ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

ရန်ပွဲထက်ပိုသော

TNLA နဲ့ KIA ရဲ့ အငြင်းပွားမှုဟာ ဘုံရန်သူရှိလို့ ညီညွတ်ရမယ်ဆိုတဲ့ အပေါ်ယံဆန်ဆန် မှတ်ချက်တွေနဲ့ ဖုံးဖိလိုက်လို့ရမယ့် ကိစ္စမဟုတ်ပါဘူး။ ‘အရေးကြီးပြီ သွေးစည်းစို့’ တို့၊ ‘ဘုံရန်သူကို သိရမယ်’ တို့လို စကားလုံးတွေဟာ အရင်းခံတင်းမာမှုတွေကို မဖြေရှင်းနိုင်သေးတဲ့ကာလပတ်လုံးမှာ အထောက်အပံ့ မဖြစ်နိုင်ပါဘူး။

(‘We Don’t Talk About Fight Club’ ဆောင်းပါးကို မြန်မာဘာသာဖြင့် ဆီလျော်စွာ ပြန်ဆိုထားပါသည်။ အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသော မူရင်းဆောင်းပါးကို  ယခု link တွင် ဖတ်ရှုနိုင်ပါသည်)

အင်တာနက်ပေါ်မှာတော့ အတင်းအဖျင်းတွေက ပလုံစီထနေပါတယ်။ ကိုယ်တွေရဲ့ newsfeed တွေကိုလည်း ဆယ်လီတွေရဲ့ အချစ်ရေးတွေ၊ လမ်းခွဲတာတွေ၊ အဲဒီဇာတ်လမ်းတွေကို လှောင်တာတွေက အုပ်မိုးထားပြန်တယ်။ ဒီတော့ နိုင်ငံရေး ကိစ္စရပ်တွေဟာ နောက်တန်းကို ပို့ခံရရှာပါတယ်။ တကယ်တမ်းမှာလည်း လူတွေဟာ ဒရာမာချိုးတာတွေကို ပိုအာရုံကျကြပါတယ်၊ အင်တာနက်ဆိုတာကလည်း အညှီအဟောက်တွေနဲ့ ပွဲစည်နေတာပဲမလား။ ဒါပေမဲ့ ဒီလိုအရှုပ်အထွေးတွေအကြားမှာ မျောနေမိကြချိန်မှာပဲ တကယ်တမ်း အရေးပိုကြီးပြီး သက်ရောက်မှုလည်း ပိုရှိတဲ့ အငြင်းပွားမှုတခု ပေါ်လာပါတယ်။ ဒါကတော့ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အကြားက ပဋိပက္ခပါပဲ။ ဒီပြဿနာကို ပိုပြီး အာရုံစိုက်ကြဖို့ သင့်ပါတယ်။

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

ဒီနှစ်အစောပိုင်းတုန်းက TNLA နဲ့ KIA အောက်ခြေတပ်သားတွေ နှစ်ယောက်ချင်း လက်သီးထိုး ရန်ဖြစ်ကြတဲ့ ဗီဒီယိုတခု ပျံ့လာခဲ့ပါသေးတယ်။ ဆိုရှယ်မီဒီယာ သုံးသူတွေကတော့ ဒါကို ပျော်ရွှင်ရယ်မြူးဖွယ်ရာ ဒါမှမဟုတ် သဘောခွေ့စရာလို့ မြင်ခဲ့ကြပါတယ်။ “ချစ်ဖို့ ကောင်းတယ်”၊ “ညီအစ်ကိုတွေ ဒီလိုနေ”  စသည်ဖြင့် သေနတ်မသုံးဘဲ လက်သီးချင်း ထိုးကြတာကိုပဲ အပြောများကြပါတယ်။ ဒီလိုမြင်တာဟာ Chuck Palahniuk ရဲ့ Fight Club ဝတ္ထုထဲက တိုင်လာဒါဒင်လို ထင်ယောင်ထင်မှား ဖြစ်နေတာမျိုးပါပဲ။ တကယ်တမ်းမှာ သူတို့ဟာ နယ်မြေရဖို့နဲ့ အာဏာစက်ချဲ့ထွင်ဖို့အတွက် တိုက်ခိုက်နေကြတဲ့ စစ်သားတွေပါ။ လျစ်လျူရှုထားရင် ဒီပဋိပက္ခဟာ  မြန်မာ့နိုင်ငံရေးအခင်းအကျင်းကို ပြောင်းလဲသွားနိုင်တဲ့အထိ ကျယ်ပြန့်ပါတယ်။ 

မကြာသေးခင်ကပဲ နောက်ထပ်ဗီဒီယိုတခု ထပ်ထွက်လာပါသေးတယ်။ TNLA စစ်သားတွေက KIA စစ်သားတယောက်ကို အုပ်စုဖွဲ့ပြီး ရိုက်နှက်နေတာကို တွေ့ရပါတယ်။ ပြဿနာဟာ ပိုဆိုးရွားလာပြီဆိုတာ ဒီဗီဒီယိုက သက်သေခံနေပါတယ်။ ဒီအကွဲအပြဲဟာ တိုင်းရင်းသားပြည်သူတွေအကြား တင်းမာမှုတွေကို ဖြစ်စေသလို နှစ်ဖက်အောက်ခြေစစ်သားတွေနဲ့ အွန်လိုင်းထောက်ခံသူတွေအကြား အက်ကြောင်းတွေကလည်း ကြီးသထက်ကြီးလာနေပါတယ်။

တော်လှန်ရေးရဲ့ စစ်ရေးအောင်ပွဲတွေအတွက် ဂုဏ်ယူကြပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ (EAOs) က စစ်ကောင်စီတပ်တွေကို အနိုင်ယူတဲ့အခါ အားပေးကြပါတယ်။ TNLA နဲ့ KIA ဟာ ဒီအောင်ပွဲတွေရဲ့ အဓိကကစားသမားတွေပါ။ KIA ဟာ မြန်မာ့ပြည်တွင်းစစ်ဆိုတဲ့ ကစားပွဲမှာ ဆယ်စုနှစ်ပေါင်းများစွာ ပါဝင်တိုက်ခိုက်လာတဲ့ အတွေ့အကြုံရှိ ကစားသမားဖြစ်ပြီး TNLA ကတော့ ပါဝင်လာတာ သိပ်မကြာသေးပေမဲ့ အလားအလာရှိတဲ့ ကစားသမားသစ်အဖြစ် သက်သေထူထားပါတယ်။ ‘စစ်ဆင်ရေး ၁၀၂၇’အတွင်း မြို့တွေ၊ စစ်ဌာနချုပ်တွေ၊ စီးပွားရေးစီမံကိန်းတွေကို သိမ်းပိုက်နိုင်ခဲ့တဲ့ မဟာဗျူဟာမြောက် အောင်မြင်မှုတွေက သူတို့ရဲ့ အရေးပါမှုကို သက်သေပြခဲ့ပါတယ်။ ဒါပေမဲ့ ဒီအင်အားစုတွေကပဲ ကိုယ့်အုပ်စုရဲ့ နယ်မြေနဲ့ အာဏာအတွက် အချင်းချင်း ငြိကြတဲ့အခါ ဖြစ်လာမယ့် အကျိုးဆက်တွေကို လျစ်လျူရှုပြီး ရန်ပွဲလေးတွေပါကွာလို့ ခေါက်ထားလိုက်မိကြပါတယ်။

တကယ်တော့ TNLA နဲ့ KIA ရဲ့ အငြင်းပွားမှုဟာ ဘုံရန်သူရှိလို့ ညီညွတ်ရမယ်ဆိုတဲ့ အပေါ်ယံဆန်ဆန် မှတ်ချက်တွေနဲ့ ဖုံးဖိလိုက်လို့ရမယ့် ကိစ္စမဟုတ်ပါဘူး။ ‘အရေးကြီးပြီ သွေးစည်းစို့’ တို့၊ ‘ဘုံရန်သူကို သိရမယ်’ တို့လို စကားလုံးတွေဟာ အရင်းခံတင်းမာမှုတွေကို မဖြေရှင်းနိုင်သေးတဲ့ကာလပတ်လုံးမှာ အထောက်အပံ့ မဖြစ်နိုင်ပါဘူး။ နှစ်ဖက်ခေါင်းဆောင်တွေအနေနဲ့ ဒီအငြင်းပွားမှုကို ဖြေရှင်းဖို့ ကြိုးစားနေတယ်လို့ မီဒီယာတွေက ရေးနေကြပေမဲ့ ဒီပြဿနာဟာ ပြည်သူတွေအကြားမှာ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့လိုတဲ့ ကိစ္စပါ။ နှစ်ဖက်ပြောရေးဆိုခွင့်ရှိသူတွေက ‘ကိုင်တွယ်နေပါတယ်’ လို့ တွင်တွင်ပြောကြပေမဲ့ နှစ်ဖက်ရန်စောင်မှုတွေကတော့ တနေရာပြီး တနေရာမှာ ပေါ်လာနေပါတယ်။

TNLA နဲ့ KIA လို ဩဇာကြီးတဲ့ EAO တွေအကြားက အတွင်းရေးပဋိပက္ခတွေဟာ ယိုယွင်းချည့်နဲ့နေတဲ့ ကနေ့အခြေအနေကို ပိုဆိုးသွားစေနိုင်ပါတယ်။ မြန်မာနိုင်ငံဟာ စစ်ဒဏ်ကို ဆယ်စုနှစ်ပေါင်းများစွာ ခံခဲ့ရပြီးပါပြီ။ သြဇာကြီးတဲ့ EAO တွေအကြားက ထပ်တိုးအငြင်းပွားမှုတွေဟာ မရေရာတဲ့ နိုင်ငံ့အနာဂတ်ကို ပိုပြီးဆိုးရွားစေရုံပဲ ရှိပါတယ်။ 

မြန်မာနိုင်ငံအတွက် အမှန်တကယ် ကောင်းကျိုးဖြစ်ထွန်းစေချင်တယ်ဆိုရင် ရေရှည်တည်ငြိမ်မှုကို ခြိမ်းခြောက်နေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့လည်း အားထည့်လုပ်ဆောင်ကြရမှာပါ။ TNLA နဲ့ KIA ရဲ့ အငြင်းပွားမှုဟာ ထူးရှယ်ဖျော်ဖြေပွဲတခု မဟုတ်ပါဘူး၊ သတိပေးချက်တခု ဖြစ်ပါတယ်။ ဒါကို အများပြောဆိုနေကြတဲ့ အညှီအဟောက်တွေလောက် ဇာတ်ရှိန်မမြင့်ပါဘူး၊ ဆွဲဆောင်မှု မရှိပါဘူးဆိုပြီး ခေါက်ထားလို့ မရဘူး။ မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ တော်လှန်ရေးအဖွဲ့တွေကြားက ကွဲအက်မှုတွေကြောင့် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးလမ်းကြောင်းကို အဟန့်အတား မဖြစ်စေရေးနဲ့ အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆိုတဲ့ အချက်နှစ်ချက်အပေါ်  မှီတည်နေလို့ပဲ ဖြစ်ပါတယ်။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *