ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

CDM နှင့် Non-CDM – မြန်မာပြည်၏ အနာဂတ် လူဖြူလူမည်း ပြဿနာ

တော်လှန်ရေးအင်အားစုတွေမှာ နယ်မြေစိုးမိုးမှုတွေ ကျယ်ပြန့်လာပြီး သူတို့ယန္တရားအတွက် CDM အကူအညီကို တောင်းခံနေကြတာတွေ ရှိပါတယ်။ တချို့နယ်တွေမှာ Non–CDM တွေကို ပြန်လည်ခန့်အပ်မှုဟာ CDM တွေ အပြင်းအထန်ကန့်ကွက်စေတဲ့အရာတွေ ဖြစ်ပါတယ်။ CDM တွေဟာ သူတို့(Non- CDM) တွေနဲ့ အလုပ်ပြန်တွဲလုပ်လိုစိတ် မရှိကြပါဘူး။

ပြည်တွင်းစစ်၊ နိုင်ငံရေးဂယက်နဲ့ ရိုဟင်ဂျာအရေး စတဲ့ပြဿနာတွေနဲ့ လုံးပမ်းနေတဲ့ အမိမြန်မာပြည်ကြီးဟာ နောက်ပြဿနာအသစ်တွေ အစပျိုးဖို့ အခွင့်အလမ်းတွေ ရှိနေတာပါ။ တကယ်လို့ မြန်မာစစ်အာဏာရှင်ကို တော်လှန်ဖြုတ်ချနိုင်ခဲ့မယ်ဆိုရင်တောင် ဖြေရှင်းရမယ့် ပဋိပက္ခတွေ၊ စိန်ခေါ်မှုအသစ်တွေက စောင့်ကြိုနေမှာပါ။ အဲဒီအထဲက သတိကြီးကြီးနဲ့ သိမ်သိမ်မွေ့မွေ့ကိုင်တွယ်ရမှာ တခုကတော့ လူဖြူလူမည်းပြဿနာပါ။​

မတူကွဲပြားမှုကို အရင်းတည်ပြီး အမေရိကန်မှာ လူဖြူလူမည်းခွဲခြားဆက်ဆံမှု ပြဿနာက ကမ္ဘာမှာ ထင်ရှားခဲ့ပါတယ်။ အမေရိကန်မှ မဟုတ်ပါဘူး။ ကမ္ဘာ့နေရာတိုင်းမှာ ခွဲခြားဆက်ဆံမှုဟာ အခြေအနေ၊ အကြောင်းအရာတွေအပေါ် မူတည်ပြီး ရှိတတ်ပါတယ်။ 

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ နိုင်ငံရေးခံယူချက် မတူညီကြလို့ အသစ်ထွက်ပေါ်လာတဲ့ လူတန်းစားနှစ်ရပ်ရှိပါတယ်။ အဲဒီလူတန်းစားနှစ်ရပ်ကတော့ CDM နဲ့ Non-CDM တို့ပဲဖြစ်ပါတယ်။ မြန်မာ့နွေဦးတော်လှန်ရေးမှာ ‘ရုံးမတက်နဲ့ ရုန်းထွက်’ဆိုတဲ့ ဆောင်ပုဒ်ကို ကိုင်ဆောင်ပြီး CDM ထဲကို ဝင်လာတဲ့ အစိုးရဝန်ထမ်းတွေ၊ ကျောင်းသူ/ကျောင်းသားတွေ များစွာရှိပါတယ်။ စစ်အာဏာရှင်ဖော်ဆောင်မယ့် ယန္တရားအောက်မှာ မပါဝင်ဘဲ ကိုယ်တတ်နိုင်တဲ့နေရာကနေ တော်လှန်ရေးအတွက် အထောက်အကူဖြစ်စေမယ့် CDM ဘဝကို ရဲရဲဝံ့ဝံ့ ရွေးချယ်ကြတာ ဖြစ်ပါတယ်။ အမှန်တရားဘက်ကို ရပ်တည်လိုတဲ့ စိတ်၊ အဓမ္မကို ဓမ္မနဲ့ အနိုင်ယူပြမယ့် စိတ်တွေနဲ့ အခြေခံပြီး CDM လုပ်ဖို့ ရွေးချယ်တာဟာ လွယ်ကူခဲ့တာမျိုးတော့ မဟုတ်ပါဘူး။ 

စစ်အာဏာသိမ်းပြီး လေးနှစ်အကြာမှာတောင် CDM တွေဟာ ခံယူချက်ခိုင်မြဲနေဆဲ ရှိနေတာကို တွေ့ရမှာပါ။ CDM တွေဟာ သူတို့ တတ်စွမ်းတဲ့ ပညာ၊ အတွေ့အကြုံတွေနဲ့ လွတ်မြောက်နယ်မြေ ဒါမှမဟုတ် တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ကူညီဆောင်ရွက်ပေးနေတာတွေ ရှိပါတယ်။ စစ်အုပ်စုဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး အတွက်အချက်မှားခဲ့တဲ့အရာတွေထဲမှာ CDM တွေရဲ့ အင်အားလည်း ပါဝင်ပါတယ်။ CDM ကြောင့် စစ်ကောင်စီဟာ အုပ်ချုပ်ရေးယန္တရား အကျပ်အတည်းတွေ ဖြစ်ခဲ့ရတာပါ။ ဒါ့အပြင် စစ်ကောင်စီဟာ CDM ကိစ္စကို ကိုင်တွယ်ခဲ့တဲ့အခါမှာ ကြမ်းတမ်းရက်စက်လှပါတယ်။ CDM တွေကို ဖမ်းဆီးထောင်ချတာ၊ ပိုင်ဆိုင်မှုတွေ ချိတ်ပိတ်တာနဲ့ မိသားစု ဝင်တွေကို ခေါ်ဆောင်တာမျိုးအထိ လုပ်ခဲ့ကြတာပါ။ 

စစ်ကောင်စီရဲ့ ပြုမူပုံတွေကြောင့် CDM တွေဟာ ရှောင်ပုန်းတာ၊ လွတ်မြောက်နယ်မြေတွေမှာ သွားရောက်ခိုလှုံတာ၊ နိုင်ငံခြားတွေမှာ အောက်ခြေအလုပ်တွေ သွားရောက်လုပ်ကိုင်ရတဲ့အထိ ခက်ခဲကြမ်းတမ်းပါတယ်။ ဒါ့အပြင် မိသားစုတွေနဲ့ ခွဲခွာရတာ၊ လူမှုရေးပြဿနာတွေ ဖြစ်ပွားတာနဲ့ စီးပွားရေးအဆင်မပြေတာတွေက လက်ရှိ CDM တွေ ကြုံတွေ့နေရတဲ့ ပြဿနာတွေဖြစ်ပါတယ်။ ကူညီထောက်ပံ့ပေးမှု ဆိုတာကလည်း လက်ရှိ CDM လေးနှစ်သက်တမ်းအကြာမှာ မသက်ဆိုင်တော့တာကို တွေ့ရပါတယ်။ CDM ဟာ တော်လှန်ရေးအတွက် ဒေါက်တိုင်တခုအနေနဲ့ မားမားမတ်မတ်ရှိနေဆဲဖြစ်ပါတယ်။ CDM တွေဟာ သူတို့လုပ်ရပ်အပေါ် အမြဲဂုဏ်ယူနေပြီး တော်လှန်ရေး အောင်နိုင်ရေးအတွက် တတ်နိုင်တဲ့ဘက်ကနေ ပါဝင်လုပ်ကိုင်နေကြတာ တွေ့ရပါတယ်။ ဒါပေမဲ့ စစ်အာဏာရှင်လက်အောက် ဆက်ပြီး အလုပ်လုပ်ကိုင်နေကြတဲ့ ဝန်ထမ်းတွေလည်း အများအပြားရှိပါတယ်။ 

နိုင်ငံရေးခံယူချက်မရှိတဲ့သူတွေ၊ စစ်အာဏာရှင် ဘက်တော်သားတွေ စသည်ဖြင့် သမုတ်ခံရတဲ့ Non-CDM တွေကတော့ ‘အစိုးရဝန်ထမ်းတွေဆိုတာ ပါတီနိုင်ငံရေးကင်းရမယ်’ဆိုတဲ့ ဆောင်ပုဒ်ကို ကိုင်စွဲနေကြတာ တွေ့ရပါတယ်။ ဒါကြောင့် အလုပ်လုပ်ဆက်လုပ်ဖို့ ရွေးချယ်ကြတာ ဖြစ်တယ်။ စီးပွားရေး/လူမှုရေးအခြေအနေကြောင့် မတတ်သာလို့ သူတို့ လက်အောက်မှာ ဆက်လုပ်ရတာလို့ အကြောင်းပြချက်ပေးတဲ့ Non-CDM တွေလည်းရှိပါတယ်။ 

Non-CDM တွေထဲမှာလည်း အမျိုးမျိုးရှိပါတယ်။ တချို့ကလည်း တကယ့်စစ်ကောင်စီအမာခံ၊ တချို့ကျပြန်တော့ တကယ်ကို စီးပွားရေး/လူမှုရေးပြဿနာကြောင့် ရုန်းမထွက်နိုင်ကြတဲ့သူတွေလည်း ရှိပါတယ်။ သူတို့တွေကိုလည်း တော်လှန်ရေးအင်အားစုဘက်က လူမှုရေးပြစ်ဒဏ် (boycott) ပြုလုပ်ကြဖို့ နှိုးဆော်ခဲ့တာတွေလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့တွေဟာ စစ်ကောင်စီယန္တရား ရပ်တည်နိုင်ရေးအတွက် ပါဝင်ဆောင်ရွက်နေကြသူတွေ ဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းပြီး လေးနှစ်အကြာမှာ တော်လှန်ရေးအင်အားစုတွေက နယ်မြေစိုးမိုးမှုတွေ ကျယ်ပြန့်လာပြီး သူတို့ယန္တရားအတွက် CDM အကူအညီကို တောင်းခံနေကြတာတွေ ရှိပါတယ်။ တချို့နယ်တွေမှာ Non-CDM တွေကို ပြန်လည်ခန့်အပ်မှုဟာ CDM တွေ အပြင်းအထန်ကန့်ကွက်စေတဲ့အရာတွေ ဖြစ်ပါတယ်။ CDM တွေဟာ သူတို့(Non-CDM) တွေနဲ့ အလုပ်ပြန်တွဲလုပ်လိုစိတ် မရှိကြပါဘူး။ တကယ်လို့ စစ်အာဏာရှင်ကို ဖြုတ်ချနိုင်ခဲ့ပြီး နိုင်ငံလုံးဆိုင်ရာ ဗျူရိုကရေစီယန္တရားကို တည်ဆောက်ရာမှာ CDM နဲ့ Non-CDM အကြား ရင်ကြားစေ့ရေး၊ အတူတကွပြန်လည်ပေါင်းစည်းရေးဟာ လွယ်ကူလိမ့်မယ်လို့ မထင်ပါဘူး။ 

အမေရိကန်မှာ လူဖြူလူမည်း ခွဲခြားဆက်ဆံမှု မရှိအောင် လုပ်ဆောင်တာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါတယ်။ လူမည်းတွေကို ကျွန်အဖြစ်သတ်မှတ်တဲ့စနစ်ကို အမေရိကန်သမ္မတ အေဗရာဟင်လင်ကွန်းက ဖျက်သိမ်းတော့ လူဖြူတွေ မကျေနပ်ခဲ့ပါဘူး။ ဒါပေမဲ့ အမေရိကန်ခေါင်းဆောင်တွေဟာ စိတ်ရှည်ရှည်နဲ့ လူဖြူလူမည်း ခွဲခြားဆက်ဆံမှု လျော့နည်းလာအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ မြန်မာပြည်မှာလည်း အသားအရောင် ကွဲပြားမှုကြောင့်မဟုတ်ဘဲ ခံယူချက်တွေ မတူလို့ CDM နဲ့ Non-CDM အကြား ခွဲခြားဆက်ဆံမှုပြဿနာတွေ ကြုံတွေ့ ရနိုင်ပါတယ်။ သေချာမကိုင်တွယ်တတ်ရင် အမြစ်တွယ်နိုင်ပြီး ပြင်းထန်လာနိုင်ပါတယ်။ 

လူဖြူလူမည်းပြဿနာဟာ အမေရိကန်အတွက် ခက်ခဲပေမဲ့ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သလို မြန်မာပြည်ရဲ့ အနာဂတ်ပြဿနာဖြစ်လာနိုင်တဲ့ CDM နဲ့ Non-CDM အရေးဟာလည်း သိမ်သိမ်မွေ့မွေ့၊ ညင်ညင်သာသာ ကိုယ်တွယ်နိုင်ဖို့ အခုခေါင်းဆောင်တွေအနေနဲ့ စဉ်းစားထားဖို့ လိုပါတယ်။ ကောင်းမွန်တဲ့ အနာဂတ်နိုင်ငံကို တည်ဆောက်ရာမှာ ကျနော်တို့ဟာ တချို့ပြဿနာတွေကို သဘောထားကြီးကြီးနဲ့ ချဉ်းကပ်ဆောင်ရွက်ဖို့ လိုပါလိမ့်မယ်။

Bottom banner text comes here

စာမူပေးပို့ရန်


0 Responses

  1. CDM ကိစ္စ က ရှင်းတယ် ရှင်းအောင် မလုပ်လို့ ရှုပ်တာ ကျနော်တို့ CDM တွေရဲ့အမြင်ကို ကြည်လင်အောင် ဘယ်သူမှ လုပ်မပေးပဲ၊ ကန်းအောင်ဝိုင်းမျက်စဉ်းခတ်ကြတယ် ခုကြည့်လေ လက်နက်ကိုင်ပြီး ပြည်သူတွေသတ်၊ တဲ့သောက်စစ်တပ်ကတော့ ကြိုဆိုတယ်၊ဘာ၊ညာပေါ့၊အလင်းဝင်ပေါ့ ထမင်းတောင်ကျွေးထားတယ်၊ ပြည်သူတွေ ကိုဝန်ဆောင်မှုပေးခဲ့တဲ့ Non တွေ ကြတော့ ထွက်ပေါက်မပေးဘူး ကိုယ်နဲ့မတူ ကိုယ့်ရန်သူလို့ထင်ရင် ခင်ဗျားတို့အော် နေတဲ့ ဖက်ဒရယ်ကြီးနဲ့ ဝေးနေမှာပဲ ကိုယ်ဘက်ပါအောင် စည်းရုံးရမယ် ချပြရမယ် ကျနော်ပြောဖူးတယ် ဒု-ညွှန်အထက်မှ ပြစ်မှုရှိတယ်လို့၊ မှတ်ယူရမယ်တို့ အသုံးနှုန်းတွေကိုက ဝါးလားလား သုံးထားတယ် ကျနော်တို့ မြန်မာပြည်ကြီး အကုန်ပျက်ဆီးသည်အထိ စောင့်နေကြမှာလား ကျုပ်တို့အညာမှာ နေ့တိုင်းသတ်ခံနေရတယ် သုတို့ကိုလည်း ဂယ်ပေါက်တစ်ခုထားသင့်တယ် ရာထူးလျော့ချ၊ဘာ၊ညာပေါ့ CDM မှာ နည်းဥပဒေ မှ မရှိတာ တစ်ရွာတစ်ပုဒ်ဆန်း လျှောက်လုပ်နေတယ် တစ်ကယ်ဆို အလုပ်သင့်ဆုံး မူဝါဒ နည်းဥပဒေ စဉ်းစားရမယ် ချမှတ်ရမယ် ဝါးလားလား မူဝါဒ တွေက ကျုပ်တို့ကို သွေးခွဲ‌ စေတာ ကျနော်တို့ တစ်နိုင်ငံလုံး လူဉီးရေက၊တရုတ်ရဲ့ ရှန်ဟိုင်း တစ်မြို့စာပဲ ရှိတယ် အဲတော့ ကျုပ်တို့ ရပ်တည်မှုအတွက် ပြတ်သားရမယ်၊မှတ်ထားရမယ် စည်းလုံးရမယ် မြန်မာနိုင်ငံမှာရှိတယ့် လူမျိုးအားလုံး ညီမျှစွာ အဖြေထုတ်နိုင်မှ ကျနော်တို့ မျှော်မှန်းချက်ဆီကို ရောက်မယ်လို့ မြင်တယ်

Leave a Reply

Your email address will not be published. Required fields are marked *


Related articles