ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

KNU ခေါင်းဆောင်ဟောင်းကို  ထုတ်ပယ်ခြင်း

ဒီလို လုပ်ဆောင်ကြတဲ့ ရည်ရွယ်ချက်က ရန်သူ တကယ်ဖြစ်နေတဲ့သူတွေ ဒါမှမဟုတ် ရန်သူလို့ ထင်မြင်ယူဆမိကြတဲ့သူတွေ၊ သဘောတရားရေး ယိမ်းယိုင်တာ၊ အဂတိလိုက်စားမှုရှိတာ (တော်လှန်ရေးစကားမှာတော့ လူတန်းစားဗီဇမမှန်တာ၊ ဖောက်ပြန်တာ) တွေ ရှိလာရင် အရေးယူကြရတယ် ဆိုတာမျိုးပါ။ ဒါပေမဲ့ နောက်ပိုင်းမှာ အချို့သောသူတွေကို ကာလတခုအကြာမှာတော့ ပြန်ပြီးသူကောင်းပြု၊ အသိအမှတ်ပြုလက်ခံရတာမျိုးတွေ ရှိပါတယ်။

ကြားရတဲ့ သတင်းကြောင့် အံ့အားသင့်ရပါတယ်။ စစ်ကော်မရှင်ကကျင်းပတဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ၁၀ နှစ်ပြည့်အခမ်းအနား သွားတက်လို့ ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးနဲ့ ခရိုင်ဥက္ကဋ္ဌဟောင်း စောရွှေမောင်းတို့ကို KNU အဖွဲ့အစည်းက လုံးဝ ထုတ်ပယ်ပစ်လိုက်တယ်လို့ နိုဝင်ဘာ ၁၈ ရက်မှာ တွေ့ပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေမှာ သဘောထားကွဲလွဲမှုရှိကြတာတွေ၊ အဖွဲ့အစည်းကွဲတာတွေ ဖြစ်ခဲ့ဖူးပါတယ်။ ဆိုးရွားပြင်းထန်တဲ့ကိစ္စတွေမှာဆိုရင် ‘ဖြုတ်-ထုတ်-သတ်’ဆိုတဲ့ ကိစ္စမျိုးတောင် ရှိခဲ့ဖူးပါတယ်။  

အထူးသဖြင့် လက်ဝဲကွန်မြူနစ်ပါတီတွေမှာ တွေ့ရလေ့ရှိပြီး သမိုင်းဖြစ်စဉ်တခုလိုမျိုးလို့တောင် ဆိုနိုင်ပါတယ်။ Communist party purges လို့ ခေါ်တဲ့ ပါတီသန့်စင်ရေး၊ ထုတ်ပယ်ဖယ်ရှားရေးတွေ လုပ်ခဲ့ကြတာပါ။ အရင်ခေတ် ဆိုဗီယက်ယူနီယံမဖြစ်ခင် ဗော်ရှီဗစ်တော်လှန်ရေးနောက်ပိုင်းမှာ မင်ရှီဗစ်တွေကို ထုတ်ပယ်ပစ်ခဲ့ကြပါတယ်။ တရုတ်ပြည်မှာလည်း ယဉ်ကျေးမှုတော်လှန်ရေးဆိုပြီး အရင်ခေါင်းဆောင်ဟောင်းတွေကို အရေးယူ၊ အရာချ၊ ဝေးလံခေါင်သီနယ်တွေကို ပို့ခဲ့ကြတာမျိုးတွေ၊ လူစုလူဝေးနဲ့ သိက္ခာချခဲ့ကြတာတွေ တွေ့ရပါတယ်။ ဒီလို လုပ်ဆောင်ကြတဲ့ ရည်ရွယ်ချက်က ရန်သူ တကယ်ဖြစ်နေတဲ့သူတွေ ဒါမှမဟုတ် ရန်သူလို့ ထင်မြင်ယူဆမိကြတဲ့သူတွေ၊ သဘောတရားရေး ယိမ်းယိုင်တာ၊ အဂတိလိုက်စားမှုရှိတာ (တော်လှန်ရေးစကားမှာတော့ လူတန်းစားဗီဇမမှန်တာ၊ ဖောက်ပြန်တာ) တွေ ရှိလာရင် အရေးယူကြရတယ် ဆိုတာမျိုးပါ။ ဒါပေမဲ့ နောက်ပိုင်းမှာ အချို့သောသူတွေကို ကာလတခုအကြာမှာတော့ ပြန်ပြီးသူကောင်းပြု၊ အသိအမှတ်ပြုလက်ခံရတာမျိုးတွေ ရှိပါတယ်။ အဲဒီပါတီရဲ့ ခေါင်းဆောင်မှုအသစ်၊ ဒါမှမဟုတ် မူဝါဒတခု ပြောင်းလဲသွားပြီးတဲ့ အချိန်မှာတော့ အရင်ကမှားခဲ့တာတွေ၊ လက်လွန်ခဲ့တာတွေကို ပြန်လည်စိစစ်ပြီးတော့ သူကောင်းပြုကြရတာ ဖြစ်ပါတယ်။

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

တခါတုန်းက တရုတ်ပြည်က ရိုက်ကူးတဲ့ စစ်ကားတခု ကြည့်ရပါတယ်။ တရုတ်ပြည် လွတ်မြောက်စသိပ်မကြာခင်မှာ ကိုရီးယားစစ်ပွဲ ဖြစ်လာပါတယ်။ ‘ချန်ကျင်းရေကန်စစ်ပွဲ’ (The Battle at Lake Changjin)ဆိုတဲ့ ရုပ်ရှင်ပါ။ တရုတ်ပြည်ကလည်း သူ့အိမ်နံဘေးကို ကျူးကျော်လာမှာစိုးရိမ်တော့ ဥက္ကဋ္ဌမော်စီတုန်းက စေတနာ့ဝန်ထမ်းတပ်တွေ သန်းနဲ့ချီလွှတ်ပြီး မြောက်ကိုရီးယားဘက်ကနေ စစ်ကူတိုက်ပေးခဲ့ပါတယ်။ တရုတ်စေတနာ့ဝန်ထမ်းတပ် CPV တွေကို တပ်မှူး ဖုန်တဲ့ဟွိုင် (Peng Dehuai) က ဦးဆောင်တယ်။ အဲဒီဇာတ်ကား မြန်မာဘာသာပြန်မှာ ‘တပ်မှူးဖုန်ဒယ်ဟွိုင်’ဆိုပြီး ဘာသာပြန်ထားတော့ နေပါဦး၊ ကြားဖူးပါတယ်လို့ ကျနော်တွေးမိတယ်။ ဆရာမြသန်းတင့် ဘာသာပြန်တဲ့ ‘ဒီရေမြင့်သစ်’တို့မှာ ဖတ်ဖူးထားတာ။ ဖုန်တဲ့ဟွိုင်က ကိုရီးယားစစ်ပွဲအပြီးမှာ အဆင့်မြင့်ဂုဏ်ထူးဘွဲ့ထူးတွေနဲ့ သူရဲကောင်းကြီးအဖြစ် ချီးမြှင့်ခံရတယ်။

နောက်တော့ ဖုန်နဲ့ ဥက္ကဋ္ဌမော် သဘောထားကွဲတယ်။ ဥက္ကဋ္ဌမော် ပုဂ္ဂိုလ်ရေးကိုးကွယ်မှု ထူထောင်နေတာကို သဘောမကျဘူး။ ‘ခုန်ပျံကျော်လွှားရေး’ Great Leap Forward ဆိုတဲ့ စီးပွားရေးမူဝါဒမှာ အိမ်သုံးလက်ဖြစ် မီးဖိုတွေနဲ့ သံမဏိချက်ကြဆိုတာမျိုးကို သူက ဆန့်ကျင်တယ်။ ၁၉၅၉ ခုနှစ် ညီလာခံမှာ ဖုန်ကို ‘ပါတီဆန့်ကျင်ရေးအုပ်စု’လို့ စွပ်စွဲပြီး အရာချခံရလို့ ၁၉၆၅ ခုနှစ်အထိ မထင်မရှားဘဝနဲ့ ရှိခဲ့ရတယ်။ ယဉ်ကျေးမှုတော်လှန်ရေးကာလမှာတော့ ဖုန်အဖမ်းခံရတယ်။ သဘောထားပြင်းထန်တဲ့ တပ်နီလူငယ်တွေနဲ့ လေးဦးဂိုဏ်း (Gang of Four) ခေါင်းဆောင်တွေက ဖုန်ကို လူထုအကြား ရှုတ်ချအရှက်ခွဲခဲ့တယ်။ ညှဉ်းပန်းနှိပ်စက်မှုတွေလည်း ရှိခဲ့တယ်လို့ ဆိုတယ်။ ၁၉၇၀ ပြည့်နှစ်မှာ တရားဝင် တသက်တကျွန်းထောင်ဒဏ် ချမှတ်ခံရတယ်။ ၁၉၇၄ ခုနှစ်မှာ ထောင်ထဲမှာသေတယ်။ နောက်ပိုင်း တိန့်ရှောင်ဖိန်ဦးဆောင်တဲ့ ၁၉၇၈ ခုနှစ်မှာမှ ဖုန်တဲ့ဟွိုင်ကို ပထမဦးဆုံး အမှားပြင်ဆင်လို့ နောက်ကြောင်းပြန် ပြန်လည်သူကောင်းပြုခံရတယ်။ တော်လှန်ရေး လောကဓံတွေလိုပါပဲ။

ဘာဖြစ်လို့ အဲသလို ဖြုတ်-ထုတ် ပယ်ရှားမှုတွေ လုပ်ကြပါသလဲ။ အုပ်စုတခုက အာဏာကိုချုပ်ကိုင် စုစည်းချင်လို့လို့ ဆိုတယ်။ ဒါမှမဟုတ် အတွေးအခေါ်အရ ချုပ်ကိုင်ချင်လို့ ဆိုတယ်။ တော်လှန်ရေးစကားအရဆိုရင် သွေဖည်မှုတွေ လက်မခံနိုင်ဘူး။ ပါတီ ထက်-အောက် ချုပ်ကိုင်မှု၊ ဆက်ဆံရေးနဲ့ သစ္စာခံမှုက အရေးကြီးတယ်။ ပါတီထိပ်သီးတင်မက ကျန်အင်အားစု အောက်ခြေအထိပါ သက်ရောက်စေချင်တယ်။ တခါတလေမှာ ဖြုတ်ထုတ်တာဟာ ခေါင်းဆောင်တွေတင်မက သူ့အုပ်စု၊ အောက်ခြေ အရာရှိ၊ သာမန်ပြည်သူတွေပါ ထိခိုက်သက်ရောက်တတ်တယ်။ မဟုတ်မမှန် စွပ်စွဲမှုနဲ့ အတင်းအကျပ် ဝန်ခံခိုင်းမှုမျိုးတွေပါ  ရောနှောပါဝင်နေတတ်တယ်။ ပိုဆိုးတာက စနစ်တကျ အကြမ်းဖက်မှုကြီးတွေပါ ဖြစ်ပေါ်ခဲ့ကြတယ်။ တချိန်က ဗမာပြည်ကွန်မြူနစ်ပါတီတော်လှန်ရေးမှာလည်း ဖြစ်ခဲ့တယ်။

တာဝန်ယူ၊ တာဝန်ခံမှုတော့ လိုအပ်ပါတယ်။ အခုထိလည်း နိုင်ငံရေးဦးဆောင်နေကြတဲ့ ပါတီကြီးတွေမှာ ဖြုတ်ထုတ်ကြတဲ့ သတင်းတွေကို နည်းအမျိုးမျိုးနဲ့ ကြားနေကြရတာပါပဲ။ KNU အဖွဲ့နဲ့သက်ဆိုင်လို့ ပြောရရင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလထဲမှာ KNU ညီလာခံကျင်းပတော့ ကရင်အရပ်ဘက်အဖွဲ့အစည်း ၆၈ ဖွဲ့က တောင်းဆိုခဲ့တာ ရှိတယ်။ ကရင်ပြည်နယ်က လောင်းကစားစီမံကိန်းတချို့မှာ KNU ခေါင်းဆောင်တချို့ ပါဝင်ပတ်သက်နေလို့၊ လူထုကို အသိပေးချပြဖို့ ပျက်ကွက်ခဲ့လို့ဆိုပြီး KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီတဖွဲ့လုံး တာဝန်ကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြတာ။  အိပ်ဖွင့်ပေးစာတွေ ဖတ်ခဲ့ရတယ်။ ဘယ်လိုဖြစ်တယ်တော့ မသိခဲ့ရဘူး။

အခု KNU ခေါင်းဆောင်ဟောင်း စောမူတူးဆေးဖိုးတို့ ထုတ်ပယ်ခံရမှုကို တွေးကြည့်တော့ သူတို့က ငြိမ်းချမ်းရေးကို လိုလားလို့၊ (စစ်ကော်မရှင်က ဦးစီးကျင်းပတာ ဖြစ်ပေမဲ့) ငြိမ်းချမ်းရေးပွဲသွားလို့ ထုတ်ပယ်ခံရတာမျိုး ဖြစ်နေတယ်။ ဒီမှာ မေးခွန်းတွေ ဖြစ်လာပါတယ်။ KNU က မြန်မာအစိုးရ (စစ်အစိုးရဖြစ်စေ၊ နောက်ပိုင်း အရပ်ဘက်တပိုင်း အစိုးရဖြစ်စေ) ငြိမ်းချမ်းရေးစကား လုံးဝမပြောတော့ဘူးလား။ ဒီအတိုင်း စစ်အစိုးရကျဆုံးသည်အထိ တိုက်ပွဲဝင်သွားတော့မှာလား။ ဒါမှမဟုတ် တချိန် ငြိမ်းချမ်းရေးစကား ပြောကြမယ်ဆိုရင် စောမူတူးဆေးဖိုးတို့ကိုလည်း ပြန်ပြီး သူကောင်းပြုကြမှာလား ဆိုတာပါပဲ။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles