ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
Essay

အငှားပါးစပ်ဖြင့် ပုံပြောကြရာဝယ်

တော်လှန်ရေးနယ်မြေတွေထဲမှာ ပြည်သူတွေ အဖမ်းခံနေရတာ၊ သတင်းသမားတွေကို ဖမ်းဆီးတာတွေ၊ သတင်းလွတ်လပ်ခွင့် ဆုံးရှုံးတာတွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ပြစ်မှုကျူးလွန်မှုတွေကို ထုတ်ဖော်မပြောဆိုရဲတာဟာ တော်လှန်ရေးအရှိန်နည်းသွားမယ်ဆိုတဲ့ ပုံပြောဆရာရဲ့ တွန်းအားတွေပါပဲ။

ကိုယ်က‌နေ တိုက်ရိုက်ပြောလိုက်ရင် ဂုဏ်သိက္ခာကျဆင်းသွားမှာ၊ ဝေဖန်မှုတွေကို ရင်ဆိုင်ရမှာတွေကြောင့် အချို့သော အစိုးရတွေ၊ ဩဇာအာဏာရှိကြတဲ့သူတွေ၊ ကော်ပိုရေးရှင်းတွေအပါအဝင် အဖွဲ့အစည်းတွေ အတော်များများဟာ ကိုယ်ရေးချင်တဲ့ narrative ဇာတ်ကြောင်း ပေါ်လာအောင် အငှားပါးစပ်သုံးပြီးတော့ ပုံပြောခိုင်းလေ့ရှိပါတယ်။ ဒါကိုတော့ Borrowing a mouth to speak လို့လည်း ပညာရပ်ပိုင်းဆိုင်ရာတွေမှာ ခေါ်ကြပါတယ်။ ဒါကြောင့်လည်း ဒီနေ့ကမ္ဘာမှာ ‎လွတ်လပ်ပြီး သမာသမတ်ကျပါတယ်၊ ဂုဏ်သိက္ခာရှိပါတယ်ဆိုတဲ့ မီဒီယာ‌တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ အဖွဲ့အစည်းတွေရဲ့ နောက်ကွယ်မှာ ပုံပြောခိုင်းတဲ့သူ‌‌တွေဟာ အမြဲတမ်းရှိနေတဲ့အချက်ကို သတိချပ်ကြဖို့ လိုပါတယ်။

‎လက်ရှိ ကမ္ဘာ့နိုင်ငံရေးမှာပဲ ကြည့်ကြည့်၊ မြန်မာ့ပြည်တွင်းနိုင်ငံရေးမှာပဲ ကြည့်ကြည့် မီဒီယာ‌တွေ၊ တက်ကြွလှုပ်ရှားသူ‌တွေ အပါအဝင် အရပ်ဘက်အဖွဲ့အစည်းတွေဟာ မိမိတို့ရဲ့ သဘောဆန္ဒအလျောက် လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြောဆိုခွင့် မရကြဘဲ အငှားပါးစပ်နဲ့ ပုံပြောနေကြရပါတယ်။ ခေတ်ပြိုင် အာဖရိကန် စာရေးဆရာမတဦးဖြစ်တဲ့ Chimamanda Adichie ရေးတဲ့  The Danger of a Single Story မှာ သူက အခုလိုဆိုပါတယ်။ ‎

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

“ကျမတို့ဟာ ဇာတ်ကြောင်း၊ ပုံပြင်တမျိုးတည်းနဲ့ပဲ အမြဲတမ်းထိတွေ့နေရတယ်။ ဒီဇာတ်ကြောင်းပုံပြင်တခုတည်းကိုပဲ အကြိမ်ပေါင်းများစွာဆိုသလို နေ့စဉ်ရက်ဆက်ဆိုသလို ထပ်တလဲလဲပြောနေရင် အချိန်ကြာလာတဲ့အခါ အမှန်တရားတခုလို့ အများစုက လက်ခံလာကြရော”

သူ့ရဲ့ဒိုင်ယာလော့မှာ တွေးစရာ အချက်နှစ်ချက်ကို တွေ့ပါတယ်။ ဘယ်သူတွေက ဇာတ်ကြောင်းတွေ ပုံပြင်တွေကို ပြောနေသလဲ၊ ကျနော်တို့ကရော ဘယ်အရာတွေကို အမှန်တရားပါလို့ လက်ခံယူဆထားကြသလဲဆိုတာ ပတ်ဝန်းကျင်မှာရော ကိုယ်ကိုယ်တိုင်မှာပါ မေးခွန်းထုတ်စရာ အချက်ပါ။

‎ဒီနေရာမှာ ပုံပြောခိုင်းသူတွေရဲ့ ရည်ရွယ်ချက်ချင်း မတူညီကြသလို အမှန်တရားကို ပုံဖော်တာ၊ ဇာတ်ကြောင်းကို ပုံဖော်တာချင်းလည်း မတူညီကြပါဘူး။ ဒီမိုကရေစီပုံပြင်၊ လူ့အခွင့်အရေးပုံပြင်၊ ဖွံ့ဖြိုးရေးပုံပြင်၊ ရင်းနှီးမြှုပ်နှံမှုပုံပြင်နဲ့ အရင်းရှင်အကြောင်း၊ ကွန်မြူနစ်အကြောင်းစတဲ့ ပုံပြင်ပေါင်းများစွာကို ကျနော်တို့ နေ့စဉ်ရက်ဆက် ဆိုသလို ကြားနေရပါတယ်။ ပုံပြင်တွေရဲ့ လားရာသဏ္ဌာန် မတူကြသလို ရည်ရွယ်ချက်တွေဟာလည်း မတူညီကြပါဘူး။​ ‎

နမူနာတခုအနေနဲ့ စစ်ကောင်စီရဲ့ ဝါဒဖြန့်ချန်နယ်တွေကို ကျနော်တို့ ကြည့်နိုင်ပါတယ်။ ခုရက်ပိုင်းမှာပဲ စစ်အုပ်စုက ကမကထလုပ်တဲ့ ရွေးကောက်ပွဲ ပထမပိုင်းမှာ ပြည်သူအများစု မဲလာပေးတယ်ဆိုတဲ့ ဇာတ်ကြောင်းတွေ ပုံပြင်‌‎တွေကို အကြိမ်ပေါင်းများစွာကို ဖန်တီးတာ၊ စစ်အုပ်စုကျင်းပတဲ့ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ် ပုံဖော်တာဟာ ပုံပြောခိုင်းတဲ့သူတွေကနေ ကြိုးကိုင်ထားပါတယ်ဆိုတဲ့ အချက်ကို အထင်းသားတွေ့ရပါတယ်။

‎အခြားတဖက်မှာလည်း လွတ်လပ်ပြီး အမှီအခိုကင်းပါတယ်လို့ ခံယူထားကြတဲ့ မီဒီယာတွေရဲ့ နောက်ကွယ်မှာလည်း ပုံပြောခိုင်းသူတွေက အမြဲတမ်းရှိ‌နေပါတယ်။ ‎တော်လှန်ရေးနယ်မြေတွေထဲမှာ ပြည်သူတွေ အဖမ်းခံနေရတာ၊ သတင်းသမားတွေကို ဖမ်းဆီးတာတွေ၊ သတင်းလွတ်လပ်ခွင့် ဆုံးရှုံးတာတွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ပြစ်မှုကျူးလွန်မှုတွေကို ထုတ်ဖော်မပြောဆိုရဲတာဟာ တော်လှန်ရေးအရှိန်နည်းသွားမယ်ဆိုတဲ့ ပုံပြောဆရာရဲ့ တွန်းအားတွေပါပဲ။

‎ဒီနေရာမှာ နောက်တခုရှိတာက ဘယ်ပုံပြင်တွေကို ကျနော်တို့ ကြိုက်ကြလဲဆိုတဲ့ အချက်ကလည်း အရေးကြီးပါတယ်။ ‎တော်လှန်ရေး အောင်မြင်နေပြီဆိုတဲ့ ပုံပြင်လား၊ စစ်ကောင်စီ အရေးနိမ့်နေပြီဆိုတဲ့ ပုံပြင်လား၊ တော်လှန်ရေးတပ်ဖွဲ့တွေ သူတလူငါတမင်းနဲ့ စုစည်းမှုမရှိဘူးဆိုတဲ့ ပုံပြင်လား စတဲ့ ပုံပြင်ပေါင်းများစွာကို နားထောင်မယ့် ပရိသတ်ကလည်း  အရေးကြီးလှပါတယ်။

‎ကျနော်တို့ လူ့ပတ်ဝန်းကျင်ဟာ နေ့စဉ်နဲ့အမျှ မီဒီယာတွေနဲ့ ထိတွေ့နေရတာပါ။ မီဒီယာတွေဟာ စားသုံးသူ ပရိသတ်ရဲ့ ခံစားချက်နဲ့ အတွေးအခေါ်ကို ပြောင်းလဲနိုင်စွမ်းရှိတဲ့ လက်နက်တခုပါ။ ‎ဒါပေမဲ့လည်း ဒီပုံပြောသူတွေကို ဘယ်သူတွေကနေ ပုံပြောခိုင်းနေလဲဆိုတာကို စားသုံးသူမိဘပြည်သူတွေထဲက လူနည်းစုလောက်ကပဲ ‌တွေးမိမှာပါ။

ဂျာမန်‌အတွေးအခေါ်ပညာရှင်တဦးဖြစ်တဲ့ Immanuel Kant ရဲ့ “အမှန်တရားဟာ ပြုလုပ်ခြင်း” နာမည်ကြီးအဆို တခုနဲ့ပဲ အဆုံးသတ်ချင်ပါတယ်။ ကျနော်တို့ဟာ ကျနော်တို့မမွေးခင်က ဖန်တီးထားတဲ့ အမှန်တရားနဲ့ပဲ ထိတွေ့ခွင့်ရနေတာသာဖြစ်ပြီးတော့ အစစ်အမှန်တရားနဲ့ ထိတွေ့နေရတာ မဟုတ်ပါဘူး။ ‎အငှားပါးစပ်သုံးပြီးတော့ ပုံပြောခိုင်းသူ‌တွေမှာလည်း ငါတို့က ဘယ်လိုပုံပြင်ကို အကြိမ်ပေါင်းများစွာ ထပ်ပြောမှာလဲဆိုတဲ့ အချက်နဲ့ ပုံပြင်အသစ်တွေ ငါတို့ထပ်ပြောဖို့လိုနေပြီလားဆိုတဲ့ အချက်ဟာလည်း အရေးပေါ် အချက်ပေးသံ ဖြစ်ပြီလားဆိုတာကို တွေးမိရင်း အဆုံးသတ်ပါရစေ။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles