ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

မြန်မာ့ငလျင်ဘေးနှင့် ယောင်ခြောက်ဆယ် စစ်ကောင်စီ

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အုတ်ခဲတွေကို လက်ဆင့်ကမ်းသယ်လို့ကောင်းတုန်းပါပဲ။ စစ်ခေါင်းဆောင်တွေကရော ဘာလုပ်ပါသလဲ။ ငလျင်ဘေးသင့် နေရာတွေကို လိုက်ကြည့်၊ ကယ်ဆယ်ရေးအဖွဲ့တွေကို လိုက်နှုတ်ဆက်၊ ဟိုယောင်ယောင်၊ ဒီယောင်ယောင်နဲ့ အာဝါဒါးလုပ်နေတာကိုပဲ အများဆုံးတွေ့ရပါတယ်။

စစ်ကိုင်းငလျင်ကြီးအပြီး ၁၃ ရက်အကြာ –

နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့တွေဖြစ်တဲ့ မလေးရှား၊ အိန္ဒိယနဲ့ တရုတ်ကယ်ဆယ်ရေးအဖွဲ့တွေ နေရပ်ပြန်ကြပါပြီ။ ငလျင်ကြီးကြောင့် ပိတ်မိနေသူများစွာကိုလည်း ရှင်လျက်တမျိုး၊ သေလျက်တဖုံ ရအောင် ကယ်ထုတ်ပေးခဲ့တာ အထူးကျေးဇူးတင်စရာပါ။ ငလျင်ဘေးကြီးကြောင့် သေဆုံးရသူကလည်း စစ်ကောင်စီရဲ့အချက်အလက်တွေအရ ၃,၆၀၀ ထက်မနည်းရှိသလို ထိခိုက်ဒဏ်ရာရသူတွေလည်း ၅,၀၀၀ ထက်မနည်းရှိပါတယ်။ အာဆီယံ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးညှိနှိုင်းမှုဗဟိုဌာန (AHA Center)ရဲ့ ထုတ်ပြန်ချက်အရ ငလျင်ကြောင့် အိမ်ပေါင်း ၄၇,၀၀၀ ထက်မနည်း ပျက်စီးကာ ပြည်သူ ၆၉,၀၀၀ ထက်မနည်း နေရာရွှေ့ပြောင်းခဲ့ရပြီး ပြည်သူ ၁၆,၀၀၀ နီးပါးဟာ ယာယီတဲတွေနဲ့ နေနေရပါတယ်။ ပြည်သူများစွာ အိမ်ခြေရာမဲ့ဖြစ်သွားခဲ့ပါတယ်။

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

ဒီငလျင်ကြီးကြောင့် ငလျင်ဘေးသင့်ဒေသတွေက ကိုယ်ဝန်ဆောင်အမျိုးသမီး ၁၇၃,၈၀၀ နီးပါး ထိခိုက်ခဲ့ရပါသေးတယ်။ ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာကလေးများရန်ပုံငွေအဖွဲ့(UNICEF)ရဲ့ ထုတ်ပြန်ချက်မှာလည်း ငလျင်ကြီးကြောင့် ကလေးငယ် ၂ ဒသမ ၇ သန်းထိခိုက်နိုင်ခြေရှိတယ်လို့ ဆိုပါတယ်။ ဒီငလျင်ကြီးမတိုင်ခင်ကတည်းက မြန်မာပြည်သူ သန်း ၂၀ နီးပါးက လူသားစာနာအကူအညီ လိုအပ်နေခဲ့တာပါ။ အခုငလျင်ဘေးကြီးဖြစ်တော့လည်း အိမ်နီးချင်းနိုင်ငံတွေရော၊ နိုင်ငံတကာကရော ကယ်ဆယ်ရေးအဖွဲ့တွေ၊ အကူအညီပစ္စည်းတွေ အင်တိုက်အားတိုက်ရောက်လာပြီး ကူညီကြလို့ ပြည်သူများစွာ သက်သာရာရခဲ့ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီရဲ့ ပြန်လည်ထူထောင်ရေး ရေရှည်အစီအမံတွေကိုတော့ အခုထိ အားရစဖွယ် မတွေ့ရသေးပါဘူး။ ငလျင်ဘေးအကြီးအကျယ်ခံခဲ့ရတဲ့ ဒေသတွေဟာ စစ်ကောင်စီအုပ်စိုးထားတဲ့ နယ်မြေတွေပါ။ အဲဒီဒေသက ပြည်သူတွေအတွက် စစ်ကောင်စီရဲ့ ပြန်လည်ထူထောင်ရေးအစီအမံတွေက အဓိကကျနေပါတယ်။

ငလျင်ဘေးကြောင့် သေဆုံးခဲ့ရတဲ့ပြည်သူတွေအတွက် တယောက်ကို ကျပ် ၁၀ သိန်းစီ လှူမယ်လို့ စစ်ကောင်စီက ဆိုပါတယ်။ သူတို့ရဲ့သေဆုံးစာရင်း(၃,၆၀၀)နဲ့တွက်ရင်တောင် ပြည်သူကိုကူညီမယ့်ငွေက ဒေါ်လာ ၁ သန်း မပြည့်ပါဘူး။ ဒါ့အပြင် ငလျင်ဘေးပြန်လည်ထူထောင်ရေးအတွက် စစ်ကောင်စီက ကျပ်ဘီလီယံ ၅၀၀ သုံးမယ်လို့ ကြေညာပါသေးတယ်။ ဒါက အမေရိကန်ဒေါ်လာ ၁၁၁ သန်း ဝန်းကျင်ပဲ ရှိပါတယ်။ ၂၀၁၅ ခုနှစ်တုန်းက ပြင်းအား ၇ ဒသမ ၈ အဆင့်ရှိတဲ့ နီပေါငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုဟာ အမေရိကန်ဒေါ်လာ သန်းခုနစ်ထောင်ရှိခဲ့ပြီး အိမ်ရာ၊ တိုက်တာ ပြန်လည်တည်ဆောက်ရေးအတွက်ကိုပဲ အမေရိကန်ဒေါ်လာသန်း ၃,၃၀၀ သုံးဖို့လိုခဲ့ပါတယ်။ နီပေါငလျင်တုန်းက နိုင်ငံတကာရဲ့ ကူညီပံ့ပိုးမှုဟာ အမေရိကန်ဒေါ်လာသန်းလေးထောင်ဝန်းကျင် ရှိခဲ့ပါတယ်။ ကြောက်ခမန်းလိလိပမာဏပါပဲ။ အဲဒီလောက် ဝိုင်းပံ့ပိုးတာတောင် နီပေါနိုင်ငံအနေနဲ့ ပြန်လည်ထူထောင်ရေးအတွက် အချိန်အကြာကြီး ယူခဲ့ရတာပါ။ မြန်မာနိုင်ငံအတွက်ကတော့ အခုထိ နိုင်ငံတကာရဲ့ လူသားစာနာအကူအညီကတိကဝတ်ပြုမှုက အမေရိကန်ဒေါ်လာသန်း ၃၀၀ ဝန်းကျင်ပဲရှိပါသေးတယ်။

စစ်ကောင်စီအနေနဲ့ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူးနဲ့ ရှမ်းအပြင် သူအခြေစိုက်ရာ နေပြည်တော်က အခြေခံ အဆောက်အအုံ ပျက်စီးဆုံးရှုံးမှုတွေအတွက် ဘယ်လိုပြန်လည်ထူထောင်မှာပါလဲ။ အိမ်ခြေရာမဲ့ဖြစ်သွားတဲ့ ပြည်သူတွေအတွက်ရော ဘယ်လိုလုပ်မှာပါလဲ။ သေဆုံးသူတွေအတွက် ကျပ် ၁၀ သိန်း ထောက်ပံ့တာက အာဏာသိမ်းပြီးနောက် ငွေကြေးဖောင်းပွလာတာကို ထည့်တွက်ရင် ဘယ်လောက် တန်ဖိုးရှိမှာလဲ။ ငလျင်ကြီးပြီးတာ ၁၃ ရက်ရှိလာပါပြီ။ စစ်ကောင်စီအနေနဲ့ ငလျင်ဘေးနောက်ဆက်တွဲတွေအတွက် အရေးတကြီးကို ပြင်ဆင်နေရမယ့်အချိန်ပါ။ ဒါပေမဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အုတ်ခဲတွေကို လက်ဆင့်ကမ်းသယ်လို့ကောင်းတုန်းပါပဲ။ စစ်ခေါင်းဆောင်တွေကရော ဘာလုပ်ပါသလဲ။ ငလျင်ဘေးသင့်နေရာတွေကို လိုက်ကြည့်၊ ကယ်ဆယ်ရေးအဖွဲ့တွေကို လိုက်နှုတ်ဆက်၊ ဟိုယောင်ယောင်၊ ဒီယောင်ယောင်နဲ့ အာဝါဒါးလုပ်နေတာကိုပဲ အများဆုံး​တွေ့ပါတယ်။ စစ်ခေါင်းဆောင်နဲ့ ဒုတိယခေါင်းဆောင်တို့ဟာ ဒေသတွေ လှည့်လည်ကြည့်ကာ မျက်နှာလိုက်ပြနေကြပါတယ်။ ဒါက တစုံတရာတော့ လိုအပ်ပေမဲ့ နောက်တန်းမှာ တကယ်ဆုံးဖြတ်ပေးရမယ့် ကိစ္စတွေအတွက် တာဝန်တွေ ဖြန့်ခွဲပေးဖို့ လိုအပ်ပါတယ်။ စစ်ကောင်စီရဲ့  အမျိုးသားသဘာဝဘေး စီမံခန့်ခွဲရေးကော်မတီ (NDMC) မှာ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဥက္ကဋ္ဌ၊ ပြည်ထဲရေးနဲ့ လူကယ်ပြန်ဝန်ကြီးတို့က ဒုတိယဥက္ကဋ္ဌတွေအဖြစ် တာဝန်ယူကြပါတယ်။ ထက်မြက်သူတွေတော့ မဟုတ်ကြပါဘူး။

စစ်ကောင်စီအနေနဲ့ ငလျင်ဘေးပြန်လည်ထူထောင်ရေးကို အချိန်တိုတွင်းလုပ်လို့ရမယ်များ ထင်နေလေသလား  မသိပါဘူး။ အခုလို အရေးကြီးတဲ့ကာလမှာ စစ်ကောင်စီအနေနဲ့ နိုင်ငံတကာလူသားစာနာကူညီရေးအဖွဲ့တွေ လွတ်လပ်စွာ ကူညီနိုင်အောင်၊ ထိခိုက်ဒဏ်ရာရပြည်သူတွေကို ဆေးကုသနိုင်အောင် အစွမ်းကုန်လုပ်နေသင့်တာပါ။ ပြည်တွင်းပြည်ပက ငလျင်ဘေးဆိုင်ရာကျွမ်းကျင်သူတွေ၊ ငလျင်ဆိုင်ရာအင်ဂျင်နီယာပညာရှင်တွေနဲ့ ကော်မတီဖွဲ့ပြီး လုပ်ငန်းအစီအမံတွေကို အင်နဲ့အားနဲ့ ဖော်ဆောင်ဖို့ ကောင်းပါတယ်။ စစ်ကောင်စီရဲ့ ဒုချုပ် စိုးဝင်းဦးဆောင်နေတဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီမှာ အဲဒီလိုပညာရှင်တွေရော ပါရဲ့လားလို့လည်း မေးခွန်းထုတ်စရာပါ။ 

လှူကြတန်းကြတာတွေက ပြည်သူတွေရဲ့ အရေးပေါ်ပြဿနာကို  တဒင်္ဂပဲ ဖြေရှင်းပေးနိုင်မှာပါ။ ပြည်တွင်းရော၊ ပြည်ပပါမကျန် လှူနေကြတာတွေကလည်း တကယ်ကို သာဓုခေါ်စရာပါ။ ဒါပေမဲ့ အိမ်ခြေရာမဲ့ဖြစ်သွားတဲ့ ပြည်သူတွေက ယာယီတဲတွေမှာ ဘယ်လောက်ကြာကြာ နေရမှာပါလဲ။ သူတို့ရဲ့ နေ့စဥ်ဘဝ စားရေးသောက်ရေးအပြင် တကိုယ်ရေသန့်ရှင်းရေးအတွက် အခုယာယီနေထိုင်ရေး အစီအမံတွေက ရေရှည်ဖြေရှင်းမပေးနိုင်ပါဘူး။ အမျိုးသမီးများအတွက်ဆို ပိုလို့ဒုက္ခများပါတယ်။ ဒါ့ကြောင့် ငလျင်ဘေးသင့်ပြည်သူတွေရဲ့ အနာဂတ်အတွက် မဟာဗျူဟာမြောက် လုပ်ငန်းအစီအမံတွေ အရေးတကြီးလိုအပ်နေပါတယ်။ ငလျင်ဘေးသင့်ဒေသတွေဟာလည်း စစ်ကောင်စီ အဓိကအုပ်စိုးရာဒေသတွေ ဖြစ်နေတာကြောင့် စစ်ကောင်စီမှာ ပိုလို့တာဝန်ရှိပါတယ်။ စစ်ကောင်စီအနေနဲ့ အာဝါဒါးလုပ်မနေဘဲ ပညာရှင်တွေရဲ့ အကူအညီနဲ့ ရေရှည်ပြန်လည်ထူထောင်ရေးအစီအမံတွေ အမြန်ဆုံးချမှတ်သင့်ပါပြီ။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles