ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
Essay

လမ်းပျောက်နေသော အနာဂတ်မဲ့ဘ၀

စစ်ပွဲများအကြား ကိုယ်လွတ်ရုန်း ပြေးလွှားနေရသည့် သူတို့အဖို့ လက်ထဲတွင် ခြူးတပြားမှ ပါမလာ။ ဖုန်းလိုင်းပင်မမိသော အနေအထားတရပ်နှင့် ဖုန်းဆိုလျှင် ခလုတ်ပင် ကောင်းစွာမနှိပ်တတ်သော အဘိုးအဘွားများ၏ လက်ကိုင်ဖုန်းများပါမကျန် လုံခြုံရေးအကြောင်းပြချက်ဖြင့် သိမ်းယူသွားသည်။

အပေါ်အောက် ဆင်တူဝတ်ဆင်ထားသော မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းကိုမဆို သူ မုန်းသည်။ နိုင်ငံရေးဆိုသည့် စကားလုံးကိုပင် ကောင်းစွာနားမလည်ခဲ့သေးသည့် ၁၉၈၈ ခုနှစ် သူငယ်တန်း ကျောင်းသူဘဝကစ၍ ယနေ့ သူ့အသက် ၄၀ ပင် စွန်းခဲ့ပေသည်။ ငြိမ်းချမ်းစွာ နေထိုင်ခွင့်မရ၊ အမှောင်ညကို ကြောက်ရွံစွာ ဖြတ်သန်းလာခဲ့ရသည်မှာလည်း အနှစ် ၄၀ ကျော်ခဲ့ပြီ။ မြန်မာ့နိုင်ငံရေးသည် အမှောင်အတိ လွှမ်းမိုးခံခဲ့ရသည်မှာလည်း အနှစ် ၁၀၀ ပင် ပြည့်ရော့မည်ထင့်။

သူ ကောင်းမွန်စွာ မှတ်မိနေသေးသည်။ ရွှေဝါရောင်တော်လှန်ရေးမှသည် ယနေ့အာဏာသိမ်းစစ်တပ်။ ၈၈ အရေးအခင်းမှစတင်၍ ယနေ့အချိန်ထိပေါ်ပေါက်လာသော တော်လှန်ရေးတပ်ပေါင်းစုများသည်လည်း သူ၏အသက်ထက်ပင် များနေပေမည်။ မည်သူ့ကို ဘုရင်တင်မြှောက်ပြီး ဖခင်တော်ရမည်မှန်းမသိသော သူတို့အဖို့ မည်သည့်လက်နက်ကိုင်အင်အားစုကိုမဆို တွေ့မြင်ရတိုင်း အလွန်ပင် တုန်လှုပ်မိသည်၊ ရွံရှာမုန်းတီးနေမိသည်။ 

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

တိုင်းပြည်နှင့် လူမျိုးကို ကာကွယ်ရန်တည်းဟူ၍ လှပသည့် ခေါင်းစဉ်အမျိုးမျိုးတပ်ထားသော အမျိုးသားရေးလှုပ်ရှားမှု ဝေါဟာရအောက်တွင် ၂၀၂၁ အာဏာသိမ်းမှုတရပ် ဖြစ်ပေါ်ခဲ့ပြီးနောက် ပေါ်ပေါက်လာသော လက်နက်ကိုင်အသင်းအဖွဲ့များစွာတို့ကို ကြည့်ခြင်းအားဖြင့် ယခင်က ဒေါက်တာဘမော် ပြောကြားခဲ့သော “မြန်မာလူငယ်တွေဟာ လက်နက်ကိုင်ခြင်းရဲ့ အရသာကို သိသွားခဲ့ပြီ။ ဒါကြောင့် နောင်အခါ မြန်မာ့နိုင်ငံရေးကို အဆုံးအဖြတ်ပေးမှာက မဲပုံးတွေမဟုတ်ဘဲ လက်နက်တွေဖြစ်နေလိမ့်မယ်” ဟူသည့်စကားကို အမှတ်ရမိပေသည်။

“ဒိုင်း…ဒိုင်း…ရွှီး..ဒုန်း” 

ဆူညံစွာထွက်ပေါ်လာသော သေနတ်သံများအကြားတွင် ဖိနပ်မပါ ဖြေဗလာဖြင့် ရရာအထုပ်လှမ်းဆွဲကာ နွေခေါင်ခေါင်ကတ္တရာလမ်းမပေါ်တွင် သူတို့ခေါ်ရာနောက်သို့ ဘုမသိဘမသိစွာ လိုက်ပါလာခဲ့ရသည်။ 

“ပြည်သူတွေကို လာကယ်ထုတ်တာ”

“မြန်မြန်လုပ်ကြ ဘာမှမယူကြနဲ့” 

“ရှေ့မှာ ခင်ဗျားတို့အတွက် အကုန်အပြည့်စုံစီစဉ်ထားတယ်”

“ခင်ဗျားတို့ကို စာပို့အကြောင်းကြားထားတာပဲ၊ ဘာလို့မရှောင်ကြတာလဲ” 

“ဒလန်တွေလား” 

အသံမျိုးစုံအကြားမှ သူ ရင်တုန်မောဟိုက်စွာ လိုက်ပါလာခဲ့သည်။ ပြေးလွှားရင်းဖြင့် ငိုယိုနေသော ကလေးငယ်များ၊ နှလုံးဖောက်နေသော အဘိုးအဘွားများကို ငေးရင်း မျက်ရည်များပင် အလိုလိုကျလာမိသည်။

“ပြည်သူတွေကို ကျနော်တို့ မဝင်ခင်ကတည်းက ကြိုတင်ရှောင်ဖို့ အကြောင်းကြားစာ ပို့ထားတာ ဘာလို့မရှောင်တာလဲ၊ စစ်ခွေးအားပေးတွေလား” 

ဖြေရှင်းချက်များပင် မပေးနိုင်ဘဲ ပြစ်တင်ဝေဖန်မှုများစွာအောက်တွင် မည်သူ့ကိုမျှ မော်မကြည့်ရဲ။ နာကျင်စွာငြိမ်သက်နေရသည့် အခြေအနေအောက်ဝယ် အံကိုကြိတ်မိ၊ လျှာကိုကိုက်မိ၊ ကိုယ့်ကိုယ်ကိုယ် သတ်သေပစ်ချင်စိတ်ပင် ပေါ်ပေါက်ခဲ့ဖူးပေသည်။ စစ်ဘေးရှောင်ဖို့ဆိုရာဝယ် တနေ့စာ ဝမ်းဝအောင်ပင် မနည်းရုန်းကန်နေရသော သူတို့အဖို့ တဦးကို ကားခလမ်းစရိတ်ပင် ကျပ်သုံးသိန်းပေးဆောင်ရသည်။ မိသားစုဝင်က များ၊ ကျောထောက်နောက်ခံလည်း မရှိ၊ ငွေကြေးလုံလောက်မှုမရှိသော သူတို့အဖို့ အဘယ်သို့ စွမ်းနိုင်မည်နည်း။

စစ်ပွဲများအကြား ကိုယ်လွတ်ရုန်း ပြေးလွှားနေရသည့် သူတို့အဖို့ လက်ထဲတွင် ခြူးတပြားမှ ပါမလာ။ ဖုန်းလိုင်းပင်မမိသော အနေအထားတရပ်နှင့် ဖုန်းဆိုလျှင် ခလုတ်ပင် ကောင်းစွာမနှိပ်တတ်သော အဘိုးအဘွားများ၏ လက်ကိုင်ဖုန်းများပါမကျန် လုံခြုံရေးအကြောင်းပြချက်ဖြင့် သိမ်းယူသွားသည်။ အချို့သောဖုန်းများထဲတွင် ရာနှင့်ချီသောငွေကြေးသိမ်းဆည်းထားမှုများ ပါဝင်သကဲ့သို့ တန်ဖိုးကြီးပေးဝယ်ရသော လက်ကိုင်ဖုန်းများနှင့် ချွေးနည်းစာလေးများကို သိုသိပ်စုဆောင်းကာဖြင့် ဝယ်ယူထားသော ဖုန်းလေးများလည်း ပါဝင်ပေသည်။ မရှိမဲ့ရှိမဲ့ ငွေကြေးလေးများနှင့် စုဆောင်းဝယ်ယူထားသော ဆိုင်ကယ်လေးများလည်း ပျက်စီးခြင်း၊ အခိုးခံရခြင်းအပါအဝင် “သိမ်းဆည်းထားပေးမည်၊ အပ်နှံခဲ့၊ ယူဆောင်သွား၍ မရ”ဟုဆိုသော စကားများအောက် ယုံကြည်စွာအပ်နှံခဲ့သော ဆိုင်ကယ်လေးများပင် ပျောက်ခြင်းမလှ ပျောက်ဆုံးကုန်ပေသည်။ အချို့ဆိုင်ကယ်လေးများမှာ နာရီပိုင်းအတွင်း ပုံစံပြောင်းကာ အခြားဒေသသို့ပို့ဆောင်ခြင်း၊ အလွဲသုံးစား ပြုလုပ်ခြင်း၊ မိမိ၏ပစ္စည်းကို မျက်ဝါးထင်ထင် ပြန်လည်တွေ့မြင်ရပါသော်လည်း မြင်သာမြင် မကြင်ရသည့်ဘဝတွင် ရှိနေပေသည်။ သိမ်းဆည်းထားသော လက်ကိုင်ဖုန်းလေးများပင် ယနေ့ထိတိုင် ပြန်လည်ပေးဆောင်ခြင်း မရှိခဲ့ပေ။

ကရင်နီပြည် ဖားဆောင်းမြို့နယ် သံလွင်အရှေ့ဘက်ခြမ်းတွင် စစ်ဘေးရှောင်များစွာရှိသည့်အနက် တခုသော စစ်ဘေးရှောင်စခန်းသည် လက်ကိုင်ဖုန်းများ အသုံးပြုခွင့်မရခဲ့ပေ။ အခြားသော စစ်ဘေးရှောင်စခန်းများသည် ဆိုလာများ၊ ဝိုင်ဖိုင်များအသုံးပြု၍ ဆိုရှယ်မီဒီယာများကို အသုံးပြုခွင့်ရနေပါသော်လည်း ယင်းစစ်ရှောင်စခန်းမှာမူ ကြပ်မတ်သောစည်းကမ်းချက်များဖြင့် အပြင်ထွက်ခွင့်ပင် ရရှိရန် ခဲယဉ်းလွန်းလှပေသည်။

စကစတပ်များ မရှိတော့သည့် မြို့သိမ်းတိုက်ပွဲများတွင် ပျက်စီးယိုယွင်းနေသော မြို့ရွာများအတွင်း ကျန်ရှိနေသော ပြည်သူများပိုင်ဆိုင်သည့် ဆိုင်ကယ်၊ ရွှေထည်၊ ဘဏ်စာအုပ်၊ ငွေကြေး၊ သစ်၊ ဗီရို၊ ခုတင်နှင့် အိမ်ထောင်ပရိဘောဂများသည် မည်သည့်အတွက်ကြောင့် ပျောက်ဆုံးကုန်ရပါသနည်း။ ယခင်က စကစများ တည်ရှိနေမှုကြောင့် ၎င်းတို့ ခိုးယူဖျက်ဆီးခြင်း ဖြစ်နိုင်သော်လည်း ယနေ့ ၎င်းတို့မရှိသည့်မြို့ရွာများတွင် အဘယ်သို့ရှိဘိသနည်း။ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးဟု တွင်တွင်အော်နေသော လူ့အသင်းအဖွဲ့တချို့ကပင် လူ့အခွင့်အရေးချိုးဖောက်နေသည်။ ပြည်သူ့ကာကွယ်ရေးတပ်များ၊ အမျိုးသားကာကွယ်ရေးအင်အားစုများသည် ပြည်သူ့ဘဏ္ဍာများကို သိမ်းယူ၊ ဖျက်ဆီး၊ ခိုးယူမှုများ ကျူးလွန်နေမှုအပေါ် အရေးယူဆောင်ရွက်မှု မရှိခဲ့။ စစ်ဘေးကိုကြောက်၍ ပြည်သူများသိုဝှက်ထားသော ဥစ္စာပစ္စည်းများကိုပင် မြေလှန်ရှာကာ ယူဆောင်သွားသည်များကို မည်သူက အရေးယူဆောင်ရွက်မှုများ ပြုလုပ်မည်နည်း။

ပြည်သူ့မျက်ရည်များဖြင့် ခင်းကျင်းထားသော ဤနိုင်ငံရေးသည် မည်သည့်အချိန်မှ ပြန်ကောင်းလာနိုင်မည်လဲ သူ မသိ။ ပြန်လည်ထူထောင်ရေးကာလအထိ သူ ဆက်လက်တောင့်ခံနိုင်စွမ်း ရှိနိုင်သည်၊ မရှိနိုင်သည်ကိုလည်း သူ မသိ၊ ဘုရားပင် သိနိုင်မည်မထင်။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles