ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

ခဏနားပါ၊ ဆန်းစစ်ပါ၊ ပြီးမှ ဆက်တော်လှန်ပါ၊ ရှင်သန်ပါ

နိုင်ငံရေးစကားဝိုင်းတွေမဆိုထားနဲ့ လူမှုဆက်ဆံရေးတွေ၊ စကားဝိုင်းနဲ့ ဆွေးနွေးပွဲတွေ၊ ပဋိပက္ခဖြေရှင်းတာတွေမှာလည်း သည်းခံမှုတွေ လျော့နည်းလာကြတာ၊ နားလည်ပေးနိုင်မှု နည်းပါးလာကြတာ၊ စိတ်တိုလွယ်၊ စိတ်ဆတ်လွယ်လာကြတာ စတဲ့ စိတ်ပိုင်းဆိုင်ရာဖိအားတွေ များပြားလာတာရဲ့ နောက်ဆက်တွဲအခြေအနေတွေ ခံစားနေကြရတာကို ပေါပေါများများ တွေ့မြင်လာရပါတယ်။

အခုတလောမှာ မြင်ကြားတွေ့ကြုံလာရတဲ့ အခြေအနေတွေနဲ့ ပြဿနာတွေကို လေ့လာဆန်းစစ် ကြည့်မိတဲ့အခါ စိတ်ပိုင်းဆိုင်ရာပင်ပန်းလာမှုနဲ့ ခြေကုန်လက်ပန်းကျမှုတွေကို အမှတ်မထင်ဘဲ နေရာတော်တော်များများမှာ တွေ့ရှိသတိထားမိလာရပါတယ်။ နီးစပ်တာရော၊ မနီးစပ်တာရော နိစ္စဓူဝတွေ့မြင်နေရတဲ့ လူအများမှာ အခုလိုပြဿနာတွေကို ကြုံတွေ့ရမှုများပြားလာတာက ဒီစာရေးဖို့ တွန်းအားဖြစ်စေခဲ့တာ ဖြစ်ပါတယ်။

လူမှာ ရုပ်နဲ့ နာမ်ဆိုပြီး နှစ်ပိုင်းရှိတာမှာ ကျနော်တို့ အများစုဟာ ရုပ်ပိုင်းဆိုင်ရာ နေမကောင်းဖြစ်မှုကို အလွယ်တကူ ဖွင့်ဟဖို့နဲ့ ကုသမှုခံယူဖို့ကို မရှက်ရွံ့ကြ၊ မတုံ့ဆိုင်းကြဘဲ ဆရာဝန် ဒါမှမဟုတ် ကျန်းမာရေးဝန်ထမ်းတွေကို ပြသတိုင်ပင်တာမျိုး၊ အနည်းဆုံးကိုယ့်အချင်းချင်း “ငါတော့ နှာစေးနေတယ်၊ ချောင်းဆိုးနေတယ်၊ တုပ်ကွေးမိနေပြီထင်တယ်၊ ဘာဆေးသောက်ရမလဲ လုပ်ပါအုံး” စသည်ဖြင့် တိုင်ပင်ပြောဆိုပြီး ကျန်းကျန်းမာမာ ပြန်ဖြစ်ဖို့ ကြိုးစားအားထုတ်လေ့ ရှိကြတာကို တွေ့ရပါတယ်။​ ဒါပေမဲ့ ရုပ်နဲ့ နာမ် နှစ်ပါးရှိတဲ့ ခန္ဓာကိုယ်မှာ နာမ်နဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ဖို့ကိုတော့ အမြဲမေ့လျော့နေလေ့ ဒါမှမဟုတ် မေ့ထားလေ့ရှိပါတယ်။ ဘာလို့ ဒီလိုဖြစ်ရလဲဆိုတာကို လေ့လာဆန်းစစ်ကြည့်တဲ့အခါ

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

(၁) တော်လှန်ရေးကာလ လူတိုင်းဒီလိုကြုံနေရတာ၊ ငါလည်း သန်မာအောင်နေမှရမယ်၊​ ပျော့ညံ့နေလို့ မရဘူး စသည်ဖြင့် ကိစ္စတိုင်းကို တူညီစွာသတ်မှတ်ပြီး အားတင်းထားကြတာ၊

(၂) မိမိကို စိတ်ကျန်းမာရေးထိခိုက်နေသူ၊ အထူးသဖြင့် အရပ်အခေါ် ရူးနေသူတဦးအဖြစ် ပတ်ဝန်းကျင်က လွယ်လွယ်သတ်မှတ်ယူဆကြရင် မိမိရဲ့ ရှေ့ရေးနဲ့ အလုပ်အကိုင်မှာ အခက်အခဲ၊ အတားအဆီး ဖြစ်လာမှာကို စိုးရိမ်ပူပန်ကြောင့်ကြနေတာ၊

(၃) တဖြည်းဖြည်းအဆင်ပြေလာမှာပဲလို့ မျှော်လင့်ပြီး မိမိစိတ်ကို မိမိ သတိထားမိလျက်နဲ့ပဲ လျစ်လျူရှုထားလိုက်တာ၊

(၄) စိတ်ကျန်းမာရေး ပြဿနာတွေရဲ့ အရေးကြီးပုံကို သိရှိပြီး လျစ်လျူရှုမထားသင့်မှန်းသိလျက်နဲ့ပဲ ကုသရတဲ့အခါ အချိန်ကြာကြာပေးပြီး ကုသမှုခံယူရမှာကို အချိန်မပေးနိုင်လို့ မကုသတော့ဘဲ အလုပ်မှာပဲ​ စိတ်နှစ်ထားလိုက်ကြတာနဲ့

(၅) လက်ရှိနိုင်ငံရဲ့ အနေအထားတွေနဲ့ နဂိုကတည်းက ချွတ်ယွင်းနေတဲ့ ကျန်းမာရေးစနစ်ထဲမှာ ကျန်းမာရေးဆိုင်ရာဗဟုသုတတွေကို ပြည်သူအများက လက်လှမ်းမမီတာ၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး ဗဟုသုတအားနည်းတာ စတဲ့ အကြောင်းအရာတွေကို အဓိကအကြောင်းအရင်းတွေအဖြစ် တွေ့ရှိလေ့လာမိပါတယ်။​

ဒါ့အပြင် မူးယစ်ဆေးဝါးတွေ၊ စိတ်ပိုင်းဆိုင်ရာပြောင်းလဲစေတတ်တဲ့ ဆေးဝါးတွေကို အများပြည်သူ လွယ်လင့်တကူ ရရှိ၊ သုံးစွဲမိစေဖို့ အကြမ်းဖက်စစ်တပ်က ဖန်တီးထားတဲ့ အခြေအနေတွေကြောင့်လည်း စိတ်ပိုင်းဆိုင်ရာပြဿနာတွေ၊ စိတ်ရောဂါတွေ ပိုအဖြစ်များလာပါတယ်။ ဒါဟာ ၂၀၂၂ ခုနှစ် နောက်ပိုင်းမှာ သိသိသာသာ ဖြစ်လာတာပါ (Frontier Myanmar, 2023; ISP Myanmar, 2023; The Irrawaddy, 2024)။

မြန်မာနိုင်ငံထက် နိုင်ငံရေးအခြေအနေတည်ငြိမ်မှုရှိပြီး ကျန်းမာရေးစနစ်ကောင်းမွန်တဲ့ နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတောင် Substance Induce psychological condition and psychosis လို့ခေါ်တဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးတွေကြောင့် စိတ်ပိုင်းဆိုင်ရာပြဿနာတွေနဲ့ ရောဂါတွေ များပြားလာတာကို တွေ့ရှိရပါတယ် (Udomratn,2023)။​

ဒီအခြေအနေအားလုံးဟာ ပြည်သူတွေရဲ့ နေ့စဉ်ဘဝကို သက်ရောက်နေရုံမက တော်လှန်ရေးရဲ့ အရွေ့အပြောင်းတွေမှာလည်း ကြီးကြီးမားမားသက်ရောက်တာတွေ ရှိနေတာပါ။​ သက်ရောက်မှုကြီးမားတဲ့ နိုင်ငံရေးစကားဝိုင်းတွေမဆိုထားနဲ့ လူမှုဆက်ဆံရေးတွေ၊ စကားဝိုင်းနဲ့ ဆွေးနွေးပွဲတွေ၊ ပဋိပက္ခဖြေရှင်းတာတွေမှာလည်း သည်းခံမှုတွေ လျော့နည်းလာကြတာ၊ နားလည်ပေးနိုင်မှု နည်းပါးလာကြတာ၊ စိတ်တိုစိတ်ဆတ်လွယ်လာကြတာ စတဲ့ စိတ်ပိုင်းဆိုင်ရာဖိအားတွေရဲ့ နောက်ဆက်တွဲအခြေအနေတွေ ခံစားနေကြရတာကို အတွေ့ရများလာပါတယ်။​ ဖိအားတွေ လျော့ကျဖို့ ဆေးခြောက် (Marijuana) အပါအဝင် ဆေးဝါးတွေကို ပိုသုံးလာကြတာရဲ့ နောက်ဆက်တွဲလက္ခဏာတွေဖြစ်တဲ့ စိတ်ဖောက်ပြန်ဖောက်လှဲဖြစ်တဲ့ အခြေအနေတွေကို တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားလူငယ်တွေအကြားမှာ အများအပြား ကြုံတွေ့လာနေရတာဟာ စိုးရိမ်စရာ၊​ စိုးရိမ်ဖွယ်ရာ အခြေအနေတရပ်ဖြစ်တယ်ဆိုတာကို ဒီနေရာကနေ အထူးအလေးပေး ပြောလိုပါတယ်။​

ဒါကြောင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာနဲ့ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကို တော်လှန်ရေးရဲ့ ဦးဆောင်အဖွဲ့အစည်းတွေနဲ့ နယ်မြေဒေသအသီးသီးက ဦးဆောင်အဖွဲ့အစည်းတွေအနေနဲ့ လျစ်လျူရှုမထားဘဲ သေချာကိုင်တွယ် ဖြေရှင်းသင့်တယ်လို့ လေးလေးနက်နက်တိုက်တွန်းချင်ပါတယ်။​ ဒါ့အပြင် ကျန်းမာရေးဆိုင်ရာဗဟုသုတတွေကို အများပြည်သူလက်လှမ်းမီနိုင်ဖို့နဲ့ လူမှုကိန်းစံတွေကို ကျော်လွှားပြီး စိတ်ပိုင်းဆိုင်ရာ ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေကို ဆက်သွယ်ပြီး ဆေးကုသမှုခံယူကြစေဖို့ လူထုအခြေပြုကျန်းမာရေးအဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ ကျန်းမာရေးအဖွဲ့အစည်းတွေအားလုံးကလည်း စုပေါင်းပြီး လှုပ်ရှားမှုတွေ ပြုလုပ်တာ၊​ လူအများအပြားသိရှိအောင်နဲ့ လက်လှမ်းမီအောင် ပြုလုပ်တာတွေကို ဦးစားပေးပြီး ပိုမိုလုပ်ကိုင်သင့်ကြောင်း အထူးတိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *