ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

မြစ်ဆုံစီမံကိန်း စစ်ခေါင်းဆောင် ထင်သလောက် လွယ်ပါ့မလား

ကိုယ်အာဏာတည်မြဲဖို့ တရုတ်အကျိုးစီးပွားဖြစ်တဲ့ မြစ်ဆုံစီမံကိန်းကို ‘အကောင်အထည်ဖော်ပေးပါမယ်’လို့ အာမခံပြီး မျက်နှာချိုသွေးနေပုံရပါတယ်။ လက်တွေ့မြေပြင်မှာ ဖြစ်နိုင်ခြေ ရှိ၊ မရှိထက် တရုတ်အစိုးရ စိတ်ကျေနပ်စေဖို့ပဲ အတင်းလုပ်နေသလို ဖြစ်နေပါတယ်။ စစ်ခေါင်းဆောင်မှာ စိတ်အားထက်သန်မှုကလွဲပြီး လက်ဆုပ်လက်ကိုင်ပြစရာ ခိုင်မာတဲ့ အာမခံချက် တစုံတရာ ရှိမနေပါဘူး။

မြစ်ဆုံစီမံကိန်းကို ငလျင်ဒဏ်ခံနိုင်တဲ့ ဒီဇိုင်းနဲ့ တည်ဆောက်ဖို့ ဆွေးနွေးနေတယ်လို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် စိုးဝင်းက မြစ်ကြီးနားခရီးစဉ်မှာ ပြောခဲ့ပါတယ်။ ဒီမတိုင်ခင်မှာလည်း စီမံကိန်းဦးဆောင်အဖွဲ့ ဖွဲ့တာတွေ၊ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို စီမံကိန်းပြန်စဖို့ ကမ်းလှမ်းတာတွေ လုပ်ခဲ့ပါတယ်။ စစ်ခေါင်းဆောင်က စိတ်အားထက်သန်နေသလောက် လက်တွေ့မှာ စီမံကိန်းဖော်ဆောင်ဖို့ အခြေအနေပေးရဲ့လား။ စစ်ခေါင်းဆောင်က ပြန်လည်အကောင်အထည်ဖော်ချင်နေပေမဲ့ မြစ်ဆုံစီမံကိန်းကြီးဟာ လက်ရှိအခြေအနေတွေအရ ဖြစ်လာဖို့ခက်နေတယ်ဆိုတာကို အကြောင်းအချက် သုံးချက်နဲ့ ဆွေးနွေးလိုပါတယ်။

ပထမတချက်ကတော့ စစ်ကော်မရှင်အနေနဲ့ သူ့ရဲ့ရှင်သန်ရပ်တည်ရေးဟာ တရုတ်အကျိုးစီးပွားနဲ့ တိုက်ရိုက်ဆက်စပ်နေတယ်ဆိုတဲ့ စဉ်းစားမှုပါ။ ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်း အဘက်ဘက်က ပြိုကျခဲ့တဲ့ စစ်ကော်မရှင်ဟာ တရုတ်အစိုးရရဲ့ ကျားကန်ပေးမှုနဲ့ ဆက်ရပ်တည်နေရတာပါ။ ဒါကြောင့် ကိုယ်အာဏာတည်မြဲဖို့ တရုတ်အကျိုးစီးပွားဖြစ်တဲ့ မြစ်ဆုံစီမံကိန်းကို ‘အကောင်အထည်ဖော်ပေးပါမယ်’လို့ အာမခံပြီး မျက်နှာချိုသွေးနေပုံရပါတယ်။ လက်တွေ့မြေပြင်မှာ ဖြစ်နိုင်ခြေ ရှိ၊ မရှိထက် တရုတ်အစိုးရ စိတ်ကျေနပ်စေဖို့ပဲ အတင်းလုပ်နေသလို ဖြစ်နေပါတယ်။ စစ်ခေါင်းဆောင်မှာ စိတ်အားထက်သန်မှုကလွဲပြီး လက်ဆုပ်လက်ကိုင်ပြစရာ ခိုင်မာတဲ့ အာမခံချက် တစုံတရာ ရှိမနေပါဘူး။ ဒါကို ဒုတိယအချက်မှာ ဆက်ဆွေးနွေးထားပါတယ်။

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

ဒုတိယအချက်ကတော့ အခုအထိ မြေပြင်မှာ ခိုင်ခိုင်မာမာ ဘာတခုမှမလုပ်နိုင်သေးပါဘူး။ စီမံကိန်းတခုစဖို့ အခြေခံဖြစ်တဲ့ ဘေးအန္တရာယ်အကဲဖြတ်မှု (risk assessment) လုပ်ဖို့တောင် မလွယ်ကူသေးပါဘူး။ ၂၀၀၂ ခုနှစ်ကတည်းက တည်ဆောက်ဖို့ မြေနေရာတိုင်းထွာခဲ့တာ ၂၀၁၀ ပြည့်နှစ်ရောက်မှ တည်ဆောက်ရေး အပိုင်း-၁ ကို စနိုင်ခဲ့ပါတယ်။ ဒီအထိ ရှစ်နှစ်ကြာခဲ့တာပါ။ ဒါဟာ ဦးသန်းရွှေနဲ့ ဦးသိန်းစိန်တို့လက်ထက် နိုင်ငံရေးတည်ငြိမ်ချိန်တွေမှာ ဖြစ်ပါတယ်။ အခုလို ကချင်ပြည်နယ်အပါအဝင် နိုင်ငံအနှံ့ လက်နက်ကိုင်ပဋိပက္ခဖြစ်နေတဲ့ အခြေအနေမှာဆိုရင် ဒီထက်ပိုပြီး ခက်ခဲရှည်ကြာဖို့ပဲ ရှိပါတယ်။ ဒါ့အပြင် ပြည်သူ့ခုခံမှုနဲ့ စစ်ရေးမတည်ငြိမ်မှုတွေအကြားမှာ တရုတ်နိုင်ငံအနေနဲ့ ဘီလီယံနဲ့ချီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို စွန့်စားလုပ်ကိုင်ဖို့ဆိုတာ လက်တွေ့မကျတဲ့ စိတ်ကူးယဉ်မှုတခုပဲ ဖြစ်နေပါတယ်။

နောက်ဆုံးအချက်ကတော့ အရေးအပါဆုံးဖြစ်ပါတယ်။ တရုတ်အစိုးရကိုယ်တိုင်က မြစ်ဆုံစီမံကိန်းကို အခုလို အကျပ်အတည်းအချိန်မှာ အကောင်အထည်ဖော်ဖို့ စိတ်အားထက်သန်တက်ကြွပုံ ပြမနေပါဘူး။ တရုတ်လို ကမ္ဘာ့အင်အားကြီးနိုင်ငံအနေနဲ့ သူ့ရဲ့ဂုဏ်သိက္ခာကို ငဲ့ကွက်ရပါတယ်။ အခုအချိန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်လက်ထက်မှာ လုပ်မယ်ဆိုရင် တရုတ်ဟာ သူ့ရဲ့ ကမ္ဘာ့နိုင်ငံကြီးဆိုတဲ့ ဂုဏ်သိက္ခာကို စွန်းထင်းခံရမှာပါ။ လူထုထောက်ခံမှု မပြောနဲ့ တပ်တွင်းထောက်ခံမှုတောင် မနည်းလုပ်နေရတဲ့ စစ်ကော်မရှင်ကို လုံးဝပုံအောရပ်တည်လောက်တဲ့အထိတော့ တရုတ်အစိုးရဟာ အတွေးတိမ်မယ် မထင်ပါဘူး။ 

တရုတ်အစိုးရအနေနဲ့ လူထုရဲ့ သဘောထားကိုလည်း ချင့်ချိန်ကြည့်တဲ့ ဥပမာတွေလည်းရှိပါတယ်။ ဦးသိန်းစိန်ရပ်တန့်လိုက်တဲ့ စီမံကိန်းကို ဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာမှ ပြန်စဖို့ ကြိုးပမ်းခဲ့တာကိုကြည့်ရင် ဒါကိုနားလည်နိုင်ပါတယ်။ ဒါ့အပြင် မြန်မာမှာ တရုတ်စီမံကိန်းက မြစ်ဆုံတခုတည်း မဟုတ်ပါဘူး။ ရေရှည်စဉ်းစားထားတဲ့ မဟာဗျူဟာမြောက် စီမံကိန်းတွေ၊ အစီအမံတွေ ရှိနေပါသေးတယ်။ ဒီအစီအမံတွေကို နောင်လာမယ့် အစိုးရအဆက်ဆက်နဲ့ ဆက်လုပ်ရဦးမှာပါ။ ဒါကြောင့်လည်း တရုတ်အစိုးရအနေနဲ့ မြန်မာပြည်သူတွေရဲ့အမုန်းကို ခံပြီး မြစ်ဆုံစီမံကိန်း ပြန်စဖို့ထက် ရှိပြီးသားစီမံကိန်းတွေရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကိုပဲ ဇောင်းပေးပြီး သတင်းစကားပါးနေတာကို သတိထားကြည့်လို့ရပါတယ်။

မြစ်ဆုံစီမံကိန်းအကြောင်း ပြောကြတဲ့အခါမှာ အာဏာသိမ်း စစ်ကော်မရှင်မှာ ဒီလိုနိုင်ငံတော်အဆင့် စီမံကိန်းမျိုးကို လုပ်ခွင့်မရှိတာ၊ ဧရာဝတီမြစ်ကို ပျက်စီးစေလို့ မလုပ်သင့်တာ စတာတွေအပြင် အပေါ်မှာပြောခဲ့တဲ့အချက်တွေကြောင့် လက်တွေ့မှာ မလုပ်နိုင်သေးဘူးလို့လည်း သုံးသပ်နိုင်ပါတယ်။ 

အရေးအကြီးဆုံးဖြစ်တဲ့ တရုတ်အစိုးရရဲ့ သဘောထားကလည်း မရေရာပါဘူး။ စစ်ကော်မရှင်ကပဲ တဖက်သတ်အချစ်ဟာ ပိုပါတယ်ဆိုသလို ဖြစ်နေပါတယ်။ စစ်ကော်မရှင်က လူထုဆန္ဒကို လွန်ဆန်ပြီး အတင်းအကျပ်လုပ်လေ လူထုက တရုတ်အစိုးရကို ပိုမုန်းလေပါပဲ။ အခုလိုမျိုး စီမံကိန်းပြန်စဖို့ အတင်းကြိုးစားနေတာက စစ်ကော်မရှင် ကိုယ်တိုင်ကပဲ တရုတ်ဆန့်ကျင်ရေးကို တဖက်လှည့်နဲ့ လုပ်နေသလားလို့တောင် ထင်စရာဖြစ်နေပါတယ်။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles