မေတ္တာရပ်လူတန်းစား ထွန်းကားလာသည့် ရက္ခိုင်ပြည်

စစ်ရေးအောင်ပွဲတွေကို ချီးကျူးထောပနာပြုနေကြပေမဲ့ စစ်ဘေးဒဏ်သင့်သူတွေရဲ့ အသံနဲ့ လူမှုဒုက္ခပြဿနာတွေကို အချက်အလက်၊ ကိန်းဂဏန်တွေနဲ့ ကိုင်ပြနိုင်ဖို့ ခဲယဉ်းနေပါတယ်။ ဒါပေမဲ့ သေချာတာကတော့ ရက္ခိုင်ပြည်သူတွေထဲမှာ ဒုက္ခတောင်လိုပုံပြီး စိတ်ထိခိုက်ကြေကွဲဖွယ်ရာ ဇာတ်လမ်းတွေ တပုံတပင်ကြီးပါ။
တော်လှန်ဘုရား အဆူဆူနှင့် နွေဦး၏ စက်ခေါင်းများ

ပြောလည်း ပြော၊ ကြောက်လည်း ကြောက်ရသည်။ ပွင့်တော်မူကုန်ပြီးသော တော်လှန်ဘုရားများ၊ ပွင့်တော်မူလတ္တံ့သော ဗျာဒိတ်တော်ရ ကိုယ်တော်များ ရွှေစိတ်တော် ငြိုငြင်မှာစိုးသည်။ ထို့ကြောင့် ဤစာစုကို ဖတ်မိရင်း “ငါ့များ ပြောနေသလား”ဟု တွေးမိကုန်ကြလျှင် “ဟုတ်တယ် ခင်ဗျားကို ပြောနေတာပါပဲခင်ဗျာ”ဟူ၍ တဦးဆိုင်နာမ် တွေးပေးစေလိုသည်။
ကျနော်တို့ အညာမှာ ဒီလိုပဲ ရှိတယ်
ကျနော်တို့ အိမ်လည်း ဖျက်ဆီးခံရတဲ့ထဲ ပါသွားပြီလို့ သတင်းပေးကြတယ်။ ဘယ်သူ့ကိုရယ်လို့ မဟုတ်၊ အဆောက်အအုံ နည်းနည်းကောင်းနေတယ်ဆိုရင် တော်လှန်ရေးဘက်က ပုန်းခိုနိုင်တယ်ဆိုပြီး သူတို့ စက်တပ်လေထီးနဲ့ မျက်စိထဲမြင်သမျှကို ဗုံးချသွားတာပဲ။ အဲဒီတော့ ရွာဦးဘုန်းကြီးကျောင်းရယ်၊ စာသင်ကျောင်းရယ်၊ ရွာထဲက အိမ်ကြီးတွေနဲ့ သူ့ဘေးပတ်လည်က အိမ်တွေ အကုန်ထိတော့ပါပဲ။
ကျမတို့သည် သစ်ကုလားအုတ်များ မဟုတ်ပါ

ကောင်းကင်ကြီးက ကြည်လင်နေကာ ကြယ်ကလေးများ တလုံးနှစ်လုံးပင်မြင်နေရသည်။ မူ့ဖော်ကတော့ နေ့လယ်က အဖြစ်အပျက်ကို တွေးမိကာ ငြိမ်နေမိသည်။ ထို့နောက်မှ သတိရသွားကာ “ဂျရာ့ဖ်ဆိုတာဘာလဲသိလား” ဟူ၍ ဘူးမြာကို မေးမိသည်။ ဘူးမြာကတော့ အဝေးရှိ အမှောင်ထုကို ငေးလျက်နှင့်ပင် “သစ်ကုလားအုတ်ကိုခေါ်တာ”ဟု ခပ်လေးလေးပြောသည်။ မူ့ဖော်၏ ပါးနှစ်ဖက်တွင် ပူခနဲဖြစ်သွားသည်။
ဘီယာမရှိသော ရခိုင်ပြည်
တောအရက်အနည်းငယ်ကို လက်ညှိုးမှာ ဆွတ်ပြီး မီးရှို့ကြည့်တဲ့အခါ ဟုန်းခနဲ မီးထတောက်တတ်ပါတယ်။ ဒီလို မီးလောင်ကျွမ်းနေတာဟာ မက်သနောဓာတ်များစွာပါနေတဲ့ အဆိပ်ငွေ့ဖြစ်တယ်…ဆိုတော့ မိတ်ဆွေတို့ အာရက္ခဒေသသို့ အလည်လာခဲ့ရင် ရှိတာလေးနဲ့ပဲ တည်ခင်းဧည့်ခံပါရစေလို့… ။
ရယ်စရာပြောတာ မရယ်လိုက်ရဘူး

တပ်ဖွဲ့တခုရဲ့ ခေါင်းဆောင်လုပ်သူဟာ တပ်ဖွဲ့ရဲဘော်တွေအတွက် ကျည်ကာဦးထုပ်ဝယ်မပေးဘဲ သူစီးတဲ့ကားကို ကျည်ကာတပ်ပါသတဲ့။ သူ့တပ်ဖွဲ့က ရဲဘော်တဦး ခေါင်းကို ကျည်ဆန်မှန်ပြီး ကျဆုံးတော့ ရဲဘော်လေးရဲ့ အသုဘအခမ်းအနားကို အဲဒီတပ်ဖွဲ့ခေါင်းဆောင်လုပ်သူက ကျည်ကာကားကြီးစီးပြီး ရောက်လာပါသတဲ့။
နှစ်ပေါင်းနှစ်ရာ ပြည့်တော့မည့် အထီးကျန်မြို့

လက်နက်နဲ့ အာဏာကိုပြကာ ကျောမွဲတွေဆီက ရသမျှခြစ်ထုတ် အမြတ်ယူကြသူတွေက ရာထူး၊ ဂုဏ်ရှိန်အတွက် မြို့ကလေးကို ညှဉ်းပန်းကြတယ်၊ မြို့ခံတွေ မွဲပြာကျတယ်။ ကျောင်းတွေ အဓမ္မဖွင့်တယ်၊ မြို့ခံတွေ ငတ်ပြတ်ကြတယ်။ အုပ်ချုပ်ရေးရုံးတွေ အဓမ္မဖွင့်ကြတယ်၊ မြို့ခံတွေ မျက်ရည်ကျကြတယ်၊ အဓမ္မသတင်းစာတွေထဲ မြို့ကလေးရဲ့ ရိက္ခာတွေပါလာတတ်တယ်။
ကြံ့ကြီးဘယ်ရောက်သွားလဲ – ခြေရာလည်းပျောက်၊ ရေလည်းနောက် ဓားစာခံဘဝများ

ဒီအရပ်မှာ ပြောစမှတ်တခုက ဘာလဲဆိုတော့ ကျားဖြန့်ဖမ်းပွဲကြီးလာတော့ တရုတ်တွေ အထုပ်အပိုးတွေထမ်းပြီး ပြေးကြသတဲ့။ … လေးငါးရက်လောက်နေတော့ အထုပ်အပိုး တွေနဲ့ပဲ သူတို့ ပြန်ရောက်လာကြသတဲ့။ လက်ထဲမှာ မြန်မာမှတ်ပုံတင်ကတ်ကလေးတွေတောင် အဆစ်ပါလာကြသေးဆိုပဲ။
ပညာရှာ ပိုက်ဆံဘယ်မှာလဲ

ရန်ကုန်လို စစ်ဘေးကင်း လုံခြုံတဲ့နေရာက ကလေးငယ်တွေရဲ့ ပညာရေးအခြေအနေကို အခုလိုတွေးမိတော့ စစ်မီးလျှံကြား၊ ဗုံးကြဲလေယာဉ်တွေကြားထဲ စာသင်ရင်း ဗုံးခိုကျင်းထဲပြေးကြရတဲ့ ကလေးငယ်တွေရဲ့ဘဝတွေဟာ ကျမမျက်စိထဲ ရောင်ပြန်ဟပ်ပြီး မျက်ရည်ဝိုင်းလာပါတော့တယ်။
ရန်ကုန်၏ အခြားမျက်နှာစာ
နိုင်ငံက အရင်လိုအခြေအနေ လွယ်လွယ်နဲ့ ပြန်ရောက်မလာနိုင်တာကို နိုင်ငံရေးနားမလည်တဲ့သူတောင် သိပါတယ်။ ဒါကြောင့်လည်း ရေနွေးအိုးထဲ အထည့်ခံရတဲ့ ဖားတွေလို မသေမချင်း ဒီအိုးထဲမှာပဲ ပျော်ပျော်ကြီး ကူးခတ်နေကြတာ ဖြစ်မယ်။
ဝပ်ကျင်းလေလော၊ နေအိမ်လော
အဆောင်နေသူတို့ရဲ့ဘဝတွေအကြောင်း၊ အဆောင်လုပ်ငန်းတွေအကြောင်း ဘယ်ဝန်ကြီး၊ ဘယ်ဌာန၊ ဘယ်ကိုယ်စားလှယ်က ဆွေးနွေးပြောဆိုခဲ့တယ်ဆိုတာကို မကြားခဲ့ရပါဘူး။ လူတယောက် နေထိုင်ဖို့အတွက် အဆောက်အအုံဟာ သင့်လျော်တဲ့ အခင်းအကျင်း၊ ဖွဲ့စည်းမှု၊
ကြံ့ခိုင်မှု စတဲ့ လူမှုရေး၊ ကျန်းမာရေး၊ လုံခြုံရေးကြပ်မတ်မှုတွေလည်း ရှိပုံမပေါ်ပါဘူး။
ရေကြည်မြက်နု အိပ်မက်တုများ
သမီးလေးကို သည်စစ်တလင်းပြင်နှင့်ဝေးရာတွင် ရှင်သန်စေချင်သည်။ လေယာဉ်သံကြားလျှင် မြေပြင်ပေါ်သို့ ဘယ်လို ပြားပြားဝပ်ရကြောင်း ကျောင်းသင်ခန်းစာထဲတွင် သင်ပြပေးနေရသည့်နေရာမျိုး၌ မကြီးပြင်းစေချင်။ ထိုသို့ဖြင့် လင်မယားနှစ်ယောက် ရေကြည်ရာမြက်နုရာရှာရန် ဆုံးဖြတ်ရသည်။
ပြေးရေးခက်ခက် – ပြည်ပရောက်မြန်မာများ၏ စစ်မှုထမ်းသောက
အရင်တုန်းက ထိုင်းမှာ အကြောင်းအမျိုးမျိုးနဲ့ အဖမ်းခံရတဲ့မြန်မာတွေ စစ်ကောင်စီလက်ထဲ ပြန်လွှဲခံရတဲ့အခါ ကိုယ့်အစီအစဉ်နဲ့ကိုယ် လွတ်ရာကျွတ်ရာ သွားခွင့်ရှိပေမဲ့ အခု စစ်မှုထမ်းရောင်းစားတဲ့ဈေးကွက်နဲ့ စစ်မှုထမ်းလိုအပ်ချက် ဖြစ်ပေါ်လာချိန်မှာတော့ အလွှဲခံရတဲ့မြန်မာလူငယ်ဟာ ကိုယ့်ကိုယ်ကိုယ် ပိုက်ဆံနဲ့ ပြန်မရွေးထုတ်နိုင်ရင် စစ်မှုထမ်းသင်တန်းကျောင်း ရောက်တော့တယ်။
လမ်းပျောက်နေသော အနာဂတ်မဲ့ဘ၀
စစ်ပွဲများအကြား ကိုယ်လွတ်ရုန်း ပြေးလွှားနေရသည့် သူတို့အဖို့ လက်ထဲတွင် ခြူးတပြားမှ ပါမလာ။ ဖုန်းလိုင်းပင်မမိသော အနေအထားတရပ်နှင့် ဖုန်းဆိုလျှင် ခလုတ်ပင် ကောင်းစွာမနှိပ်တတ်သော အဘိုးအဘွားများ၏ လက်ကိုင်ဖုန်းများပါမကျန် လုံခြုံရေးအကြောင်းပြချက်ဖြင့် သိမ်းယူသွားသည်။
ဒီခေတ်ဆိုးကြီးကို မျှဝေခြင်းတရားနဲ့လည်း တွန်းလှန်

“ဆရာဗန်းမော်က ‘ခေတ်ဝန်ကို ဘယ်လောက်ထမ်းခဲ့သလဲ’ ဆိုတာနဲ့ လူ့တန်ဖိုးကိုတိုင်းတာတယ်။ ဦးပဉ္စင်းကတော့ ‘ဘာကိုမှမမျှော်ကိုးဘဲ လူတွေအပေါ် မျှဝေလိုစိတ်’ကို စံသတ်မှတ်တယ်”လို့ မိန့်တယ်။ ပြိုင်တူတွန်းမှ ရွေ့မယ်။ တတ်နိုင်သူတွေ ပြိုင်တူမျှမှ အဆင်မပြေတဲ့ဘဝတွေ ထိနာရှနာ သက်သာရာရမယ်။
