ကျနော်တို့ဟာ ဆက်သွယ်မှုဧရိယာအပြင်ဘက်မှာ
စစ်အာဏာရှင်အမြစ်တွယ်နေတဲ့ မြန်မာ့မြေဆီလွှာမှာတော့ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာသစ်ပင်တွေ အညွန့်တုံးလို့နေပါတယ်။ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာရဲ့ အသီးအပွင့်ကို ဆာလောင်ငတ်မွတ်ရသူတွေလည်း တိုးလို့ပဲ လာနေပါတယ်။
အပူဟူသမျှ အတူမျှကြမယ်
ဒုက္ခကြောင့်ဖြစ်တဲ့ မျက်ရည်စက်တွေကိုသာ အရောင်ခြယ်ပြီး သိမ်းထားလို့ရရင် ဒါက ရေကြီးတုန်းက၊ ဒါက မုန်တိုင်းတုန်းက၊ ဒါကတော့ အစုလိုက်အပြုံလိုက် အသတ်ခံရတုန်းက၊ ဒါက ရွာမီးရှို့ခံရတုန်းက၊ ဒါက ငလျင်တုန်းက၊ ဒါဟာ ဗုံးကြဲတုန်းကလို့ တကယ်ခြယ်ထားလိုက်ချင်မိတယ်။
အခြေခံအကျဆုံး လူမှုပြုပြင်ရေးတရား

ကောင်းတဲ့ လူ့အဖွဲ့အစည်းဘက်ကို ပြောင်းလဲချင်တယ်ဆိုရင်တော့…မကောင်းတဲ့ မနာလိုစိတ်၊ အမုန်းတရားကို အခြေခံတဲ့ စိတ်တွေကနေ အသိဉာဏ်ပညာနဲ့ ဗြဟ္မစိုရ်တရားကို ဦးတည်တဲ့ ဆက်ဆံတဲ့နည်းစနစ်တွေကို မိမိကိုယ်တိုင်ကစပြီး တခြားသူတွေနဲ့ ကြားကဆက်ဆံရေးတွေမှာ စတင်လေ့ကျင့်သွားဖို့ လိုပါလိမ့်မယ်။
စိတ်ကူးယဉ်စစ်ပွဲများ၏ ဟိုမှာဘက်ဆီ
ကလေးတစုကစားကြတော့ ‘မင်းက စစ်သားလုပ်၊ ငါက ပီဒီအဖ်လုပ်မယ်’လို့ ပြောကြသတဲ့။ … ကျနော်တို့ ငယ်ငယ်ကတော့ ‘ငါက စစ်သားလုပ်မယ်၊ မင်းက သူပုန်လုပ်’ဆိုပြီး ရှိခဲ့ပါတယ်။ … အခုကျတော့ ကလေးတွေဟာ စစ်သားမဖြစ်ချင်တော့ပါဘူး။
လူငယ်တွေကို ဘယ်လိုကယ်ထုတ်မလဲ
အမေတို့ခေတ်က ဗိုင်းကောင်းကျောက်ဖိအမျိုးသမီးတယောက်လို ညနေ ၆ နာရီလောက်ဆိုရင် … လမ်းထိပ်ပင် မထွက်ရဲတော့။ ဒါပေမဲ့ ဧည့်စာရင်းအကြောင်းပြ ဖမ်းခေါ်သွားနိုင်တယ်ဆိုတဲ့အသိကလည်း စိတ်ကိုကြိမ်းမောင်းသတိပေးနေပြန်တယ်။ ညဘက် ခွေးဟောင်သံကြားတိုင်း အိမ်အပြင်ဘက် ထချောင်းကြည့်ရတာ စိတ်ပင်ပန်းလွန်းလှတယ်…
လူ့သမိုင်း၏ နောက်ဆုံးပြဇာတ်
ကမ္ဘာသစ်မှာ Like တွေ Share တွေရဲ့ ဒိုပါမင်းဓာတ်တွေနဲ့ ကြီးပြင်းလာတဲ့ မျိုးဆက်သစ်တွေဟာ ကျွမ်းကျင်မှုဆိုတာ မလိုအပ်ဘူးလို့ သဘောပေါက်လာကြတယ်။ ယနေ့ကမ္ဘာမှာ အာရုံစိုက်မှုဆိုတာကသာ တကယ့်ငွေကြေးဖြစ်ပြီး ဒါကို ရဖို့အတွက် ဘာမဆို လုပ်ကြမယ်ဆိုပြီး ဆုံးဖြတ်လိုက်ကြတယ်။
