ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
Rebuttal

ကိုယ့်ဓားဖြင့်ကိုယ် တရားစီရင်စရာမလိုသောစနစ်

ဘယ်သူတွေက ဘယ်တရားစီရင်ရေးစနစ်ကို အခြေခံပြီး လည်ပတ်ကြမလဲဆိုတာမျိုးတွေ တိတိကျကျ မဖော်ဆောင်နိုင်သေးသရွေ့ ပြည်သူတွေကတော့ လူမှုပြစ်ဒဏ်ကိုပဲ မရှိသုံး သုံးနေကြရဦးမယ့်သဘော ရှိပါတယ်။ ကိစ္စတခုခု၊ ဖြစ်ရပ်တခုခုပေါ်ပေါက်လာရင် ဆိုရှယ်မီဒီယာမှာ ဝိုင်းအော်ကြ၊ ဝိုင်းဝန်းမျှဝေကြတာကလည်း ဒီသဘောပါပဲ။

တနေ့က စာမူရှင် ဒေါက်တာစိုင်းလတ်ရေးသားတဲ့ ဆောင်းပါးထဲမှာ လူမှုပြစ်ဒဏ်ကို သုံးရတဲ့အကြောင်းရင်းတွေ၊ ဘေးထွက်ဆိုးကျိုးတွေကို ဖော်ပြရေးသားခဲ့ပါတယ်။ တရားရေးစနစ်တခုလုံးပြိုလဲနေတဲ့ မြန်မာပြည်အခင်းအကျင်း၊ အဖွဲ့အစည်း/ဆိုင်ရာတာဝန်ရှိသူတွေက ချိုးဖောက်မှုတွေကို ထိထိရောက်ရောက် မကိုင်တွယ်နိုင်၊ မကိုင်တွယ်တတ်၊ မကိုင်တွယ်ရဲတာဆိုတဲ့အကြောင်းရင်းကနေ အစချီလို့ ရေးသားထားပါတယ်။ ပညာရပ်ဆိုင်ရာ အသုံးအနှုန်းတွေနဲ့ ဝေဝေဆာဆာ ရေးထားတဲ့ဆောင်းပါးမို့လို့ တုံ့ပြန်ဆောင်းပါးရေးဖို့တောင်မှ အတော်စဉ်းစားရပါတယ်။

မျှတတဲ့တရားစီရင်ရေးစနစ် (legal system) ကို ဘယ်လိုတည်ဆောက်ကြမလဲ ဒါမှမဟုတ် ဘယ်လိုပြုပြင်ယူကြမလဲဆိုတဲ့အကြောင်း လောကပါလတရားရဲ့မျက်နှာစာတဖက် ဒီစာထဲမှာ ကြွင်းကျန်ရစ်နေခဲ့တယ်လို့ ခံစားလိုက်ရပါတယ်။ ခေါင်းစဉ်က ကျယ်ပြန့်လွန်းတာကြောင့် ဆောင်းပါးရှည်ကြီးဖြစ်သွားမှာစိုးလို့ ချုံ့ရေးလိုက်ရင်းနဲ့ ကျန်ရစ်ခဲ့တာမျိုးလည်း ဖြစ်ပါလိမ့်မယ်။ 

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

ကျနော်တို့ မြန်မာပြည်သူတွေမှာ စာမူရှင်အစပျိုးထားသလို မျှတတဲ့တရားစီရင်ရေးစနစ် (legal system) က အလုပ်မဖြစ်တဲ့အခါ ဖြစ်သလိုလုပ်နေကြရခြင်းရဲ့ အကျိုးဆက်ကို ကာလကြာရှည်ခံစားနေရတာပါ။ ဥပမာအားဖြင့် ဆေးရုံဆေးခန်းကောင်းကောင်းမရှိတဲ့နေရာမှာ ဆေးမြီးတိုကိုပဲ အားကိုးအားထားပြုနေရတဲ့ ဘဝမျိုးတွေပါ။ အဲသလို ဘဝတွေ၊ အခြေအနေတွေမှာ ဆေးမြီးတိုကြောင့် ဘေးထွက်ဆိုးကျိုးဖြစ်မှာစိုးရရင် ကျန်းမာရေးစောင့်ရှောက်မှုကို မြှင့်တင်လိုက်တာနဲ့ ဒီပြဿနာတွေက အလိုလိုပြေလည်သွားမှာပါ။ ဆောင်းပါးမှာပါတဲ့ လူမှုပြစ်ဒဏ်မျိုးက ရေနစ်သူအတွက် ကောက်ရိုးတမျှင်ကို အားကိုးတကြီးဆွဲမိသလိုမျိုး နစ်နာသူအတွက် တရားမျှတမှုတခုခု ရပါစေတော့ ဆိုတာမျိုးနဲ့ သုံးနေရတာလို့ မြင်ပါတယ်။ 

အခုအခင်းအကျင်းတွေမှာလည်း တရားစီရင်ရေးစနစ်ကသာ မှန်ကန်အားကောင်းနေရင် တနည်းအားဖြင့် မျှတတဲ့ ပြစ်ဒဏ်ကို ဘယ်သူမို့ဘယ်ဝါမို့လို့ဆိုတဲ့ ခြွင်းချက်မရှိစေဘဲ ပေးအပ်နိုင်မယ်ဆိုရင် လူမှုပြစ်ဒဏ်ဆိုတဲ့ ကိုင်တွယ်ဖို့ခက်တဲ့၊ ပြစ်ဒဏ်အတိုင်းအဆနဲ့ ထိရောက်မှုကို တိုင်းတာရခက်ခဲတဲ့အရာကို လူအတော်များများက လုပ်နေကြမှာမဟုတ်ပါဘူး။ (ကိုယ်နဲ့မတည့်လို့၊ အကျိုးစီးပွားအရ ပွတ်တိုက်မှုတွေကြောင့် အမုန်းအာဃာတတွေနဲ့ အခါအခွင့်သင့်တုန်းနှိပ်ကွပ်မယ်၊ ဝိုင်းပြီးဆွမ်းကြီးလောင်းကြတယ်ဆိုတာကတော့ တခြားခေါင်းစဉ်တခုဖြစ်ပါလိမ့်မယ်။)

မြန်မာပြည်မှာဖြစ်ခဲ့တဲ့ ပြဿနာတွေမှာ လူအုပ်စုလိုက် ဝုန်းဒိုင်းကြဲဖြေရှင်းနည်းကိုသုံးလို့ နောက်ထပ်ပြဿနာတွေဖြစ်လာရတယ်လို့ ဖော်ပြထားပါတယ်။ လက်ရှိအခြေအနေအရ မြန်မာပြည်ကို အကြမ်းဖျင်းအားဖြင့် နှစ်ပိုင်းခွဲပြောမှ ရပါမယ်။ စစ်ကောင်စီအုပ်ချုပ်မှုအောက်မှာ ဒီလိုကျူးလွန်မှုတွေ ရှိနေရင် စစ်ကောင်စီရဲ့တရားစီရင်ရေးကိုယ်တိုင်က မတရားဘူး၊ တနည်းအားဖြင့် တရားစီရင်ရေးက တရားမျှတမှုကို ဖော်ဆောင်မပေးနိုင်ဘူးလို့ ပြောလို့ရနိုင်ပါတယ်။ အလားတူပဲ တော်လှန်ရေးအင်အားစုတွေ စိုးမိုးထားတဲ့ နယ်မြေတွေမှာ ကျူးလွန်မှုတွေရှိတယ်၊ အဲဒီကျူးလွန်မှုတွေကိုလည်း မတားဆီးနိုင်ဘူး၊ မျှတတဲ့ပြစ်မှုပြစ်ဒဏ် ပေးနိုင်တာမျိုး မရှိဘူးဆိုရင် တော်လှန်ရေးအင်အားစုဘက်မှာ တရားစီရင်ရေးလိုအပ်ချက်တွေ ရှိနေပြီဆိုတာ အထင်အရှား ပြဆိုနေပါတယ်။ ဒီယန္တရားလေဟာနယ်က ကျူးလွန်သူနဲ့ အကျူးလွန်ခံရသူအတွက်ရော၊ လူ့အသိုင်းအဝိုင်းအတွက်ရော တရားမျှတမှုရယူပေးဖို့ ပျက်ကွက်သွားစေပါတယ်။ အဲဒီလေဟာနယ်ကို အရေးတကြီး ဖြည့်တင်းကြဖို့လိုအပ်နေပြီဆိုတာ မီးမောင်းထိုးပြလိုက်တာပါ။

လူအုပ်စုလိုက်က ဝုန်းဒိုင်းကြဲပြီး လူမှုပြစ်ဒဏ်ကိုဖော်ဆောင်ကြတဲ့အခါ တရားမျှတဖို့ ခက်ခဲတာ၊ ပြစ်မှုပြစ်ဒဏ် အချိုးအစားကျနဖို့ ခက်ခဲတဲ့အကြောင်းကိုသိကြလို့ ဒီလိုနည်းစနစ်အစား ပြည်သူလူထုရဲ့အာဏာကို ကိုယ်စားပြုအာဏာအဖြစ် လွှဲအပ်ပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေကို စီရင်ခိုင်းထားကြတာပါ။ (ဘယ်တရားစီရင်ရေးစနစ်အောက်မှာဖြစ်ဖြစ်) သာမန်လူတွေ(ပြည်သူတွေ)ရဲ့ ခံစားမှု အခြေပြုတဲ့ ဆုံးဖြတ်ချက်တွေအစား စီရင်ထုံးအခြေပြု၊ ဥပဒေအခြေပြုတဲ့ဆုံးဖြတ်ချက်တွေကို ဥပဒေပိုင်းဆိုင်ရာကျွမ်းကျင်နားလည်သူတွေက စီရင်ဆုံးဖြတ်ပေးတဲ့စနစ်တွေကို တည်ထောင်ထားကြရတာ ဖြစ်ပါတယ်။ မြန်မာပြည်မှာ ဒီကိုယ်စားပြုစနစ်တွေကတဆင့် ခိုင်မာအားကောင်းတဲ့ တရားစီရင်ရေးစနစ်တွေ မဖြစ်ပေါ်သရွေ့ကတော့ ဒီလိုမျိုးဆေးမြီးတိုကုစားနည်းတွေ နေရာယူနေဦးမှာပါပဲ။ တရားစီရင်ရေးက အားကိုးလို့မရမှတော့ ကိုယ့်တရားကို ကိုယ့်ဓားနဲ့ ကိုယ်တိုင်စီရင်မယ်ဆိုတဲ့ ကိစ္စတွေ၊ ဖြစ်ရပ်တွေဖြစ်နေကြပါတယ်၊ ဖြစ်နေကြဦးမှာပါ။ လူမှုပြစ်ဒဏ်ဆိုတာ အဲဒါရဲ့အစိတ်အပိုင်းတခုပဲ ဖြစ်ပါတယ်။ 

တရားစီရင်ရေးစနစ်တခုဟာ ကျူးလွန်သူ၊ အကျူးလွန်ခံရသူ၊ လူ့အသိုင်းအဝိုင်းအတွက် မျှတနေဖို့လိုအပ်တာမှန်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံနောက်ခံသမိုင်းကြောင်းမှာ ကျူးလွန်သူက အင်အားကြီးမားသူဆိုရင် သူ့ကို အရေးယူလို့မရနိုင်ခဲ့တဲ့ ဖြစ်ရပ်တွေအများကြီးပါ။ အဲသလိုအရေးမယူနိုင်ဘဲ ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့် (impunity) ရနေခြင်းကို ပြည်သူတွေက အလွန်တရာမုန်းတီးကြပါတယ်။ အင်စတီကျူးရှင်းတခုကို နောက်ခံပြုထားသူ တဦးတယောက်က ကျူးလွန်တဲ့အမှုမျိုးတွေက သာမန်ပြည်သူတယောက်ကျူးလွန်မှုနဲ့ မတူညီပါဘူး။ သူတို့ရဲ့ကျော်ကြားမှုနဲ့ ပုံရိပ်ကို အခြေတည်လို့၊ အသုံးပြုလို့ ကျူးလွန်မှုတွေဖြစ်လာတယ်ဆိုရင် ပိုပြီးသတိထားကိုင်တွယ်ဖို့ လိုအပ်ပါတယ်။ အဲသလိုဖြစ်ရပ်တွေကို မထိန်းကျောင်းနိုင်ရင် ကျူးလွန်သူနဲ့နောက်ခံတူတဲ့ အစုအဖွဲ့ကိုပါ လူတွေက သတိထားစောင့်ကြည့်လာတာ၊ အယုံအကြည်ကင်းမဲ့လာတာတွေ ဖြစ်လာနိုင်ပါတယ်။ 

တရားမျှတမှုပုံစံကွဲတွေအကြောင်း ပြောတဲ့အခါမှာ survivor-centered နည်းလမ်းနဲ့ချဉ်းကပ်ရင် reparative justice ကိုလည်း မေ့ထားလို့ မရပါဘူး။ ထိခိုက်နစ်နာခံစားရသူတွေအတွက် ထိထိမိမိကုစားပေးနိုင်ဖို့လိုအပ်ပါတယ်။ ဒါ့အပြင် ဒီလိုအလားတူဖြစ်ရပ်မျိုးတွေ ထပ်ခါတလဲလဲဖြစ်ပွားခြင်း (recurrence) ကို တရားစီရင်ရေးစနစ်ကနေ ကာကွယ်ပေးနိုင်ရမှာဖြစ်ပါတယ်။ State ကနေ နိုင်ငံသားတွေကို ကာကွယ်ပေးရမှာ ဖြစ်ပါတယ်။  Security sector reform, judicial reform, legal reforms စတာတွေကိုလည်း ပြုပြင်ပြောင်းလဲတည်ဆောက်ရမှာ ဖြစ်ပါတယ်။ ဒီအခြေခံကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ခိုင်မာအောင်တည်ဆောက်ထားမှသာ ရလဒ်ကောင်းထွက်ပေါ်လာနိုင်မှာပါ။ ဖြစ်ရပ် (case) တခုချင်းစီကို ကောက်သင်းကောက်နေမယ့်အစား ဖြစ်ရပ်တိုင်းအတွက်လွှမ်းခြုံနိုင်တဲ့ တရားစီရင်မှုစနစ်၊ ဥပဒေပြုစနစ်မျိုးကို ပိုဇောင်းပေးတည်ဆောက်ယူကြပြီး အဲဒီစနစ်အောက်မှာပဲ ဖြစ်ရပ်တခုချင်းစီအတွက် တရားမျှတမှုကို ရှာကြရအောင်ပါ။

တကယ်တမ်းတော့ ကျူးလွန်မှုဖြစ်ပွားမှ တရားမျှတမှုကိုရှာဖွေတာထက် ကျူးလွန်မှုတွေမဖြစ်အောင် ကာကွယ်ပေးဖို့လည်း လိုပါတယ်။ ကျူးလွန်မှုတွေမဖြစ်အောင်၊ နည်းပါးအောင် preventive measure ‌တွေ ဘယ်လို စီမံထားရမလဲဆိုတာနဲ့ အကျဉ်းထောင်လိုမျိုး correction center တွေကို ဘယ်လိုထိန်းကျောင်းမလဲဆိုတဲ့အကြောင်းတွေ ထည့်ရေးမှပြည့်စုံမှာပါ။ အဲဒီအကြောင်းတွေကိုတော့ စာမျက်နှာငဲ့ကွက်ပြီး ချန်လှပ်ခဲ့ပါရစေ။

ဘယ်သူတွေက ဘယ်တရားစီရင်ရေးစနစ်ကို အခြေခံပြီး လည်ပတ်ကြမလဲဆိုတာမျိုးတွေ တိတိကျကျ မဖော်ဆောင်နိုင်သေးသရွေ့ ပြည်သူတွေကတော့ လူမှုပြစ်ဒဏ်ကိုပဲ မရှိသုံး သုံးနေကြရဦးမယ့်သဘော ရှိပါတယ်။ ကိစ္စတခုခု၊ ဖြစ်ရပ်တခုခုပေါ်ပေါက်လာရင် ဆိုရှယ်မီဒီယာမှာ ဝိုင်းအော်ကြ၊ ဝိုင်းဝန်းမျှဝေကြတာကလည်း ဒီသဘောပါပဲ။ ကျနော်တို့အနေနဲ့ လူမှုပြစ်ဒဏ်အကြောင်းရဲ့ အကောင်းအဆိုး၊ အကျိုးအပြစ်ကိုပြောချိန်မှာ တဖက်ကလည်း မျှတမှန်ကန်တဲ့တရားစီရင်ရေးစနစ် တည်ဆောက်ရေးအတွက် ပြောနေဆိုနေကြဖို့ သိပ်အရေးကြီးပါတယ်။ နိုင်ငံရဲ့တရားစီရင်ရေးစနစ်ကသာ မျှတကောင်းမွန်ပြီး ကျင့်ဝတ်ညီခဲ့မယ်ဆိုရင် ကိုယ့်နစ်နာမှုအတွက် ကိုယ့်ဓားကိုဆွဲထုတ်ပြီး ကိုယ်တိုင်ကိုယ်ကျရှင်းရမယ့်အနေအထားမျိုးမဟုတ်ဘဲ မျှတတဲ့တရားစီရင်မှုအောက်မှာပဲ ငြင်းကြခုံကြ၊ ရှင်းကြလင်းကြ၊ တရားရင်ဆိုင်ကြပါလိမ့်မယ်။ အဲသလိုအခြေအနေမျိုးမှာ လူမှုပြစ်ဒဏ်မျိုးက အထိန်းအထေ သဘောမျိုးမျှသာ ဖြစ်ပါလိမ့်မယ်။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles