ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

အာဏာရှင်စနစ်၏ အောင်မြင်သောထုတ်ကုန် စစ်ဗိုလ်ချုပ်ကြီးများ

စစ်တပ်က ပုံစံချလို့မရတဲ့၊ အဆိပ်အတောက်တွေကိုမစားသုံးတဲ့ မအောင်မြင်သောထုတ်ကုန်တွေက ဒီနေရာဒီရာထူးကို ဘယ်သောအခါမှ မရောက်နိုင်ပါဘူး။ နှစ်ကာလ ကြာရှည်စွာ စစ်ဆေးမှုစံနှုန်းအဆင့်ဆင့်၊ ဆန်ခါအဆင့်ဆင့်ကို အောင်အောင်မြင်မြင်ဖြတ်သန်းပြီးမှ ရောက်ရှိလာတယ်ဆိုတာကို သတိမမေ့ဖို့ လိုအပ်ပါတယ်။

ဆောင်းပါးရှင် စွယ်တော်က ရွေးကောက်ပွဲအခင်းအကျင်းနဲ့ စစ်ဗိုလ်ချုပ်တွေထဲက ဘယ်သူများ တပ်ချုပ်ဖြစ်လာနိုင် သလဲဆိုတာကို ဖြစ်နိုင်ခြေရှိတဲ့ဗိုလ်ချုပ်ကြီးတွေ တဦးချင်းစီရဲ့ ဖြတ်သန်းမှုသမိုင်းကြောင်းတွေအထိပါ ရေးသား ဖော်ပြခဲ့ပါတယ်။ စစ်တပ်ရဲ့အပြင်ကလူတွေ တော်ရုံမသိနိုင်တဲ့ စစ်တပ်အပတ်စဉ်တွေနဲ့ တခြားအချက်အလက် စုဆောင်းမှုတွေ အားကောင်းတာကိုလည်း တွေ့ရပါတယ်။ ဒီထဲက သတင်းအချက်အလက်တွေကို ငြင်းဖို့နေနေသာသာ အကုန်လုံးကိုတောင်မှ သိနိုင်ဖို့ခက်တယ်ဆိုတာ ဝန်ခံပါရစေ။ ဒါပေမဲ့ ‌ဆောင်းပါးရဲ့အနှစ်သာရနဲ့ အကြောင်းအရာပိုင်းကိုတော့ ငြင်းချက်ထုတ်ချင်ပါတယ်။ ပထမအချက်က ဘယ်သူပဲ တပ်ချုပ်ဖြစ်ဖြစ်၊ ဗိုလ်ချုပ်ကြီး ဘယ်နှဦးပဲရှိရှိ ပြည်သူ့အတွက် ကောင်းကျိုးကို ဆောင်ကြဉ်းမလာနိုင်ဘူးဆိုတာ တပ်အပ်သေချာပါတယ်။

သူတို့က အာဏာရှင်စနစ်ကနေ မွေးထုတ်ထားလိုက်တဲ့ အောင်မြင်သော ထုတ်ကုန်စစ်စစ်တွေသာ ဖြစ်ပါတယ်။ ဒုတိယအချက်က အာဏာရှင်တို့မည်သည် အာဏာလက်လွတ်ရမှာကို သေသည်ထက် ပိုပြီးစိုးရွံ့တုန်လှုပ်ကြတာပါ။

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

စစ်တပ်ထဲကို စရောက်လို့ သင်တန်းတွေ တက်ရောက်ရပြီဆိုတာနဲ့ စစ်တပ်ကို သစ္စာခံဖို့အတွက် သင်တန်းမှာ နည်းလမ်းပေါင်းစုံနဲ့ ရိုက်သွင်းကြပါတယ်။ အမိန့်နာခံမှုကောင်းအောင်၊ စစ်သားပုံစံပေါက်အောင်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ လိုသလို တလွဲအသုံးချမှုတွေ ရှိကြပါတယ်။ ဦးနှောက်ဆေးတယ်ဆိုတဲ့ စကားလုံးကို အတော်များများ ကြားဖူးကြပါတယ်။ လူတယောက်ရဲ့ပင်ကိုတွေးခေါ်ဉာဏ်၊ ကျိုးကြောင်းကျဆင်ခြင်တုံတရားတွေ ပပျောက်သွားပြီး ပရိုဂရမ်သွင်းထားတဲ့ စက်ရုပ်ဆန်ဆန်ပြုမူလာအောင် ဦးနှောက်တွေကို လိုသလိုပုံသွင်း ယူလိုက်ကြပါတယ်။ ပုံစံတကျဖြစ်သွားပြီဆိုရင် သူတို့တွေးတဲ့ အတွေးအခေါ်၊ လုပ်ကိုင်တဲ့ အပြုအမူတွေက တခြားလူတွေလို မဟုတ်တော့ဘဲ သိသိသာသာ ကွဲထွက်သွားပါတယ်။ တခြားသူတွေအနေနဲ့ ဘာကြောင့် ဒီလိုပြုမူသလဲဆိုတာတောင်မှ အဖြေမရနိုင်ပါဘူး။ ဥပမာ စစ်တပ်ရဲ့ပိုင်းလော့တွေက ကျောင်းသားကျောင်းသူတွေ ရှိနေမှန်းသိသိနဲ့ စာသင်ကျောင်းတွေကို ဘာကြောင့်၊ ဘယ်လိုစိတ်မျိုးနဲ့ ဗုံးတွေကြဲချနိုင်သလဲ။

အဲဒီပုံစံသွင်းယူမှုကို ဘယ်လောက်အောင်မြင်သလဲဆိုတာကို အကဲဖြတ်တဲ့နည်းလမ်းတွေလည်း စစ်တပ်ရဲ့ ရာထူးအလွှာတိုင်းမှာ ရှိပါတယ်။ နောက်ထပ်ရာထူးတိုးမယ်ဆိုရင် စစ်တပ်က ထည့်ပေးလိုက်တဲ့ အတွေးအခေါ် အဆိပ်အတောက်တွေကို ဘယ်လောက်များ စားသုံးခဲ့ပြီး သူများကိုလည်း ဘယ်လောက်များ အဆိပ်အတောက်တွေ ပြန်ကျွေးနိုင်သလဲဆိုတာကို စာမေးပွဲပြန်စစ်ပါတယ်။ စစ်ပြီးလို့ အထက်ကစိတ်တိုင်းကျမှ ရာထူးတွေ အဆင့်ဆင့်တိုးပေးတာပါ။ ဒါက စစ်တပ်တွင်းရာထူးတိုးစနစ်တွေမှာ အပေါ်အောက်ထိန်းချုပ်မှုသက်သက်နဲ့ သွားတဲ့ပုံစံကို ဖန်တီးထားတာကြောင့်ပါ။

စစ်တပ်ပိုင်းဆိုင်ရာ ရာထူးခန့်အပ်မှုတွေကို တပ်ချုပ်တယောက်တည်းက ဆုံးဖြတ်တာဖြစ်ပါတယ်။ စစ်ဘက်က အဆင့်မြင့်ရာထူးတွေကို ခန့်အပ်ဖို့အတွက် လွှတ်တော်ရဲ့အတည်ပြုမှုလိုမျိုး အထိန်းအကွပ်ယန္တရားမရှိလို့ တပ်ချုပ်က သူလိုချင်တဲ့သူ၊ ရာထူးပေးချင်တဲ့သူကို စိတ်တိုင်းကျခန့်အပ်နိုင်တယ်။ အဲသလို စစ်တပ်အကြီးအကဲတယောက်တည်းက အကန့်အသတ်မဲ့အာဏာ ရယူထားတာကြောင့် ရာထူးတိုးပေးတဲ့အခါ သူ့ကို သစ္စာခံမယ့်သူမျိုးကိုသာ အဆင့်ဆင့်ဆွဲတင်ပေးကြတာပါ။ အရှင်မွေးတော့ နေ့ချင်းကြီးဆိုသလို ရာထူးတက်ပေးချင်တဲ့သူဆိုလည်း ချက်ချင်းဆွဲတင်ပေးလိုက်လို့ ရနေတဲ့ စနစ်ပါ။ ဥပမာ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို ညှိနှိုင်းကွပ်ကဲရေးမှူးရာထူး စပေးစဉ်မှာ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်သာဖြစ်ပြီး သူကွပ်ကဲရတဲ့ လေတပ်နဲ့ ရေတပ်ရဲ့အကြီးအကဲတွေဖြစ်တဲ့ လေချုပ်နဲ့ ရေချုပ်တွေက ဗိုလ်ချုပ်ကြီးတွေဖြစ်နေခဲ့တာကို တွေ့နိုင်ပါတယ်။ နောက်မှ ဗိုလ်ချုပ်ကြီးရာထူး ပေးလိုက်တာပါ။ 

ဆောင်းပါးထဲမှာ ဘယ်ဗိုလ်ချုပ်ကြီးတွေကများ တပ်ချုပ်ဖြစ်နိုင်မလဲဆိုတာကို တယောက်ချင်းစီ ခန့်မှန်းအဖြေထုတ်ထားပါတယ်။ ဘယ်ဗိုလ်ချုပ်ကြီးပဲ တပ်ချုပ်ဖြစ်လာလာ သူတို့ဟာ စစ်တပ်ကနေ မွေးထုတ်လိုက်တဲ့ အောင်မြင်သောထုတ်ကုန်တွေမို့လို့ အဲဒီထဲက တဦးတယောက်ကများ မြန်မာပြည်အနာဂတ်အတွက် ရဲရဲတောက်ပြုပြင် ပြောင်းလဲရေးလုပ်မယ်လို့ မျှော်မှန်းလို့ မရနိုင်ပါဘူး။ စစ်တပ်က လိုသလိုပုံစံရိုက်သွင်းပြီး ထုတ်လုပ်ထားတဲ့ ပရိုဂရမ်သွင်းထားပြီးသားသူတွေချည်းပါပဲ။ စစ်တပ်က ပုံစံချလို့မရတဲ့၊ အဆိပ်အတောက်တွေကိုမစားသုံးတဲ့ မအောင်မြင်သောထုတ်ကုန်တွေက ဒီနေရာဒီရာထူးကို ဘယ်သောအခါမှ မရောက်နိုင်ပါဘူး။ နှစ်ကာလ ကြာရှည်စွာ စစ်ဆေးမှုစံနှုန်းအဆင့်ဆင့်၊ ဆန်ခါအဆင့်ဆင့်ကို အောင်အောင်မြင်မြင်ဖြတ်သန်းပြီးမှ ရောက်ရှိလာတယ်ဆိုတာကို သတိမမေ့ဖို့ လိုအပ်ပါတယ်။

အခုအခင်းအကျင်းက ၂၀၁၀ မတိုင်မီက မင်းလောင်းရှာတဲ့အခင်းအကျင်းနဲ့ မတူပါဘူး။ ၂၀၁၀ မတိုင်ခင်မှာ ရွှေဝါရောင်တော်လှန်ရေးရှိခဲ့သော်လည်း စစ်တပ်နဲ့ပြည်သူအကြားမှာ အခုလောက်ပြင်းထန်သော ရင်ဆိုင်မှု၊ နှိမ်နင်းမှုတွေ မရှိခဲ့ပါဘူး။ အဲဒီအချိန်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လူရွေးရတာဟာ နိုင်ငံအေးချမ်းနေတဲ့အချိန်လို့ ပြောလို့ရပါတယ်။ အရပ်သားအစိုးရအပြောင်းအလဲနဲ့ ဒီမိုကရေစီပြယုဂ်လှစေဖို့ စိတ်သဘောထားသိမ်မွေ့ဟန်ရှိတဲ့ ဗိုလ်ချုပ်ကြီး သိန်းစိန်လို လူမျိုးကို ရှေ့တန်းတင် ကစားခဲ့တာပါ။ အခုအချိန်က ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးနောက် ပြည်သူကို ကြမ်းကြမ်းတမ်းတမ်း ပြုမူဆောင်ရွက်ခဲ့တဲ့ ဗိုလ်ချုပ်တွေချည်းပါပဲ။ 

စစ်တပ်ဟာ အဖွဲ့အစည်းအတွင်းမှာ သူ့ရာထူးအဆင့်နဲ့သူ လေ့ကျင့်သင်ကြားပေးခဲ့ပြီး လိုအပ်တဲ့ သစ္စာခံမှု၊ ထိုက်သင့်တဲ့ စွမ်းဆောင်ရည်ရှိမှသာ ရာထူးပေးခဲ့တာပါ။ ဒီနေရာမှာဆိုလိုတဲ့ သစ္စာခံမှုဆိုတာ တိုင်းပြည်အတွက် မဟုတ်ဘဲ အထက်အကြီးအကဲပေါ် မှားမှားမှန်မှန်သစ္စာခံတာဖြစ်ပါတယ်။ စွမ်းဆောင်ရည်ဆိုတာကလည်း စစ်တပ် ဒါမှမဟုတ် စစ်တပ်ခေါင်းဆောင်အတွက်သာဖြစ်ပြီး ပြည်သူလူထုအတွက် မပါဝင်ပါဘူး။ အခုချိန်မှာ ဗိုလ်ချုပ်ကြီးဖြစ်နေတဲ့သူ၊ ဒုတိယဗိုလ်ချုပ်ကြီး ဖြစ်နေတဲ့သူတွေက စစ်ကောင်စီရဲ့အာဏာရှင်ယန္တရားထဲမှာ အချိတ်အဆက်မိမိနဲ့ ချောချောမွေ့မွေ့လည်ပတ်နေနိုင်တဲ့ ခွေးသွားစိပ်တွေ၊ ပင်နယန်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်သူပဲတက်လာလာ တိုင်းပြည်အတွက်၊ နိုင်ငံအတွက် ကောင်းရာမွန်ကြောင်း ဆောင်ရွက်ပေးမယ့်သူ ဖြစ်မလာနိုင်ပါဘူး။ 

ဒါ့အပြင် စစ်ခေါင်းဆောင်ဟာ သူခိုင်းသမျှကို ဩဇာခံ၊ သစ္စာခံတာကို ကြိုက်နှစ်သက်ပေမဲ့ နောက်တက်လာမယ့်သူက လက်စောင်းထက်လွန်းရင် တချိန်မှာ သူ့အတွက်အန္တရာယ်မကင်းဘူးလို့ ခံစားသိမြင်တာကြောင့် အာဏာကို အဲသလိုလူမျိုးကို ဘယ်တော့မှလက်ဆင့်ကမ်းလေ့မရှိပါဘူး။ စစ်တပ်သမိုင်းပြန်ကြည့်ရင် ရှေးအစဉ်အဆက်ကတည်းက အထက်ကနေ လက်အောက်ကို အသုံးချလို့ရသမျှအသုံးချတယ်၊ အသုံးချပြီးတာနဲ့ ပြန်လှန်မှာကြောက်လို့ စင်ပေါ်မရောက်စေဘဲ အစဖျောက်တတ်ကြပါတယ်။ နမူနာအနေနဲ့ကတော့ မျက်မှန် ကြီးတင်ဦးတို့၊ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့ပါ။ ဒီနေရာမှာသုံးတဲ့ ထက်တယ်ဆိုတာက ပြည်သူ့အတွက်မဟုတ်ဘဲ အာဏာရှင်စနစ်အတွက် အသုံးတော်ခံရာမှာ ထက်မြက်တာမျိုး၊ ရက်စက်တာမျိုးကို ဆိုလိုတာပါ။ 

အခုပွဲက အာဏာရှင်စနစ်က မွေးထုတ်လိုက်သော အောင်မြင်သောထုတ်ကုန်တွေထဲကနေ လက်ရှိ စစ်ခေါင်းဆောင်က သူ့အပေါ်သစ္စာခံမှုအရှိဆုံး၊ အန္တရာယ်အကင်းဆုံးသူကို ရှာဖွေနေတာမို့ နောင်တက်မယ့်မောင်ပုလဲ ဒိုင်းဝန်ထက်ကဲရန်မှတပါး အခြားမရှိနိုင်ပါ။ ဆရာ့ထက် တပည့်လက်စောင်းထက်လို့ ပြည်သူတွေအတွက်တော့ ထူးမခြားနားပြဇာတ်အဖြစ်သာ ဆက်လက်ရှုစားကြရမှာပါ။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles