ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

ကြိုတင်တွေးဆ ဆင်ခြင်တဲ့အလေ့အထ လိုနေတဲ့ မြို့ပြခန့်ခွဲမှု

မြို့ကြီးတွေဟာ ငလျင်ဘေးအတွက် ထိခိုက်လွယ်လွန်းတယ်။ ရာသီဥတုဘေး ခံနိုင်ဖို့အတွက် အဆင်သင့်မဖြစ်သေးဘူး။ ရန်ကုန်မှာ မြေကျွံမှုတွေ၊ ရေကြီးမှုတွေက နောက်ပိုင်းခပ်စိပ်စိပ်။ လျော့ကျလာဖို့ ဝေလာဝေး၊ ပိုတိုးလာဖို့ပဲရှိတယ်။ ဒါကြောင့် ကျနော်တို့ မြို့ကြီးတွေကို ဖြစ်သလို မဖွံ့ဖြိုးစေချင်တော့ဘူး။

မြန်မာငလျင်နဲ့ဆက်စပ်ပြီး ထိုင်းနိုင်ငံက ဆောက်လက်စစာရင်းစစ်ရုံးပြိုကျမှုရဲ့ နောက်ဆက်တွဲအနေနဲ့ ဆောက်လုပ်တဲ့ ကုမ္ပဏီရဲ့ဥက္ကဋ္ဌအပါအဝင် ၁၇ ယောက်ကို အဆောက်အအုံတည်ဆောက်ရာမှာ ပေါ့ဆမှုနဲ့ မေ ၁၅ ရက်မှာ ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။ အထူးသဖြင့် အဆောက်အအုံဆောက်လုပ်ရာမှာ စံချိန်စံညွှန်းလမ်းညွှန်ချက်နဲ့ သွေဖည်နေတယ်လို့ ဆိုတယ်။ ဒီစာရင်းစစ်ရုံးပြိုကျမှုကြောင့် စုစုပေါင်း လူ ၉၀ ကျော် သေဆုံးခဲ့ပြီး တချို့အလောင်းတွေ ထုတ်မရသေးတဲ့အထိ အခြေအနေ ဖြစ်ခဲ့တယ်။ 

တိုင်းပြည်က စစ်မီးပွားနေလို့လား၊ ပျက်စီးဆုံးရှုံးမှုတွေက ကျယ်ပြန့်ပြီး ဖြစ်သလို ဆောက်လုပ်ခဲ့မှု၊ ဆောက်လုပ်နေမှုဟာ ပုံမှန်လိုဖြစ်နေလို့ ရိုးမယ်မဖွဲ့တော့တာလား။ ‘အရာရာဟာ ကံကြောင့်’ဆိုတဲ့ တာဝန်ရှိသူတစုရဲ့ တွေးခေါ်မှုကြောင့်လား မပြောတတ်။​ လူထောင်ကျော် အသက်ဆုံးရှုံးခဲ့တဲ့ မြန်မာနိုင်ငံမှာတော့ ဒီလိုအရေးယူ ဆောင်ရွက်မှုမျိုး မဖြစ်ခဲ့ပါဘူး။ စစ်တပ်အုပ်ချုပ်နေတဲ့ခေတ်မှာ တာဝန်ခံမှုအကြောင်းပြောတာ မိုက်မဲတယ်ပဲဆိုဆို၊ ငလျင်ကြီးကြောင့် ပျက်ဆီးဆုံးရှုံး၊ သေဆုံးရတာ ဖြစ်လေ့ဖြစ်ထရှိတယ်ပဲ ဆိုဦး၊ မသေဆုံးသင့်ဘဲ သေဆုံးခဲ့ရတဲ့ အသက်တွေပါနေတာ ဝမ်းနည်းစရာ၊ (တကယ်တော့) နာကျင်ခံပြင်းစရာပါပဲ။ ‘ရှင်သူမှာပင် အသက်ရှုရပ်မလို’။​ 

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

ဖြစ်ပြီးမှ ‘ကလင်ဒါကျ’ ထောက်ပြဝေဖန်တာမျိုးတော့ မဟုတ်ပါဘူး။ သိပ်ကောင်းတယ်လို့လည်း ကျနော် မထင်ဘူး။ ငလျင်နဲ့ပတ်သက်ပြီး အရေးပေါ် တုံ့ပြန်တာ၊ ပြန်လည်ထူထောင်တဲ့အပိုင်းမှာ အားနည်းချက် (အသုံးမကျမှု) ရှိတာက တပိုင်း။ ပြောရရင် ဒုနဲ့ဒေး။ ဆုံးရှံးခဲ့ရတဲ့ ဘဝတွေအတွက် ပြောကြ(ဆဲကြ)တာတွေလည်း ရှိပါတယ်။  ဒါပေမဲ့လို့ ဒီဖြစ်ရပ်ဆိုးက နောက်တခု ဘာကိုပြလဲဆိုတော့ ကျနော်တို့တွေ မြို့ပြစီမံခန့်ခွဲမှုအပိုင်းမှာ သိပ်အာရုံမစိုက်တာပဲ။ (ဆရာဆူးငှက်ရေးထားသလို) မန္တလေးရဲ့ ‘ခြံဝင်းကျယ်နဲ့ နှစ်ထပ်အိမ်လူနေမှု’ကို မစိစစ်၊ မသုံးသပ်ဘဲ အထပ်တွေ အဆင့်မြှင့်ခဲ့ကြတယ်။ ရန်ကုန်ဟာ မညီမညာ ဖွံ့ဖြိုးလာရတယ်။​ သူ့အိုးနဲ့ သူဆန် တန်ရုံမဖြစ်ခဲ့ဘူး။ နေပြည်တော်ဟာ အရှင်မွေးတော့ နေချင်းကြီးလာရ၊ ‘ပလိုင်းပေါက်တာ မလိုချင်ဘူး ငါးပါတာပဲ လိုချင်တယ်’ဆိုတဲ့ အတွေးအခေါ်နဲ့ တည်ဆောက်ကြ။ ဒါတွေဟာ ပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေးမှာ ကျနော်တို့ မညှာတမ်း သုံးသပ်စိစစ်ရမယ့် အရာတွေပဲ။ (ပြောရတာလွယ်ပေမဲ့) တာဝန်ခံမှုမရှိတဲ့ လူ့အဖွဲ့အစည်းကနေ တာဝန်ခံမှုရှိတဲ့ လူ့အဖွဲ့အစည်းဆီ ကျနော်တို့ ရှေးရှုကြရပါမယ်။​ မှားယွင်းစွာ ကြီးထွားနေတာမျိုးကနေ စစ်မှန်တဲ့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးမှုဆီကို ဦးတည်သင့်ပါတယ်။

မြန်မာ့အရေးကနေ သင်ခန်းစာယူရပေါင်းလည်း များနေပြီ။ ဒါပေမဲ့ ဒီဖြစ်ရပ်ဆိုးကနေ (မူဝါဒ) အပြောင်းအလဲတွေ ပေါ်လာသင့်တယ် (တကယ်တော့ ဖြစ်လာအောင် ပြောဆိုဆွေးနွေးသင့်တယ်)လို့ ကျနော် ထင်တယ်။ ပြဿနာအားလုံးရဲ့ အရင်းစစ်ရင် နေပြည်တော်သို့ ဆိုပေမဲ့ ကျနော်တို့ကလည်း ရှေးရှုစဥ်းစားရမယ်။ ပြောဆို ဆွေးနွေးရမယ်။ ဖြစ်နိုင်ရင် တွန်းရမယ်လို့ ယုံကြည်တယ်။ အချိန်တန်ရင်တော့ ပြောဆိုချက်တွေဟာ ရေစီးကြောင်းတွေအဖြစ် အရံအတားတွေကို ဖြိုချသွားနိုင်မယ်လို့ ထင်တယ် (ထင်တယ်ပေါ့လေ)။

ပြန်ကောက်ရရင် မြို့ပြစီမံခန့်ခွဲမှုအပိုင်းကိုလည်း ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးမှာ ထည့်စဥ်းစားဖို့ လိုမယ်။ မူဝါဒစကားနဲ့ပြောရရင် တစုံလုံး စဥ်းစားဖို့လိုမယ်ပေါ့လေ။ အခုတော့ ဥပမာ အထပ်မြင့် တည်ဆောက်ခြင်းနဲ့ပတ်သက်တဲ့ မြူနီစီပယ်အဖွဲ့အစည်းတွေရဲ့ ကြီးကြပ်မှုအပိုင်းကို မေးခွန်းထုတ် တာဝန်ယူခိုင်းတာကို သိပ်မတွေရဘူး။ နောက်ပြီး အရေးတကြီးအသက်သွင်းဖို့လိုနေတဲ့ မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်တွေ (Myanmar National Building Code)ကို အရေးတယူ အကောင်အထည်ဖော်ဖို့ ပြောဆိုချက်ဟာ မရှိသလောက်ပါပဲ။​ ဆိုရှယ်မီဒီယာမှာ ပြောဆိုချက်တချို့တွေ့ရပေမဲ့ အားမရဖြစ်ရတယ်။ လုံလောက်တဲ့ အရွေ့မဖြစ်ခဲ့တာ ဝမ်းနည်းစရာပဲ။ 

ကျနော်တို့ မြို့ကြီးတွေဟာ ငလျင်ဘေးအတွက် ထိခိုက်လွယ်လွန်းတယ်။ ရာသီဥတုဘေး ခံနိုင်ဖို့အတွက် အဆင်သင့် မဖြစ်သေးဘူး။ ရန်ကုန်မှာ မြေကျွံမှုတွေ၊ ရေကြီးမှုတွေက နောက်ပိုင်းခပ်စိပ်စိပ်။ လျော့ကျလာဖို့ ဝေလာဝေး၊ ပိုတိုးလာဖို့ပဲ ရှိတယ်။ ဒါကြောင့် ကျနော်တို့ မြို့ကြီးတွေကို ဖြစ်သလို မဖွံ့ဖြိုးစေချင်တော့ဘူး။ ကြိုတင်တွေးဆ ဆင်ခြင်တဲ့အလေ့အထနဲ့ ပြင်ဆင်/စီမံတည်ဆောက်သင့်တယ်လို့ ပြောဆိုပါရစေ။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles