ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
Essay

ဝပ်ကျင်းလေလော၊ နေအိမ်လော

အဆောင်နေသူတို့ရဲ့ဘဝတွေအကြောင်း၊ အဆောင်လုပ်ငန်းတွေအကြောင်း ဘယ်ဝန်ကြီး၊ ဘယ်ဌာန၊ ဘယ်ကိုယ်စားလှယ်က ဆွေးနွေးပြောဆိုခဲ့တယ်ဆိုတာကို မကြားခဲ့ရပါဘူး။ လူတယောက် နေထိုင်ဖို့အတွက် အဆောက်အအုံဟာ သင့်လျော်တဲ့ အခင်းအကျင်း၊ ဖွဲ့စည်းမှု၊ ကြံ့ခိုင်မှု စတဲ့ လူမှုရေး၊ ကျန်းမာရေး၊ လုံခြုံရေးကြပ်မတ်မှုတွေလည်း ရှိပုံမပေါ်ပါဘူး။

လွန်ခဲ့တဲ့ရှစ်နှစ်လောက်က ရိုက်ထားတဲ့ ဓာတ်ပုံဟောင်းတပုံကို ပြန်တွေ့တယ်။ ဓာတ်ပုံထဲမှာ လမ်းဘေးအုတ်တံတိုင်းတခု။ လှည်းတန်းရဲ့တနေရာလို့ ကျနော် မှတ်မိတယ်။ အုတ်တံတိုင်းပေါ်မှာ အဖြူရောင်စာရွက်တွေ နေရာအပြည့်။ စာရွက်တွေမှာ ‘အဆောင်ငှားရန်ရှိသည်’တို့၊ ‘အဆောင်ငှားမည်’တို့ကို စာလုံးအမည်းတွေနဲ့ ပြူးနေအောင် ရေးထားတယ်။ အောက်မှာ ဖုန်းနံပါတ်တွေ။ 

အသိပညာ လင်းပွင့်မှုမရှိ၊ စီးပွားအလုပ်အကိုင် ပိတ်နေတဲ့ ဇာတိနယ်ကို ကျောခိုင်း၊ ရင်ဘတ်ထဲကို အိပ်မက်တွေ ထိုးသိပ်ထည့်ပြီး မြို့ကြီးပြကြီးကို ရောက်လာတဲ့ လူငယ်တွေအတွက် အဆောင်တွေဟာ အနာဂတ်ကို ပုံဖော်ရာ၊ ဘဝကို ထုဆစ်ရာ အသိုက်အမြုံကလေးတွေပါ။ ဒါဟာ ခေတ်အဆက်ဆက်။ 

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

အခုခေတ် အဆောင်ရှာရတာကတော့ ပိုပြီးလွယ်ကူလာခဲ့ပါပြီ။ လူမှုကွန်ရက်တွေထဲကို အချိန်တနာရီလောက် ခုန်ဆင်းမွှေနှောက်လိုက်ရုံပါပဲ။ အဆောင်တွေကို လိုက်ပြပေးတဲ့ ဗီဒီယိုတွေလည်း ရှိနေပါပြီ။ ဒါပေမဲ့ အချိန်ကာလတွေ ဘယ်လိုပဲပြောင်းပြောင်း မပြောင်းမလဲကျန်ရစ်ခဲ့တဲ့ဟာကတော့ ကျောတခင်းစာအတွက် ရုန်းကန်နေရတဲ့ မြန်မာပြည်သူတွေပါပဲ။ အခုတော့ ရုန်းကန်ရမှုထဲမှာ စိုးရိမ်ထိတ်လန့်စရာတွေပါ တွဲပါနေပါတယ်။

ခုတင်လေး တလုံးနဲ့ ခြေချစရာ နည်းနည်းပဲပါတဲ့ အခန်းကျဉ်းကလေး၊ ပြီးတော့ အခန်းရဲ့အမြင့်က လူ့အရပ်နဲ့ မလွတ်ဘူး၊ လူတရပ်စာ မရှိဘူး။ ဒါကို တလ နှစ်သိန်းရှစ်သောင်းဆိုတဲ့ ဈေးက ကျနော့်ကို ထိတ်ပြာသွားစေပါတယ်။ လိုက်ပြတဲ့အမျိုးသမီးက ခါးကိုကိုင်းပြီး အခန်းထဲကို ဝင်သွားပါတယ်။ တည်နေရာရဲ့ ကောင်းမွန်မှု၊ အဆောင်ရဲ့ ပြည့်စုံမှု၊ အခန်းရဲ့ သန့်ရှင်းမှုတွေကို သူက စီကာပတ်ကုံး ပြောပြနေပါတယ်။ ဆေးရုံဆေးခန်းတွေနဲ့ နီးတယ်။ ဈေးနီးတယ်။ ပတ်ဝန်းကျင်သန့်တယ်။ အဲကွန်းပါတယ်။ ဝိုင်ဖိုင်တပ်ထားတယ်။ သူ ပြောနေတာတွေကို စိတ်မဝင်စားနိုင်တော့ပါဘူး။ ကျနော်တို့ရဲ့ လောကကြီးဟာ ရက်စက်လိုက်တာ၊ ကျနော်တို့ရဲ့ လူ့အဖွဲ့အစည်းဟာ ပျက်စီးလွန်းလိုက်တာလို့ပဲ တွေးမိနေပါတော့တယ်။ 

ဘယ်လိုမှ နားမလည်နိုင်တော့ပါဘူး။ မတ်တပ်ရပ်လို့မရတဲ့အခန်း။ လေးပေခြောက်ပေလောက်ပဲ ကျယ်တဲ့အခန်း။ ဒီလိုအခန်းထဲမှာ လူတယောက်ဟာ ဘယ်လိုစိတ်မျိုးနဲ့ နေရမှာလဲ၊ နေနေကြတာလဲ။

ဟိုးအရင်က အဆောင်ဆိုတာ အဆောင်ပါပဲလို့ ဆိုရမှာပါ။ တနယ်တကျေးရပ်ဝေးက လာကြသူတွေအတွက် အခန်းတွဲတွေပါတဲ့ အဆောက်အအုံတွေကို သီးသန့်ရည်ရွယ်ပြီး ဆောက်ခဲ့ကြပါတယ်။ ခုတင်လေးရယ်၊ ဘေးဘက် ဒါမှမဟုတ် ခေါင်းရင်းမှာ ပြတင်းပေါက်ကလေး တပေါက်ပါမယ်။ သင့်လျော်တဲ့ အကျယ်အဝန်းလည်း ရှိတယ်။ 

ခေတ်တွေပြောင်းလို့ လူနေမှုပုံစံတွေ ပိုကောင်းလာ၊ အဆင့်မြင့်လာတယ်လို့ ဆိုနိုင်ပေမဲ့ မြန်မာနိုင်ငံရဲ့ အဆောင်လောကကတော့ ပိုကျပ်တည်းလာတာပါ။ အခန်းတွေက ပိုကျဉ်းလာ၊ ပိုလှောင်လာပါတယ်။ ဖြစ်ကတတ်ဆန်းလည်း လုပ်လာကြပါတယ်။

အခုနောက်ပိုင်း အဆောင်တွေဟာ တိုက်ခန်းတွေမှာ အသားပြားတွေနဲ့ ဖြစ်သလို အခန်းတွေ ဖွဲ့ထားကြတာပါ။ နဂိုကမှ လှောင်နေပြီးသားဖြစ်တဲ့ အခန်းဟာ သူ့အထဲမှာ ထပ်ပြီးကန့်လိုက်တဲ့အခါ လုံးလုံးအမှောင်ကျသွားပါတယ်။ ပြတင်းပေါက်ဆိုတာ စိတ်ကူးယဉ်ကမ္ဘာထဲက အရာ။ အကျယ်အဝန်းဆိုတာကလည်း တကယ့်လူတကိုယ်စာ၊ ကျောတခင်းစာ စစ်စစ်။ မိဝေးဖဝေး ဝေဒနာနဲ့ လုပ်ငန်းခွင်ထဲက ဆူလိုက်တဲ့ ပြဿနာ နှစ်ခုပေါင်းပြီး စိတ်ဓာတ်တွေ ပြိုကျ၊ မျက်ရည်တို့ သွယ်ဆင်းရတဲ့အခါတိုင်း ဒီတကိုယ်စာအခန်းကျဉ်းလေးကိုပဲ အဖော်ပြုရတဲ့ ဒီလူသားတို့အတွက် ဘယ်မှာလဲ လူ့ဂုဏ်သိက္ခာ။ သူတို့ကမ္ဘာဟာ မွန်းကျပ်စရာအတိ။ 

အခန်းခတွေကလည်း တက်လာလိုက်တာ အခုဖြင့် အနိမ့်ဆုံးအနည်းဆုံးက ရှစ်သောင်း၊ ကိုးသောင်းတဲ့။ တသိန်းတဲ့။ ရတဲ့လစာက ဘယ်လောက်၊ ထမင်းဖိုးက ဘယ်လောက်၊ ဘတ်စကားခ ဘယ်လောက်ဆိုပြီး လက်တွေကျိုးအောင် အပြန်ပြန်အလှန်ချိုးရေတွက်ရ၊ နေရမယ့်အခန်းကလေးကို ကြည့်ပြီး စိတ်အိုက်ရ၊ ခေါင်းယမ်းရ။ 

ဒီဒုက္ခတွေဟာ မြန်မာပြည်မှာ စစ်အာဏာမသိမ်းခင်ကတည်းက။ အဆောင်နေသူတို့ရဲ့ဘဝတွေအကြောင်း၊ အဆောင်လုပ်ငန်းတွေအကြောင်း ဘယ်ဝန်ကြီး၊ ဘယ်ဌာန၊ ဘယ်ကိုယ်စားလှယ်က ဆွေးနွေးပြောဆိုခဲ့တယ်ဆိုတာကို မကြားခဲ့ရပါဘူး။ လူတယောက် နေထိုင်ဖို့အတွက် အဆောက်အအုံဟာ သင့်လျော်တဲ့ အခင်းအကျင်း၊ ဖွဲ့စည်းမှု၊ ကြံ့ခိုင်မှု စတဲ့ လူမှုရေး၊ ကျန်းမာရေး၊ လုံခြုံရေးကြပ်မတ်မှုတွေလည်း ရှိပုံမပေါ်ပါဘူး။ ထားချင်သလိုထား၊ နေချင်သလိုနေ၊ ဖြစ်ချင်ဖြစ်သလို ဖြစ်စေသတည်းပေါ့။ စီမံခန့်ခွဲမှု မရှိခဲ့ပါဘူး။ အခု စစ်အာဏာသိမ်းလိုက်တဲ့အခါ ဒုက္ခဟာ နှစ်ဆတိုးလာရုံပါပဲ။ စစ်ဘေး၊ စစ်မှုထမ်းဘေး၊ ထင်သလို ဖမ်းဆီးနေတဲ့ဘေးတွေနဲ့ အလုပ်ရှား၊ ကုန်ဈေးနှုန်းကြီးတဲ့ အခြေအနေတွေအကြားမှာ ရှင်သန်ဖို့ လူးလွန့်နေကြရတာ။ ကူညီမယ့်အဖွဲ့အစည်းဆိုတာတွေလည်း မရှိ။ ရှိချင်းရှိ ဒုက္ခပေးမယ့်အဖွဲ့အစည်းတွေပဲ ရှိ။ မြန်မာပြည်မှာက အဆောင်ကိစ္စပဲ ပြဿနာရှိနေတာတော့ မဟုတ်ပါဘူး။ အဆောက်အအုံဆောက်လုပ်တဲ့ အခြေခံကိစ္စမှာကတည်းက ချွတ်ယွင်းမှုတွေ၊ ပျက်ကွက်မှုတွေ ရှိနေတာပါ။ စံတွေ၊ စနစ်တွေ မရှိ။ ရှိလည်း မလိုက်နာ။ ဆောက်ချင်သလို ဆောက်။ 

အဆောင်တွေမှာ လူတွေကျပ်လာ၊ အခန်းတွေကို မချဲ့နိုင်တဲ့အခါ နှစ်ထပ်ခုတင်တွေ ဖြစ်လာပါတယ်။ အခုနောက်ဆုံးတော့ နှစ်ထပ်အခန်းတွေ ဖြစ်လာတာပါ။ စောစောက နှစ်သိန်းရှစ်သောင်းဆိုတဲ့ အခန်းဟာ နှစ်ထပ်အခန်းပါပဲ။ အခန်းကျယ်တိုက်ခန်းတခုထဲမှာ အခန်းကလေးတွေ ထပ်ကန့်တာက လုပ်နည်းအဟောင်းဖြစ်ပါတယ်။ အခုက အဲဒီကန့်ထားတဲ့အခန်းကလေးတွေကို အပေါ်အောက် နှစ်ထပ်ပိုင်းခြားလိုက်တာပါ။ ဒီတော့လည်း လူ့အရပ်နဲ့ မလွတ်တော့ပါဘူး။ လူနေတဲ့ နေရာကို တိရစ္ဆာန်တွေနဲ့နှိုင်းပြီး ဝပ်ကျင်းလို့တောင် ခပ်ရိုင်းရိုင်း ခေါ်ရမလိုပါပဲ။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles