ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

ပြစ်ဒဏ်ခတ်တာ တရားမျှတဖို့အတွက် အဖြေလား

ပဋိပက္ခနဲ့ စစ်မက်တွေအကြား ထိခိုက်မှုများစွာနဲ့ နှစ်ရှည်လများဖြတ်သန်းလာတဲ့ မြန်မာနိုင်ငံထဲက လူထုအကြား တနေ့နေ့တချိန်ချိန် တရားမျှတမှုရှာဖွေကြ၊ အရေးဆိုကြရင် ပြစ်ဒဏ်ခတ်ခြင်းနည်းလမ်း(punitive justice) တခုတည်းကို စိတ်ခံစားချက်နောက်လိုက်ပြီး ရွေးချယ်ကြမှာ စိုးရိမ်မိပါတယ်။

ငယ်ငယ်က မြင်ဖူးတဲ့တရားမျှတမှု 

မြန်မာ့လူ့အဖွဲ့အစည်းမှာ တရားမျှတမှုကို ပြစ်ဒဏ်ခတ်စေခြင်းနည်းလမ်းနဲ့ ရှာဖွေလေ့ရှိကြပါတယ်။ မြင်သာအောင်ပြောရရင် ငယ်ငယ်က ကျောင်းမှာ ကလေးတယောက်က ကလေးတယောက်ကို ကိုယ်ထိလက်ရောက်ပြုမူလိုက်ရင် ထိခိုက်မှုဖြစ်စေသူ(ကျူးလွန်သူ)ကလေးကို ‘ကျောင်းထုတ်’တဲ့ ပြစ်ဒဏ်ခတ်စေပြီး ထိခိုက်မှုခံစားရသူ ကလေးအတွက် တရားမျှတမှုရှာဖွေတတ်ပါတယ်။ 

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

တရားမျှတမှု တကယ်ရပါသလား

‘ကျောင်းထုတ်’ ခံလိုက်ရတဲ့ကလေးက နောက်တခါ ကိုယ်ထိလက်ရောက်မပြုမူဘူးလို့ လူ့အဖွဲ့အစည်းက အာမခံနိုင်ပါသလား။ ကျောင်းထွက်လိုက်၊ နောက်ကျောင်းပြောင်းလိုက်၊ ပုံစံအသစ်တခုနဲ့ ထိခိုက်မှုပြုမူလိုက်နဲ့ မတူညီတဲ့ကလေးတွေမှာ အဆိုးသံသရာလည်ပြီး ထိခိုက်မှုတွေ ထပ်တလဲလဲ ဖြစ်နေခြင်းဟာ တရားမျှတမှု တကယ်ရပါသလား။ စာရေးသူအတွက်တော့ ဒီပြစ်ဒဏ်ခတ်ခြင်း ချဉ်းကပ်ပုံဟာ ထိခိုက်မှုကို အဆုံးသတ်ဖို့၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှု ဖြစ်ရခြင်းအကြောင်းအရင်း ရေသောက်မြစ်တွေကိုဖြေရှင်းဖို့ အလှမ်းဝေးလွန်းတယ်လို့ လက်ခံထားပါတယ်။ 

တရားမျှတမှုရအောင် တခြားနည်းနဲ့ ဘယ်လိုရှာဖွေနိုင်မလဲ

တရားမျှတမှုကို ‘ကျူးလွန်ခံရသူ၊ ထိခိုက်နစ်နာသူဟာ အမြဲတမ်းတယောက်တည်း၊ တဖက်တည်း မဟုတ်ဘူး’လို့ ဆင်ခြင်ပြီး ထိခိုက်မှုဖြစ်စဉ်အတွင်း အဘက်ဘက်ကပါဝင်ပတ်သက်သူတွေရဲ့ လိုအပ်ချက် (Needs) တွေကို ဖြည့်ဆည်းဖို့ ကြိုးပမ်းရင်း၊ ခံစားချက်၊ အတွေးအမြင်တွေကို ဖလှယ်နိုင်မယ့်စကားဝိုင်းတွေ ဖန်တီးပေးရင်း ပုံစံအသစ်နဲ့ ရှာဖွေနိုင်ပါတယ်။ 

ကျောင်းမှာ ကလေးချင်း ကိုယ်ထိလက်ရောက်ပြုမူလိုက်တဲ့ ဥပမာကိုကြည့်ကြပါစို့။ အားလုံးက ခံရသူကလေးကို ထိခိုက်နစ်နာသူအဖြစ် မြင်ကြမှာဖြစ်ပြီး အဲဒီအသိနဲ့ပဲ သူ့ရဲ့လိုအပ်ချက် (Needs) တွေကို ဖြည့်ဆည်းရင်း ဒဏ်ရာကို ဆေးထည့်တာ၊ လူကြီးမိဘတွေက စိတ်ပိုင်းဆိုင်ရာ ဖေးမတာတွေ လုပ်ကြမှာပါ။ 

တရားမျှတမှုရှာဖွေခြင်းနည်းလမ်းအသစ်မှာဆိုရင်တော့ ဒီလိုပဲ ‘ထိခိုက်မှုဖြစ်စေသူ(ကျူးလွန်သူ) ကလေး’ကိုလည်း ခံရသူအနေနဲ့ ပြောင်းလဲမြင်ကြည့်တတ်ဖို့လိုပါတယ်။ သူ့ဘက်က လိုအပ်ချက် (Needs) တွေကို မြင်အောင်ဖော်ထုတ်ကြည့်ရပါမယ်။ ဥပမာ အိမ်တွင်းအကြမ်းဖက်မှုတွေကို မျက်စိထဲ၊ နားထဲမှာ ယဉ်ပါးနေတာ၊ ‘လူ့အခွင့်အရေး’အကြောင်း ပုံပြင်လေးတွေကို မကြားဖူးတာ၊ စနစ်ရဲ့ ဖိနှိပ်မှုကြောင့် ရုန်းကန်နေရတဲ့ အုပ်ထိန်းသူတွေအကြား စိတ်ဒဏ်ရာများစွာရနေတာ၊  ဒါတွေဟာ သူ့ဘက်က လိုအပ်ချက်တွေ ဖြစ်နေနိုင်ပါတယ်။ ဒီလိုအပ်ချက်(Needs) တွေဟာ ထိခိုက်မှုကျူးလွန်ဖို့ကို တွန်းအားပေးနေတဲ့အရာတွေဖြစ်ပြီး သက်ဆိုင်ရာ လူကြီးမိဘနဲ့ ပတ်ဝန်းကျင်က ဝိုင်းဝန်းကူညီဖြေရှင်းဖို့ကြိုးစားပြီး နောက်ဆက်တွဲကျူးလွန်မှုတွေ ဆက်မဖြစ်ဖို့ အားထုတ်သင့်ပါတယ်။ တချိန်တည်းမှာပဲ ကလေးနှစ်ဦးအကြား ခံစားချက်တွေ အပြန်အလှန်ပြောဖို့ စကားဝိုင်းတွေ၊ အခြေအနေတွေ ဖန်တီးပေးပြီး နားလည်မှုတည်ဆောက်စေသင့်ပါတယ်။ ဒီနည်းနဲ့ ထိခိုက်မှုပြုမူခြင်းကို သိရှိအောင်လုပ်ရင်း ထပ်မံဖြစ်စေဖို့တွန်းအားပေးနိုင်မယ့်အရာတွေကို လျှော့ချဖြေရှင်းပြီး တရားမျှတမှုကို နည်းလမ်းအသစ်နဲ့ ရှာဖွေဖို့ ကြိုးစားနိုင်ပါတယ်။ 

ကျောင်းတွင်းကလေးရန်ပွဲထက်ပိုပါတယ်

စာရေးသူက မြင်သာအောင် ကျောင်းကကလေးရန်ပွဲနဲ့ ဥပမာပေးလိုက်ပေမဲ့ လက်တွေ့ကျင့်သုံးမယ်ဆိုရင် တရားမျှတမှု ရှာဖွေခြင်းနည်းလမ်းအသစ်ဟာ ‘ကလေးရန်ပွဲဖြေရှင်းခြင်း’ ထက်ပိုပါတယ်။ ပဋိပက္ခနဲ့ စစ်မက်တွေအကြား ထိခိုက်မှုများစွာနဲ့ နှစ်ရှည်လများဖြတ်သန်းလာတဲ့ မြန်မာနိုင်ငံထဲက လူထုအကြား တနေ့နေ့တချိန်ချိန် တရားမျှတမှုရှာဖွေကြ၊ အရေးဆိုကြရင် ပြစ်ဒဏ်ခတ်ခြင်းနည်းလမ်း(punitive justice) တခုတည်းကို စိတ်ခံစားချက်နောက်လိုက်ပြီး ရွေးချယ်ကြမှာ စိုးရိမ်မိပါတယ်။ အနိဋ္ဌာရုံတွေဖြစ်စေခဲ့တဲ့ အရာတွေအပြီးမှာ တရားမျှတမှုရှာဖွေဖို့အတွက် လက်နက်ခဲယမ်းအသုံးပြုသူ၊ ထိခိုက်မှုဖြစ်စေသူ သိန်းဂဏန်းနဲ့အထက် လူအုပ်ကြီးကို ဘယ်လိုနည်းနဲ့ ပြစ်ဒဏ်ခတ်ကြမှာလဲ၊ နောက်ထပ် အနိဋ္ဌာရုံတွေ ထပ်ပေါ်ပေါက်လာအုံးမလားရယ်လို့ တွေးပူမိပါတယ်။ 

ဒါနဲ့ပတ်သက်လို့ ကနေဒါနိုင်ငံမှာ ၁၉၉၀ ပြည့်နှစ်ဝန်းကျင်ကာလကဖြစ်ခဲ့တဲ့ မျိုးရိုးစဉ်ဆက်အလိုက် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်စဉ်ကြီးကို ပြန်လည်ထူထောင်ရေးတရားမျှတမှု (restorative justice /restorative practices) ရှာဖွေခြင်းနည်းလမ်းနဲ့ ကိုင်တွယ်ဖြေရှင်းခဲ့ပုံဟာ နမူနာပြုစရာ ဥပမာကောင်းဖြစ်ပါတယ်။ 

ဒါကြောင့် တရားမျှတမှုရှာဖွေခြင်းချဉ်းကပ်ပုံတွေထဲက တချို့သောအခြေအနေတွေမှာ အလုပ်ဖြစ်နိုင်မယ့် ပြန်လည်ထူထောင်ရေးတရားမျှတမှုချဉ်းကပ်ပုံ၊ အလေ့အကျင့် (restorative justice /restorative practices) တွေကို ပဋိပက္ခကာလအတွင်းမှာသာမက၊ ပဋိပက္ခလွန်ကာလမှာပါ ကျင့်သုံးနိုင်ဖို့၊ ထည့်သွင်းစဉ်းစားနိုင်စေဖို့ ‘ကျောင်းတွင်းကလေးရန်ပွဲ’ဥပမာနဲ့ တင်ပြလိုက်ရပါတယ်။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles