ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

ဗိုလ်ချုပ်ကြီး ငါးဦးကျန် ဘယ်သူတင်ကျန်မလဲ

မထင်မှတ်တာတွေ ထလုပ်တတ်ပြီး အရည်အချင်းထက် သစ္စာခံနိုင်မှုကိုသာ အလေးပေးတတ်တဲ့ စစ်ခေါင်းဆောင်ကြောင့် စစ်ကော်မရှင်ကပြုလုပ်မယ့် ရွေးကောက်ပွဲမတိုင်မီနဲ့ ရွေးကောက်ပွဲအလွန်ကာလတွေမှာ စစ်တပ်တွင်းရာထူးနေရာများစွာဟာ မထင်မှတ်တဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်အုံးမှာ အသေအချာဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ စစ်တပ်ရဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုထွက်ပေါက်လို့ ပြောနေကြတဲ့ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲအပြီးမှာ စစ်တပ်ကို ဘယ်သူတွေ ဦးဆောင်လာမလဲဆိုတဲ့ မှန်းဆချက်များစွာ ထွက်ပေါ်လျက်ရှိပါတယ်။ အထူးသဖြင့် လက်ကျန်စစ်ဗိုလ်ချုပ်ကြီးတွေထဲက ဘယ်သူက တပ်ချုပ်ဖြစ်လာနိုင်သလဲ ကြိုတင်မှန်းဆနေမှုများ ရှိနေပါတယ်။ ၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက် ကာ/လုံ အစည်းအဝေးမတိုင်မီ စစ်တပ်အတွင်း ဗိုလ်ချုပ်ကြီး ၁၀ ဦးအထိရှိခဲ့တာကို တွေ့ရပါတယ်။ ကာ/လုံ အစည်းအဝေးအပြီးမှာ ယူနီဖောင်းချွတ်ပြီး အရပ်ဘက်အစိုးရပိုင်း တာဝန်ပေးမှုတွေ၊ အနားပေးမှုတွေအရ မြန်မာစစ်တပ်အတွင်း ဗိုလ်ချုပ်ကြီးငါးဦးသာ ကျန်ရှိတော့တာကို တွေ့ရပါတယ်။ 

လက်ကျန် ဗိုလ်ချုပ်ကြီးငါးဦးကတော့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး (DSA-25)၊ တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်နဲ့ စစ်ကော်မရှင်တွဲဖက်အမှုဆောင် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး (OTS-77)၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း (DSA-29)၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် (DSA-29)နဲ့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း (DSA-35)တို့ ဖြစ်ကြပါတယ်။ သူတို့ထဲက သေချာပေါက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်မလာနိုင်တာကတော့ ရေချုပ်နဲ့ လေချုပ်တွေ ဖြစ်ပါတယ်။ လေချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်တဦးပဲ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ရာထူးအထိ ရဖူးတာကြောင့်ပါ။

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

အဲဒီတော့ ကြည်းတပ်က ဗိုလ်ချုပ်ကြီး သုံးဦးကိုပဲ တပ်ချုပ်နေရာအတွက် နှိုင်းယှဉ် စဉ်းစားရမှာပါ။ သူတို့တယောက်ချင်းစီကို လေ့လာကြည့်မယ်ဆိုရင် ပထမဆုံးအနေနဲ့ ပြန်တမ်းဝင်အမှတ် ကြည်း-၁၇၅၈၀ ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို လေ့လာကြည့်ရအောင်ပါ။ သူဟာ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်-၂၅ သင်တန်းဆင်းဖြစ်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တိုင်းမှူးဖြစ်နေစဉ်က ကက(ကြည်း) ရဲ့ စစ်ဦးစီးဗိုလ်မှူးချုပ်နဲ့ နေပြည်တော်အခြေစိုက် အမှတ်-၆ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ–၆) စကခမှူး အဖြစ်အရေးပါတဲ့ တာဝန်တွေကို ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဦးသန်းရွှေရဲ့ တပည့်ဖြစ်ပြီး စစ်ဦးစီးဗိုလ်မှူးချုပ်တာဝန်ထမ်းဆောင်စဉ် တပ်ချုပ်နဲ့ ဆက်ဆံရေး မပြေပြစ်ခဲ့တာကြောင့် နေပြည်တော်တိုင်းမှူးဘဝကို ကာလရှည် နေခဲ့ရသူ ဖြစ်ပါတယ်။ နောက်ပိုင်းမှ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်အဖြစ် နေရာပေးခံခဲ့ရတာပါ။ ဗိုလ်ချုပ်ကြီး မြထွန်းဦးကို ညှိနှိုင်းကွပ်ကဲရေးမှူးရာထူးကနေ ဖယ်ရှားလိုတာကြောင့် ဗိုလ်လောင်းအမှတ်စဉ်တူတဲ့ သူ့ကို ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်ပါတယ်။ သူဟာ ဗိုလ်ချုပ် ကြီးရဲဝင်းဦးနဲ့  ခမည်းခမက် တော်စပ်သူလည်း ဖြစ်ပါတယ်။ အသစ်ဖွဲ့လိုက်တဲ့ စစ်ကော်မရှင်အဖွဲ့မှာ အဖွဲ့ဝင်အဖြစ် ပါဝင်လာခဲ့သလို ဦးညိုစောဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်တဲ့ အစိုးရအဖွဲ့မှာလည်း ကာကွယ်ရေးဝန်ကြီးအဖြစ် ပါဝင်လာခဲ့ပါတယ်။ ဒါပေမဲ့ အသက်အရွယ်အရရော၊ အခြားဗိုလ်ချုပ်ကြီးတွေထက် ယုံကြည်စိတ်ချမှုနည်းသူဖြစ်တာကြောင့်ရော တပ်ချုပ်အသစ်အဖြစ် ခန့်အပ်ခံရနိုင်သူမဟုတ်ကြောင်း ယူဆရပါတယ်။

နောက်ထပ် ဗိုလ်ချုပ်ကြီးတဦးကတော့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးပါ။ ပြန်တမ်းဝင်အမှတ် ကြည်း-၂၁၄၄၀ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးဟာ ဗိုလ်သင်တန်းအမှတ်စဉ်-၇၇ (DSA-30 ဝန်းကျင်နဲ့တူ) သင်တန်းဆင်း ဖြစ်ပါတယ်။ စစ်ခေါင်းဆောင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး တာဝန်ထမ်းဆောင်တဲ့အချိန်တုန်းက အဲဒီစစ်တိုင်းလက်အောက်ခံ ခြေမြန်တပ်ရင်းမှူးအဖြစ်နဲ့ မိသားစုချင်းပါ ရင်းနှီးတဲ့ဆက်ဆံရေးရရှိခဲ့သူ ဖြစ်ပါတယ်။ ပုသိမ်အခြေစိုက် အနောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးကနေ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။ အရာရှိချုပ်ထဲက ပထမဆုံး ဗိုလ်ချုပ်ကြီးဖြစ်လာသူ ဖြစ်သလို လက်ရှိမြန်မာစစ်တပ်မှာ ဗိုလ်သင်တန်းဆင်း အရာရှိကြီးတွေထဲက တဦးတည်းသာရှိတဲ့ ဗိုလ်ချုပ်ကြီးလည်း ဖြစ်ပါတယ်။ အသစ်ဖွဲ့လိုက်တဲ့  စစ်ကော်မရှင်မှာ တွဲဖက်အမှုဆောင် ဖြစ်လာခဲ့သလို  စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်နေရာမှာလည်း ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ သားဖြစ်သူ(ထက်ရဲနောင်)ကိုပါ စစ်မှုထမ်းဥပဒေအရ အခြေခံတပ်သားသစ်သင်တန်း တက်စေပြီး တပ်သားဘဝနဲ့ စစ်တပ်ထဲထည့်ပြထားသူပါ။ စစ်ခေါင်းဆောင်ရဲ့ လူရင်းဖြစ်ပေမဲ့လည်း စစ်တပ်တွင်း ထိပ်ပိုင်းနေရာအများစုကို ယူထားကြတဲ့ စစ်တက္ကသိုလ်ကျောင်းဆင်းအရာရှိကြီးတွေကို ကျော်လွန်ပြီး တပ်ချုပ်အသစ်အဖြစ် ခန့်အပ်တာဝန်ပေးတဲ့အထိတော့ လုပ်မှာမဟုတ်ကြောင်း ယူဆရပါတယ်။

နောက်ဆုံး ဗိုလ်ချုပ်ကြီးကတော့ ပြန်တမ်းဝင်အမှတ် ကြည်း-၂၅၀၇၄ ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဖြစ်ပါတယ်။ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်-၃၅  သင်တန်းဆင်းဖြစ်ပြီး နဝတ/နအဖ ဒုတိယစစ်ခေါင်းဆောင် ဦးမောင်အေးရဲ့ ကိုယ်ရေးအရာရှိအဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ စစ်ရုံးတဝိုက်မှာသာ ကျင်လည်ခဲ့ပြီး ကက(ကြည်း)ရဲ့ စစ်ဦးစီးဗိုလ်မှူးချုပ်နဲ့ နေပြည်တော်အခြေစိုက် အမှတ်-၆ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ–၆))မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) တိုင်းမှူးအဖြစ်ကနေ အာဏာမသိမ်းမီ ကိုဗစ်ကာလ ၂၀၂၀ ပြည့်နှစ်မှာ စစ်ထောက်ချုပ်အဖြစ် ခန့်အပ်ခံရပါတယ်။ တနည်းဆိုရရင် စီနီယာ ဗိုလ်ချုပ်များကိုကျော်ကာ ဒုတိယဗိုလ်ချုပ်ကြီး ဖြစ်လာခဲ့တာပါ။ အာဏာသိမ်းကာလအတွင်း စစ်ထောက်ချုပ်အပြင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုအရေးယူချိန်မှာ စစ်ဦးစီးအရာရှိချုပ်(ကြည်း)တာဝန်ပါ ပူးတွဲ ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်မှာ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမောင်မောင်အေးကို စစ်ဘက်ရာထူးကနေ ဖယ်ရှားပြီးတဲ့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ရာထူးနဲ့ ဗိုလ်ချုပ်ကြီးအဆင့် ရရှိလာခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ် အခင်းအကျင်းကို ပြန်ကြည့်ရင် လက်ရှိစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာလည်း  ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ရာထူးကနေ ရွေးကောက်ပွဲအလွန်မှာ တပ်ချုပ်ဖြစ်လာတာကြောင့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကိုလည်း တပ်ချုပ်လောင်းအဖြစ် ခန့်မှန်းမှုများရှိနေတာပါ။ အသစ်ဖွဲ့လိုက်တဲ့ စစ်ကော်မရှင်မှာလည်း အဖွဲ့ဝင်အဖြစ် ပါရှိလာတာကြောင့်ရော၊ နိုင်ငံခြားခရီးစဉ်တွေမှာ ပွဲထုတ်လာတာရောကြောင့်ပါ အခုလတ်တလောအထိ တပ်ချုပ်အသစ်ဖြစ်ရန် အလားအလာရှိသူလို့ ယူဆရပါတယ်။

အဲဒီလို ယူဆမှုတွေနဲ့အတူ ရွေးကောက်ပွဲအလွန်မှာ စစ်တပ်ထိပ်ပိုင်းရာထူးတွေကို ဘယ်သူရှိနေမလဲဆိုတာကိုလည်း ခန့်မှန်းလာကြပါတယ်။ ၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက် ဗိုလ်ချုပ်ကြီးတွေ အပြောင်းအလဲနဲ့အတူ ဒုတိယဗိုလ်ချုပ်ကြီးတချို့လည်း အပြောင်းအလဲ ဖြစ်ခဲ့တာကို တွေ့ရပါတယ်။ စစ်ရေးချုပ်ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးဟာ စစ်ဘက်ရာထူးကနေ အနားပေးခံခဲ့ရပြီး အသစ်ထပ်မံဖွဲ့စည်းတဲ့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှာ ဥက္ကဋ္ဌဖြစ်လာတာကိုတွေ့ရပါတယ်။ သူ့နေရာမှာ စီနီယာဖြစ်ပြီး အာဏာသိမ်းစက နေရာမရခဲ့တဲ့ အမှတ်-၅ စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ-၅ မှူး) ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်(OTS-73) ကို ခန့်အပ်လိုက်ပါတယ်။ သူ့ရဲ့ကစထ-၅ မှူးနေရာကိုတော့ မိုးဗြဲမြို့ကို ပြန်လည်ရရှိခဲ့တဲ့ စစ်ဆင်ရေးမှာ ကွပ်ကဲခဲ့ရသူ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်(ရပခ)တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်( DSA-37) ကို ခန့်အပ်လိုက်ပါတယ်။ ရပခတိုင်းမှူးနေရာကို ရပ်စောက်မြို့ရှိ  တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း(ဗထူး) ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် နိုင်ဇော်လတ် (OTC-25) (အလုပ်သင်ဗိုလ်လောင်း-၂၅) ကို အစားထိုးခန့်အပ်လိုက်ပါတယ်။

ဒါ့အပြင် လတ်တလော ခန့်မှန်းရသလောက်ဆိုရရင်  ဒုတိယဗိုလ်ချုပ်ကြီးတွေထဲက အရေးပါလာနိုင်သူတွေကတော့ ကစထ-၁ မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး(DSA-38)၊ ကစထ-၂ မှူး ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး(DSA-35)၊ အခုမှ ကစထမှူး-၅ မှူး ဖြစ်လာသူ ဗိုလ်ချုပ် ဇော်မင်းလတ်(DSA-37)၊ စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး သန်းထိုက်(DSA-38) တို့ ဖြစ်ကြတာကို တွေ့ရပါတယ်။ စီနီယာ ဒုတိယဗိုလ်ချုပ်ကြီးတွေထဲက တဦး ထိပ်ပိုင်းနေရာမှာ ကျန်ရှိနိုင်သေးကြောင်း မှန်းဆမှုများလည်းရှိနေပါတယ်။ စစ်ခေါင်းဆောင်ဟာ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ကို မျှော်မှန်းနိုင်တဲ့ တိုင်းမှူးနေရာတွေမှာ OTC အလုပ်သင်ဗိုလ်လောင်းသင်တန်းဆင်း ခြောက်ဦးအထိ ခန့်အပ်ထားတာ တွေ့ရပါတယ်။ ဒါကြောင့် တနည်းအားဖြင့် စတုတ္ထမျိုးဆက်တပ်မတော်ကို DSA-35 ကနေ DSA-42 အကြားနဲ့ OTC-23 ကနေ 25 အကြားက အရာရှိကြီးတွေက ဦးဆောင်လာနိုင်ပါတယ်။ ဒါပေမဲ့ မထင်မှတ်တာတွေ ထလုပ်တတ်ပြီး အရည်အချင်းထက် သစ္စာခံနိုင်မှုကိုသာ အလေးပေးတတ်တဲ့ စစ်ခေါင်းဆောင်ကြောင့် စစ်ကော်မရှင်ကပြုလုပ်မယ့် ရွေးကောက်ပွဲမတိုင်မီနဲ့ ရွေးကောက်ပွဲအလွန်ကာလတွေမှာ စစ်တပ်တွင်းရာထူးနေရာများစွာဟာ မထင်မှတ်တဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်အုံးမှာ အသေအချာဖြစ်ပါတယ်။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles

1 Aug 2025

စစ်ကောင်စီမှသည် စစ်ကော်မရှင်သို့ – စစ်ခေါင်းဆောင်၏ အာဏာကစားပွဲ

စစ်ခေါင်းဆောင်ဟာ အာဏာသိမ်းပြီး လေးနှစ်ခွဲအကြာမှာတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(စစ်ကောင်စီ)ဆိုတဲ့နာမည်ကို အဆုံးသတ်လိုက်ပြီး နာမည်သစ်နဲ့ ပြန်လည်ဖွဲ့စည်းလိုက်ပါပြီ။  ဒါကတော့ ‘နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်’ဆိုတာပါပဲ။ သူ့ကိုလည်း အရင်အတိုင်းပဲ စစ်ကော်မရှင်လို့ ခေါ်နေကြပါတယ်။ တခါ ကာလုံအတွက် ရာထူးအသစ်ဖန်တီးခန့်ထားလိုက်ပြန်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို ပြုပြင်ပြောင်းလဲဖို့ တိုက်တွန်းသံတွေ တော်လှန်ရေးအင်အားစုတွေအကြား  ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ချိန်မှာ စစ်ကောင်စီက အပြောင်းအလဲကို အရင်လုပ်လိုက်တာပါ။ ဒါဟာ သူစီစဉ်ထားတဲ့ အချိန်ဇယားအရလို့လည်း ယူဆနိုင်ပါတယ်။​  စစ်ကောင်စီရဲ့ အခုအပြောင်းအလဲဟာ ရွေးကောက်ပွဲကို စိတ်တိုင်းကျ ကျင်းပနိုင်ဖို့နဲ့ ရွေးကောက်ပွဲအလွန် အာဏာဆက်ကိုင်ထားနိုင်ဖို့အတွက် စနစ်တကျ ပြင်ထားတာကို မြင်ရပါတယ်။ ISP Columns article page middle banner HELLKO (PSLO/PSLA) and the Ta’ang National Liberation Army […]