ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

ကျားဖြန့်လက်ခုပ်ထဲက သူဌေးလောင်းများ

လောင်းကစားဆိုတာ သဘာဝအရ အနိုင်အရှုံး ရှိတတ်စမြဲ ဆိုပေမဲ့ စလော့ဂိမ်းတွေမှာတော့ အဲဒီလို မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီဂိမ်းတွေကို တဖက်လူ (တချို့အခေါ် ကျားဖြန့်) တွေက ထိန်းချုပ်ထားပြီး သူတို့ လိုသလို လုပ်နိုင်လို့ပါပဲ။ …ဒီဂိမ်းတွေဟာ သာမန် application တွေလို မဟုတ်ဘဲ ဆော့ကစားသူရဲ့ ဖုန်းထဲက ကိုယ်ရေးအချက်အလက်တွေကိုပါ ရယူသုံးစွဲနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်ရောဂါကြောင့် ထိခိုက်နစ်နာခဲ့ရသူတွေ အများကြီးရှိခဲ့သလိုပဲ အခုဆိုရင်လည်း “စလော့ဂိမ်း (Slot Game)” ဆိုတဲ့ ကူးစက်ရောဂါကြောင့် အိမ်ရာအပါအဝင် ပိုင်ဆိုင်မှုတွေ ဆုံးရှုံးပြီး အကြွေးပတ်လည်ဝိုင်းကာ ဘဝပျက်နေရသူတွေ ဒုနဲ့ဒေး ရှိလာနေပါပြီ။ အခုလို အိမ်ရာပိုင်ဆိုင်မှုတွေ ဆုံးရှုံးရတယ်လို့ ပြောရတဲ့ အကြောင်းရင်းကတော့ စလော့ဂိမ်းဟာ အခုဆို မြို့ပြတွေမှာသာမကဘဲ ကျေးလက်ဒေသတွေအထိပါ တနိုင်ငံလုံးကို အရှိန်အဟုန်နဲ့ ပြန့်နှံ့နေလို့ပါပဲ။ မြို့ပေါ်က ရပ်ကွက်တခုတည်းမှာတင် စလော့ဂိမ်း ဆော့ကစားသူ အတော်များများ ရှိနေပြီး စီးပွားပျက်သွားကြသူတွေလည်း ရှိနေပြီ ဖြစ်ပါတယ်။

လောင်းကစားဆိုတာ သဘာဝအရ အနိုင်အရှုံး ရှိတတ်စမြဲ ဆိုပေမဲ့ စလော့ဂိမ်းတွေမှာတော့ အဲဒီလို မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီဂိမ်းတွေကို တဖက်လူ (တချို့အခေါ် ကျားဖြန့်) တွေက ထိန်းချုပ်ထားပြီး သူတို့ လိုသလို လုပ်နိုင်လို့ပါပဲ။ စလော့ဂိမ်း ဆော့သူတွေအချင်းချင်း ပြောကြတဲ့အခါမှာ “ဘယ်ဂိမ်းကတော့ ပေးတာကြမ်းတယ်၊ ဘယ်ဂိမ်းကတော့ ဆာဗာထိန်းတာ မရှိဘူး၊ ငါတော့ ဘယ်လောက်ရပြီ” ဆိုပြီး ပြောဆိုလေ့ရှိကြပါတယ်။ ကျွန်တော့်အသိတွေထဲမှာလည်း စလော့ဂိမ်းဆော့သူတွေ အများကြီးရှိပြီး သူတို့ကို မေးကြည့်တိုင်း နိုင်တဲ့အခါထက် ရှုံးတဲ့အကြိမ်က ပိုများနေတာကို တွေ့ရပါတယ်။ ဒါပေမဲ့ သူတို့ကို နည်းပညာရှုထောင့်အရဖြစ်ဖြစ်၊ လောင်းကစားဥပဒေအရဖြစ်ဖြစ် ဘယ်လိုပဲ ရှင်းပြရှင်းပြ သူတို့က လက်မခံကြပါဘူး။ သူတို့သိထားတာက ဂိမ်းနိုင်သွားသူတွေရဲ့ စကားတွေပဲ ဖြစ်နေပါတယ်။ တကယ်တမ်း နိုင်သွားတဲ့သူတွေကို အရင်က ဘယ်လောက်အထိ ရှုံးခဲ့ဖူးလဲလို့ မေးကြည့်ရင်တော့ တိတိကျကျ မပြောနိုင်ကြပါဘူး။

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

ကံကိုယုံလို့ ကျောက်တူးရင် လောပန်းလောင်း ဖြစ်နိုင်ပေမဲ့ စလော့ဂိမ်း ကစားသူတွေကတော့ သူဌေးလောင်း မဖြစ်နိုင်ပါဘူး။ တချို့ဆိုရင် ရှိတဲ့ စုဆောင်းငွေတွေ ကုန်သွားတဲ့အပြင် အကြွေးပါ တင်သွားတဲ့အထိ ဖြစ်ရပါတယ်။ တလောက အဘွားတို့ရွာကနေ အလည်လာတဲ့ အသိတယောက် ပြောပြတာအရဆိုရင် သူတို့ရွာမှာ စလော့ဂိမ်းဆော့တာကြောင့် ရှင်ပြုဖို့ စုဆောင်းထားတဲ့ငွေ၊ စီးပွားရေးချဲ့ဖို့ စုဆောင်းထားတဲ့ငွေတွေ ကုန်သွားတဲ့အပြင် ပစ္စည်းတွေကိုပါ ရောင်းချပြီး ဆော့လာကြတဲ့အထိ ဖြစ်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် အွန်လိုင်းပေါ်မှာ တိုင်းရင်းသားဒေသတွေက အဘိုးအဘွားအရွယ် လူကြီးတွေပါ စလော့ဂိမ်း ဆော့နေကြတဲ့ ဗီဒီယိုတွေကို တွေ့ရတဲ့အတွက် စလော့ဂိမ်းဟာ အရွယ်မရွေး၊ နေရာဒေသမရွေး အလျင်အမြန် ပြန့်နှံ့နေတယ်ဆိုတာ ထင်ရှားပါတယ်။ ဒီအခြေအနေတွေကို ကြည့်ရင် စလော့ဂိမ်းတွေက “လူမျိုးဘာသာမရွေး သုံးဆောင်နိုင်ပါသည်” ဆိုတဲ့ တံဆိပ်များ ကပ်ထားသလားလို့တောင် ထင်ရပါတယ်။

စလော့ဂိမ်းတွေကို ဆော့ချင်တယ်ဆိုရင် Play Store ဒါမှမဟုတ် App Store တွေကနေ အလွယ်တကူ ဒေါင်းလုဒ်လုပ်လို့ မရပါဘူး။ အေးဂျင့်တွေပေးတဲ့ လင့်ခ်ကို နှိပ်ပြီး ဒေါင်းလုဒ်ဆွဲရင်ဆွဲ၊ ဒါမှမဟုတ် ဆော့ကစားသူအချင်းချင်း ကူးပေးမှသာ ရပါတယ်။ ဒါကြောင့် ဒီဂိမ်းတွေဟာ သာမန် application တွေလို မဟုတ်ဘဲ ဆော့ကစားသူရဲ့ ဖုန်းထဲက ကိုယ်ရေးအချက်အလက်တွေကိုပါ ရယူသုံးစွဲနိုင်ပါတယ်။ ဒီအချက်ကို ဆော့ကစားသူတွေက မသိကြပါဘူး။ ပြီးတော့ ဂိမ်းကို ထိန်းချုပ်ထားသူတွေက ဆော့ကစားသူဖုန်းထဲက အချက်အလက်တွေကို အသုံးပြုပြီး တခြားသူတွေကိုပါ ဆော့ကစားဖို့ Viber ကနေတဆင့် ဆွဲဆောင်ကြပါသေးတယ်။ လွန်ခဲ့တဲ့ ၂ လလောက်က ကျွန်တော့် Viber အကောင့်ကို ဂိမ်းဆော့ဖို့ ဖိတ်ခေါ်တဲ့ ကြော်ငြာစာတွေ ရောက်လာခဲ့ပါတယ်။ အကောင့်နာမည်က သာမန်သုံးစွဲသူနာမည် ဖြစ်နေသလို၊ ပရိုဖိုင်ပုံကလည်း ကလေးငယ်နဲ့ တွဲရိုက်ထားတဲ့ပုံ ဖြစ်နေတာကြောင့် အဲဒီလူဆီ ဖုန်းဆက်ကြည့်တဲ့အခါ သူက အဲဒီစာကို မပို့ခဲ့ကြောင်းနဲ့ သူ့ဖုန်းထဲမှာလည်း ပို့ထားတဲ့ မှတ်တမ်းမရှိကြောင်း ပြောပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် စလော့ဂိမ်းတွေဟာ ဖုန်းထဲသွင်းမိတာနဲ့ ဖုန်းကိုပါ ထိန်းချုပ်နိုင်တယ်ဆိုတာ ထင်ရှားပါတယ်။ ပိုပြီး သိသာစေတဲ့ ဖြစ်ရပ်တခုကတော့ အသိမိတ်ဆွေတဦးရဲ့ စက်ရုံက ဝန်ထမ်းတယောက်ဟာ သူ့ဖုန်းထဲမှာ စလော့ဂိမ်း ထည့်သွင်းထားတာကြောင့် တလစာ လုပ်အားခတွေ အကုန်လုံး ဆုံးရှုံးခဲ့ရပါတယ်။ ဖြစ်ပုံကတော့ လကုန်ရက်မှာ သူ့လစာ ငွေဘဏ်အကောင့်ထဲ မဝင်ခင် ဖုန်းက ပွင့်လိုက်ပိတ်လိုက် ဖြစ်နေခဲ့ပါတယ်။ ဖုန်းပြန်ပွင့်လာတဲ့အခါ ဖုန်းထဲမှာ ဘယ် Application မှ မရှိတော့တဲ့အပြင် ဘဏ်အကောင့်ထဲက ငွေတွေဟာလည်း လစာဝင်ပြီး ငါးမိနစ်အတွင်းမှာပဲ တခြားအကောင့်တခုဆီကို လွှဲပြောင်းသွားခဲ့ပါတယ်။

ဒါ့အပြင် စလော့ဂိမ်းတွေဟာ လူတွေကို ဆော့ချင်လာအောင် ဆွဲဆောင်နိုင်တဲ့ ကြော်ငြာအားလည်း အလွန်ကောင်းပါတယ်။ ဒီကြော်ငြာတွေကို မြန်မာနိုင်ငံမှာ အသုံးများတဲ့ TikTok နဲ့ Telegram ချန်နယ်တွေကနေတဆင့် ကြော်ငြာလေ့ရှိပါတယ်။ တချို့ဆိုရင် ဂိမ်းကို ထိန်းချုပ်တဲ့နေရာတွေမှာ အလုပ်လုပ်ကိုင်ကြပြီး သူတို့ရဲ့ အကောင့်တွေကနေ “ဒီနေ့ ဘယ်အချိန်မှာတော့ ဆာဗာ မထိန်းထားဘူး”၊ “ဆာဗာထိန်းချုပ်တာနည်းတဲ့ ငါတို့ဂိမ်းကို ဆော့ကြပါ” ဆိုပြီး ပေါ်ပေါ်ထင်ထင် ဆွဲဆောင်နေတာကို တွေ့ရပါတယ်။ ဒါကိုကြည့်ရင် ဒီဂိမ်းတွေကို ဆာဗာကနေ ထိန်းချုပ်ထားတယ်ဆိုတာ သေချာပါတယ်။ ဒါ့အပြင် ချောမောလှပတဲ့ အမျိုးသမီးတွေကို အေးဂျင့်တွေအဖြစ် ခန့်အပ်ထားပြီး သူတို့ရဲ့ ဆိုရှယ်မီဒီယာ အကောင့်တွေကနေတဆင့် ငွေသွင်းငွေထုတ် လုပ်နိုင်အောင် ကြားခံထားကြပါသေးတယ်။ ငွေသွင်းငွေထုတ်အတွက် KBZ Pay နဲ့ Wave Money တို့ကိုသာ အဓိက အသုံးပြုကြတဲ့အတွက် အဲဒီအကောင့်တွေကို သိနေပေမဲ့ ထိရောက်စွာ ပိတ်သိမ်းအရေးယူနိုင်တာမျိုးတော့ မရှိသေးပါဘူး။ အကောင့်ပိတ်ခံရရင်လည်း တခြား KBZ Pay အကောင့်တွေကို ငွေပေးဝယ်ယူပြီး ဆက်လက်လုပ်ကိုင်နေကြပါတယ်။ ဒီလို အခြေအနေတွေ ရှိနေပေမဲ့ ယခုအချိန်အထိ ဘယ်အဖွဲ့အစည်းကမှ ဒီကိစ္စတွေကို အလေးအနက်ထား ဆောင်ရွက်တာမျိုး မတွေ့ရသေးပါဘူး။

၂၀၂၆ ခုနှစ် အစပိုင်းကာလတွေမှာ စလော့ဂိမ်းတွေကို နှိမ်နင်းဖို့ စစ်အုပ်စုဘက်က စီမံချက်တွေ ထားရှိခဲ့ပါတယ်။ ဥပမာ – စစ်ဆေးရေးဂိတ်တွေမှာ ဖုန်းထဲ စလော့ဂိမ်း တွေ့ရှိရင်ဖြစ်စေ၊ ငွေသွင်းငွေထုတ် လုပ်တာကို တွေ့ရှိရင်ဖြစ်စေ ဖမ်းဆီးမယ်လို့ ပြောခဲ့ပေမဲ့ လက်တွေ့မှာတော့ ထိရောက်အောင် မလုပ်နိုင်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ အရေးယူရမယ့် အစိုးရဌာနက လူတွေကိုယ်တိုင် ဒီကိစ္စတွေနဲ့ မကင်းရှင်းလို့ပါပဲ။ ဒီလိုပြောရတဲ့ အကြောင်းရင်းကတော့ ခရီးသွားရင်း စစ်ဆေးရေးဂိတ်ကို ရောက်တဲ့အခါ ဂိတ်မှာရှိတဲ့ တာဝန်ကျသူတွေ ကိုယ်တိုင် စလော့ဂိမ်း ဆော့နေကြတာကို မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရလို့ ဖြစ်ပါတယ်။ ဖော်ပြခဲ့တဲ့ အကြောင်းအရာတွေဟာ ဘယ်လောက်ပဲ ကြေကွဲစရာ ကောင်းနေပါစေ၊ ကြောက်စရာ ကောင်းနေပါစေ၊ ဒီစလော့ဂိမ်း ကူးစက်ရောဂါကို ပျောက်ကင်းအောင် ကုသနိုင်မယ့် ဆေးဝါးမရှိသေးသရွေ့တော့ ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်တွေ ဆက်လက် ပျက်သုဉ်းနေရဦးမှာ ဖြစ်ပါတယ်။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles