ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

​စစ်သုံ့ပန်းများကို မည်သို့တရားစီရင်မည်နည်း

နှစ်ဖက်စလုံးက သူသေကိုယ်သေ ရင်ဆိုင်တိုက်ခဲ့ပြီးမှ ဖမ်းမိတာ၊ လက်နက်ချတာဖြစ်လို့ ဒေါသတွေလည်း အနည်မကျသေးပါဘူး။ တိုက်ပွဲအတွင်းမှာ ကိုယ့်ဘက်က အဖိတ်အစဉ်ရှိခဲ့ရင် ပိုဆိုးပါလိမ့်မယ်။

အခု မြန်မာပြည်မှာ လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်နေတယ်။ ဒါကိုပဲ ပြည်တွင်းစစ် ဒါမှမဟုတ် တော်လှန်ရေးလို့ ခေါ်ဝေါ်ကြတယ်။ လက်နက်ကိုင်တိုက်ကြတာမို့ နှစ်ဖက်စလုံးမှာ အထိအခိုက်အဖိတ်အစဉ်တွေ ရှိပါတယ်။ လေးနှစ်ကျော်လို့ ငါးနှစ် ချဉ်းလာတဲ့အခါ နေရာဒေသအသီးသီးမှာ တိုက်ပွဲတွေအတွင်းက အဖမ်းခံရတဲ့ စစ်သုံ့ပန်းအရေအတွက်ကလည်း အတိုင်းအတာတခုအထိ ရှိလာခဲ့ပါတယ်။

ဒါပေမဲ့ အခုချိန်ထိ တိုက်ပွဲအတွင်းက ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေအတွက် တူညီတဲ့ လုပ်ထုံးလုပ်နည်း (Protocol or Standard Operating Procedure) မရှိပါဘူး။ ယေဘုယျဆန်တဲ့ ကျင့်ဝတ် (Code of Conduct) သာ ရှိပါတယ်။

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

လက်နက်မရှိတဲ့အရပ်သားပြည်သူတွေအပေါ် ဘယ်လက်နက်ကိုင်အင်အားစုတွေက ကျူးလွန်ကျူးလွန် စစ်ရာဇဝတ်မှုလို့ သတ်မှတ်လို့ ရနိုင်ပါတယ်။ ဒါပေမဲ့ သေစေနိုင်တဲ့ကျည်ဆန်တွေ ပလူပျံနေတဲ့ တိုက်ပွဲအတွင်းက စစ်သုံ့ပန်းတွေနဲ့ပတ်သက်တာက ကိုင်တွယ်ရပိုခက်ခဲပါတယ်။ နှစ်ဖက်စလုံးက သူသေကိုယ်သေ ရင်ဆိုင်တိုက်ခဲ့ပြီးမှ ဖမ်းမိတာ၊ လက်နက်ချတာဖြစ်လို့ ဒေါသတွေလည်း အနည်မကျသေးပါဘူး။ တိုက်ပွဲအတွင်းမှာ ကိုယ့်ဘက်က အဖိတ်အစဉ်ရှိခဲ့ရင် ပိုဆိုးပါလိမ့်မယ်။ ဒေါသတွေ နာကြည်းချက်တွေက ကိုယ့်အနီးနားမှာရှိတဲ့ စစ်သုံ့ပန်းတွေဆီကို အလုံးစုံပုံအောကျသွားတတ်ပါတယ်။ မြေပြင်မှာ ထဲထဲဝင်ဝင်ရှိရင် ဒီစကားသံတွေ ကြားဖူးမှာပါ။

ဒီလိုစစ်သုံ့ပန်းတွေကို ဘယ်လိုတရားစီရင်ရမလဲ၊ ဘယ်လိုဆက်ဆံရမလဲဆိုတာကို တော်လှန်ရေးဘက်က တရားစီရင်ရေးမဏ္ဍိုင်ကနေ တရားစီရင်မှု၊ အရေးယူမှုပုံစံကို ချပြပေးရပါမယ်။ တရားဥပဒေကို အခြေမခံတဲ့ ဒါမှမဟုတ် တရားဥပဒေဘောင်အပြင်ဘက်ရောက်သွားတဲ့ စစ်ကြောမေးမြန်းမှုတွေ၊ တရားစီရင်ချက်တွေက လက်ရှိမြန်မာ့ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ထက် ပိုပြီးရှုပ်ထွေးစေမှာ အသေအချာပါ။ ငြိမ်းချမ်းရေး လိုချင်လို့ တိုက်ယူကြတဲ့ပွဲမှာ အငြိုးအာဃာတတွေ၊ လက်စားချေမှုတွေဆီကို ဦးတည်သွားလို့ မရပါဘူး။

NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနကလည်း Code of Conduct (လက်နက်ချအညံ့ခံသူများနှင့် စစ်သုံ့ပန်းများအပေါ်ပြုကျင့်ရမည့် ကျင့်ဝတ်များ)ဆိုပြီး ရှင်းပြထားတာရှိပါတယ်။ စစ်သုံ့ပန်းတွေကို လူသားဂုဏ်သိက္ခာနဲ့အညီ ဆက်ဆံဖို့၊ မသတ်ဖို့၊ မနှိပ်စက်ဖို့၊ မိသားစုနဲ့ဆက်သွယ်ပေးဖို့၊ ဆေးကုသမှုပေးဖို့၊ ကျား-မ ခွဲခြားချုပ်နှောင်ဖို့ စတဲ့ ဂျီနီဗာကွန်ဗင်းရှင်းကိုအခြေခံထားတဲ့ နိုင်ငံတကာရဲ့စံပြုသတ်မှတ်ချက်တွေကို ပြည်သူ့ကာကွယ်ရေးအင်အားစုတွေအနေနဲ့ လိုက်နာဖို့ လိုအပ်ကြောင်း သတင်းစကားပေးထားပါတယ်။ နိုင်ငံတကာသဘောတူညီချက်တွေ၊ စာချုပ်တွေကို လေးစားလိုက်နာရမှာဖြစ်ပေမဲ့ အဲဒီသဘောတူညီချက်တွေကို ရည်ညွှန်းပြီး နိုင်ငံအနေနဲ့ ပြည်တွင်းတရားစီရင်ရေးစနစ် (domestic law) မှာပဲ တိုက်ရိုက်တရားစီရင်ခွင့်ရအောင် ဆောင်ရွက်ထားဖို့ လိုအပ်ပါတယ်။ စစ်သုံ့ပန်းတွေအတွက် အကာအကွယ်ပေးမှုကို အာမခံနိုင်သလို ကိုင်တွယ်ရတဲ့သူတွေအတွက် ဥပဒေနဲ့အညီ အကာအကွယ်ပေးမှုတွေ၊ စစ်ဆေးမေးမြန်းတဲ့ လုပ်ထုံးလုပ်နည်းတွေ ပါဝင်ဖို့လည်း လိုအပ်ပါတယ်။

ဒါမှမဟုတ်ရင် သုံ့ပန်းတွေကို မျှတတဲ့ တရားခွင် (fair trial) မပြုလုပ်ဘဲ အပြစ်ပေးခွင့်မရှိဆိုတဲ့နေရာမှာ တရားစီရင်မှုကို ဘယ်ဥပဒေ၊ ဘယ်နည်းဥပဒေကို သုံးမလဲဆိုတာ ဝိဝါဒကွဲပြားနိုင်ပါတယ်။ လက်ရှိမြန်မာပြည်ရဲ့ တည်ဆဲဥပဒေတွေကိုပဲ ယူသုံးမယ်ဆိုရင်လည်း ဘယ်ဥပ‌ဒေကို ကိုင်စွဲမယ်ဆိုတာ အတိအကျကြေညာပေးဖို့ လိုအပ်ပါလိမ့်မယ်။ ဥပဒေရဲ့လမ်းညွှန်ချက်ကို ကျောထောက်နောက်ခံပြုထားတဲ့ တရားဥပဒေကျွမ်းကျင်သူတွေရဲ့ လုပ်ကိုင်ဆောင်ရွက်ချက်တွေသာလျှင် အမှန်တရားနဲ့နီးစပ်နိုင်မှာပါ။

ဒီမိုကရေစီအတွက် တိုက်ယူနေတဲ့တော်လှန်ရေးမျိုးမှာ စစ်သုံ့ပန်းအရေးနဲ့ပတ်သက်ပြီး မြန်မာစစ်တပ်ရဲ့ မတရားတဲ့လုပ်ပုံလုပ်နည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့လုပ်ရပ်ချင်း မနှိုင်းယှဉ်မိဖို့လည်း လိုပါတယ်။ စစ်တပ်က တော်လှန်ရေးအင်အားစုတွေကို ဖမ်းမိရင် ဥပဒေကင်းမဲ့စွာ လုပ်ချင်သလိုလုပ်နေတဲ့အချိန်မှာ တော်လှန်ရေးဘက်က ဒီစည်းမျဉ်းတွေ၊ နည်းဥပဒေတွေနဲ့ တင်းတင်းကျပ်ကျပ်လုပ်ကိုင်နေဖို့ လိုသလား၊ ငါတို့ဘက်က နစ်နာတာပေါ့ဆိုတာမျိုး မေးလာနိုင်ပါတယ်။ ကိုယ်ရဲ့လုပ်ဆောင်ချက်တွေကို စစ်တပ်ရဲ့အကြမ်းဖက်လုပ်ရပ်တွေနဲ့ပဲ အမြဲချိန်ထိုးနေရင် နောက်ထပ် အလားတူအာဏာရှင်ဆန်တဲ့လုပ်ရပ်တွေ ဖြစ်လာဖို့၊ အာဏာရှင်ဆန်တဲ့အစုအဖွဲ့ဖြစ်လာဖို့ သေချာနေပါတယ်။

ဒါဆို သုံ့ပန်းဖြစ်နေတဲ့ရန်သူအပေါ် သဘောထားကြီးပြရမှာလားဆိုတော့ သဘောထားကြီးတယ်၊ မကြီးဘူးဆိုတဲ့ ခံစားမှုအခြေပြုတာထက် ကိုင်စွဲထားတဲ့ဥပဒေအရ ဆောင်ရွက်တာ၊ သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းအတိုင်း သွားသင့်တာပါ။ 

ဒါ့အပြင် နေရာဒေသ မတူညီတာနဲ့ပဲ ကျူးလွန်မှုတခုအတွက် ကွဲပြားခြားနားတဲ့ ပြစ်ဒဏ်တွေကို ခံယူရမယ်ဆိုရင် ကျနော်တို့ တော်လှန်ရေးရဲ့ ဦးတည်ရာကို ရောက်နိုင်မှာ မဟုတ်ပါဘူး။ ဖက်ဒရယ်သဘောတရားအရ ဒေသအဆင့်အာဏာပိုင်တွေရဲ့လုပ်ပိုင်ခွင့်ကို အသိအမှတ်ပြုရမယ်ဆိုပေမဲ့ တူညီတဲ့ကျူးလွန်မှုအတွက် မတူညီတဲ့ပြစ်ဒဏ်မျိုးရနေမယ်ဆိုရင် ဖြစ်သင့်ရဲ့လားဆိုတာလည်း မေးခွန်းထုတ်ရပါလိမ့်မယ်။ စီရင်ထုံးအခြေပြု တရားစီရင်မှု (customary justice) တွေအပေါ် မူတည်နေတာကလည်း အဖြေမှန် မဟုတ်နိုင်ပါဘူး။

တရားစီရင်ရေးအတွက်ကို တရားဥပဒေပိုင်းဆိုင်ရာက ဆောင်ရွက်မလား၊ စစ်ဘက်အာဏာပိုင်က ဆောင်ရွက်မလားဆိုတာမျိုးကိုလည်း ရှင်းလင်းပြတ်သားထားဖို့ လိုပါတယ်။ မဟုတ်ရင် မရခဲ့လို့ တိုက်ယူနေရတဲ့ အရပ်သားလွှမ်းမိုးမှု (civilian supremacy) ဆိုတာက ကျနော်တို့ကို ပြက်ရယ်ပြုနေပါလိမ့်မယ်။ လက်နက်ရှိသူက အုပ်ချုပ်ရေးအာဏာရော တရားစီရင်ရေးအာဏာရော တပြိုင်နက်တည်းကိုင်စွဲထားရင် အပြန်အလှန် ဆန်းစစ်နိုင်မှု (check and balance) မရှိနိုင်တော့ဘဲ အာဏာရှင်စနစ်ကို ဦးတည်သွားစေပါတယ်။ 

တိုက်ပွဲတွေအကြားက စစ်သုံ့ပန်းတွေရဲ့ တရားစီရင်ရေးက ထိလွယ်ရှလွယ်တဲ့ကိစ္စရပ်ဖြစ်တာမို့ အကိုင်အတွယ်မတတ်ရင် ဒါမှမဟုတ် ဥပဒေကြောင်းအရ မသွားနိုင်ခဲ့ရင် သမိုင်းမလှနိုင်သလို အသွင်ပြောင်းကာလတရားစီရင်ရေးမှာလည်း ပြစ်မှုကျူးလွန်သူ ဖြစ်သွားနိုင်ပါတယ်။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles