News Featuring Min Zin

19 Jun 2026
The Irrawaddy

မြန်မာအရေးတွင် တရုတ် ပိုပြီး ဇက်ရဲလက်ရဲဖြစ်လာနေသည် (ရုပ်/သံ)

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး‌နောက်ပိုင်း ၂၀၂၃/၂၀၂၄ မှစ၍ တရုတ်အစိုးရသည် မြန်မာနိုင်ငံရေးတွင် ပို၍ ဇက်ရဲလက်ရဲ ပါဝင်လာသည်။ တရုတ်တို့၏ အကျိုးစီးပွားပေါ် အခြေခံသည့် မူဝါဒ၊ ပေါ်လစီနှင့် မကိုက်ညီသူများကို ဖယ်ရှားအရေးယူမှုများ၊ ဖမ်းဆီးခြိမ်းခြောက်မှုများကို ပြုလုပ်လာပြီး မြန်မာ့နိုင်ငံရေးကို တရုတ်တို့ လိုသလို ပုံဖော်ရန် ကြိုးစားလာသည်ကို တွေ့နေရ၏။

19 Jun 2026
DVB TV News

ဦးမင်းဇင်ကို တရုတ်က ဖမ်းဆီးထားမှု ပညာရပ်ဆိုင်ရာ လွတ်လပ်ခွင့်အတွက် စိုးရိမ်

သူ့ရဲ့ ဒီတရုတ်နိုင်ငံရေးရာကိစ္စတွေကို အဲ့လိုသုတေသနပြုပြီးတော့ သူ့ရဲ့တွေ့ရှိချက်၊ ထင်မြင်ယူဆ ချက်တွေကို ပြောနေဆိုနေတာတွေက သူလျှိုလုပ်ငန်းအဖြစ် အကြောင်းပြချက် ယူလို့ရတယ်ဆိုတဲ့ ဟာက ဒီပညာရပ်ဆိုင်ရာ လွတ်လပ်ခွင့်အပေါ်မှာ စိန်ခေါ်မှုတွေ အများကြီး ဖြစ်လာနိုင်တယ်။ အထူးသဖြင့် ဒေသတွင်းမှာ တရုတ်ရဲ့ ပါဝင်ပတ်သက်မှုတွေ၊ ပြီးရင် ပထဝီနိုင်ငံရေးမှာ ပြောင်းလဲ တိုးတက်မှုတွေ ရှိနေပြီးတော့ ဒီတရုတ်ရဲ့ အခန်းကဏ္ဍ ပိုပြီးတော့ ကျယ်ပြန့်လာတဲ့ဟာတွေကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာဖို့အတွက် ကျနော်တို့ အတားအဆီး ဖြစ်သွားနိုင်တယ်ပေါ့နော်။ Intellectual platform တခုမှာ ပါဝင်ရုံနဲ့ သူလျှိုခေါင်းစဉ် တပ်ခံရတယ်ဆိုတဲ့ ဟာက အင်မတန် စိုးရိမ်စရာ ရှိတယ်လို့ ပြောလို့ရတယ်။

19 Jun 2026
DVB TV News

ဦးမင်းဇင်ကို တရုတ်က ဖမ်းဆီးထားမှု ပညာရပ်ဆိုင်ရာ လွတ်လပ်ခွင့်အတွက် စိုးရိမ်

အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ကို တရုတ်နိုင်ငံက မှားယွင်းဖမ်းဆီးခံရတဲ့အပေါ် အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ISP-Myanmar ဘက်က တရုတ်အာဏာပိုင်တွေကို တောင်းဆိုထားသလို လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ပညာရှင်တချို့ကလည်း တရုတ်ရဲ့ အခုလုပ်ရပ်အပေါ် စိုးရိမ်ကြောင်း ထုတ်ပြောပါတယ်။

17 Jun 2026
Border News Agency

ဦးမင်းဇင်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ISP တောင်းဆို

ဦးမင်းဇင်ကိုတရုတ်အာဏာပိုင်တွေ ဖမ်းဆီးထားတဲ့အပေါ် အမြန်ဆုံးပြန်လွှတ်ပေးဖို့ISP-Myanmar က ဇွန်လ ၁၇ ရက်၊ဒီနေ့မှာ တောင်းဆိုလိုက်ပါတယ်။

17 Jun 2026
MNO

ဦးမင်းဇင်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တရုတ်အစိုးရကို ISP-Myanmar က ထုတ်ပြန်တောင်းဆို

ISP-Myanmar အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တရုတ်အစိုးရကို ISP-
Myanmar က ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

17 Jun 2026
Mizzima - News in Burmese

မြန်မာစစ်အုပ်စုက သုတေသီ အာဒမ် ကက်စတီလိုကို ထိန်းသိမ်းခြင်းနှင့် တရုတ်အာဏာပိုင်များက မြန်မာ့အရေး လေ့လာဆန်းစစ်သူ ဦးမင်းဇင်ကို ထိန်းသိမ်းခြင်းတို့သည် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ သုတေသီများနှင့် လေ့လာဆန်းစစ်သူများကို ပစ်မှတ်ထားရန်အတွက် တရားလက်လွတ် ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် ကျယ်ပြန့်စွာ အဓိပ္ပာယ်ဖွင့်ဆိုထားသော လုံခြုံရေးဆိုင်ရာ ဥပဒေများကို အသုံးချနေခြင်းဖြစ်သဖြင့် စိုးရိမ်ပူပန်မှုများ ကြီးထွားစေကြောင်းလည်း Fortify Rights က ထုတ်ပြန်ချက်၌ ဆိုသည်။

မြန်မာစစ်အုပ်စုက သုတေသီ အာဒမ် ကက်စတီလိုကို ထိန်းသိမ်းခြင်းနှင့် တရုတ်အာဏာပိုင်များက မြန်မာ့အရေး လေ့လာဆန်းစစ်သူ ဦးမင်းဇင်ကို ထိန်းသိမ်းခြင်းတို့သည် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ သုတေသီများနှင့် လေ့လာဆန်းစစ်သူများကို ပစ်မှတ်ထားရန်အတွက် တရားလက်လွတ် ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် ကျယ်ပြန့်စွာ အဓိပ္ပာယ်ဖွင့်ဆိုထားသော လုံခြုံရေးဆိုင်ရာ ဥပဒေများကို အသုံးချနေခြင်းဖြစ်သဖြင့် စိုးရိမ်ပူပန်မှုများ ကြီးထွားစေကြောင်းလည်း Fortify Rights က ထုတ်ပြန်ချက်၌ ဆိုသည်။
“သုတေသီတွေနဲ့ လေ့လာဆန်းစစ်သူတွေကို ဖမ်းဆီးထိန်းသိမ်းတာဟာ လူတဦးတယောက်ကို ဖမ်းဆီးတာမျိုးထက် ကျော်လွန်တဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်စေပါတယ်” ဟု Fortify Rights အဖွဲ့၏ အကြီးတန်း ညွှန်ကြားရေးမှူး ဘန်နီဒက် ရော်ဂျာက ပြောသည်။
♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

17 Jun 2026
Kawao Newsgroup

ဦးမင်းဇင်ကို မှားယွင်းစွာဖမ်းဆီးထားဟုဆိုကာ ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန် ISP-Myanmar တောင်းဆို

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ၏ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ကို တရုတ်အစိုးရအာဏာပိုင်များက မှားယွင်းစွာ ဖမ်းဆီးထားခြင်း (wrongful detention) အပေါ် အလွန်အမင်း စိုးရိမ်ပူပန်ကြောင်းနှင့် ၎င်းကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် ISP-Myanmar က ယနေ့တွင် ထုတ်ပြန်တောင်းဆိုလိုက်သည်။

17 Jun 2026
Burma VJ

တရုတ်စွပ်စွဲချက်ကို ISP-မြန်မာငြင်း၊ ဦးမင်းဇင်ကိုပြန်လွှတ်ပေးဖို့ တောင်းဆို

မြန်မာ့မဟာဗျူဟာနှင့်မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar)ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ကို တရုတ်အစိုးရအာဏာပိုင်တွေက မှားယွင်းဖမ်းဆီး(wrongful detention)ထားတာကြောင့် ပြန်လွှတ်ပေးဖို့ဆိုပြီး သူဦးဆောင်နေတဲ့အဖွဲ့က ဒီနေ့ ဇွန် ၁၇ရက်မှာထုတ်ပြန်ချက်ထုတ်တောင်းဆိုလာပါတယ်။

17 Jun 2026
Burma Independent Voice

တရုတ်အာဏာပိုင်တွေက ISP-Myanmar အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ကို မှားယွင်းစွာဖမ်းဆီးထားမှုအပေါ် ချက်ချင်းလွှတ်ပေးရန် တောင်းဆို

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ကို တရုတ်အစိုးရအာဏာပိုင်တွေက မှားယွင်းစွာ ဖမ်းဆီးထိန်းသိမ်းထားခြင်း အပေါ် အလွန်အမင်း စိုးရိမ်ပူပန်မိပြီး ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ISP-Myanmar က ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

17 Jun 2026
Connect Burma

ဦးမင်းဇင်ကို တရုတ်အစိုးရက မှားယွင်းဖမ်းဆီးထားမှုအပေါ်စိုးရိမ်ကြောင်း ISP-Myanmar ထုတ်ပြန်၊ အခြေအမြစ်မရှိသော စွပ်စွဲချက်တွေရှုတ်ချတယ်လို့ ပြော

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ၏ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ကို တရုတ်အစိုးရအာဏာပိုင်တွေက မှားယွင်းဖမ်းဆီးထားမှုအပေါ်စိုးရိမ်ကြောင်း ISP-Myanmar ထုတ်ပြန် က ဇွန်လ ၁၇ ရက်နေ့မှာထုတ်ပြန်ပါတယ်။

1 2 3 4 5 14