ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
Analysis

SCEF ၏ အမျိုးသမီးကိုယ်စားပြုမဏ္ဍိုင်ကို အသက်ဝင်အောင် လုပ်ဆောင်ခြင်း

အမျိုးသမီးမဏ္ဍိုင်ကို ဒုတိယတန်းစား ဒါမှမဟုတ် ဟန်ပြအခန်းကဏ္ဍလောက်ဆီကို လျှောကျမသွားစေဖို့ SCEF ထဲ ပါဝင်ပတ်သက်နေသူအားလုံးမှာ ပူးတွဲတာဝန်ရှိပါတယ်။ အဲဒီလိုလုပ်ဖို့ပျက်ကွက်ခဲ့ရင် EROs နဲ့ NUG တို့က လွှမ်းမိုးထားတဲ့၊ အရင်ကြုံဖူးပြီးသား အားနည်းချက်ရှိတဲ့ မဏ္ဍိုင်နှစ်ရပ် အားပြိုင်မှုပုံစံဆီကို ပြန်ရောက်သွားနိုင်တဲ့အန္တရာယ် ရှိပါတယ်။

▪️နိဒါန်း

မဏ္ဍိုင်သုံးရပ်ကို အခြေခံပြီး ၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့မှာ ဖွဲ့စည်းခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ဟာ အရေးကြီးတဲ့အချိန်မှာ နေပြည်တော်နဲ့အပြိုင် ပေါ်ထွက်လာခဲ့ပါတယ်။ ‘ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေးဆီသို့’လို့ ညွှန်းပြောနေကြတဲ့ အောက်ခြေကနေ အထက်ကို တည်ဆောက်တဲ့ ဖက်ဒရယ်စနစ် (bottom-up federalism) ကို ကျင့်သုံးမယ်လို့ ကြေညာထားတဲ့ SCEF ဟာ နေပြည်တော်ရဲ့ အထက်ကနေ အောက်ကို ညွှန်ကြားဖိချတဲ့စနစ် (top-down approach) ချဉ်းကပ်ပုံနဲ့ သိသိသာသာကို ကွဲလွဲခြားနားနေပါတယ်။ မြန်မာပြည်သူတွေရှေ့မှာ အခုဆိုရင် ရှင်းလင်းပြတ်သားတဲ့ ရွေးချယ်စရာတခု ရှိနေပါပြီ။ အင်မတန် ရက်စက်ကြမ်းကြုတ်တဲ့ စစ်အစိုးရနဲ့ သူတို့ရဲ့ ရုပ်သေးအစိုးရကို ဆန့်ကျင်တိုက်ပွဲဝင်နေရတဲ့ အချိန်မှာ အလွှာပေါင်းစုံက မြန်မာပြည်သူတွေအဖို့ ရွေးချယ်ပိုင်ခွင့်မရှိတာမျိုး မဟုတ်ပါဘူး။ ပြည်သူတွေအနေနဲ့ အာဏာရှင်စနစ်နဲ့ ပြည်သူ့ဆန္ဒကို အကောင်အထည်ဖော်မယ်လို့ ကတိပေးထားတဲ့ အချိတ်အဆက်မိမိ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ နိုင်ငံရေးခေါင်းဆောင်မှုအသစ် နှစ်ခုအကြားမှာ ရွေးချယ်နိုင်ပါတယ်။

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

ဒါပေမဲ့ ဒါဟာ SCEF အနေနဲ့ သူ့ရဲ့အခြေခံမဏ္ဍိုင်တွေကနေ သွေဖည်သွားဖို့ ရှိနေပါသေးတယ်။ တဖက်မှာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ (EROs) နဲ့ နောက်တဖက်မှာတော့ NLD ပါတီဝင်အများစု ဦးဆောင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့ ကြီးစိုးထားတဲ့၊ အရင်ကတည်းက ရင်းနှီးပြီးသားဖြစ်သလို ထိရောက်မှုအားနည်းခဲ့တဲ့ အသာလှေကြုံစီး နိုင်ငံရေးအစီအမံမျိုးဆီကို နောက်ကြောင်းပြန်လှည့်တာမျိုး ဖြစ်လို့မရပါဘူး။


▪️မဏ္ဍိုင်သုံးရပ်နဲ့ သူတို့ရဲ့ အရေးပါမှု

မဏ္ဍိုင်သုံးရပ်ကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

ပြည်နယ်/ယူနစ်/EROs မဏ္ဍိုင်ကတော့ နယ်မြေစိုးမိုးမှု၊ တော်လှန်ရေးစွမ်းပကားနဲ့ ထိန်းချုပ်/လွတ်မြောက် နယ်မြေတွေက အုပ်ချုပ်ရေးတွေကို ကိုယ်စားပြုပါတယ်။ ဒီမဏ္ဍိုင်က ပြည်နယ်နဲ့ တိုင်းအနှံ့မှာ ပေါ်ထွက်လာနေတဲ့ အောက်ခြေကနေ အထက်ကို တည်ဆောက်တဲ့ ဖက်ဒရယ်စနစ်ရဲ့ လက်တွေ့အခြေအနေကိုလည်း ထင်ဟပ်စေပါတယ်။

ပြည်သူ့ကိုယ်စားပြုမဏ္ဍိုင်ကတော့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ မြန်မာပြည်သူလူထုရဲ့ ဆန္ဒနဲ့ အရပ်သားအစိုးရကိုမှ လိုလားတယ်ဆိုတဲ့ ပြတ်သားတဲ့ သဘောထားကို အသိအမှတ်ပြုထားပါတယ်။ ဒါကြောင့် ဒီမဏ္ဍိုင်ကို NUG အရပ်သားခေါင်းဆောင်တွေ၊ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားပြီး ပြည်သူလူထုရဲ့ ရွေးကောက်ခံတရားဝင်မှု (electoral legitimacy) နဲ့ ဒီမိုကရေစီအရ လုပ်ပိုင်ခွင့် (democratic mandate) ကို ကိုယ်စားပြုပါတယ်။

အမျိုးသမီးကိုယ်စားပြုမဏ္ဍိုင်ကတော့ ကျား-မ တန်းတူညီမျှရေးကို ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးရဲ့ အခြေခံသဘောတရားအဖြစ် အသိအမှတ်ပြုပြီး နိုင်ငံရေးအာဏာနေရာတွေမှာ သမိုင်းတလျှောက် အမျိုးသမီးတွေ ဖဲကြဉ်ခံခဲ့ရတာတွေကို ပြုပြင်ဖို့ ရည်ရွယ်ချက်ရှိရှိ သီးသန့်ဖွဲ့စည်းထားတဲ့ မဏ္ဍိုင်တခု ဖြစ်ပါတယ်။

ဒီမဏ္ဍိုင်သုံးရပ်ဟာ SCEF ရဲ့ နိုင်ငံရေးအခြေခံအုတ်မြစ်ကို ပူးပေါင်းပုံဖော်ထားပါတယ်။ ဒီမဏ္ဍိုင်တွေအားလုံး ပေါင်းစပ်ပြီးတော့ နယ်မြေစိုးမိုးမှု၊ ရွေးကောက်ခံလုပ်ပိုင်ခွင့်နဲ့ အားလုံးပါဝင်နိုင်တဲ့ ကိုယ်စားပြုမှုအစရှိတဲ့ တရားဝင်မှုရင်းမြစ်မျိုးစုံကို ဖက်ဒရယ်နိုင်ငံရေး မူဘောင်တခုတည်းအောက်မှာ စုစည်းပေးပါတယ်။

လူပုဂ္ဂိုလ်တဦးဦး၊ အဖွဲ့အစည်းတရပ်ရပ်၊ နိုင်ငံရေးအစဉ်အလာတခုခုဆီမှာ အာဏာတွေ စုပြုံနေတာမျိုး မဖြစ်အောင် တားဆီးပေးပါတယ်။ အဓိက နိုင်ငံရေးဆုံးဖြတ်ချက်တွေနဲ့ ဘယ်အရာကိုမဆို အခြေခံအင်အားစုတွေအားလုံး မပါဝင်ဘဲ ဆုံးဖြတ်လို့မရအောင် လုပ်ထားတဲ့အတွက် စုပေါင်းခေါင်းဆောင်မှုစနစ်ကို ခိုင်ခိုင်မာမာ တည်ဆောက်ပေးပါတယ်။

တော်လှန်ရေးအတွက် အခြေခံကျတဲ့ အသွင်ပြောင်းတိုးတက်လာမှု သဘောသဘာဝကို ကာကွယ်စောင့်ရှောက်ပေးဖို့ လိုပါတယ်။ အထူးသဖြင့် ကျား-မ တန်းတူညီမျှရေးကို နောက်မှတွေးရမယ့်ကိစ္စမျိုးအဖြစ် မထားဘဲ ဖွဲ့စည်းပုံအဆောက်အအုံမှာ ခိုင်ခိုင်မာမာ ပါဝင်နေစေပါတယ်။

လက်ရှိတော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ အနာဂတ် ဖက်ဒရယ်အဖွဲ့အစည်းတွေအကြား အဆက်ပြတ်မသွားစေဘဲ လက်ရှိအခြေအနေကနေ ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံများဆိုင်ရာ အခြေခံဥပဒေ (AFTA) ကို အခြေပြုတဲ့ စနစ်တခုဆီကို ပေါင်းကူးဆက်သွယ်ပေးပါတယ်။

ဒါကြောင့် ဒီမဏ္ဍိုင်သုံးရပ်ဟာ ကိုယ်စားပြုမှုဆိုင်ရာ ယန္တရားတခုအနေနဲ့သာမက အသွင်ကူးပြောင်းရေးကာလအတွင်း အာဏာခွဲဝေကျင့်သုံးမှုနဲ့ အပြန်အလှန် တာဝန်ခံမှုတွေအတွက် အခြေခံဥပဒေဆိုင်ရာ အုတ်မြစ်အဖြစ်ပါ ဆောင်ရွက်ပေးပါတယ်။ မဏ္ဍိုင်တခုစီရဲ့ ကိုယ်စားပြုမှုနဲ့ ပါဝင်မှုက ဟန်ပြပါဝင်မှု (symbolic inclusion) အဆင့်လောက်ပဲ မဖြစ်စေဖို့ အင်မတန်အရေးကြီးပါတယ်။ ခေါင်းဆောင်ပိုင်းတရပ်လုံးအနေနဲ့ SCEF ရဲ့ ဖွဲ့စည်းပုံတွေ၊ လုပ်ငန်းစဉ်တွေထဲမှာ အဓိပ္ပာယ်ပြည့်ဝပြီး ဆုံးဖြတ်ချက်တွေအပေါ် တကယ်လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ပုံစံမျိုးဖြစ်လာအောင် မဖြစ်မနေ လုပ်ဆောင်ရပါမယ်။


▪️အမျိုးသမီးမဏ္ဍိုင်

အမျိုးသမီးမဏ္ဍိုင်ဆိုတာ SCEF ကို သာမန် အာဏာခွဲဝေမှုအစီအစဉ်တခုထက် ကျော်လွန်ပြီး စံနှုန်းအရ အခြေခံကျကျ ပြောင်းလဲမှုဖြစ်စေတဲ့ အရွေ့တခု ဖြစ်ပါတယ်။ ဒီမဏ္ဍိုင်ဟာ အမျိုးသမီးတွေကို ကိုတာစနစ်အရ နေရာပေးရုံ၊ ပါဝင်ခွင့်ပေးရုံ မဟုတ်ဘဲ ပေါ်ထွန်းလာမယ့် ဖက်ဒရယ်အစီအမံထဲမှာ နိုင်ငံရေးအာဏာရဲ့ သီးခြားမဏ္ဍိုင်တခုအဖြစ် အဖွဲ့အစည်းဆိုင်ရာအရ အခိုင်အမာ တည်ဆောက်ပေးပါတယ်။

ဒါကြောင့်မို့ SCEF ကို ဖွဲ့စည်းစဉ်တလျှောက်လုံး ဒီမဏ္ဍိုင်နဲ့ပတ်သက်ပြီး အပြင်းအထန် ငြင်းခုံဆွေးနွေးခဲ့ရတာကို နားလည်ပေးလို့ ရပါတယ်။ ဒါပေမဲ့ အခုဆိုရင် အမျိုးသမီးမဏ္ဍိုင်ကို တရားဝင်အသိအမှတ်ပြုပြီး SCEF ကို ဖွဲ့စည်းပြီးဖြစ်တဲ့အတွက် လက်တွေ့လည်ပတ်မှု မစတင်နိုင်သေးဘူးဆိုရင်တောင်မှ နောက်ကြောင်းပြန်လှည့်လို့ မရနိုင်တော့ပါဘူး။ မဏ္ဍိုင်သုံးရပ်လုံး၊ အထူးသဖြင့် အမျိုးသမီးမဏ္ဍိုင်ကို ဒုတိယတန်းစား ဒါမှမဟုတ် ဟန်ပြအခန်းကဏ္ဍလောက်ဆီကို လျှောကျမသွားစေဖို့ SCEF ထဲ ပါဝင်ပတ်သက်နေသူအားလုံးမှာ ပူးတွဲတာဝန်ရှိပါတယ်။ အဲဒီလိုလုပ်ဖို့ ပျက်ကွက်ခဲ့ရင် EROs နဲ့ NUG တို့က လွှမ်းမိုးထားတဲ့၊ အရင်ကြုံဖူးပြီးသား အားနည်းချက်ရှိတဲ့ မဏ္ဍိုင်နှစ်ရပ် အားပြိုင်မှုပုံစံဆီကို ပြန်ရောက်သွားနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ လက်ရှိစုဖွဲ့မှုဟာ အဲဒီလိုအန္တရာယ်မျိုးကို ကျော်လွှားနိုင်ဖို့ ရည်ရွယ်ထားတဲ့ အစီအစဉ်ပဲ ဖြစ်ပါတယ်။

ဒါကြောင့် ကျား-မ တန်းတူညီမျှရေးကို ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အခြေခံကျပြီး အလျှော့ပေးညှိနှိုင်းလို့မရတဲ့ မူဝါဒအဖြစ် ထားရှိရမှာဖြစ်ပြီး အမျိုးသမီးမဏ္ဍိုင်ကို စစ်မှန်တဲ့ နိုင်ငံရေးခေါင်းဆောင်မှုနေရာတခု ဖြစ်လာအောင် တည်ဆောက်ရပါမယ်။ ဒီလိုလုပ်ဆောင်ဖို့အတွက် ကောင်စီထဲမှာ အဓိကမဏ္ဍိုင်တခုအနေနဲ့ တာဝန်ယူဖို့ တက်တက်ကြွကြွ ပြင်ဆင်နေတဲ့၊ စနစ်တကျဖွဲ့စည်းထားတဲ့ အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ SCEF က ပါဝင်ပတ်သက်သူတွေအကြားမှာ ရည်ရွယ်ချက်ရှိရှိနဲ့ စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) အပါအဝင် ကနဦး အမျိုးသမီးအဖွဲ့အစည်း ခုနစ်ဖွဲ့ဟာ အမျိုးသမီးမဏ္ဍိုင် စုဖွဲ့မှုမှာ ပါဝင်ဖို့၊ SCEF ထဲ ဝင်ရောက်ဖို့ လိုအပ်တဲ့ လုပ်ငန်းစဉ်၊ လုပ်ငန်းတာဝန် သတ်မှတ်ချက်တွေနဲ့ အဖွဲ့ဝင် ပါဝင်မှုတို့ကို သတ်မှတ်ဖို့အတွက် စဉ်ဆက်မပြတ် တိုင်ပင်ဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ဒီသမိုင်းဝင် အသွင်ကူးပြောင်းရေးကာလမှာ ဒီမဏ္ဍိုင်ဟာ နိုင်ငံရေးအရ ယုံကြည်လက်ခံနိုင်မှုရှိဖို့နဲ့ လက်တွေ့လုပ်ငန်းလည်ပတ်တဲ့နေရာမှာ ထိရောက်မှု ရှိစေဖို့ ဖြစ်ပါတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဒီအမျိုးသမီးတွေဟာ ကွဲပြားစုံလင်တဲ့ လုပ်ပိုင်ခွင့်တွေ၊ ကိုယ်စားပြုလူထုတွေနဲ့ အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်တွေကို SCEF ထဲ ယူဆောင်လာမှာဖြစ်ပြီးတော့ အဲဒါက SCEF ရဲ့ တရားဝင်မှုနဲ့ အပြောင်းအလဲဖော်ဆောင်နိုင်စွမ်း နှစ်ခုလုံးကို ပိုပြီးအားကောင်းလာစေမှာပါ။


▪️နိဂုံး

သေချာတာတခုကတော့ အမျိုးသမီးမဏ္ဍိုင်ဟာ SCEF ရဲ့ အခြေခံအစိတ်အပိုင်းတခု ဖြစ်သလို ဒီမဏ္ဍိုင်ကို အားပျော့သွားအောင်လုပ်တာ၊ ဟန်ပြသဘောမျိုး ဆက်ဆံတာ၊ တည်ဆောက်ပုံအရ ဘေးဖယ်ထားတာမျိုးတွေ လုပ်လို့မရပါဘူး။ အထူးသဖြင့် အမျိုးသမီးမဏ္ဍိုင်ကို SCEF ထဲက အခြားမဏ္ဍိုင်နှစ်ရပ်နဲ့ အဆင့်အတန်း တန်းတူညီမျှမှုရှိတယ်လို့ အသိအမှတ်ပြုရပါမယ်။ ဒီမဏ္ဍိုင်ရဲ့ ကိုယ်စားပြုမှုဟာ ခိုင်မာအားကောင်းရမယ့်အပြင် ဆုံးဖြတ်ချက်တွေအပေါ်မှာပါ လွှမ်းမိုးနိုင်စွမ်း ရှိရပါမယ်။ အမျိုးသမီးမဏ္ဍိုင်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ ဖွဲ့စည်းပုံနဲ့ အတွင်းရေးလုပ်ငန်းစဉ်တွေကို အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆုံးဖြတ်ထားတဲ့အတိုင်း အတိအကျ လေးစားလိုက်နာရပါမယ်။

ဒီမူဝါဒတွေကနေ သွေဖည်သွားခဲ့မယ်ဆိုရင် စုပေါင်းခေါင်းဆောင်မှုအပေါ် ထားရှိတဲ့ SCEF ရဲ့ အခြေခံကတိကဝတ်ကို ထိခိုက်စေမှာဖြစ်သလို နောက်ဆုံးမှာ ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးရဲ့ တရားဝင်မှုနဲ့ အပြောင်းအလဲဖော်ဆောင်ရေး ရည်ရွယ်ချက်ကိုပါ ထိခိုက်စေနိုင်ပါတယ်။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles