ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
Analysis

စစ်နွံထဲက ပြည်သူ၊ ပြည်သူထဲက မျှော်လင့်ချက်

ပစ္စည်းဥစ္စာတွေ ပေါင်နှံရောင်းချ နေကြရတာ၊ မိသားစုအတွင်း ကတောက်ကဆဖြစ်ပွားရမှုတွေနဲ့ နေ့စဉ်ရုန်းကန်နေရမှုတွေလည်း ရှိနေပါတယ်။ ဒီအခြေအနေထဲမှာ အများစုရဲ့ ဆန္ဒက စစ်ရေးအောင်မြင်မှုတွေအပြင် သူတို့ရဲ့ နေ့စဉ်ဘဝတည်ငြိမ်အေးချမ်းရေးနဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်လည်ပတ်နိုင်ရေးတို့ ဖြစ်တယ်...

ဇွန်လအတွင်းက ထုတ်ပြန်ခဲ့တဲ့ အင်္ကျီပြာအဖွဲ့ (Blue Shirt Initiative-BSI) ရဲ့ စစ်တမ်းအစီရင်ခံစာမှာ ပြည်သူတွေရဲ့ သဘောထားအမြင်နဲ့ ခံစားချက်တွေကို လှမ်းပြီး မြင်ရပါတယ်။ ဒီစစ်တမ်းကတော့ ‘မြန်မာ့နွေဦးတော်လှန်ရေး လေးနှစ်တာကာလ – ပစ္စုပ္ပန်နှင့် အနာဂတ်အလားအလာအပေါ် လူအများ၏ သဘောထားအမြင်’ ဆိုတာပါပဲ။ နိုင်ငံအနှံ့က လူသုံးထောင်ကျော်ရဲ့ သဘောထားအမြင်တွေဟာ တနိုင်ငံလုံးအတိုင်းအတာကို ကိုယ်စားပြုတယ်လို့ မဆိုနိုင်ပေမဲ့ အတိုင်းအတာတခုအထိ ထင်ဟပ်နေမယ်လို့ ယူဆနိုင်သလို အထူးစိတ်ဝင်စားစရာတွေလည်း ဖြစ်နေပါတယ်။​ စာရှည်မှာစိုးရလို့ လိုတိုရှင်း ဆွဲထုတ်ကြည့်ပါမယ်။

ပြည်သူတို့၏ ရုန်းကန်ရမှုနှင့် စိတ်ပျက်အားလျော့မှု

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

ဖြေဆိုသူအများစုဟာ လက်ရှိ လူမှုဘဝနဲ့ စီးပွားရေးအခြေအနေအပေါ် စိတ်ပျက်လက်ပျက်ဖြစ်နေကြတာကို တွေ့ရပါတယ်။ စစ်အာဏာသိမ်းလိုက်တာနဲ့ အကြမ်းဖက်မှုတွေဖြစ်ပေါ်နေတာကြောင့် နိုင်ငံဟာ လမ်းကြောင်းအမှားပေါ် ရောက်နေတယ်လို့ အများစုက မြင်ကြပါတယ်။  ဝင်ငွေမရှိဘဲ နေထိုင်နေကြရတာ၊ ပစ္စည်းဥစ္စာတွေ ပေါင်နှံရောင်းချ နေကြရတာ၊ မိသားစုအတွင်း ကတောက်ကဆဖြစ်ပွားရမှုတွေနဲ့ နေ့စဉ်ရုန်းကန်နေရမှုတွေလည်း ရှိနေပါတယ်။ ဒီအခြေအနေထဲမှာ အများစုရဲ့ ဆန္ဒက စစ်ရေးအောင်မြင်မှုတွေအပြင် သူတို့ရဲ့ နေ့စဉ်ဘဝတည်ငြိမ်အေးချမ်းရေးနဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်လည်ပတ်နိုင်ရေးတို့ ဖြစ်တယ်လို့ စစ်တမ်းက ဖော်ပြနေပါတယ်။ 

NUG နှင့် တော်လှန်ရေးအင်အားစုများအပေါ်  ယုံကြည်မှု 

စစ်တမ်းဖြေသူ ဆယ်ယောက်မှာ ရှစ်ယောက်လောက်က စစ်ကောင်စီ (SAC)နဲ့ ခေါင်းဆောင်တွေ၊ သူ့ရဲ့ယန္တရား အဖွဲ့အစည်းတွေနဲ့ တပ်မတော်အပေါ်ကို ယုံကြည်မှုမရှိကြတာကို အထင်အရှားတွေ့ရပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ NUG၊ PDF တွေ၊ EAOs/EROs တွေနဲ့ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်မှုမှာ အားကောင်းမြင့်မားနေဆဲဖြစ်တာကို တွေ့ရပါတယ်။ တချိန်တည်းမှာပဲ ဘာသာရေးခေါင်းဆောင်တွေအပေါ် ယုံကြည်မှု နည်းနေတာကိုလည်း တွေ့ရပါတယ်။ 

ပဋိပက္ခဖြေရှင်းရေးနှင့် ရွေးကောက်ပွဲအမြင်

လက်နက်ကိုင်ပဋိပက္ခနဲ့ပတ်သက်ပြီး စစ်တမ်းဖြေဆိုသူ တဝက်လောက်က လာမယ့်ငါးနှစ်အတွင်း ပဋိပက္ခတွေ ချုပ်ငြိမ်းမယ်လို့ အကောင်းမြင်ကြပေမဲ့ ကျန်တဲ့သူတွေကတော့ ဘယ်အချိန် အဆုံးသတ်မယ်ဆိုတာကို မသိကြသလို တချို့ကလည်း ငါးနှစ်ထက်ပိုကြာလိမ့်မယ်လို့ ရှုမြင် စိုးရိမ်ကြပါတယ်။ ပဋိပက္ခတွေ ပြေလည်ဖို့အတွက် စစ်ရေးနည်းလမ်းကပဲ ပိုထိရောက်တယ်လို့ သဘောထားရှိသူက တဝက်ရှိပါတယ်။ ဒီပမာဏဟာ ပြီးခဲ့တဲ့နှစ်ကထက် အနည်းငယ်လျော့ကျသွားတယ်ဆိုပေမဲ့ ရွေးချယ်သူ အများဆုံးအဖြစ် ရှိနေဆဲပါပဲ။ ဒီလိုဖြေဆိုတာမှာလည်း စစ်ဒဏ်ကို အကြီးအကျယ်ခံနေရတဲ့ စစ်ကိုင်းနဲ့ မကွေးတိုင်းက အများဆုံးပါ။ အညာလူထုတွေရဲ့ စိတ်ခွန်အားဟာ အသိအမှတ်ပြုစရာပါ။ တဖက်မှာလည်း လက်တွေ့ကျကျ လုပ်ဆောင်နိုင်ဖို့အတွက် နိုင်ငံရေးနည်းလမ်းတခုကို အမြန်ဆုံးရှာဖွေသင့်တယ်လို့ စစ်တမ်းဖြေတဲ့ တဝက်လောက်က တိုက်တွန်းကြပြန်ပါတယ်။ ဒီအချက်ဟာ တော်လှန်ရေးရဲ့ အရှိန်အဟုန်ကို ထိန်းသိမ်းဖို့အတွက် စစ်ရေးအရ ဆက်လက်ဖိအားပေးဖို့လိုပေမဲ့ ရေရှည်တည်ငြိမ်တဲ့ ဖြေရှင်းနည်တခုအတွက် နိုင်ငံရေးနည်းလမ်းကို ပြည်သူတွေက မျှော်လင့်နေတယ်ဆိုတာကို ပြသနေတာပါ။ 

စစ်ကောင်စီက ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲအပေါ်  ပြည်သူ့အမြင်ကလည်း ရှင်းလင်းပြတ်သားပါတယ်။ စစ်တမ်းဖြေဆိုသူ ဆယ်ယောက်မှာ ခုနစ်ယောက်ကျော်က လက်ရှိအခြေအနေမှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ အချိန်အခါမသင့်ဘူးလို့ ရှုမြင်ကြပါတယ်။ 

နိုင်ငံအတွက် စိန်ခေါ်မှုဖြစ်စေတဲ့ စစ်တမ်းရဲ့ ထူးခြားတွေ့ရှိချက်တချို့ကိုလည်း ထပ်ပြီးကောက်နုတ်ဖော်ပြလိုပါတယ်။

လူအချင်းချင်းအကြား ယုံကြည်မှုပျောက်ဆုံးခြင်း။ ။ စစ်တမ်းဖြေဆိုသူ ၈၅ ရာခိုင်နှုန်းက လူအများနဲ့ ဆက်ဆံရာမှာ သတိထားဆက်ဆံဖို့လိုတယ်လို့ ဖြေကြပါတယ်။ ဒါဟာ အာဏာသိမ်းမှုအလွန် မတည်ငြိမ်မှုတွေအောက်မှာ လူအကြားယုံကြည်မှု ပျောက်ဆုံးနေပြီး လူမှုအရင်းအနှီးကျဆင်းနေတဲ့လက္ခဏာပါ။ 

ကွဲပြားခြားနားမှုကို လက်ခံမှုအားနည်းခြင်း။ ။ စစ်တမ်းဖြေဆိုသူအများစုအနေနဲ့  မူးယစ်ဆေး/အရက်စွဲနေသူတွေနဲ့ ရာဇဝတ်မှုကျူးလွန်ခဲ့ဖူးသူတွေကိုလည်း လက်မခံလိုကြတာ တွေ့ရပါတယ်။ ၁၀ ယောက်မှာ နှစ်ယောက်ကလည်း ၎င်းတို့နဲ့ နိုင်ငံရေးရပ်တည်ချက် မတူညီသူတွေနဲ့ အိမ်နီးချင်းမဖြစ်လိုကြဘူးလို့ ဖြေဆိုကြပါတယ်။ ဒီအချက်ဟာ လူမှုအသိုက်အဝန်းအတွင်း သည်းခံနိုင်စွမ်း အားနည်းနေတာကို မီးမောင်းထိုးနေတာပါ။

နိုင်ငံသားဖြစ်မှုအပေါ် တင်းကျပ်လိုသော သဘောထား။ ။ စစ်တမ်းဖြေဆိုသူ ၇၀ ရာခိုင်နှုန်းခန့်က နိုင်ငံသားအဖြစ် သတ်မှတ်ရာမှာ တင်းကျပ်လိုတဲ့ သဘောထားရှိနေကြပါတယ်။ နိုင်ငံသားဖြစ်ဖို့ဆိုရင် နိုင်ငံတွင်းမွေးဖွားသူ၊ ဗမာစကားပြောဆိုနိုင်သူနဲ့ မြန်မာ့ယဉ်ကျေးမှုဓလေ့တွေကို လိုက်နာကျင့်သုံးနိုင်သူဖြစ်ဖို့ အရေးကြီးတယ်လို့ ဆိုကြပါတယ်။ ဗုဒ္ဓဘာသာဝင်ဖြစ်ဖို့ လိုအပ်တယ်လို့ ဖြေဆိုသူ ၁၉ ရာခိုင်နှုန်းရှိနေတာကလည်း သတိပြုရမယ့်တွေ့ရှိချက် ဖြစ်ပါတယ်။ ဒီအချက်တွေဟာ အမျိုးသားကြန်အင်လက္ခဏာတည်ဆောက်ရေး (nation building) အတွက် အလွန်ဂရုပြုရမယ့် ကိစ္စရပ်တခုပါ။ 

နိုင်ငံအပေါ် ဂုဏ်ယူမှုနှင့် ရှက်ရွံ့မှု။ ။ စစ်တမ်းဖြေဆိုသူ တဝက်ကျော်က နိုင်ငံနဲ့ပတ်သက်လို့ တခါတရံ ဂုဏ်ယူရပြီး တခါတရံမှာလည်း ရှက်ရတယ်လို့ ဖြေကြပါတယ်။ အမြဲတမ်း ဂုဏ်ယူရတယ်လို့ ဖြေတဲ့သူ ၁၅ ရာခိုင်နှုန်းရှိပြီး ၂၀ ရာခိုင်နှုန်းကတော့ အမြဲတမ်း ရှက်ရွံ့မိတယ်လို့ ဆိုကြပါတယ်။ ရှက်တဲ့သူက ပိုများနေတာကြောင့် စိုးရိမ်စရာပါပဲ။ 

နိဂုံး

အခုစစ်တမ်းဟာ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ အရေးပါတဲ့ အဆင့်တခုမှာ ပြည်သူ့အသံကို ပုံဖော်ပြသလိုက်တာပါ။ ဒါဟာ အာဏာသိမ်းကာလ၊ တနည်း နွေဦးတော်လှန်ရေး လေးနှစ်ကျော်မှာ လူထုထဲက အခြေအနေတွေ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ပြည်သူလူထုရဲ့ ကြီးမားတဲ့ လူမှုစီးပွားအခက်အခဲတွေ၊ စိတ်ပျက်အားလျော့မှုတွေနဲ့ တည်ငြိမ်တဲ့ နိုင်ငံရေးအဖြေရှာမှုနည်းလမ်းကို မျှော်လင့်နေမှုတွေကိုလည်း ပြသနေပါတယ်။ တဆက်တည်းမှာပဲ ကြီးမားတဲ့ စိန်ခေါ်မှုတွေလည်း တွဲပါနေပါတယ်။ 

နိုင်ငံရေး၊ လူမှုရေးနယ်ပယ်တွေက ခေါင်းဆောင်တွေ၊ အထူးသဖြင့် စစ်ခေါင်းဆောင်နဲ့ နောက်လိုက်တွေအနေနဲ့ ဒီစစ်တမ်းရလဒ်တွေကို အလေးဂရုပြုပြီး မူဝါဒတွေထဲမှာ ထည့်သွင်းချမှတ်ဖို့ အရေးကြီးပါတယ်။​ အားပြန်ထည့်ပြီး တိုက်ရင် နိုင်နိုင်သေးတယ်ဆိုတာတွေ၊ လူမကျန်ရင်နေ မြေကျန်ရင် တော်ပြီဆိုတဲ့ အတွေးမျိုးရှိသူတွေအတွက်လည်း ပိုပြီးသတိပြုစရာတွေပါ။ 

နိုင်ငံတခုရဲ့ ကြန်အင်လက္ခဏာဟာ မြေပုံတခုမဟုတ်သလို မြေကြီးလည်း မဟုတ်ပါဘူး။ ဒီမြေပေါ်မှာ နေထိုင်ကြတဲ့ ပြည်သူလူထုတွေကပဲ တကယ့်အင်အား ဖြစ်ပါတယ်။ သက်ဆိုင်သူတွေအကုန်လုံးအနေနဲ့ ပြည်သူ့နှလုံးကို သိမ်းကြုံးနိုင်တဲ့ မူဝါဒတွေ ရှာဖွေတွေ့နိုင်ကြပါစေ။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles