ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
Essay

အခြေခံအကျဆုံး လူမှုပြုပြင်ရေးတရား 

ကောင်းတဲ့ လူ့အဖွဲ့အစည်းဘက်ကို ပြောင်းလဲချင်တယ်ဆိုရင်တော့...မကောင်းတဲ့ မနာလိုစိတ်၊ အမုန်းတရားကို အခြေခံတဲ့ စိတ်တွေကနေ အသိဉာဏ်ပညာနဲ့ ဗြဟ္မစိုရ်တရားကို ဦးတည်တဲ့ ဆက်ဆံတဲ့နည်းစနစ်တွေကို မိမိကိုယ်တိုင်ကစပြီး တခြားသူတွေနဲ့ ကြားကဆက်ဆံရေးတွေမှာ စတင်လေ့ကျင့်သွားဖို့ လိုပါလိမ့်မယ်။

ကျနော်တို့အနေနဲ့ လူ့အဖွဲ့အစည်းကိုပြောင်းလဲဖို့ ကြိုးစားကြတဲ့အခါ များသောအားဖြင့် ကြီးမားကျယ်ပြန့်တဲ့ လူ့အဖွဲ့အစည်းကိုပဲ ပြေးမြင်တတ်ကြတယ်။ ဒါပေမဲ့ လူတဦးတယောက်အနေနဲ့ လူ့အဖွဲ့အစည်းအကြီးကြီးကို ပြောင်းလဲပစ်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါကြောင့်မလို့ လူတော်တော်များများဟာ လူ့အဖွဲ့အစည်းအတွက် တယောက်ချင်းစီမှာ တာဝန်ကြီးရှိပါလျက် လူ့အဖွဲ့အစည်းကြီးကောင်းဖို့အတွက် ငါတယောက်တည်း လုပ်လို့မှမရနိုင်တာပဲလေဆိုတဲ့ စိတ်နဲ့ပဲ နောက်ဆုံးမှာ တာဝန်ကင်းကင်းစိတ်ထားပြီး နေသာသလို နေလိုက်ကြတာများပါတယ်။ 

ဒါပေမဲ့ မလွယ်ကူဘူးဆိုပြီး မလုပ်ဘဲနေတာထက် ဘယ်လိုနည်းလမ်းနဲ့ လူ့အဖွဲ့အစည်းကို အကောင်းဘက် ဦးတည်နိုင်ဖို့ ကိုယ်တိုင်ပါဝင်ကြိုးစားနိုင်တယ်ဆိုတာကို အခြေခံအကျဆုံးရှုထောင့်ကနေစဉ်းစားပြီး ကြိုးစားနေမယ်ဆိုရင် ဘာမှမလုပ်ဘဲနေတာထက်တော့ အကျိုးရှိမယ်လို့ထင်ပါတယ်။ 

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

ဒါနဲ့ပတ်သက်ပြီး အရင်တုန်းက အိန္ဒိယရဲ့ ဘာသာရေးနဲ့ ဒဿနိကနယ်ပယ်မှာ စဉ်းစားခဲ့တဲ့ စဉ်းစားမှုပုံစံတမျိုးအကြောင်းကို သွားပြီးတော့မှ သတိရမိပါတယ်။ အဓိကအားဖြင့် စကြဝဠာရဲ့အမှန်တရား၊ လောကသဘာဝရဲ့အမှန်တရားကြီးကို ဒီဒဿနဆရာတွေ၊ ဘာသာရေးဆရာတွေက ရှာဖွေခဲ့ကြပါတယ်။ ဒီလိုရှာဖွေတဲ့အခါမှာ စကြဝဠာဆိုတာ အနန္တဖြစ်တဲ့အတွက် စကြဝဠာလုံးဆိုင်ရာ အမှန်တရားတခုကို တွေ့ရှိဖို့၊ စကြဝဠာကြီးကို အသေးစိတ်လေ့လာနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီတော့ စကြဝဠာရဲ့ အသေးစားပုံစံတခုလို့ သူတို့သတ်မှတ်တဲ့ ကိုယ်ကိုယ်တိုင်ကနေပြီးတော့ပဲ အမှန်တရားကိုသိဖို့အတွက် စတင်လေ့လာကြပါတယ်။ ဆိုလိုတာက ကျနော်တို့ အရမ်းကြီးမားတဲ့ ကိစ္စတွေကို သိမြင်ဖို့အတွက်၊ နားလည်ဖို့အတွက်၊ ဒါမှမဟုတ်ရင် ရင်ဆိုင်ဖို့အတွက် ကြိုးစားရာမှာ အရမ်းကြီးမားတဲ့ပုံစံကြီးတခုကို လေ့လာဖို့မဖြစ်နိုင်တဲ့အခါ အဲဒီပုံစံကြီးရဲ့ ပုံစံငယ်တခုကို လေ့လာတာမျိုးပါ။ ဒါမျိုးကို microcosm လို့ ခေါ်ပါတယ်။ ဒါကပိုလို့ လက်တွေ့ကျပါတယ်။ 

ဒီလိုနည်းနဲ့ပဲ ကိုယ့်ကိုယ်ကိုယ်လေ့လာရာကနေ တရားထိုင်တယ်ဆိုတဲ့ နည်းစနစ်တွေ ဖွံ့ဖြိုးတိုးတက်လာပြီး အိန္ဒိယဒဿနတွေ၊ ဘာသာရေးတွေဟာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပါတယ်။ ဒီချဉ်းကပ်ပုံကနေ နမူနာယူပြီး ကျနော်တို့ လူမှုပြုပြင်ရေးကိစ္စတွေကိုလည်း အခြေခံအကျဆုံးပုံစံနဲ့ ချဉ်းကပ်နိုင်ပါတယ်။ ဆိုလိုတာက ကျနော်တို့အနေနဲ့ အင်မတန်ကြီးမားတဲ့ လူအဖွဲ့စည်းကြီးတခုလုံးကို ချက်ချင်းပြောင်းလဲဖြစ်ဖို့ဆိုတာထက် ပိုလို့လက်တွေ့ကျတဲ့၊ ဖြစ်နိုင်ခြေရှိတဲ့ ဒီလူ့အဖွဲ့အစည်းရဲ့အသေးစားပုံစံတွေကနေ စတင်ဖို့ပါ။ 

ဒီတော့ လူ့အဖွဲ့အစည်းရဲ့ အသေးစားပုံစံဆိုတာ ဘာဖြစ်မလဲဆိုတဲ့ မေးခွန်းပေါ်ပေါက်လာပါတယ်။ အဖြေက ရှင်းပါတယ်။ လူ့အဖွဲ့အစည်းရဲ့အသေးဆုံးပုံစံဆိုတာ လူတယောက်ချင်းစီအကြားက ဆက်ဆံရေးပါပဲ။ ဒါနဲ့ပတ်သက်ပြီး အိန္ဒိယဒဿနဆရာတဦးဖြစ်တဲ့ ခရစ်ရှနာမုရ်တိရဲ့စကားကို ပြန်လည်သတိရမိပါတယ်။ သူပြောတာက “လူ့အဖွဲ့အစည်းဆိုတာ တခြားအရာမဟုတ်ဘဲ ခင်ဗျားနဲ့ ကျနော်ရဲ့အကြားက ဆက်ဆံရေးတခုသာဖြစ်ပြီး ဒီဆက်ဆံရေးပြောင်းလိုက်တာနဲ့ လူ့အဖွဲ့အစည်းက စပြောင်းတယ်” ဆိုတာပါ။ 

စဉ်းစားကြည့်ရင် တကယ်လက်တွေ့ကျပြီး ယထာဘူတကျတဲ့ အတွေးအခေါ်တခုဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် လူ့အဖွဲ့အစည်းကို ပြောင်းလဲချင်တယ်ဆိုရင် ကျနော်တို့နဲ့ ကျနော်တို့မဟုတ်တဲ့ တခြားသူတွေနဲ့ အကြားက ဆက်ဆံရေးကို ပြောင်းလဲလိုက်ရုံပါပဲ။ အကောင်းဘက်ကို ဦးတည်ချင်တယ်ဆိုရင်တော့ ကောင်းသောဆက်ဆံရေးပြောင်းလဲမှုမျိုးတွေ လိုအပ်ပါတယ်။ 

ကောင်းတဲ့ လူ့အဖွဲ့အစည်းဘက်ကို ပြောင်းလဲချင်တယ်ဆိုရင်တော့ ကျနော်တို့ရဲ့ဟောင်းနွမ်းနေတဲ့ ဆက်ဆံရေးတွေဖြစ်တဲ့ မကောင်းတဲ့ မနာလိုစိတ်၊ အမုန်းတရားကို အခြေခံတဲ့ စိတ်တွေကနေ အသိဉာဏ်ပညာနဲ့ ဗြဟ္မစိုရ်တရားကို ဦးတည်တဲ့ ဆက်ဆံတဲ့နည်းစနစ်တွေကို မိမိကိုယ်တိုင်ကစပြီး တခြားသူတွေနဲ့ ကြားကဆက်ဆံရေးတွေမှာ စတင်လေ့ကျင့်သွားဖို့ လိုပါလိမ့်မယ်။ ဒီလိုဆိုရင် တနေ့မှာ လူ့အဖွဲ့အစည်းလည်း အကောင်းဘက်ကို ဦးတည်သွားဖို့ အလားအလာရှိပါတယ်။ ဒီလိုမှမဟုတ်ဘဲနဲ့ ကျယ်ပြန့်တဲ့လူ့အဖွဲ့အစည်းကြီးတခုလုံးကို ကိုယ်တယောက်တည်း ကိုယ်လိုချင်တဲ့အတိုင်း ပြောင်းလဲပစ်ဖို့ ကြိုးစားတာဟာ အတ္တကြီးရာကျသလို လက်တွေ့မှာလည်း ဖြစ်နိုင်ဖို ခဲယဉ်းပါတယ်။ ဒီတော့ လူ့အဖွဲ့အစည်းကောင်းမွန်ဖို့အတွက် ကိုယ်လိုချင်တဲ့အတိုင်း ပုံသွင်းတာထက် ကိုယ်ကိုယ်တိုင် လူ့အဖွဲ့အစည်းအတွက် ကောင်းအောင်နေပြီးတော့ မိမိကိုယ်တိုင်ကစတင်တာဟာ ပရဟိတလည်းဖြစ်ပြီး အခြေခံလည်းပိုကျပါတယ်။ 

ဒါကြောင့် ကျနော်တို့တွေ ပိုမိုကောင်းမွန်တဲ့လူ့အဖွဲ့အစည်းဆီကို ချီတက်တဲ့အခါမှာ ပိုပြီးလက်တွေ့ကျတဲ့ နည်းလမ်းဖြစ်တဲ့ ကိုယ်ကိုယ်တိုင်ကနေ စတင်ပြောင်းလဲကြည့်မယ်ဆိုရင် တနေ့မှာ ဒီလူ့အဖွဲ့အစည်းဟာ အကောင်းဘက်ကိုဦးတည်သွားဖို့ဆိုတာ မြေကြီးလက်ခတ်မလွဲပါဘူး။ ဒါပေမဲ့ ဒီလိုကြိုးစားချင်တဲ့စိတ်မျိုးဟာ လူတိုင်းမှာရှိဖို့တော့ လိုအပ်ပါတယ်။ ဒါကြောင့် ဒီအချက်ကို လူ့အဖွဲ့အစည်းအကောင်းဘက်ကိုဦးတည်နိုင်ဖို့ ကြိုးစားတဲ့အခါမှာ အခြေခံအကျဆုံး လူမှုပြုပြင်ရေးတရားလို့ သတ်မှတ်မယ်ဆိုရင် ရတန်ကောင်းပါတယ်။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles