ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

အားနည်းချက်ကို ရောင်းကုန်အဖြစ် လှည့်စားနေသော စစ်ခေါင်းဆောင် 

စစ်ခေါင်းဆောင်ရဲ့ လှည့်ကွက်က ရိုးရှင်းပါတယ်...စစ်တပ်သာ ပြိုကွဲသွားရင် မြန်မာနိုင်ငံဟာ ဘယ်သူမှ မထိန်းချုပ်နိုင်တဲ့ ‘ကျဆုံးနိုင်ငံ’ (failed state) ဖြစ်သွားလိမ့်မယ်။ အဲဒီအခါ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ ဒုက္ခသည်တွေ၊ လက်နက်မှောင်ခိုမှုတွေ၊ မတည်ငြိမ်မှုတွေ စတဲ့ နောက်ဆက်တွဲဂယက်တွေကို ကြုံရလာပါလိမ့်မယ်ဆိုတာပါပဲ။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း တိုင်းပြည်မှာ ထူးခြားတဲ့အဖြစ်အပျက်တခု ရှိခဲ့ပါတယ်။ အဲဒါကတော့ ပြည်သူ့တော်လှန်ရေးကြောင့် စစ်တပ်ဟာ ထင်မထားလောက်အောင် ညံ့ဖျင်းပြီး နယ်မြေတွေ ဆုံးရှုံး၊ စခန်းတွေ လက်လွှတ်ရတာတွေ များခဲ့တာပါပဲ။

တော်တော်များများကလည်း “စစ်တပ်ကြီး ပြိုလဲတော့မလား”လို့ မျှော်လင့်မိခဲ့ကြတယ်။ စစ်ခေါင်းဆောင်ဟာ ချောင်ပိတ်မိသွားတဲ့ ကြွက်လို တကယ်ကို အကျပ်အတည်း စုံနေခဲ့တာပါ။ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ သံတမန်ရေး အရာရာပါပဲ။ ဒါပေမဲ့ သူဟာ ဒီအခြေအနေကနေ ရုန်းထွက်ဖို့ ဆိုးရွားတဲ့ လှည့်ကွက်တခုကို သုံးသွားခဲ့ပါတယ်။ ဒါကတော့ သူ့ရဲ့ အားနည်းချက် တနည်း ညံ့ဖျင်းမှုကို ရောင်းကုန်အဖြစ် ဖန်တီးလိုက်တာပါ။

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

စစ်ခေါင်းဆောင်ရဲ့ လှည့်ကွက်က ရိုးရှင်းပါတယ်။ သူ့ရဲ့ကျဆုံးမှုတွေကို ဖွင့်ဟပြလိုက်ခြင်းဟာ ကမ္ဘာကို၊ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေကို ခေါင်းလောင်းတီးလိုက်သလိုပါပဲ။ စစ်တပ်သာ ပြိုကွဲသွားရင် မြန်မာနိုင်ငံဟာ ဘယ်သူမှ မထိန်းချုပ်နိုင်တဲ့ ‘ကျဆုံးနိုင်ငံ’ (failed state) ဖြစ်သွားလိမ့်မယ်။ အဲဒီအခါ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ ဒုက္ခသည်တွေ၊ လက်နက်မှောင်ခိုမှုတွေ၊ မတည်ငြိမ်မှုတွေ စတဲ့ နောက်ဆက်တွဲဂယက်တွေကို ကြုံရလာပါလိမ့်မယ်ဆိုတာပါပဲ။ စစ်တပ်ရဲ့ ကျဆုံးနေမှုတွေကို မြင်နေရတာက အိမ်နီးချင်းတွေအတွက် ရတက်မအေးစရာ ဖြစ်ခဲ့ပါတယ်။ ဒါကိုသဘောပေါက်သွားတဲ့ စစ်ခေါင်းဆောင်ဟာ သူ့ရဲ့ စစ်ရေးညံ့ဖျင်းမှုနဲ့ ပြိုကွဲနိုင်ခြေကို နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်မှုအဖြစ် ပြောင်းလဲလိုက်ပြီး ‘ရောင်းကုန်’အဖြစ် အသုံးချသွားခဲ့တာပါ။ နောက်ထပ်လည်း သူပြိုလဲတော့မယ်လို့ခံစားမိလာရင် ဒီရောင်းကုန်ကို ဆက်ပြီးဈေးကွက်ချဲ့ထွင်နေဦးမယ့်သဘောပါပဲ။

စကားစပ်လို့ ပြောရရင် ဒါက စစ်တပ်ကိုယ်တိုင် တချိန်လုံး ဟန်ကိုယ့်ဖို့လုပ်ခဲ့တဲ့ “စစ်တပ်မရှိရင် ဘာဖြစ်သွားမယ်ထင်လဲ”ဆိုတဲ့ ကိုယ့်တိုင်းပြည်ကို ကိုယ့်ဘာသာပြန်ခြောက်တဲ့ ခြောက်လုံးနဲ့တော့ ဆန့်ကျင်ဘက်ပါ။ အခု တကယ်ဖြစ်သွားတာ နိုင်ငံတကာကို ခြောက်လိုက်တာပါ။

နိုင်ငံရေးလေ့လာသူတွေရဲ့ သုံးသပ်ချက်တွေကိုကြည့်ရင် တကယ်တော့ တရုတ်နဲ့ ထိုင်းလို နိုင်ငံတွေအနေနဲ့ စစ်တပ်ကို ကြိုက်လှတယ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့အနေနဲ့ စစ်တပ်ပြိုကွဲသွားရင် စစ်တပ်နေရာမှာ ချက်ချင်းအစားထိုးနိုင်မယ့် တကယ်တည်ငြိမ်တဲ့ အစိုးရတဖွဲ့ကို မမြင်ရသေးဘူးလို့ ထင်နေကြတာပါ။ ဒါကြောင့် ‘ဖရိုဖရဲဖြစ်သွားရင် ငါတို့ပါ ဒုက္ခရောက်မယ်’ဆိုတဲ့ မဟာဗျူဟာမြောက် စိုးရိမ်စိတ်နဲ့ စစ်အစိုးရ ပြိုလဲမသွားအောင် သွယ်ဝိုက်ပြီး အောင့်ကာနမ်းနေကြတဲ့ပုံစံပါ။ 

ဒီလိုနဲ့ပဲ စစ်ခေါင်းဆောင်ဟာ သူ့ရဲ့ ညံ့ဖျင်းမှုကို အခွင့်ကောင်းယူ၊ ‘ကျဆုံးနိုင်ငံ’ဆိုတဲ့ ဓားစာခံကတ်ပြားကိုသုံးပြီး အသက်ဆက်ခွင့် ရသွားခဲ့ပါတယ်။ လားရှိုးတို့၊ မိုးကုတ်တို့လို နေရာတွေကို စစ်တပ်က ပြန်ယူသွားတာဟာ ဒီလို ဒေသတွင်း သံတမန်ရေးညှိနှိုင်းမှုတွေရဲ့ အကျိုးဆက်လို့ ကောက်ယူနိုင်ပါတယ်။ ဒီကစားကွက်မှာ တရုတ်နိုင်ငံရဲ့ သြဇာဟာ အကြီးမားဆုံး ဖြစ်ခဲ့ပါတယ်။​ တရုတ်အတွက်က နယ်စပ်တည်ငြိမ်ရေး၊ ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်းတွေနဲ့ စီးပွားရေးစီမံကိန်းတွေက အဓိကပါ။

စစ်ခေါင်းဆောင်ရဲ့ လှည့်စားမှုက တရုတ်ရဲ့ စိုးရိမ်စိတ်နဲ့ တိုက်ရိုက်ကိုက်ညီသွားတော့ တရုတ်ဟာ မြန်မာ့အရေးကို ချုပ်ကိုင်ဖို့ အခွင့်အရေး ပိုရသွားပါတယ်။ အနောက်နိုင်ငံတွေက လှုပ်ရှားမှု နည်းနေချိန်၊ အထူးသဖြင့် အမေရိကန်က ဆုတ်သွားလို့ ပထဝီနိုင်ငံရေး အချိုးအကွေ့တခု ဖြစ်လာချိန်မှာ တရုတ်ရဲ့ ခြေလှမ်းက ရှေ့ကို ပိုရောက်လာတာပါ။ ဒါပေမဲ့လည်း စစ်ခေါင်းဆောင်ရဲ့ အခုလှည့်စားမှုအတွက် အကျိုးဆက်ကလည်း ကြီးမားပါတယ်။ ဒါက မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် စိုးရိမ်စရာပါ။ နိုင်ငံရဲ့ကံကြမ္မာကို တရုတ်လက်ထဲ ထိုးအပ်လိုက်တဲ့သဘောပါ။  နိုင်ငံရဲ့ အချုပ်အခြာကိုထိခိုက်စေပါတယ်။ တခါ တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှုကြီးတာကြောင့် မြန်မာနိုင်ငံမှာ နိုင်ငံတကာစံနှုန်းတွေနဲ့ ကိုက်ညီတဲ့ စီးပွားရေးအခင်းအကျင်းတွေ၊ ဖွံ့ဖြိုးတိုးတက်မှုတွေ ပေါ်ပေါက်ဖို့ ခက်စေမှာဖြစ်သလို အနောက်နိုင်ငံတွေရဲ့အကူအညီရဖို့လည်း လမ်းပိတ်စေပါလိမ့်မယ်။ နောက်ပြီး ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒဟာလည်း ပွန်းပဲ့သွားခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် စစ်ခေါင်းဆောင်ဟာ သူ့ရဲ့အားနည်းချက်ကနေ အခွင့်အရေးကို ရှာဖွေယူသွားခဲ့ပါပြီ။ တဖက်က လူထုထောက်ခံမှုဆိုတဲ့ အားသာချက်ရှိတဲ့ တော်လှန်ရေးဘက်မှာရော။  ဘာလုပ်ကြမှာပါလဲ။ ဒီအခြေအနေဟာ တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်တပ်ကို တိုက်ခိုက်နေရုံနဲ့ မလုံလောက်တော့ဘူးလို့ ပြဆိုနေတာပါ။ လားရှိုးနဲ့ မိုးကုတ်ကိုပဲ ထပ်ပြီးပြန်ကြည့်နိုင်ပါတယ်။ 

တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း ပြောင်းလဲသွားတဲ့ ပထဝီနိုင်ငံရေးအခြေအနေကို သေချာသုံးသပ် အထိုင်ချရမယ့် ကာလပါ။ “ငါတို့ဟာ စစ်တပ်ထက် ပိုကောင်းတဲ့ တခြားရွေးချယ်စရာဖြစ်တယ်”ဆိုတဲ့အကြောင်း နိုင်ငံတကာကို ပြသနိုင်ဖို့ လိုပါလိမ့်မယ်။ ဒီနိုင်ငံကို စစ်တပ်ထက် ပိုပြီးတည်ငြိမ်အောင် စနစ်တကျ အုပ်ချုပ်နိုင်တဲ့၊ အုပ်ချုပ်ရေးစနစ်တွေ တည်ထောင်ထားတဲ့ အဖွဲ့အစည်းတွေဖြစ်ရဲ့လားဆိုတဲ့ မေးခွန်းတွေကို ဖြေရပါလိမ့်မယ်။ ဒါမှမဟုတ်ရင်လည်း စစ်တပ်နေရာကို အစားထိုးနိုင်တဲ့ အင်အားစုတခုကို ကြံဆကြဖို့၊ ဝိုင်းတွန်းကြဖို့ လိုပါလိမ့်မယ်။  ပြီးတော့ အိမ်နီးချင်းနိုင်ငံတွေရဲ့ စိုးရိမ်ပူပန်မှုဖြစ်တဲ့ နယ်စပ်လုံခြုံရေး၊ စီးပွားရေးစီမံကိန်းတွေရဲ့ လုံခြုံမှု စတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး တာဝန်ယူဖို့ လိုပါတယ်။ အဲဒါတွေအတွက် မူဝါဒတွေ ချမှတ်ပြီး သက်ဆိုင်တဲ့နိုင်ငံတွေနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်ဖို့ လုပ်ဆောင်သင့်တယ်လို့ မြင်ပါတယ်။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles