ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

အာဆီယံ-မြန်မာအရွေ့ ခက်ဖွယ် ခက်ဖွယ်

တကယ်တော့ မြန်မာနိုင်ငံကို ဗဟိုပြုပြီး ကမ္ဘာကြီးနဲ့ အာဆီယံက လည်ပတ်နေတာ မဟုတ်ပါဘူး။ အခြား အရေးကြီးတဲ့ကိစ္စတွေ ဆွေးနွေးဖို့ များစွာရှိပါတယ်။ အထူးသဖြင့် အမေရိကန်သမ္မတ ထရန့်က သွင်းကုန်ခွန်တွေ ရာခိုင်နှုန်းမြင့်မားစွာ ချလိုက်တာကို ဘယ်လိုတုံ့ပြန်ကြမလဲဆိုတာ ခေါင်းကိုက်နေကြရပါတယ်။

အာဆီယံအဖွဲ့ကြီးအနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဘာတွေအရွေ့ရှိပါသလဲ။ မကြာခင်က ပြီးခဲ့တဲ့ အာဆီယံထိပ်သီး အစည်းအဝေးဆွေးနွေးချက်တွေ၊ ထုတ်ပြန်ချက်တွေကို လိုက်လံဖတ်ရှု ရှာဖွေကြည့်ပါတယ်။ အာဆီယံအနေနဲ့ မြန်မာနိုင်ငံက ပဋိပက္ခအကျပ်အတည်း ပြေလည်စေရေးအတွက် တူညီဆန္ဒငါးချက် (5PC) ကို ပင်မ ကိုးကားရည်ညွှန်းတဲ့ မူတခုအဖြစ် ဆက်လက်ကိုင်စွဲထားဆဲပဲလို့ ဖော်ပြပါတယ်။ ဒါပေမဲ့ အလုပ်မဖြစ်ပါဘူး။ တိုးတက်မှုက နှေးလွန်းပါတယ်။ 

တူညီဆန္ဒငါးချက်ဆိုတာက ၂၀၂၁ ခုနှစ် ဧပြီလမှာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ပါဝင်သဘောတူညီထားလို့ ဒါကို ဆက်လက်ဆုပ်ကိုင်ထားနေတာ ဖြစ်ပါတယ်။ ဒီကတိကဝတ်တွေ ပျက်ကွက်နေတာကြောင့်လည်း ဒဏ်ခတ်တဲ့အနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ နေရာမပေးဘဲ ကန့်သတ်ထားရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တခြားအာဆီယံခေါင်းဆောင်တွေအတွက်တော့ မြန်မာအရေးထက် ခေါင်းပူစရာတွေ၊ သူ့ထက်အရေးကြီးတာတွေ ရှိနေပါတယ်။ မြန်မာနဲ့ပတ်သက်လာရင် အလုပ်ဖြစ်ဖြစ်၊ မဖြစ်ဖြစ် ဒီမူလေးတခုတော့ ထားလိုက်ဆိုပြီး ဆက်ကိုင်စွဲထားကြတာပါ။ ဒီအလုပ်မဖြစ်တဲ့ တူညီဆန္ဒငါးချက်ကို ဖျက်လိုက်ပါတော့ဆိုပြီး ပြောဆိုဝေဖန်နေသူတွေလည်း ရှိပါတယ်။ တကယ်တော့ အာဆီယံအခြေခံမူကိုယ်၌က consensus အားလုံးကျေလည်တဲ့ မူအရ သွားကြတာပါ။ 5PC ကို ဖျက်လိုက်ပြီဆိုပါတော့၊ နောက်ထပ် အခြေတည်ဖို့ မူတခုက မရှိသေးပါဘူး။ 

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုက အခုအစည်းအဝေးမှာ ထူးခြားအခြေအနေ ဖြစ်ခဲ့ပါတယ်။ ၇ ဒသမ ၇ ပြင်းအားရှိတဲ့ ငလျင်ကြီးလှုပ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးရမှုကို အာဆီယံရဲ့ ထုတ်ပြန်ချက်မှာ ရှေ့ဆုံးက ထည့်ဖော်ပြပါတယ်။ ဒီအတွက် စစ်ပွဲပဋိပက္ခတွေ ပြင်းထန်နေတာ စိုးရိမ်ပူပန်တယ်။ ဒီအတွက် လူသားချင်းစာနာမှု အကူအညီကို AHA စင်တာကတဆင့် လုံခြုံစွာ၊ အချိန်နဲ့တပြေးညီ ထိရောက်စွာ ပေးနိုင်ဖို့ တိုက်တွန်းပါတယ်။ လူသားချင်းစာနာမှု အကူအညီပေးရာမှာလည်း ပဋိပက္ခဖြစ်နေတဲ့ အင်အားစုအသီးသီးက ပူးပေါင်းကူညီကြဖို့ တိုက်တွန်းပါတယ်။ တချို့သူတွေက ဒီငလျင်ကြီးနောက်ပိုင်းမှာ မြန်မာစစ်ခေါင်းဆောင်တွေကို စည်းဝိုင်းထဲထည့်ပြီး နားချရင် မကောင်းဘူးလားဆိုတဲ့ အုပ်စုတွေရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အာဆီယံမူအတိုင်း အားလုံးကျေလည်အောင် မဆုံးဖြတ်နိုင်သေးရင်တော့ ပွဲဖိတ်ဖို့ မဖြစ်နိုင်သေးပါဘူး။ 

တကယ်တော့ မြန်မာနိုင်ငံကို ဗဟိုပြုပြီး ကမ္ဘာကြီးနဲ့ အာဆီယံက လည်ပတ်နေတာ မဟုတ်ပါဘူး။ တခြား အရေးကြီးတဲ့ကိစ္စတွေ ဆွေးနွေးဖို့ များစွာရှိပါတယ်။ အထူးသဖြင့် အမေရိကန်သမ္မတ ထရန့်က သွင်းကုန်ခွန်တွေ ရာခိုင်နှုန်းမြင့်မားစွာ ချလိုက်တာကို ဘယ်လိုတုံ့ပြန်ကြမလဲဆိုတာ ခေါင်းကိုက်နေကြရပါတယ်။ ခရစ်နှစ် ၂၀၅၀ ကျရင် အာဆီယံနိုင်ငံတွေ ကာဗွန်ထုတ်လွှတ်မှု သုည (Net zero) ဖြစ်အောင် ဆောင်ရွက်ကြဖို့၊ ၂၀၃၀ ပြည့်နှစ်ကျရင် အမေရိကန်ဒေါ်လာ တစ်ထရီလီယံလောက် တန်ဖိုးကြီးထွားလာနိုင်တဲ့ အာဆီယံဒစ်ဂျစ်တယ်စီးပွားရေးမူဘောင် သဘောတူညီချက် (DEFA)နဲ့ ၂၀၂၅ အာဆီယံဒစ်ဂျစ်တယ်မာစတာပလန် (masterplan) တွေ ရှိပါသေးတယ်။ ဒီအစည်းအဝေးမှာပဲ အာဆီယံခေါင်းဆောင်တွေက ‘ကျနော်တို့ရဲ့ မျှဝေတဲ့အနာဂတ်-အာဆီယံမြော်မြင်ချက် ၂၀၄၅ ခုနှစ်’ ကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ကြပါသေးတယ်။

အာဆီယံအဖွဲ့ကြီးအနေနဲ့ မြန်မာ့ပဋိပက္ခနဲ့ပတ်သက်လာရင် ကိုင်ထားတဲ့မူက မြန်မာတွေ ပိုင်ဆိုင်တဲ့၊ မြန်မာတွေ ဦးဆောင်တဲ့ နိုင်ငံရေးအဖြေရှာမှု (Myanmar-owned and Myanmar-led political solution) လို့ ဆိုပါတယ်။ ဒီလိုနည်းလမ်းကနေ ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရေး၊ တည်ငြိမ်ရေးနဲ့ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်နိုင်ရေးလို့ ဆိုထားပါတယ်။ အာဆီယံအဖွဲ့ကြီးရဲ့ ကြီးမားတဲ့ အရွေ့တခုလို့ ပြောရရင်တော့ ပဋိပက္ခထဲ ပါဝင်ပတ်သက်နေတဲ့ အင်အားစုတွေကို ဖိတ်ကြားတာ၊ တွေ့ဆုံတာ၊ နားထောင်တာ လုပ်လာခဲ့တာပါ။ အင်ဒိုနီးရှားနိုင်ငံက အာဆီယံဥက္ကဋ္ဌ တာဝန်ယူချိန် ၂၀၂၃ ခုနှစ်မှာ “ကျမတို့ မြန်မာအဖွဲ့အစည်းတွေနဲ့ အစည်းအဝေး အကြိမ် ၁၁၀ လုပ်ခဲ့တယ်” လို့ နိုင်ငံခြားရေးဝန်ကြီး အမျိုးသမီးက ပြောခဲ့ပါတယ်။ ကမ္ဘောဒီးယားနဲ့ လာအို အာဆီယံ ဥက္ကဋ္ဌတာဝန်ယူချိန်မှာတော့ ဒီလိုတွေ့ဆုံမှု မရှိသလောက် နည်းပါလိမ့်မယ်။ အခု မလေးရှားက အာဆီယံ ဥက္ကဋ္ဌတာဝန်ယူချိန်မှာလည်း အတိုက်အခံအစိုးရ NUG အပါအဝင် ကျန်အင်အားစုတွေနဲ့ တွေ့ဆုံပါတယ်။ စစ်ကောင်စီတဖက်တည်းကို ဆက်ဆံတာမဟုတ်ဘဲ လက်ခံတွေ့ဆုံတာဟာ တိုးတက်မှုတခုလို့ ဆိုနိုင်ပါတယ်။ နောက်ထပ်အရွေ့တခုကတော့ မြန်မာ့အရေး ဆွေးနွေးဖို့ ယခင်၊ ယခုနဲ့ အနာဂတ် အာဆီယံဥက္ကဋ္ဌ သုံးဦးပါဝင်တဲ့ ASEAN Trioka ဆွေးနွေးမှု အစီအစဉ် ဖြစ်လာတာပါ။ အခု အစည်းအဝေးမှာလည်း မြန်မာ့အရေး အထူးသံတမန်ကို တနှစ်ပဲ ခန့်ထားပြီး လူပြောင်းလဲခဲ့ရာကနေ ပိုမိုထိရောက်ဖို့ သုံးနှစ်ခန့်ထားကိုင်တွယ်ရင် မကောင်းဘူးလားဆိုပြီး ဆွေးနွေးတာလည်း တွေ့ရပါတယ်။ 

အာဆီယံအဖွဲ့ရဲ့ တူညီဆန္ဒငါးချက်မှာလည်းပါတဲ့ တောင်းဆိုမှုတခုကတော့ “(ပဋိပက္ခထဲ) ပါဝင်နေသူ အင်အားစုတွေ အားလုံးအနေနဲ့အရပ်သားတွေနဲ့ လူအများသုံး အဆောက်အအုံတွေကို တိုက်ခိုက်မှု ချက်ချင်းရပ်ဆိုင်းဖို့ပါပဲ”။ ဒါဟာ စစ်ကောင်စီတဖက်တည်းကို ဆိုလိုတာမဟုတ်ဘဲ  EAOs, PDF အင်အားစုအားလုံးကို ဆိုလိုတာပါ။ အာဆီယံ ထုတ်ပြန်ကြေညာချက်မှာ သက်ဆိုင်သူအင်အားစု အသီးသီး ပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးမှု ဖြစ်ဖို့ရည်ရွယ်ပြီး ယုံကြည်မှုတည်ဆောက်ရေး ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။ 

တရုတ်ကြားဝင်ဆောင်ရွက်မှုကြောင့် လားရှိုးမြို့ကို ပြန်အပ်လိုက်ရတာ၊ ကိုးကန့် MNDAA နဲ့ အပစ်ရပ် သဘောတူညီမှုတခုရနိုင်ခဲ့တဲ့အပေါ် အာဆီယံအဖွဲ့ကြီးက ဘယ်လိုရှုမြင်တယ်ဆိုတာ မသိရပါဘူး။ တရုတ်နိုင်ငံနဲ့ပတ်သက်လို့ တိုက်ရိုက်ဖော်ပြမှုလည်း မရှိခဲ့ပါဘူး။ အခုအစည်းအဝေးမတိုင်မီမှာပဲ ရိုဟင်ဂျာ လှေစီးပြေးဒုက္ခသည်တွေ လှေနှစ်စင်းနစ်မြုပ်လို့ လူ ၄၀၀ ကျော် ရေနစ်မြုပ်ခဲ့ပြီး ဒါဇင်တချို့ပဲ အသက်ရှင်ခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်မှာ အာဆီယံက ဘာမှမပြောဆိုခဲ့ပါဘူး။ အာဆီယံဥက္ကဋ္ဌကြေညာချက်မှာတော့ ရခိုင်ပြည်နယ်က လူမှုအသိုင်းအဝိုင်းအားလုံး ဘေးကင်းရေးနဲ့ လုံခြုံရေးအတွက် ဆန္ဒပြုဖော်ပြထားပြီး အိုးအိမ်စွန့် ထွက်ပြေးကြရသူများအနေနဲ့ လုံခြုံစွာ၊ ဂုဏ်သိက္ခာရှိစွာ၊ မိမိဆန္ဒအလျောက် အိမ်ပြန်နိုင်ရေးတိုက်တွန်းချက်တော့ တွေ့ရပါတယ်။

အာဆီယံက မြန်မာ့အင်အားစုတွေအနေနဲ့ အပစ်ရပ်စဲကြရေး၊ ငြိမ်းချမ်းစွာ အဖြေရှာကြရေးကို ထပ်တိုက်တွန်းထားပေမဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရေးကိစ္စကိုတော့ ကြေညာချက်ထဲ ထည့်ပြောတာ မတွေ့ရပါဘူး။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles