ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

စစ်ခေါင်းဆောင် မဖွင့်ရဲသော တံခါးတချပ်

ရွေးကောက်ပွဲသာ ဖြစ်မြောက်ခဲ့ရင် ချုပ်ကိုင်ထားတဲ့ အာဏာတွေကို ပြန်ခွဲပေးရမှာဖြစ်ပြီး ဒီအခါ ‘အာဏာစင်ပြိုင်’တွေ ပေါ်လာမှာဖြစ်တာကြောင့် ရွေးကောက်ပွဲကနေ အကျိုးအမြတ်အနည်းဆုံးရမှာက သူဖြစ်နေလို့ပါပဲ။

ဖေဖော်ဝါရီ ၁ ရက်ကို အာဏာသိမ်းနှစ်ပတ်လည်နေ့အဖြစ် မြန်မာပြည်သူတွေ မှတ်မိနေကြပေမဲ့ နောက်ထပ်အရေးကြီးတဲ့ ရက်စွဲတခုလည်းဖြစ်နေပြန်ပါတယ်။ အဲဒီနေ့ဟာ လွှတ်တော်တွေရဲ့ တတိယသက်တမ်းကို စတင်မယ့်နေ့ ဖြစ်ပါတယ်။ 

လွှတ်တော်ကနေ အစိုးရအဖွဲ့ကို တင်မြှောက်မယ့် အစီအစဉ်တွေကို အဖြစ်မခံတော့ဘဲ မြန်မာပြည်သူသန်းချီရဲ့ ဆန္ဒမဲတွေကို မျက်ကွယ်ပြုပြီး စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။ လွှတ်တော်ဆိုတာ အာဏာအထိန်းအထေရဲ့ ရေသောက်မြစ်တွေဖြစ်ပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေအပါအဝင် အခြေခံဥပဒေဆိုင်ရာခုံရုံး၊ ရွေးကောက်ပွဲကော်မရှင်၊ လူ့အခွင့်အရေးကော်မရှင်နဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တွေလို သီးခြားလွတ်လပ်တဲ့ အင်စတီကျူးရှင်းအသီးသီးကို ဖွဲ့စည်းအတည်ပြုပေးရာ နေရာဖြစ်ပါတယ်။

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

လွှတ်တော်ခေါ်ပြီး အစိုးရသစ်တရပ် တင်မြှောက်နိုင်ခဲ့ရင် အရပ်ဘက်က နိုင်ငံရေးသမားတွေဟာ ပြည်ထောင်စုအင်္ဂါစဉ်မှာ ဗိုလ်ချုပ်ကြီးတွေရဲ့ရှေ့ကနေ နေရာယူနိုင်ကြမှာဖြစ်ပါတယ်။

အာဏာသုံးရပ်လုံးကို ကိုင်စွဲပြီး တကိုယ်တော်ရှိုးလုပ်နေတဲ့ စစ်ခေါင်းဆောင်အနေနဲ့ လွှတ်တော်အစီအစဉ်တွေကို မနှစ်သက်နိုင်ဘူးဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ စစ်ခေါင်းဆောင်ဟာ အာဏာသိမ်းပြီး လေးနှစ်အတွင်း နိုင်ငံတဝန်းကို ခရီးစဉ်တွေထွက်ခဲ့ပေမဲ့ နေပြည်တော်က လွှတ်တော်တွေနဲ့တော့ တခါမှ ယှဉ်တွဲမြင်ခဲ့ရတာ မရှိပါဘူး။ လွှတ်တော်နဲ့ ခြံစည်းရိုးပဲခြားတဲ့ သမ္မတအိမ်တော်ကို အကြိမ်ပေါင်းများစွာ ရုံးသွားတက်တဲ့ ဗိုလ်ချုပ်မှူးကြီးဟာ လွှတ်တော်ဘက်ကို ခြေဦးမလှည့်ခဲ့ပါဘူး။ လှည့်ရမယ့် ခေါင်းစဉ်လည်း မရှိပါဘူး။ အာဏာသိမ်းပြီးချိန် အရေးပေါ်ကာလတနှစ်ပြည့်တဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်မှာ နောက်ထပ်ခြောက်လအတွင်း ရွေးကောက်ပွဲလုပ်ပေးမယ်လို့ ကြေညာနိုင်တဲ့အခွင့်အရေးကို ရခဲ့ပေမဲ့လည်း မျက်ကွယ်ပြုခဲ့ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်တွေနဲ့ ပြည်သူတွေကိုကိုယ်စားပြုတဲ့ လွှတ်တော်တွေဆိုတာ ဘုန်းကြီးနဲ့ ဘီးလို မသက်ဆိုင်တဲ့ အရာတွေမဟုတ်ပါလား။ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ၁၉၆၂ ခုနှစ် အာဏာသိမ်းမှုကြောင့် လွှတ်တော်တံခါးတွေ ပိတ်သွားခဲ့ရတာ ဆယ်စုနှစ် ငါးခုနီးပါး ကြာခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်မှာတော့ ‘မြန်မာ့နိုင်ငံရေး ၂၀၀၈ မော်ဒယ်’ ကို ပုံဖော်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ လွှတ်တော်တွေ ပြန်ပေါ်လာခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းဓလေ့နဲ့ ယဉ်ပါးနေတဲ့နိုင်ငံမှာ အာဏာအထိန်းအထေနဲ့ပတ်သက်ပြီး ဓာတ်မတည့်မှုကို ဦးသိန်းစိန်အစိုးရနဲ့ သူရဦးရွှေမန်းလွှတ်တော်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်‌တော်နဲ့ စစ်တပ်တို့အကြား အကွဲအပြဲတွေမှာ မြင်ခဲ့ရပြီးဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရခဲ့ပေမဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တတိယအကြိမ်လွှတ်တော်ရဲ့ တံခါးတွေကို ဖွင့်ခွင့်မပေးခဲ့ပါဘူး။

‘ပြည်သူတွေရဲ့ အသံ’ လို့ တင်စားကြတဲ့ လွှတ်တော်တံခါးတွေကို ပိတ်လိုက်တာဟာ အကျိုးဆက်အဖြစ် အထွေထွေအကျပ်အတည်းကြီးထဲကို မြန်မာပြည်သူသန်းပေါင်းများစွာ ဆိုက်ရောက်ခဲ့ရတာပဲဖြစ်ပါတယ်။ နောက်ပြီး အထိအခိုက်အရှအနာများတဲ့ လက်နက်ကိုင်တော်လှန်ရေးဆီ သွားတဲ့လမ်းကို ဖွင့်ပေးလိုက်သလို ဖြစ်စေခဲ့ပါတယ်။

အခု ၂၀၂၅ ခုနှစ်ထဲမှာ ရွေးကောက်ပွဲလုပ်မယ်လို့ စစ်ခေါင်းဆောင်က လေသံပစ်ထားပါတယ်။ အတိုက်အခံတွေကတော့ အပြင်းအထန်ကန့်ကွက်နေကြပါတယ်။ ဒါပေမဲ့ စစ်ခေါင်းဆောင်ကိုယ်တိုင်ကရော ရွေးကောက်ပွဲလုပ်ပေးဖို့ အားတက်သရော ရှိပါ့မလားဆိုတာကတော့ သံသယဖြစ်စရာပါ။ 

ရွေးကောက်ပွဲသာ ဖြစ်မြောက်ခဲ့ရင် ချုပ်ကိုင်ထားတဲ့ အာဏာတွေကို ပြန်ခွဲပေးရမှာဖြစ်ပြီး ဒီအခါ ‘အာဏာစင်ပြိုင်’တွေ ပေါ်လာမှာဖြစ်တာကြောင့် ရွေးကောက်ပွဲကနေ အကျိုးအမြတ်အနည်းဆုံးရမှာက သူဖြစ်နေလို့ပါပဲ။

ယာယီသမ္မတ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် စတဲ့ လုပ်ပိုင်ခွင့်တွေကို တယောက်တည်းချုပ်ကိုင်ထားရာကနေ လက်လွှတ်လိုက်ရတော့မှာဖြစ်လို့ပါပဲ။ လက်ရှိ သူလုပ်ခွင့်ရနေတဲ့ တကိုယ်တော် ထင်တိုင်းကြဲနေခွင့်တွေ ဆုံးရှုံးသွားနိုင်ပါတယ်။ ဒီအချက်ကို အရပ်သားတပိုင်းအစိုးရလို့ တင်စားလေ့ရှိတဲ့ ဦးသိန်းစိန်အစိုးရကာလကို လှမ်းပြီးပြန်ကြည့်ရင်ပဲ မြင်နိုင်ပါတယ်။

အာဏာရှင်ဗိုလ်ချုပ်မှူးကြီးအတွက် ရွေးကောက်ပွဲဟာ နိုင်ငံရေးထွက်ပေါက်လို့ဆိုစေဦးတော့  လွှတ်တော်တံခါးတွေကို အမှန်တကယ်ပဲ သူဖွင့်ချင်ပါရဲ့လား။ ဖွင့်ရဲပါ့မလား။ 

Bottom banner text comes here

စာမူပေးပို့ရန်


0 Responses

  1. The discussions made here weakly represent the title or main narrative of the article, leaving little food for thoughts for the readers. I feel that either main points or supporting information that convince readers to believe main propositions of the article are left out in this write-up. Anyhow, thank you writer, and the whole team for publishing this piece.

  2. စကစ ခပ်စိတ်စိတ်ပြောလာတဲ့ လေသံရယ်၊ လှုပ်ရှားမှု အရွေ့တွေရယ်ကို ကြည့်ရင် ၂၀၂၅ အတွင်းမှာ ရွေးကောက်ပွဲ ရှိကိုရှိပါလိမ့်မယ်။

  3. အတွေးအမြင်ဆောင်းပါးကဏ္ဍကိုကြိုဆိုပါတယ်။
    စာရေးသူအတွေးကို ပြန်ဆွေးနွေးရရင် ” မအလ က ကြိုးစင်မှာ ကြိုးကွင်းစွပ်ခံရမှာထက် အသက်ရှင်ရပ်တည်နိုင်ရေးကို ဦးစားပေးလုပ်မယ်လို့ ယုံကြည်ပါတယ်”

  4. ရွေးကောက်ပွဲက နိုင်ငံရေးရဲ့
    အဖြေမဟုတ်ပါဘူးလို့ ထင်တယ်

Leave a Reply

Your email address will not be published. Required fields are marked *