ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
Analysis

KNU ကို စစ်ကော်မရှင်က အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခြင်း – သိသင့်သော အချက်ငါးချက်

KNU ဟာ ... အခုကြေညာချက်ကို ခြိမ်းခြောက်မှုတခုအဖြစ် ယူဆမယ်မထင်ပါဘူး။ ဒါကို စည်းကြပ်ဖို့ဆိုရင် ထိုင်းနိုင်ငံလို အိမ်နီးချင်းတွေရဲ့အကူအညီနဲ့ ပူးပေါင်းမှုလိုပါတယ်။ အင်တာပိုလို အဖွဲ့တွေကိုလည်း  စစ်ကော်မရှင်ကတောင်းဆိုမှာပါ။ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုရှိလာရင် KNU အဖွဲ့ဝင်တွေရဲ့ ခရီးသွားလာရေး၊ ဘဏ်ငွေကြေးပိုင်ဆိုင်မှုများအပေါ် တင်းကျပ်လာဖွယ်ရှိပါတယ်။ ဒါပေမဲ့ ဒီလိုဖြစ်ဖို့ အလားအလာနည်းပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ကို စစ်ကော်မရှင်က ဩဂုတ်၂၈ ရက်မှာ မတရားအသင်းနဲ့ အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာခဲ့ပါတယ်။ အကြောင်းပြချက်အနေနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို နှောင့်ယှက်တယ်၊ အများပြည်သူ အေးချမ်းသာယာရေးကို အနှောင့်အယှက်အန္တရာယ် ဖြစ်စေတယ်လို့ ဖော်ပြပါတယ်။ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာတဲ့ အကြောင်းအရင်းကိုတော့ အများပြည်သူ လုံခြုံရေးနဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို တိုက်ခိုက်တယ်၊ အခြေခံအဆောက်အအုံ၊ နိုင်ငံပိုင် ယာဉ်၊ စက်ပစ္စည်း၊ လမ်း၊ တံတားတွေကို ဖျက်ဆီးတယ်၊ လူနေမြို့ရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တယ်၊ အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်ခြင်းနဲ့ အတင်းအဓမ္မ လူသစ်စုဆောင်းခြင်း… စတဲ့အချက်တွေကို ဖော်ပြထားပါတယ်။ 

KNU ဟာ ၂၀၁၅ ခုနှစ် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ အခု ကြေညာချက်နောက်ပိုင်းမှာ ဒီသဘောတူညီချက် ပျက်ပြယ်ပြီလို့ ယူဆရပါလိမ့်မယ်။ မကြာသေးခင် နှစ်များအတွင်း KNU က နယ်စပ်စစ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်တာတွေ ဆောင်ရွက်ခဲ့ပါတယ်။ ISP-Myanmar ရဲ့ လေ့လာမှုအရ မြန်မာ-ထိုင်း နယ်စပ်မျဉ်းရဲ့ သုံးပုံတပုံကိုလည်း KNU က ထိန်းချုပ်ထားပါတယ်။ တပြိုင်နက်တည်းမှာလည်း ၁၀ နှစ်မြောက် NCA အခမ်းအနားကို တက်ရောက်စေဖို့ KNU ဥက္ကဋ္ဌဟောင်း စောမူတူးဆေးဖိုးကို စည်းရုံးနေခဲ့တာ၊ ကြားလူကတဆင့် ကမ်းလှမ်းနေခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ရှိနေပါသေးတယ်။ 

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

KNU ကို မတရားအသင်းနဲ့ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာတာနဲ့ပတ်သက်လို့ အချက်ငါးချက်ကို သုံးသပ်ကြည့်ပါမယ်။ 

၁။ ဘာကြောင့် သတ်မှတ်ရတာလဲ

အမိန့်ကြေညာစာမှာ ထုတ်ပြန်ဖော်ပြထားတဲ့ အချက်တွေအပြင် KNU ကလည်း လတ်တလော ဩဂုတ် ၂၆ ရက်မှာ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်တဲ့ ပြင်းထန်တဲ့ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ ရွေးကောက်ပွဲကို လုံးဝလက်ခံမှာမဟုတ်ကြောင်းနဲ့ ပြည်သူလူထု တရပ်လုံးက ပါဝင်တာတွေမပြုကြဘဲ အကြမ်းမဖက်တဲ့နည်းလမ်းတွေနဲ့ ဆန့်ကျင်သွားဖို့ KNU  ဗဟိုက တိုက်တွန်းထားပါတယ်။ KNU  ဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်းကလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအထမမြောက်အောင် လုပ်ဆောင်ကြဖို့ တမျိုးသားလုံးမှာ တာဝန်ရှိတယ်လို့ ဩဂုတ် ၁၂ ရက် ကရင့်အမျိုးသားအာဇာနည်နေ့မှာ တိုက်တွန်းခဲ့ပါတယ်။ ဒါတွေကြာင့် အထွေထွေရွေးကောက်ပွဲအပေါ် KNU က နှောင့်ယှက်ဟန့်တားဖျက်ဆီးလာနိုင်ခြေကို စစ်ကော်မရှင်က တုံ့ပြန်လိုပုံ ရှိပါတယ်။ ဒီလိုဆိုရင် KNU အဖွဲ့နဲ့ လက်တွဲလုပ်ဆောင်တယ်လို့ သံသယရှိသူတွေကို ‘စံပြ’ အနေနဲ့ ပြင်းပြင်းထန်ထန် အရေးယူ အပြစ်ပေးနိုင်ဖွယ် ရှိပါတယ်။ ပြင်းထန်တဲ့ ပြစ်ဒဏ်ပေးမှုတွေကို ဆင်ခြေအဖြစ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 

၂။ KNU အပေါ် ဘယ်လိုသက်ရောက်နိုင်သလဲ

လွတ်လပ်ရေးရချိန်ကစလို့ တော်လှန်ရေးစတင်ခဲ့တဲ့ KNU ဟာ ဗဟိုအစိုးရနဲ့ တော်လှန်စစ် ဆင်နွှဲနေခဲ့တာနှစ် ၇၀ ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ အခုကြေညာချက်ကို ခြိမ်းခြောက်မှုတခုအဖြစ် ယူဆမယ်မထင်ပါဘူး။ ဒါကို စည်းကြပ်ဖို့ဆိုရင် ထိုင်းနိုင်ငံလို အိမ်နီးချင်းတွေရဲ့အကူအညီနဲ့ ပူးပေါင်းမှုလိုပါတယ်။ အင်တာပိုလို အဖွဲ့တွေကိုလည်း  စစ်ကော်မရှင်ကတောင်းဆိုမှာပါ။ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုရှိလာရင် KNU အဖွဲ့ဝင်တွေရဲ့ ခရီးသွားလာရေး၊ ဘဏ်ငွေကြေးပိုင်ဆိုင်မှုများအပေါ် တင်းကျပ်လာဖွယ်ရှိပါတယ်။ ဒါပေမဲ့ ဒီလိုဖြစ်ဖို့ အလားအလာနည်းပါတယ်။ ပြည်တွင်းမှာတော့ စစ်ပြေးဒုက္ခသည် အရေအတွက်လည်း တိုးများလာဖွယ် ရှိပါတယ်။ 

၃။ KNU အပေါ် စစ်ရေးဖိအားအပြင် ဘယ်လိုဖိအားတွေ သက်ရောက်နိုင်သလဲ

KNU နဲ့ ပူးပေါင်းတပ်တွေက မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးအတွက် အဓိကကျတဲ့ အမှတ်-၁ အာရှလမ်းမ၊ ကော့ကရိတ်-မြဝတီ လမ်းပိုင်းကို ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။ မြန်မာစစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်နေတာမှာ တနှစ်ခွဲနီးပါး ကြာမြင့်လာတဲ့တိုင် ကော့ကရိတ်မြို့အပြင်ကနေ ရှေ့ဆက်မတက်နိုင်ဘူး ဖြစ်နေပါတယ်။ 

တဖက်မှာလည်း စစ်တပ်က ၂၀၂၅ ခုနှစ် ဩဂုတ်လ ဒုတိယအပတ်ကစတင်ပြီး ကရင်ပြည်နယ်ကို စက်သုံးဆီ တင်သွင်းခွင့် ပိတ်ပင်ခဲ့ပါတယ်။ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) ရာဇဝတ်မှုတွေအတွက် ထိုင်းနိုင်ငံကလည်း နယ်စပ်မှာ လောင်စာဆီတင်သွင်းခွင့်ကို ပိတ်ပင်ထားတဲ့အတွက်ကြောင့် ကရင်ပြည်နယ်ထဲမှာ လောင်စာဆီ ပြတ်တောက်လာပါတယ်။ ထူးခြားချက်ကတော့ ဩဂုတ် ၁၈ ရက်ကစတင်ပြီး မြဝတီမြို့က ချစ်ကြည်ရေးတံတား အမှတ်-၂ ကတဆင့် ကုန်သွယ်ကားတွေ ဖြတ်သန်းမှုကို ပိတ်ပင်ခဲ့ပါတယ်။ နယ်စပ်မှာ ကုန်ကား ရာနဲ့ချီ ပိတ်မိနေပြီး မြန်မာအာဏာပိုင်တွေက ကုန်ပစ္စည်းတွေကို ရနောင်း-ကော့သောင်း ရေကြောင်းကုန်သွယ်ရေးနဲ့ မယ်ဆိုင်-တာချီလိတ် နယ်စပ်လမ်းကြောင်းတွေကတဆင့် တင်ပို့ဖို့ အကြံပြုခဲ့ပါတယ်။ နယ်စပ်ကုန်သွယ်ရေးကနေ KNU အခွန်အကောက်ရနေတာကို ဖြတ်တောက်လိုတဲ့ ရည်ရွယ်ချက်လို့လည်း သုံးသပ်နိုင်ပါတယ်။

၄။ ထိုင်းနိုင်ငံအတွက် ဘယ်လိုအဓိပ္ပာယ်ဆောင်နိုင်သလဲ

အကြမ်းဖက်အုပ်စုအဖြစ် KNU ကို သတ်မှတ်ကြေညာလိုက်တဲ့အတွက် အိမ်နီးချင်း ထိုင်းနိုင်ငံအတွက်ကိုလည်း သတိပေးမှုသဘော ဆောင်ပါတယ်။ ထိုင်းနိုင်ငံက အမှတ်-၁ အာရှလမ်းမ ပြန်လည်ဖွင့်နိုင်ရေးအတွက် အင်အားစုတွေအကြား ကြားဝင်ပြီး ညှိနှိုင်းပေးနေခဲ့ပါတယ်။ အခုတော့ စစ်ကောင်စီက အာရှလမ်းမကြီးကိုပါ ပိတ်လိုက်တဲ့အတွက် ရပ်တန့်သွားပါပြီ။ တဖက်မှာ ထိုင်းနိုင်ငံအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေရှိနေတာပါ။ ထိုင်းနိုင်ငံအတွက် သတင်းစကားအနေနဲ့ နယ်မြေအတိုင်းအတာ မည်မျှထိန်းချုပ်နိုင်သည်ဖြစ်စေ၊ များမကြာမီကာလမှာ ကော်သူးလေအစိုးရအဖြစ် ကြေညာဖွယ် ကောလာဟလသတင်းတွေ ဖြစ်နေစေကာမူ KNU ကို နိုင်ငံတော်အဖွဲ့ အစည်းတခု (state actor) အဖြစ် သတ်မှတ် ဆက်ဆံမနေဖို့ သတိပေးလိုက်တာပါပဲ။ 

၅။ KNU နဲ့ ငြိမ်းချမ်းရေးတံခါး လုံးဝပိတ်ခဲ့ပြီလား

အခုလို အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာချက်ကြောင့် လတ်တလောကာလမှာ နိုင်ငံရေးညှိနှိုင်းဆွေးနွေးမှုတွေအတွက် ယာယီ လမ်းပိတ်သွားတယ်လို့ ယူဆနိုင်ပါတယ်။ ဒါပေမဲ့ နှစ်ဖွဲ့ချင်း အပစ်ရပ်ဆွေးနွေးပွဲအတွက် ဖြစ်နိုင်ခြေ ရှိနေပါသေးတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးစကာလမှာ အာရက္ခတပ်မတော် (AA) ကို အပစ်ရပ်ပြီး ကာလတခုတိုင် အကြမ်းဖက်အုပ်စုကနေ ပြန်လည်ရုပ်သိမ်းပေးခဲ့တာ ရှိပါတယ်။ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့တွေရဲ့ ‘စစ်ဆင်ရေး ၁၀၂၇’ ဖြစ်လာလို့ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂ ရက်ကျမှသာ အကြမ်းဖက်အုပ်စုအဖြစ် ပြန်လည်ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အပစ်ရပ်ဆွေးနွေးပွဲတွေဟာ နှစ်ဖက်ကျေလည်တဲ့အခါ အခြေအနေ တစုံလုံးလည်း ပြန်ပြောင်းနိုင်ပါတယ်။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles