်မှု၊ လူဆိုးလူမိုက်တွေရဲ့ ပြန်ပေးဆွဲမှု၊ လူယုတ်မာတွေရဲ့ ကလီစာထုတ်ရောင်းဖို့ ဖမ်းဆီးမှုဆိုတဲ့ အန္တရာယ်သုံးရပ်ကို နေ့ညမရွေးခံစားနေရတာ ဖြစ်ပါတယ်။

အခုလိုအချိန်မှာမှ ခေါင်းဆောင်းကောင်းတွေရဲ့ ဗျူဟာမြောက်တဲ့စွမ်းဆောင်မှုကို မပြနိုင်ရင် ဘုံရန်သူရဲ့ ၂၀၂၅ ရွေးကောက်ပွဲနဲ့ အောင်သေအောင်သားစားခြင်းကိုခံရပါလိမ့်မယ်။ 

အချုပ်အားဖြင့်ဆိုရရင် နွေဦးဟာ ရင့်မှည့်နေပါပြီ။ နွေဦးဟာ ခေါင်ဆောင်ကောင်းကို ဆာလောင်နေတာ ဖြစ်ပါတယ်။ စည်းလုံးညီညွတ်မှုကို မကျိုးပဲ့အောင်ထမ်းရွက်နေရတဲ့အတွက်လည်း နွေဦးခမျာ ပင်ပန်းနေရှာပါပြီ။

ရွက်သစ်တွေဝေဖို့ အားယူနေရတဲ့နွေဦးကို ကျနော်တို့အားလုံး ဝိုင်းဝန်းတွန်းရွှေ့ အားဖြည့်ကြပါစို့။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles