ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

ရှင်သန်ရေးနှင့် လွတ်မြောက်ရေး မွန်တို့၏လမ်းနှစ်သွယ်

နှစ်ခုစလုံးဟာ သူ့နည်းသူ့ဟန်နဲ့ စိန်ခေါ်မှုတွေ ရှိနေပါတယ်။ တခုနဲ့ တခု အားဖြည့်နိုင်ဖို့ထက် အပြန်အလှန် အားလျော့စေတဲ့ သံသရာထဲ ရောက်နေသလားလို့ စိုးရိမ်စရာ ဖြစ်နေပါတယ်...အခုအချိန်မှာ လိုအပ်နေတာ ‘ဘယ်သူ့အယူအဆ မှန်လဲ’ ငြင်းဖို့ မဟုတ်ပါဘူး။ အဓိကမေးခွန်းက ‘ပြည်သူမရှုံးဖို့ ဘာလုပ်ကြမလဲ’ဆိုတာပါပဲ။

မွန်နိုင်ငံရေးအခင်းအကျင်းကို ကြည့်တဲ့အခါ ‘ရှင်သန်ရပ်တည်ရေး’နဲ့ ‘လွတ်မြောက်ရေး’ဆိုတဲ့ လမ်းစဉ်နှစ်ခုနဲ့ ရပ်တည်ချက်ကို အမြဲတွေ့နေရပါတယ်။ တဖက်က မွန်ညီညွတ်ရေးပါတီ (MUP) လို နိုင်ငံရေးပါတီတွေဦးဆောင်တဲ့ ‘ရှင်သန်ဖို့’အတွက် ရသလောက်ယူလမ်းကြောင်း၊ နောက်တဖက်က လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ‘မူဝါဒခိုင်မာပြတ်သားတဲ့ လွတ်မြောက်ရေး’လမ်းကြောင်းပါ။ 

ဒီလမ်းစဉ်နှစ်ခုကို သီအိုရီအရကြည့်ရင် ကမ္ဘာ့သမိုင်းက သာဓက (ANC/IRA တို့လို) တွေကို ကိုးကားပြီး လမ်းကြောင်းနှစ်ခု (dual-track) မဟာဗျူဟာအဖြစ် မြင်နိုင်ပါတယ်။ နိုင်ငံရေးက တရားဝင်မျက်နှာစာ (legitimacy) ကို ယူ၊ လက်နက်ကိုင်တော်လှန်ရေးက ဖိအားပေးနိုင်စွမ်း (leverage) ကို တည်ဆောက်ပြီး အပြန်အလှန်အားဖြည့်တဲ့ ပုံစံမျိုးပေါ့။

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

ဒါပေမဲ့ အခုလက်ရှိ ကျနော်တို့ မွန်ရဲ့အခြေအနေကို အမှန်အတိုင်းသုံးသပ်ရရင် အလေးအနက် ပြန်လည်စဉ်းစားစရာ ဖြစ်နေတာက ဒီလမ်းစဉ်နှစ်ခုစလုံးဟာ သူ့နည်းသူ့ဟန်နဲ့ စိန်ခေါ်မှုတွေ ရှိနေပါတယ်။ တခုနဲ့ တခု အားဖြည့်နိုင်ဖို့ထက် အပြန်အလှန် အားလျော့စေတဲ့ သံသရာ (a weakening cycle) ထဲ ရောက်နေသလားလို့ စိုးရိမ်စရာ ဖြစ်နေပါတယ်။

‘လွတ်မြောက်ရေး’လမ်းစဉ်ကို ကိုင်စွဲသူတွေဟာ မူကိုခိုင်ခိုင်မာမာကိုင်စွဲပြီး စစ်မှန်တဲ့ လွတ်မြောက်ရေးကို လိုလားကြတယ်။ ဒါဟာ အလွန်မြင့်မြတ်တဲ့ ရည်မှန်းချက် ဖြစ်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ မဟာဗျူဟာမြောက် ‘ဖိအားပေးနိုင်စွမ်း’ (leverage) တကယ်ဖြစ်လာအောင်၊ တဖက်ကို တကယ်တမ်းထိခိုက်စေအောင်၊ ‘ထိထိမိမိ’အင်အားကြီးအောင် လုပ်နိုင်ပြီလားဆိုတာ ပြန်သုံးသပ်ဖို့ လိုအပ်နေပါတယ်။ Leverage မရှိတဲ့ တော်လှန်ရေးဟာ နိုင်ငံရေးစားပွဲဝိုင်းပေါ်မှာ အလေးချိန် ရှိလာဖို့ ခက်ခဲနိုင်ပါတယ်။

‘ရှင်သန်ရပ်တည်ရေး’ နိုင်ငံရေးသမားတွေဘက်က လက်တွေ့ကျကျနဲ့ မွန်အသံမပျောက်အောင် နိုင်ငံရေးစနစ်ထဲဝင်ပြီး ရသလောက်နေရာယူတယ်။ ဒါလည်း သီအိုရီအရ မမှားပါဘူး။ ဒါပေမဲ့ အဓိကစိန်ခေါ်မှုက ပြည်သူလူထုရဲ့ ယုံကြည်မှု (trust) နဲ့ တရားဝင်ကိုယ်စားပြုမှု (legitimacy) ကို ဘယ်လောက်အထိ ထိန်းသိမ်းထားနိုင်သလဲ ဆိုတာပါပဲ။ လူထုရဲ့ ယုံကြည်မှု လျော့နည်းလာတဲ့အခါ၊ ဒါမှမဟုတ် မူလရည်မှန်းချက်နဲ့ သွေဖည်သွားမှာကို စိုးရိမ်စရာ ဖြစ်လာတဲ့အခါ legitimacy မရှိတဲ့ နိုင်ငံရေးဟာ ဘယ်သူ့ကို ကိုယ်စားပြုနိုင်တော့မလဲဆိုတဲ့ မေးခွန်း ဖြစ်လာပါတယ်။

မွန်ပြည်သူတို့ တာဝန်ကျေပါတယ် 

မွန်ပြည်သူတွေက အဆင့်မြင့်အယူအဆတွေ၊ မဟာဗျူဟာတွေကို အသေးစိတ် နားလည်ချင်မှ နားလည်ပါမယ်။ ဒါပေမဲ့ သူတို့ တာဝန်ကျေလွန်းပါတယ်။ လက်နက်ကိုင်တွေဘက်က အရင်းအမြစ် (ဥပမာ – ငွေကြေး၊ ကျည်ဆန်) လိုတယ်ပြောရင်  ဖြည့်ဆည်းပေးတယ်။ နိုင်ငံရေးဘက်က ‘မဲ’ပေးဖို့ ပြောရင် ပေးမှာပဲ၊ လူမျိုးအတွက်ဆိုတော့လည်း ထောက်ခံမှာပဲ။

အရေးကြီးဆုံးက နှစ်ဖက်စလုံး နိုင်တာမနိုင်တာထက် ‘ပြည်သူမရှုံးဖို့’ အရေးကြီးဆုံးပဲ။ အခုပုံစံက နှစ်ဖက်စလုံးက မနိုင်သေးဘူး၊ ပြည်သူကတော့ ရှုံးနေပြီ။ သူတို့ရဲ့ ထောက်ခံမှုတွေ၊ အရင်းအမြစ်တွေ၊ မျှော်လင့်ချက်တွေ၊ အသက်အိုးအိမ်စည်းစိမ်တွေက လမ်းကြောင်းနှစ်ခုရဲ့ အားနည်းမှုတွေအကြားမှာ အလဟဿ ဖြစ်နေရပါတယ်။ 

ဒီလိုသုံးသပ်တာဟာ နှစ်ဖက်စလုံးကို မှန်နေသလိုလိုပြောပြီး ရပ်တည်ချက်မခိုင်မာတာ (fence-sitter) လုံးဝမဟုတ်ပါဘူး။ ဒါဟာ ခိုင်မာတဲ့ တတိယရပ်တည်ချက်ပါ။ ဒီရပ်တည်ချက်က ဘယ်အယူအဆ မှန်တယ်လို့ ပြောတာထက် လက်ရှိလုပ်ဆောင်ချက်တွေက ပြည်သူတွေအတွက် အလုပ်မဖြစ်သေးဘူး၊ နှစ်ဖက်စလုံးရဲ့ အားနည်းမှု၊ မဆင်ခြင်မှုကြောင့် ပြည်သူတွေ နစ်နာနေတယ်လို့ ထောက်ပြတာပါ။ ဒါဟာ အယူအဆထက် ‘ပြည်သူ့အကျိုး’နဲ့ ‘ထိရောက်မှု’ (effectiveness) အပေါ်မှာ အခိုင်အမာ ရပ်တည်တာပါ။

ပြည်သူမရှုံးဖို့ အားလုံးပြန်လည်ဆင်ခြင်ကြပါစို့

ဒီအခြေအနေကနေ ရုန်းထွက်ဖို့၊ ပြည်သူတွေရဲ့ ပေးဆပ်မှုကို အလဟဿမဖြစ်စေဖို့ ကျနော်တို့အားလုံး အလေးအနက် ပြန်လည်ပြင်ဆင် သုံးသပ်ရပါမယ်။

‘လွတ်မြောက်ရေး’အင်အားစုတွေအနေနဲ့ တကယ်ထိရောက်တဲ့ leverage ဖြစ်လာစေမယ့် မဟာဗျူဟာမြောက် စစ်ရေးအင်အား (credible threat) ကို တည်ဆောက်ဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်။ အင်အားတကယ်ရှိလာမှ ပြည်သူကို ကာကွယ်နိုင်ပြီး နိုင်ငံရေးစကားပြောတဲ့အခါမှာလည်း အရာထင်မှာ ဖြစ်ပါတယ်။

‘ရှင်သန်ရေး’ နိုင်ငံရေးသမားတွေအနေနဲ့ လူထုယုံကြည်မှု (legitimacy) ကို ပြန်လည်တည်ဆောက်ဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်။ ‘ရသလောက်ယူ၊ ကျွေးသလောက်စား’ဆိုတာထက် မွန်တမျိုးသားလုံးရဲ့ ပန်းတိုင်အတွက် အပြောလျှော့၊ အလုပ်လုပ်နေတယ်ဆိုတာ သက်သေပြပြီး လူထုကယုံကြည်မှ လက်နက်ကိုင်အဖွဲ့တွေကလည်း နိုင်ငံရေးမျက်နှာစာအဖြစ် အသိအမှတ်ပြုလာမှာ ဖြစ်ပါတယ်။

အခုအချိန်မှာ လိုအပ်နေတာ ‘ဘယ်သူ့အယူအဆ မှန်လဲ’ ငြင်းဖို့ မဟုတ်ပါဘူး။ အဓိကမေးခွန်းက ‘ပြည်သူမရှုံးဖို့ ဘာလုပ်ကြမလဲ’ဆိုတာပါပဲ။ ဒီလမ်းကြောင်းနှစ်သွယ်က တခုနဲ့ တခု အားဖြည့်ပေးမှ နှစ်ဖက်စလုံး အောင်မြင်မှာပါ။ အခုလို တခုက အားမရှိ၊ တခုက ယုံကြည်မှုမရှိဘဲ ဆက်သွားနေရင်တော့ သမိုင်းတကွေ့မှာ မွန်တွေရဲ့ နိုင်ငံရေးဖြတ်သန်းမှုဟာ  “နှစ်ဖက်စလုံးရဲ့ အားနည်းမှုတွေကြောင့် အရာအားလုံးပေးဆပ်ခဲ့တဲ့ ပြည်သူနဲ့ လူငယ်တွေပဲ ရှုံးနိမ့်သွားတယ်”လို့ မှတ်တမ်းဝင်သွားမှာကို အလေးအနက် စိုးရိမ်မိပါကြောင်း တင်ပြလိုက်ရပါတယ်။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles