ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
Analysis

NLD ၏ နိုင်ငံရေးအလေ့အထများနှင့် NUG အပေါ် သက်ရောက်မှုများ

NLD ရဲ့ နိုင်ငံရေးစိတ်ကူးစိတ်သန်းက ဗဟိုချုပ်ကိုင်မှုရှိတဲ့၊ တစုတစည်းတည်းဖြစ်တဲ့၊ အပေါ်ကနေအောက်ကို ထိန်းကျောင်းတဲ့ ပြည်ထောင်စုပုံစံမျိုးမှာပဲ အသားကျနေခဲ့တာပါ။ ဖက်ဒရယ်ကို လုံးလုံးလျားလျားပယ်ချတာမျိုး မဟုတ်ပေမဲ့ ဒီမိုကရေစီစနစ် ဖြစ်တည်ပြီးမှပဲ စဉ်းစားမယ်ဆိုပြီး နောက်ဆုတ်ထားလေ့ရှိပါတယ်... ဒီအမူအကျင့်တွေက NUG ရဲ့ လုပ်ဆောင်ချက်တွေအပေါ် ဘယ်လို သက်ရောက်ထိန်းကျောင်း ပုံဖော်နေသလဲဆိုတာကို လေ့လာဆန်းစစ်ဖို့ လိုအပ်ပါတယ်။

[မေဦးမူတြော်သည် ကိန်းဘရစ်ချ်တက္ကသိုလ် လော့တာပတ်ချ် အပြည်ပြည်ဆိုင်ရာဥပဒေစင်တာတွင် ဧည့်သုတေသီအဖြစ် ဆောင်ရွက်ခဲ့ဖူးပြီး ယခုအခါ ကရင်အမျိုးသားအစည်းအရုံး (KNU) တွင် အကြံပေးအဖြစ် ဆောင်ရွက်လျက်ရှိသည်။ ယခုဆောင်းပါးမှာ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော “Reconsidering NLD Political Practice and Its Implications for the NUGကော်လံဆောင်းပါးကို မြန်မာဘာသာသို့ ဆီလျော်အောင် ပြန်ဆိုထားခြင်းဖြစ်သည်။ မူရင်းဆောင်းပါးကို ISP-Myanmar ဝက်ဘ်ဆိုက်တွင် ဖတ်ရှုနိုင်ပါသည်]

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လက်ရှိသွားနေတဲ့ လမ်းကြောင်းကို သေသေချာချာ အကဲဖြတ်မယ်ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ နိုင်ငံရေးစရိုက်လက္ခဏာနဲ့ အုပ်ချုပ်ရေး အလေ့အထတွေကို ပြန်လည်သုံးသပ်တာကနေ စတင်ရပါလိမ့်မယ်။ ဒါက NUG ကို ငြင်းပယ်ချင်လို့ လုပ်တာမဟုတ်ဘဲ ပိုပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်အောင်လို့ပါ။ NUG ဟာ NLD ကနေ ပုံဖော်လာတဲ့ နိုင်ငံရေးခေါင်းဆောင်မှုရဲ့ ကွင်းဆက်တခု ဖြစ်ပါတယ်။ ဒါကြောင့် NUG ရဲ့ ကျင့်ကြံပုံတွေ၊ ယူဆချက်တွေနဲ့ ဖွဲ့စည်းစုဖွဲ့မှုဆိုင်ရာ အသွင်သဏ္ဌာန်၊ လားရာတွေဟာ တကယ့် ဖက်ဒရယ်အသွင်ကူးပြောင်းရေး လိုအပ်ချက်တွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိကို မေးခွန်းထုတ်ဖို့ လိုအပ်လာပါတယ်။

အဓိကမေးခွန်းကတော့ NLD ဟာ ဖက်ဒရယ်အကြောင်း ပြောဆိုခဲ့သလားဆိုတာမျိုး မဟုတ်ဘဲ ဖက်ဒရယ်စနစ်ကို အခြေခံကျကျ ပြောင်းလဲဖို့ စနစ်တစုံလုံးပြောင်းလဲမှု (structural change) တွေ လိုအပ်တဲ့ နိုင်ငံရေးအာမခံချက် (political commitment) တခုအဖြစ် ရှုမြင်ခဲ့ပါရဲ့လားဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ မှတ်တမ်းတွေ၊ အထောက်အထားတွေအရတော့ အဲဒီလို ရှုမြင်မှုမျိုး မတွေ့ရပါဘူး။ အစိုးရအဖြစ် တာဝန်ယူခဲ့ချိန်မှာ NLD ဟာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရေရှည်တည်တံ့ပြီး လေးနက်တဲ့ ကတိကဝတ်မျိုး မပြသနိုင်ခဲ့ပါဘူး။ အထူးသဖြင့် ၂၀၁၉ ခုနှစ်မှာ လုပ်ခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကြိုးပမ်းမှုတွေဟာ အကန့်အသတ်နဲ့ပဲ ရှိခဲ့ပြီး ဖက်ဒရယ်ရဲ့ အနှစ်သာရတွေဖြစ်တဲ့ ပြည်ထောင်စုနဲ့ ပြည်နယ်တွေအကြား အာဏာခွဲဝေရေး၊ တိုင်းရင်းသား လူမျိုးစုတွေအတွက် အနှစ်သာရရှိတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အသိအမှတ်ပြုရေးစတဲ့ အဓိကအချက်တွေကို ရှောင်လွှဲခဲ့ပါတယ်။ ဗဟိုမှာ အာဏာချုပ်ကိုင်ထားတဲ့ ပြဋ္ဌာန်းချက်တွေကို အများအားဖြင့် ဒီအတိုင်းပဲ ချန်ထားခဲ့ပြီး ပြည်နယ်တွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုရစေမယ့် ပြုပြင်ပြောင်းလဲမှုတွေကို တကယ့်လက်တွေ့မှာ အနှစ်သာရရှိရှိ အကောင်အထည် မဖော်ခဲ့ပါဘူး။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ ကြေညာစာတမ်းမှာတောင် ဖက်ဒရယ်အရေးဟာ စနစ်ကျတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တခုထက် နှုတ်ရေးကြွယ်မှုသက်သက်လောက်အနေနဲ့သာ ပါဝင်ခဲ့ပါတယ်။

NLD ရဲ့ နိုင်ငံရေးစိတ်ကူးစိတ်သန်းက ဗဟိုချုပ်ကိုင်မှုရှိတဲ့၊ တစုတစည်းတည်းဖြစ်တဲ့၊ အပေါ်ကနေအောက်ကို ထိန်းကျောင်းတဲ့ ပြည်ထောင်စုပုံစံမျိုးမှာပဲ အသားကျနေခဲ့တာပါ။ ဖက်ဒရယ်ကို လုံးလုံးလျားလျားပယ်ချတာမျိုး မဟုတ်ပေမဲ့ ဒီမိုကရေစီစနစ် ဖြစ်တည်ပြီးမှပဲ စဉ်းစားမယ်ဆိုပြီး နောက်ဆုတ်ထားလေ့ရှိပါတယ်… ဒီအမူအကျင့်တွေက NUG ရဲ့ လုပ်ဆောင်ချက်တွေအပေါ် ဘယ်လို သက်ရောက်ထိန်းကျောင်း ပုံဖော်နေသလဲဆိုတာကို လေ့လာဆန်းစစ်ဖို့ လိုအပ်ပါတယ်။

ဒီအချက်တွေကို ထောက်ရှုရရင် NLD ဟာ ဖက်ဒရယ်အရေးကို မဟာဗျူဟာအရ သတိထား လုပ်ဆောင်ခဲ့ရတယ် ဆိုတာထက် ဖက်ဒရယ်စနစ်ရဲ့ သဘောသဘာဝအပေါ် သူတို့ကိုယ်တိုင်က သက်သောင့်သက်သာ ဖြစ်မနေဘူးဆိုတဲ့ သဘောကို ပြသနေပါတယ်။ ဖက်ဒရယ်စနစ်ဆိုတာ ဗဟိုချုပ်ကိုင်မှု လျှော့ချရုံသက်သက် မဟုတ်ဘဲ ပြည်ထောင်စုရဲ့ သဘောသဘာဝကို အခြေခံကျကျ ပြောင်းလဲနိုင်အောင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာခွဲဝေဖို့ လိုအပ်တာကို လက်ခံရပါလိမ့်မယ်။ ဒါပေမဲ့ NLD ရဲ့ နိုင်ငံရေးစိတ်ကူးစိတ်သန်းက ဗဟိုချုပ်ကိုင်မှုရှိတဲ့၊ တစုတစည်းတည်းဖြစ်တဲ့၊ အပေါ်ကနေ အောက်ကို ထိန်းကျောင်းတဲ့ ပြည်ထောင်စုပုံစံမျိုးမှာပဲ အသားကျနေခဲ့တာပါ။ ဖက်ဒရယ်ကို လုံးလုံးလျားလျား ပယ်ချတာမျိုး မဟုတ်ပေမဲ့ ဒီမိုကရေစီစနစ် ဖြစ်တည်ပြီးမှပဲ စဉ်းစားမယ်ဆိုပြီး နောက်ဆုတ်ထားလေ့ရှိပါတယ်။ ဒီလိုမျိုး ဒီမိုကရေစီရအောင် အရင်လုပ်၊ ပြီးမှ ဖက်ဒရယ်ကို စဉ်းစားဆိုတဲ့ တွက်ဆချက်ဟာ ကြားနေသဘော မဆောင်ပါဘူး၊ တကယ်တမ်းမှာတော့ ဖက်ဒရယ်စနစ်က တောင်းဆိုနေတဲ့ စနစ်ကြီးတခုလုံး အခြေခံကျကျ ပြောင်းလဲရေးကို ရွှေ့ဆိုင်းပစ်လိုက်တာပါပဲ။ ဒီလိုလုပ်ခြင်းအားဖြင့် သမိုင်းတလျှောက် ပဋိပက္ခတွေ ပေါ်ပေါက်စေတဲ့ အာဏာပိုင်ဆိုင်မှုနဲ့ ကိုယ်စားပြုမှုအကြား အချိုးမညီမျှမှုတွေကို ဆက်လက်တည်ရှိစေခဲ့ပါတယ်။

ဒီလိုလက္ခဏာတွေကို NLD အစိုးရကာလက အုပ်ချုပ်ပုံ အလေ့အထတွေမှာလည်း မြင်တွေ့ခဲ့ရပါတယ်။ အစိုးရသက်တမ်းတလျှောက်မှာ တိုင်းရင်းသား နိုင်ငံရေးဇာတ်ကောင်တွေ အနှစ်သာရရှိရှိ ပါဝင်လာနိုင်အောင် နိုင်ငံရေးနယ်ပယ်ကို ချဲ့မပေးခဲ့ပါဘူး။ ဒါ့အပြင် တိုင်းရင်းသားပါတီတွေနဲ့ NLD အကြားက ဆက်ဆံရေးဟာ မကြာခဏ တင်းမာနေခဲ့ပြီး တိုင်းရင်းသားပါတီတွေရဲ့ ရွေးကောက်ပွဲအနိုင်ရလဒ်တွေကို အသိအမှတ်ပြုဖို့ အခွင့်အရေးတွေကိုလည်း အသုံးမချနိုင်ခဲ့ပါဘူး။ ပြည်နယ်ဝန်ကြီးချုပ်တွေကိုလည်း ဗဟိုကနေပဲ ဆက်လက်ခန့်အပ်ခဲ့တာကြောင့် ပြည်နယ်အစိုးရတွေဟာ ဒေသခံတွေရဲ့ နိုင်ငံရေးဆန္ဒကို ဖော်ဆောင်သူတွေ မဟုတ်ဘဲ ပြည်ထောင်စုအစိုးရရဲ့ လက်တံတွေသာ ဖြစ်တယ်ဆိုတဲ့ အမြင်ကို ပိုလို့ ခိုင်မာစေခဲ့ပါတယ်။ NLD ပါတီတွင်း ဆုံးဖြတ်ချက်ချနိုင်ခွင့်ကိုလည်း ထိပ်ပိုင်းကပဲ ချုပ်ကိုင်ထားတဲ့အပြင် ပါတီတွင်း သဘောထားကွဲလွဲခွင့်၊ ဗဟုဝါဒနဲ့ အမြင်ကွဲပြားမှုကို လက်ခံနိုင်တဲ့ ယန္တရားတွေ နည်းပါးလွန်းပြီး ဗဟိုချုပ်ကိုင်မှု တအားများတဲ့ပုံစံမျိုးနဲ့ လည်ပတ်ခဲ့ပါတယ်။ ဒီအနေအထားကို ကြည့်ရင် ပါတီရဲ့ ဖွဲ့စည်းလည်ပတ်ပုံစနစ်ဟာ သူတို့အုပ်ချုပ်ခဲ့တဲ့ နိုင်ငံတော်ရဲ့ ဖွဲ့စည်းလည်ပတ်ပုံစနစ်ကိုပဲ ထင်ဟပ်နေပါတယ်။

ဒီအမူအကျင့်တွေကိုသာ နိုင်ငံရေးအမွေအနှစ်တခုအဖြစ် လက်ရှိအချိန်အထိ သယ်ဆောင်လာတယ်ဆိုရင် ဒီအမူအကျင့်တွေက NUG ရဲ့ လုပ်ဆောင်ချက်တွေအပေါ် ဘယ်လိုသက်ရောက်ထိန်းကျောင်းပုံဖော်နေသလဲဆိုတာကို လေ့လာဆန်းစစ်ဖို့ လိုအပ်ပါတယ်။ သေချာတာကတော့ လက်ရှိအခင်းအကျင်းဟာ အရင်နဲ့ မတူတော့ပါဘူး။ စစ်အာဏာသိမ်းမှုက နိုင်ငံရေးအခင်းအကျင်းကို ပြောင်းလဲပစ်လိုက်ပါပြီ။ ဒါကြောင့် အခုအခါ NUG ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အသစ်ပေါ်လာတဲ့ လက်နက်ကိုင်အဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့အစည်း ကွန်ရက်တွေနဲ့ နိုးကြားတက်ကြွနေတဲ့ ပြည်သူတွေအပါအဝင် ဇာတ်ကောင်အမျိုးမျိုး ပါဝင်နေတဲ့ တော်လှန်ရေးဝန်းကျင်တခုမှာ လည်ပတ်နေရတာပါ။ ဒီလိုအခါသမယမှာ အတူမျှဝေပါဝင်နေရတဲ့ တိုက်ပွဲတရပ်အပေါ်၊ အရေးတော်ပုံတခုအပေါ် အခြေတည်ထားတဲ့ စုပေါင်းနိုင်ငံရေးပုံစံသစ်တခု လိုအပ်နေပါတယ်။ 

ဒါပေမဲ့ အရင်အမူအကျင့်ဟောင်းတွေ လုံးလုံးလျားလျား ပျောက်ကွယ်မသွားသေးဘူးဆိုတဲ့ လက္ခဏာတွေ မြင်တွေ့နေရဆဲပါ။ အသိသာဆုံးကိစ္စတခုကတော့ တရားဝင်မှု (legitimacy) ပြဿနာပါပဲ။ NUG ဟာ ရွေးကောက်ခံ NLD အစိုးရရဲ့ အပိုင်းဆက်တခုအဖြစ် တရားဝင် ရပ်တည်ပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ်က ပေးတဲ့ တရားဝင်ကိုယ်စားပြုမှု (mandate) အပေါ် အလွန်အမင်း ဆက်လက်မှီခိုနေဆဲပါ။ NUG အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲကလာတဲ့ တရားဝင်ကိုယ်စားပြုမှု ရှိတာမှန်ပေမဲ့ ဒီအချက်တခုတည်းနဲ့ မလုံလောက်တော့ပါဘူး။ အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ တော်လှန်ရေးဟာ ရွေးကောက်ခံနိုင်ငံရေးသက်သက်ကနေ ထွက်ပေါ်လာတာ မဟုတ်ပါဘူး။ လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်နေသူတွေရဲ့ အနစ်နာခံမှုတွေ၊ တိုင်းရင်းသား နိုင်ငံရေးအင်စတီကျူးရှင်းတွေရဲ့ ကြံ့ကြံ့ခံနိုင်မှုတွေနဲ့ သာမန်ပြည်သူတွေရဲ့ အကျယ်အပြန့် ပါဝင်မှုတွေက ဒီတော်လှန်ရေးကို ထိန်းသိမ်းထားတာပါ။ ရွေးကောက်ပွဲကပေးတဲ့ တရားဝင်မှုကိုပဲ အလွန်အမင်း မှီခိုလွန်းတာဟာ NUG ရဲ့ အခြေခံနိုင်ငံရေးအုတ်မြစ် (political foundation) ကို ကျဉ်းမြောင်းသွားစေနိုင်သလို မဲပုံးထဲကနေ ထွက်ပေါ်လာတာ မဟုတ်ပေမဲ့ တော်လှန်ရေးမှာ ထည့်ဝင်ကူညီသူတွေကို ဘေးဖယ်ထားသလို ဖြစ်သွားနိုင်တဲ့အန္တရာယ် ရှိပါတယ်။

ဒီပြဿနာဟာ အခုလက်ရှိ ဆက်လက်ကျင့်သုံးနေတဲ့ အင်စတီကျူးရှင်း စုဖွဲ့မှုအစီအမံတွေမှာလည်း လာပြီး သက်ရောက်နေပါတယ်။ လွှတ်တော်ယန္တရားတွေကို ပြန်လည်ဖွဲ့စည်းဖို့ ကြိုးပမ်းတာတွေဟာ ဟန်ပြသာသာ ဆိုပေမဲ့ NUG ရဲ့ နိုင်ငံရေးစိတ်ကူးစိတ်သန်းတွေဟာ အတိတ်က ဘောင်ထဲမှာပဲ ပိတ်မိနေတုန်းလားဆိုတဲ့ အရေးကြီးတဲ့ မေးခွန်းတွေ ထွက်ပေါ်လာစေပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ စစ်တပ်ရဲ့လုပ်ရပ်တွေကြောင့် ပျက်ပြယ်သွားခဲ့ပြီဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဖွဲ့စည်းပုံဖျက်သိမ်းရေးကို ရွေးကောက်ခံကိုယ်စားလှယ်တွေက လုပ်ရမယ့် လုပ်ထုံးလုပ်နည်းတခုသဖွယ် ပုံဖော်တာဟာ အခြေခံဥပဒေ ပျက်ပြယ်သွားရတဲ့ သဘောသဘာဝကို နားလည်မှုလွဲမှားရာ ရောက်စေနိုင်ပါတယ်။ ပိုပြီးအရေးကြီးတာကတော့ လွှတ်တော်လမ်းကြောင်း (parliamentary logic) ကိုပဲ ဆက်ပြီး ဗဟိုပြုနေတာဟာ ဖက်ဒရယ်စနစ်နဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေးစနစ်ရဲ့ မူဝါဒတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အထက်အောက်အဆင့်ဆင့် ဆက်ဆံရေးပုံစံတွေကို မရည်ရွယ်ဘဲ ပြန်လည်ထွန်းကားစေသလို ဖြစ်သွားနိုင်ပါတယ်။

စုစည်းဖွဲ့စည်းထားတဲ့ အစုအဖွဲ့သစ်တွေနဲ့ NUG အကြား ဆက်ဆံရေးဟာ ပြတ်ပြတ်သားသား ပီပီပြင်ပြင် မရှိဘဲ မတင်မကျ ဖြစ်နေသလို အချိန်ကြာလာတာနဲ့အမျှ ဒီအစုအဖွဲ့တွေ ပိုပြီး အလုပ်မဖြစ်စေအောင် လျစ်လျူရှုထားတဲ့ ပုံစံမျိုးကိုပါ တွေ့လာရပါတယ်။ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) လို စုဖွဲံမှုတွေဟာ တော်လှန်ရေးကာလအတွင်း စုပေါင်းခေါင်းဆောင်ရေး မူဝါဒကို ပုံဖော်နိုင်ပြီး တန်းတူရည်တူ နိုင်ငံရေးဆုံးဖြတ်ချက်ချနိုင်တဲ့ ရပ်ဝန်းမျိုး ဖြစ်လာဖို့ ရည်ရွယ်ခဲ့တာပါ။ ဒါပေမဲ့ လက်တွေ့မှာတော့ NUCC ရဲ့ အတိုင်ပင်ခံအခန်းကဏ္ဍကို NUG အစိုးရပိုင်းက ထပ်တလဲလဲ ဘေးဖယ်ထားခဲ့တာကြောင့် NUCC အဖြစ်စုဖွဲ့ရတဲ့ မူလရည်ရွယ်ချက်ကို မှေးမှိန်သွားစေပါတယ်။ ပူးပေါင်းတိုင်ပင်ဆွေးနွေးပြီး နိုင်ငံရေးအရ ထည့်ဝင်လုပ်ဆောင်နိုင်မှုတွေကို မျှဝေနိုင်မယ့် ရပ်ဝန်းတခုအဖြစ် NUCC ကို အသုံးမပြုခဲ့ဘဲ တခြားတနေရာရာမှာ ချမှတ်လာပြီးသား ဆုံးဖြတ်ချက်တွေကို တရားဝင်ဖြစ်အောင် ထပ်လောင်းအတည်ပြုပေးတဲ့ ပလက်ဖောင်းတခုသာသာပဲ အသုံးချခံရတာ များပါတယ်။ 

ဒီလို ယုံကြည်မှုနဲ့ လုပ်ဆောင်နိုင်မှုတွေ တိုက်စားချေဖျက်ခံရတာနဲ့အမျှ သိသာမြင်သာတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ရှိလာပါတယ်။ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့လို NUCC ကို ပူးတွဲဖွဲ့စည်းခဲ့တဲ့ အဖွဲ့အစည်းတွေဟာ မြေပြင်က ဖက်ဒရယ်တည်ဆောက်ရေး လုပ်ငန်းတွေကိုပဲ ဦးစားပေးဖို့ ရွေးချယ်လာကြပြီး NUCC ကနေ ခွာထွက်သွားခဲ့ကြပါတယ်။ ဒါဟာ တိုက်ဆိုင်မှုသက်သက်မဟုတ်ပါဘူး။ နဂိုရည်ရွယ်ထားသလို အလုပ်ဖြစ်မလာတဲ့ စုပေါင်းယန္တရားတွေအပေါ် ယုံကြည်မှု အကြီးအကျယ် လျော့နည်းသွားကြပြီ ဆိုတဲ့အချက်ကို ပြညွှန်းနေပါတယ်။ ဒီလို တော်လှန်ရေးမျိုးမှာ တရားဝင်မှု (legitimacy) ဆိုတာ ဗဟိုကနေ ချုပ်ကိုင်ထားရမယ့်အရာ မဟုတ်သလို ဟန်ပြသက်သက် မဖြစ်သင့်ပါဘူး။ လက်တွေ့လုပ်ဆောင်မှုတွေကနေတဆင့် ဝေမျှယူရမယ့်၊ ညှိနှိုင်းရမယ့်၊ အမြဲတမ်း ခိုင်မာအောင် တည်ဆောက်သွားရမယ့်အရာပဲ ဖြစ်ပါတယ်။ အဲဒီလို မလုပ်နိုင်ခဲ့ရင်တော့ အင်စတီကျူးရှင်းတွေ အားနည်းသွားမယ့်အပြင် အခြားဇာတ်ကောင်တွေနဲ့ ဘေးချင်းယှဉ်မရပ်ဘဲ အပေါ်စီးကနေ ရပ်တဲ့ နိုင်ငံရေးဗဟိုချက်တခု ပြန်လည်ပေါ်ပေါက်လာမှာပဲ ဖြစ်ပါတယ်။ 

ဒီလေ့လာသုံးသပ်ချက်ကနေ တွေ့ရှိလာရတဲ့အချက်တွေဟာ ဝေဖန်မှုသက်သက်မဟုတ်ဘဲ NUG သွားနေတဲ့လမ်းကြောင်းအတွက် သတိပေးချက်လည်း ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့တိုက်ပွဲဟာ အစိုးရတရပ်ကို ဖယ်ရှားပစ်ရုံသက်သက် မဟုတ်ပါဘူး။ မြန်မာ့နိုင်ငံရေးစနစ်အတွင်းက အခြေခံအုတ်မြစ်တွေကို အသွင်ပြောင်းပစ်ဖို့ပဲ ဖြစ်ပါတယ်။ ဗဟိုကနေ ချုပ်ကိုင်ချင်တဲ့ ဗီဇလက္ခဏာမျိုးတွေဟာ သိမ်မွေ့တဲ့ပုံစံမျိုးနဲ့ပဲ ဖြစ်ဖြစ် ဆက်ရှိနေဦးမယ်ဆိုရင်တောင် နိုင်ငံတဝန်းလုံးက ပြင်းပြင်းထန်ထန် တောင်းဆိုနေကြတဲ့ ရည်မှန်းချက်တွေနဲ့ လွဲချော်တဲ့ ရလဒ်မျိုးကိုပဲ ဦးတည်သွားနိုင်ပါတယ်။ တည်ငြိမ်မှုရမယ့် အနာဂတ်တချိန်ချိန်မှပဲ ဖက်ဒရယ်စနစ်ကို ဖော်ဆောင်နိုင်မယ်ဆိုပြီး ရွှေ့ဆိုင်းထားလို့ မရပါဘူး။ ဆုံးဖြတ်ချက်ချတဲ့ ပုံစံတွေ၊ အာဏာခွဲဝေမှုတွေနဲ့ ဆက်ဆံရေးတည်ဆောက်ပုံတွေမှာ အခုလက်ရှိအချိန်ကတည်းက လက်တွေ့ကျင့်သုံးနေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် NUG လက်ဝယ်ပိုက်ထားတဲ့ တာဝန်ဟာ မဟာဗျူဟာမြောက်ရုံသာမကဘဲ အယူအဆသဘောလည်း ပါပါတယ်။ တရားဝင်မှုဆိုတာဟာ အရင်းအမြစ်တခုတည်းကနေ လာတယ်လို့ နားလည်ထားတာကနေ အရင်းအမြစ်အများကြီးဆီကနေ လာတယ်ဆိုတဲ့ အမြင်မျိုးကို ကူးပြောင်းဖို့ လိုအပ်ပါတယ်။ အင်စတီကျူးရှင်းတွေကိုလည်း အထက်အောက် အဆင့်ဆင့် ချုပ်ကိုင်မှုထက် စုပေါင်းပိုင်ဆိုင်မှု၊ စုပေါင်းပါဝင်မှု၊ စုပေါင်းတာဝန်ယူမှုအဖြစ် ပြန်လည်စဉ်းစားပုံဖော်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ ဖက်ဒရယ်စနစ်ကို ရှုမြင်ရာမှာ အလှမ်းဝေးတဲ့ ပန်းတိုင်တခု အဖြစ် မရှုမြင်ဘဲ လက်ရှိတော်လှန်ရေးတိုက်ပွဲအတွက် စုစည်းစေမယ့် အခြေခံမူတခုအဖြစ် ကတိကဝတ်ပြုဖို့ လိုအပ်ပါတယ်။

ဒီနေရာမှာ မေးခွန်းထုတ်စရာက NUG ဟာ ဒီအရေးကို ဦးဆောင်နိုင်ပါ့မလားဆိုတာမျိုး မဟုတ်ဘဲ သူတို့ ဘယ်လိုပုံစံမျိုးနဲ့ ဦးဆောင်ဖို့ ရွေးချယ်မလဲဆိုတာပါပဲ။ အာဏာကို ဗဟိုမှာ စုစည်းပြီး အတိတ် (တနည်း NLD) ဆီကနေ အမွေရလာတဲ့ ပုံစံဟောင်းတွေကိုပဲ မှီခိုပြီး ဦးဆောင်နေမယ်ဆိုရင်တော့ သူတို့ကိုယ်တိုင် မှီခိုနေရတဲ့ တပ်ပေါင်းစုဖွဲ့မှု (coalition) ကို ပိုကျဉ်းမြောင်းသွားစေမယ့် အန္တရာယ်ရှိပါတယ်။ ဒါပေမဲ့ နိုင်ငံရေးနယ်ပယ်ကို ဖွင့်ပေး၊ အာဏာကို မျှဝေသုံးစွဲ၊ ဖက်ဒရယ်စနစ်ရဲ့ အနှစ်သာရ အပြည့်အဝကို လက်ခံကျင့်သုံးပြီး ဦးဆောင်မယ်ဆိုရင်တော့ စစ်တပ်ရဲ့ လွှမ်းမိုးမှုကနေ ကင်းလွတ်တဲ့၊ တရားမျှတတဲ့၊ အားလုံးပါဝင်နိုင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုသစ်စစ်စစ်အတွက် အုတ်မြစ်ချရာမှာ အထောက်အကူ ဖြစ်စေနိုင်ပါလိမ့်မယ်။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles