ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

ပြည်သူ့အသက်ကို ဦးစားပေးပါ

နိုင်ငံသားတွေအားလုံးရဲ့ အသက်ကို ကာကွယ်ဖို့က အဓိကဦးစားပေးဖြစ်သင့်တာပါ။ CDM ဝန်ထမ်းတွေကို ပြန်လည်ခေါ်ယူတာ၊ ပိတ်ထားတဲ့ ဆေးရုံတွေကို ပြန်ဖွင့်ခွင့်ပေးတာနဲ့ နိုင်ငံတကာအကူအညီတွေကို ထိထိရောက်ရောက် အသုံးချမှသာ ... မြန်မြန်ဆန်ဆန် ပြန်လည်ထူထောင်နိုင်မှာ ဖြစ်ပါတယ်။​

မြန်မာနိုင်ငံဟာ ၂၀၂၅ ခုနှစ် မတ်၂၈ ရက်မှာ စစ်ကိုင်းပြတ်ရွေ့ကြောအတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပြင်းအား ၇ ဒသမ ၇ အင်အားကြီးမြေငလျင်ဒဏ်ကို အပြင်းအထန် ခံစားနေရပါတယ်။​ မန္တလေးအပါအဝင် စစ်ကိုင်း၊ နေပြည်တော်တို့လို မြို့ကြီးတွေမှာ အဆောက်အအုံတွေ ပြိုကျတာ၊ ဒဏ်ရာရသူတွေနဲ့ အသက်ဆုံးရှုံးရသူတွေ များပြားလာတာကြောင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက် ပိုများပြားလာခဲ့ပြီး ဝန်နဲ့ အား မမျှတဲ့အခြေအနေ ဖြစ်လာနေပါတယ်။ စစ်ကောင်စီက နိုင်ငံတကာကို အကူအညီတွေ တောင်းခံထားသလို နိုင်ငံတကာကလည်း အရေးပေါ်ကူညီမှုတွေ ဝင်ရောက်လာခဲ့ပါပြီ။ ထပ်ပြီးလည်း လာနေဆဲပါပဲ။ 

ဒါပေမဲ့ နိုင်ငံတကာအကူအညီတွေနည်းတူ အရေးပါတဲ့ ပြည်တွင်းအင်အားစုတခုလည်း ရှိနေပါတယ်။​ ဒါကတော့ အာဏာမသိမ်းမီ နိုင်ငံအတွင်းက ကျန်းမာရေးဝန်ထမ်းစုစုပေါင်းရဲ့ ၅၀ ရာခိုင်နှုန်းဝန်းကျင် (အရေအတွက်အနေနဲ့ ၄၇,၂၆၄ ဦး) ရှိတဲ့ CDM ကျန်းမာရေးဝန်ထမ်းတွေပဲ ဖြစ်ပါတယ်။​ အခုအခြေအနေမှာ စစ်ကောင်စီအနေနဲ့ CDM ကျန်းမာရေးဝန်ထမ်းတွေကို လုံခြုံရေးအာမခံချက်ပေးပြီး ပြန်လည်ခေါ်ယူတာ၊ ပိတ်ထားတဲ့ ဆေးရုံတွေကို ပြည်သူအတွက် ဖွင့်ပေးတာတွေ လုပ်ဖို့ အရေးတကြီးလိုအပ်ပါတယ်။ 

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

ငလျင်ဘေးမှာ ကျန်းမာရေးစနစ်က အရေးပါပါတယ်။​ ငလျင်ဘေးကြောင့် ပြည်နယ်နဲ့ တိုင်း ခြောက်ခုမှာ အိမ်ခြေရာမဲ့ဖြစ်သွားရသူတွေ၊ ဒဏ်ရာရသူတွေ၊ အသက်သေဆုံးသူတွေ ထောင်နဲ့ချီပြီး ရှိနေပါတယ်။​ ဒီထက်လည်း ပိုပြီးများလာဖို့လည်း ရှိနေပါတယ်။ သာမန်အချိန်တွေမှာတောင် ပြည်သူ့ဆေးရုံတွေမှာ ဝန်ထမ်းအရေအတွက် နည်းပါးပြီး ဝန်ပိနေတာပါ။ အခုလို ငလျင်ဘေးနဲ့ အရေးပေါ်အခြေအနေမှာ လုံလောက်တဲ့ ဆေးကုသမှုတွေပေးဖို့ မဖြစ်နိုင်ပါဘူး။​ CDM ကျန်းမာရေးဝန်ထမ်းတွေဟာ အရည်အသွေးပြည့်ဝတဲ့ ဆရာဝန်၊ သူနာပြုတွေနဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေဖြစ်တာကြောင့် သူတို့ရဲ့အားကို အခုလို သဘာဝဘေးဒဏ်ခံနေရချိန်မှာ ပိုပြီးလိုအပ်နေပါတယ်။​

ဒါကြောင့် CDM ဝန်ထမ်းတွေကို အာမခံချက်နဲ့ ပြန်ခေါ်ဖို့ အရေးကြီးပါတယ်။​ စစ်ကောင်စီအနေနဲ့ CDM ဝန်ထမ်းတွေကို အလုပ်ကနေ ထုတ်ပယ်တာ၊ ဖမ်းဆီးအရေးယူတာ၊ ထောင်ဒဏ်ချမှတ်တာတွေ လုပ်ခဲ့ပေမဲ့ အခုအချိန်မှာ ပြည်သူ့ကျန်းမာရေးကို ဦးစားပေးဖို့ အရေးကြီးပါတယ်။​

အခုအချိန်မှာ စစ်ကောင်စီအနေနဲ့ အရေးတကြီးလုပ်သင့်တာက (၁) CDM ဝန်ထမ်းတွေကို ဖမ်းဆီးအရေးယူမှာမဟုတ်တဲ့အကြောင်း တရားဝင်ကြေညာပေးဖို့လိုပါတယ်။ (၂) နိုင်ငံတော်နဲ့ ပြည်သူတွေအတွက် သိပ်ပြီးလိုအပ်နေချိန်မှာ ကျန်းမာရေးဝန်ဆောင်မှုတွေပေးနိုင်ဖို့ မေတ္တာရပ်ခံပြီး ဖိတ်ခေါ်ရပါမယ်။ (၃) ငလျင်ဘေးဒဏ်ခံစားရတဲ့ ဒေသတွေမှာ ပုဂ္ဂလိကဆေးရုံတွေ၊ အထူးကုဆေးခန်းတွေကို ပိတ်ပင်ထားတာဟာ ပြည်သူတွေရဲ့ အသက်အန္တရာယ်ကို ထပ်မံခြိမ်းခြောက်နေပါတယ်။ ဒါကြောင့် ပိတ်ထားတဲ့ ဆေးရုံတွေကို အရေးပေါ်ဖွင့်ခွင့်ပြုရပါမယ်။ 

အရေးအကြီးဆုံးကတော့ ပြည်သူ့အသက်ကို ဦးစားပေးတာပါပဲ။ အခုလို သဘာဝဘေးအန္တရာယ်ကာလမှာ နိုင်ငံသားတွေအားလုံးရဲ့ အသက်ကို ကာကွယ်ဖို့က အဓိကဦးစားပေးဖြစ်သင့်တာပါ။ CDM ဝန်ထမ်းတွေကို ပြန်လည်ခေါ်ယူတာ၊ ပိတ်ထားတဲ့ ဆေးရုံတွေကို ပြန်ဖွင့်ခွင့်ပေးတာနဲ့ နိုင်ငံတကာအကူအညီတွေကို ထိထိရောက်ရောက် အသုံးချမှသာ မြန်မာနိုင်ငံကို ငလျင်ဘေးဒဏ်ကနေ မြန်မြန်ဆန်ဆန် ပြန်လည်ထူထောင်နိုင်မှာ ဖြစ်ပါတယ်။​ ကျန်းမာရေးစနစ်ရဲ့ ခိုင်မာမှုဟာ နိုင်ငံတခုရဲ့ အနာဂတ်အတွက် အရေးပါတဲ့ အချက်ဖြစ်တာကြောင့် စစ်ကောင်စီအနေနဲ့ နိုင်ငံရေးအရ ခွဲခြားမနေဘဲ လူသားချင်းစာနာထောက်ထားမှုကို အခြေခံတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ အရေးပေါ်လိုအပ်နေပါပြီ။​

Bottom banner text comes here

စာမူပေးပို့ရန်


0 Responses

  1. ပြန်ခေါ်လို့ သွားလုပ်ရင် စစ်ဖိနပ်အောက် ဝင်တယ်ဆိုပြီး ဝိုင်းဆဲကြမှာ မဟုတ်ဘူးလား?

Leave a Reply

Your email address will not be published. Required fields are marked *


Related articles