ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

ဒီဂျစ်တယ်အကြမ်းဖက်မှုအောက် မြုပ်နေသော လူ့ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေး

ဒီအရေးဟာ မြန်မာနိုင်ငံအတွင်းမှာလည်း ကြီးထွားလာနေပါတယ်။ အထူးသဖြင့် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးဂုဏ်သိက္ခာကျစေဖို့ ဒါမှမဟုတ် လက်စားချေဖို့ ရည်ရွယ်တဲ့ ဖြတ်ညှပ်ကပ်ညစ်ညမ်းပုံတွေ၊ ခိုးရိုက်ရုပ်သံတွေ ဖြန့်ဝေတာကို နိုင်ငံရေးလက်နက်တခုအဖြစ် အသုံးချ လာကြတယ်။

နိုဝင်ဘာ ၂၅ ရက်ကနေ ဒီဇင်ဘာ ၁၀ ရက်အထိဟာ ‘ကျား-မ အခြေပြု အကြမ်းဖက်မှုဆန့်ကျင်ရေး ၁၆-ရက်တာလှုပ်ရှားမှု’ (16 Days of Activism against Gender-Based Violence) ဖြစ်ပါတယ်။ ဒီနှစ်အတွက် ဦးစားပေးအဖြစ် ဒီဂျစ်တယ်နဲ့ အွန်လိုင်းပလက်ဖောင်းတွေကတဆင့်ဖြစ်တဲ့ အကြမ်းဖက်မှုတွေကို ခေါင်းစဥ်တင်ထားတာတော့ အာရုံစိုက်စရာပါ။ တနည်း ‘ဒီဂျစ်တယ်အကြမ်းဖက်မှု’ကို ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုလို့ မြင်ရမယ်၊ လက်တွေ့ကျူးလွန်တဲ့ ပြစ်မှုတခုကဲ့သို့ ပြစ်မှုမြောက်ကြောင်း သတ်မှတ်ပြီး ဖြေရှင်းဆောင်ရွက်ဖို့ လိုတယ်ဆိုတာကို ပြနေပါတယ်။  ဒါကြောင့် ဒီကော်လံဆောင်းပါးကို ရေးဖြစ်တာဆိုလည်း မမှားပါဘူး။ 

‘အွန်လိုင်းပလက်ဖောင်း အခြေခံအကြမ်းဖက်မှု’ပြောပြော၊ ‘ဒီဂျစ်တယ်အကြမ်းဖက်မှု’လို့ဆိုဆို ဒီအရေးဟာ မြန်မာနိုင်ငံအတွင်းမှာလည်း ကြီးထွားလာနေပါတယ်။ အထူးသဖြင့် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးဂုဏ်သိက္ခာကျစေဖို့ ဒါမှမဟုတ် လက်စားချေဖို့ ရည်ရွယ်တဲ့ ဖြတ်ညှပ်ကပ်ညစ်ညမ်းပုံတွေ၊ ခိုးရိုက်ရုပ်သံတွေ ဖြန့်ဝေတာကို နိုင်ငံရေးလက်နက်တခုအဖြစ် အသုံးချလာကြတယ်။ ဒီဆောင်းပါးကတော့ မြန်မာနိုင်ငံမှာ ‘ဒီဂျစ်တယ်အကြမ်းဖက်မှုဆန့်ကျင်ရေး’နဲ့ပတ်သက်ပြီး လုပ်ဆောင်နေတဲ့ လက်ရှိအနေအထားကို ဆွေးနွေးရင်း ဒီအရေးကိစ္စကို အာရုံစိုက်ကြဖို့ တိုက်တွန်းတာပါ။ 

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

ပထမဆုံးကတော့ ‘ဒီဂျစ်တယ်အကြမ်းဖက်မှု’နဲ့ပတ်သက်ပြီး အင်စတီကျူးရှင်းရဲ့ စွမ်းဆောင်ရည်ကတော့ ပြောစရာအများကြီးဖြစ်နေပါတယ်။ ရှိနှင့်ပြီး အင်စတီကျူးရှင်း၊ အထူးသဖြင့် ဗျူရိုကရေစီယန္တရားက ဒါနဲ့ပတ်သက်ပြီး ဘယ်လိုမျိုး ကိုင်တွယ်ရမလဲဆိုတဲ့အသိ မရှိတာများပါတယ်။ သုတေသနတွေကလည်း ဒါကို ထောက်ပြနေပါတယ်။ ဒါနဲ့ဆက်စပ်တဲ့ နည်းပညာပိုင်း ကျွမ်းကျင်မှုကလည်း အကန့်အသတ်နဲ့ ဖြစ်နေသလို အကြမ်းဖက်မှု ကျူးလွန်သူတွေကို စောင့်ကြည့်စုံစမ်းဖော်ထုတ်မဲ့အစား နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ မီဒီယာသမားတွေ အာရုံစိုက်မှု၊ အားထုတ်မှုတွေက ပိုများနေတယ်ပြောရမယ်။

စေ့စေ့တွေးရင်တော့ လူမှုအသိုင်းအဝိုင်းနဲ့ ဗျူရိုကရေစီယန္တရားအတွင်း ဖိုဝါဒကြီးစိုးနေမှုကြောင့် အခုကိစ္စနဲ့ပတ်သက်ရင် နိုင်ငံရေးဆန္ဒ (political will)နဲ့ အင်စတီကျူးရှင်းရဲ့ ဦးစားပေးမှုအဖြစ် ရှိလာဖို့ ခက်ခဲနေဦးမှာပါ။ နောက် ‘ဒီဂျစ်တယ်အကြမ်းဖက်မှု’အတွက် စွဲဆိုလို့ရတဲ့ ဆက်သွယ်ရေးဥပဒေထဲက ၆၆(ဃ)ပုဒ်မကလည်း တလွဲအသုံးချမှု ဖြစ်နေတယ်။ ပိုဆိုးတာကတော့ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့တရားစီရင်ရေးအပေါ် လူထုအယုံအကြည်နည်းလာတဲ့အတွက် အင်စတီကျူးရှင်းပလက်ဖောင်းကတော့ ‘ဒီဂျစ်တယ်အကြမ်းဖက်မှု ဆန့်ကျင်ရေး’အတွက် အလုပ်ဖြစ်လာဖို့ မျှော်လင့်ချက်မဲ့ အခြေအနေပါပဲ။

ဒုတိယအချက်အနေနဲ့ ဖေ့စ်ဘွတ်ခ်၊ တယ်လီဂရမ် စတဲ့ လူမှုမီဒီယာ ဒီဂျစ်တယ်ပလက်ဖောင်းတွေရဲ့ လုပ်ဆောင်ချက်တွေပါ။ ဖေ့စ်ဘွတ်ခ်ပလက်ဖောင်းမှာ ဒီဂျစ်တယ်အကြမ်းဖက်မှုနဲ့ ပတ်သက်ဆက်နွှယ်တဲ့ မူဝါဒတချို့ရှိပေမဲ့ များများပြောတာတောင် တော်ရာမကျတဲ့ အခြေအနေပါ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူမျိုးရေးနဲ့ ဘာသာရေးအဓိကရုဏ်းတွေမှာ ဖေ့စ်ဘွတ်ခ်ရဲ့ ပါဝင်ပတ်သက်မှုတွေက အထင်းသားပါ။ နောက် ‘အမုန်းစကားနဲ့ သတင်းအမှား’ပျံ့နှံ့တဲ့ ကိစ္စရပ်တွေ ဖြေရှင်းနေတာနဲ့တင် တိုင်ပတ်နေတယ် ပြောရမယ်။ တယ်လီဂရမ်ရဲ့လုပ်ဆောင်မှုကလည်း ထိုနည်းလည်းကောင်းပါပဲ။​ ဒါကြောင့် လူမှုမီဒီယာပလက်ဖောင်းတွေရဲ့ ‘ဒီဂျစ်တယ်အကြမ်းဖက်မှု’နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ လုံလောက်တဲ့ အာရုံစိုက်မှုမရှိဘူးလို့ ဆိုနိုင်ပါတယ်။

တတိယအနေနဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ အားထုတ်မှုကို ပြောရမယ်ဆိုရင် ‘ဒီဂျစ်တယ်အကြမ်းဖက်မှု’က အမျိုးသမီးအရေးလှုပ်ရှားသူတွေနဲ့ ဒီဂျစ်တယ်အရေးတက်ကြွလှုပ်ရှားသူအကြား လွတ်ထွက်နေတယ်လို့ အကြမ်းဖျင်း ဆိုနိုင်ပါတယ်။ နောက်ပိုင်းလုပ်ဆောင်မှုတချို့ရှိပေမဲ့ အမျိုးသမီးအရေးလှုပ်ရှားသူတွေက ဒီ‘အကြမ်းဖက်’မှုတွေကို ဒီဂျစ်တယ်လုံခြုံရေးနဲ့ပတ်သက်တဲ့ကိစ္စ၊ နည်းပညာနဲ့ ကျွမ်းကျင်မှုမရှိလို့ဆိုပြီး အာရုံစိုက်မှုအားနည်းသလို ဒီဂျစ်တယ်အရေးလှုပ်ရှားသူတွေက အမျိုးသမီးအရေးဆိုပြီး လက်ရှောင်ကြတာ များပါတယ်။ ဒစ်စ်နဲ့ မစ်စ် (dis & mis-information) ကိစ္စတွေကို လုပ်ဆောင်ကြတာ များပါတယ်။ နောက်ပြီး လူ့အခွင့်အရေးဆိုင်ရာရှုထောင့်တွေကနေ ကြည့်သင့်တဲ့အစား ‘ဒီဂျစ်တယ်အကြမ်းဖက်မှု’ဟာ ကျူးလွန်ခံရသူရဲ့ ဒီဂျစ်တယ်နည်းပညာတွေကို ထိရောက်စွာ၊ ဘေးကင်းစွာနဲ့ တာဝန်ယူမှုရှိစွာ မသုံးတတ်တဲ့အတွက်ကြောင့်ဆိုပြီး ပြောဆိုကြတာ များနေပါတယ်။ အရပ်စကား ယူသုံးရရင် ‘password’နှစ်ထပ်မှ မထားတာ ဖြစ်မှာပေါ့၊ ကိုယ့်ပုံ(လိင်မှုအသားပေးပုံ)တွေကို ဘာလို့ သူ့ကို ရှဲတာလဲ စသည်ဖြင့်။ တနည်း ‘နစ်နာသူကို လက်ညှိုးထိုးအပြစ်တင်’သလို ဖြစ်နေပါတယ်။ ဒါဟာ ကျနော်တို့ လူမှုအသိုင်းအဝိုင်းမှာ ရှိနှင့်ပြီး ကျူးလွန်းခံရသူကို အပြစ်ဖို့တဲ့ဓလေ့ကို ပိုအားကောင်းလာအောင် လုပ်ရာကျနေပါတယ်။ 

အချုပ်ပြောရမယ်ဆိုရင် အွန်လိုင်းမှာ အကြမ်းဖက်မှုဟာ လက်တွေ့နဲ့ ရုပ်ပိုင်းဆိုင်ရာမှာလည်း ထိခိုက်နစ်နာမှု ရှိတယ်ဆိုတာ ပြောချင်တာပါ။ ဒါကြောင့် ကျား-မ အခြေပြု အကြမ်းဖက်မှုကို ပြောဆိုတဲ့အခါ၊ ဖြေရှင်းတဲ့အခါမှာ အွန်လိုင်း၊ ဒီဂျစ်တယ်အကြမ်းဖက်မှုတွေကိုလည်း ထည့်သွင်းစဥ်းစားပြီး အာရုံစိုက်ကြဖို့ပါ။ နောက်ပြီး ဒီကိစ္စရပ်တွေကို ချဉ်းကပ်တဲ့အခါ နည်းပညာအသိ၊ ဒီဂျစ်တယ်လုံခြုံရေးအသိမရှိလို့ စတဲ့ နည်းပညာလုံခြုံရေး အမြင်တွေကနေ ကြည့်မဲ့အစား ‘လူ့ဂုဏ်သိက္ခာ’၊ ‘လူ့အခွင့်အရေး’ရှုထောင့်တွေက ရှုမြင်ပြီး တိုက်တွန်းဖြေရှင်းကြဖို့ပါ။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles