ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

ဥပဒေနည်းကျ ဆိုသော်လည်း

တော်လှန်ရေးနယ်မြေအချို့မှာ အခွန်ကောက်ခံတဲ့အခါ အာဏာရှင်ခေတ်တွေကအတိုင်း ‘အမိန့်’ နဲ့ ကောက်ခံတာ၊ ကောက်ခံရရှိတဲ့ အခွန်ငွေကို သုံးစွဲတဲ့အခါ ပွင့်လင်းမြင်သာမှု အားနည်းတာတွေ ရှိနေပါတယ်။ ဖမ်းဆီးထိန်းသိမ်းမှုတွေမှာလည်း စနစ်ဟောင်းက ဥပဒေပုဒ်မတွေကိုပဲ အသုံးပြုပြီး တရားစီရင်နေတာမျိုးတွေ ရှိနေတာဟာ ‘စနစ်သစ်’ ကို သွားနေတဲ့ လမ်းကြောင်းအပေါ် စိန်ခေါ်မှုကြီးတခု ဖြစ်နေပါတယ်။

ကမ္ဘာပေါ်က နိုင်ငံတိုင်းမှာ ဥပဒေတွေ ပြဋ္ဌာန်းကြတဲ့အခါ နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့နဲ့ တရားမျှတတဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ ရည်ရွယ်ကြပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းတလျှောက်မှာတော့ စစ်အစိုးရအဆက်ဆက်ဟာ ပြည်သူကို ကာကွယ်ဖို့ထက် သူတို့အာဏာမြဲဖို့၊ သူတို့ရဲ့ ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့နဲ့ ပြည်သူ့သယံဇာတတွေကို တရားဝင် လုယက်ဖို့အတွက် ‘လက်နက်’ လို အသုံးချဖို့ ရည်ရွယ်ပြီး ဥပဒေတွေကို ပြဋ္ဌာန်းခဲ့ကြပါတယ်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ခေတ်မှာ “ဆိုရှယ်လစ်စီးပွားရေးစနစ် တည်ဆောက်ရန်” ဆိုပြီး ပုဂ္ဂလိကပိုင်လုပ်ငန်းတွေကို ပြည်သူပိုင်အဖြစ် သိမ်းလိုက်ပါတယ်။ ဒီလိုသိမ်းတဲ့နေရာမှာလည်း ‘၁၉၆၄ ခုနှစ်၊ ဆိုရှယ်လစ်စီးပွားရေးစနစ် တည်ဆောက်မှုကို ဆန့်ကျင်ခြင်းမှ ကာကွယ်သည့် ဥပဒေ’ ဆိုတဲ့ ဥပဒေမျိုး အတိအကျ ပြဋ္ဌာန်းပြီးတော့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ပြည်သူလူထုကတော့ “ဥပဒေအရ” ဆိုတဲ့ စကားကြောင့် ဘယ်သူ့ကိုမှ တိုင်လို့မရဘဲ လည်စင်းခံခဲ့ရပါတယ်။ ဒီဥပဒေအရ စီးပွားရေးလုပ်ငန်းအားလုံးကို ပြည်သူပိုင်သိမ်းခဲ့ပြီး လူသုံးကုန်ပစ္စည်းတွေကို အစိုးရကပဲ တရားဝင် ရောင်းချခွင့် ရှိခဲ့ပါတယ်။ တကယ်တမ်းမှာ အစိုးရက ပြည်သူ့လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်တဲ့အခါ နိုင်ငံခြားက ဝင်လာတဲ့ ဆေးဝါးနဲ့ အခြေခံစားသောက်ကုန်မှန်သမျှဟာ ‘မှောင်ခိုပစ္စည်း’ ဖြစ်သွားပါတယ်။ ပြည်သူတွေဟာ အသက်ရှင်ရပ်တည်ဖို့အတွက် ပစ္စည်းဝယ်တာကအစ ဥပဒေအရ ရာဇဝတ်သား ဖြစ်ခဲ့ရပါတယ်။

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

အာဏာရှင်တွေဟာ သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် နောင်တချိန်မှာ တရားစွဲမခံရအောင် ဥပဒေတွေရဲ့ မိခင်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာတောင် အကွက်ကျကျ ထည့်သွင်းထားပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၄၅ မှာ “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့၏ မူဝါဒလမ်းညွှန်မှုများ၊ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ အမိန့်ပြန်တမ်းများ၊ ကြေညာချက်များကိုလည်းကောင်း၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့၏ ဆောင်ရွက်ချက်များ၊ တာဝန်များနှင့် ရပိုင်ခွင့်များကိုလည်းကောင်း ဆက်ခံသည်။ ယင်းအဖွဲ့၊ သို့မဟုတ် အဖွဲ့ဝင်တဦးဦး၊ သို့မဟုတ် အစိုးရအဖွဲ့ဝင်တဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များအပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်းမရှိစေရ” လို့ ပေါ်ပေါ်ထင်ထင် ပြဋ္ဌာန်းထားပါတယ်။ ၁၉၈၈ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ နဝတ၊ နအဖ စစ်အစိုးရလက်ထက်မှာ လုပ်ခဲ့တာတွေအတွက် ဘယ်သူ့ကိုမှ တရားစွဲဆိုခွင့် မရှိစေရဘူးလို့ အတိအလင်း ပြောထားတဲ့သဘောပါပဲ။ ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀(ဂ)နဲ့ ပုဒ်မ ၄၁၇၊ ပုဒ်မ ၄၁၈ တို့မှာလည်း အရေးပေါ်အခြေအနေဆိုတဲ့ ခေါင်းစဉ်အောက်မှာ စစ်တပ်က အာဏာသိမ်းခွင့်ကို ဥပဒေကြောင်းအရ လမ်းဖွင့်ပေးထားပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကို “ဖွဲ့စည်းပုံနဲ့အညီပါ” လို့ စစ်ကောင်စီက ကျယ်ကျယ်လောင်လောင် ပြောနိုင်နေတာဟာ ဒီလိုဥပဒေထောင်ချောက်တွေ ကြိုလုပ်ထားလို့ပဲ ဖြစ်ပါတယ်။

တော်လှန်ရေးဆိုတာ အုပ်စိုးသူ လူတန်းစားတစုတဖွဲ့ကို ဖြုတ်ချပြီး နောက်ထပ်တစုတဖွဲ့နဲ့ အစားထိုးတာမျိုး မဟုတ်ပါဘူး။ ပြည်သူကို ဖိနှိပ်ချုပ်ချယ်ထားတဲ့ ‘စနစ်ဆိုး’ တခုလုံးကို အမြစ်ပြတ်အောင် တိုက်ဖျက်တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ တော်လှန်ရေးအင်အားစုတွေ စိုးမိုးထားတဲ့ နယ်မြေတွေမှာ စနစ်ဟောင်းက ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေကိုပဲ အခြေခံပြီး ဆက်လက်လုပ်ဆောင်နေတာပါ။ သစ်ထုတ်လုပ်ရေး၊ သတ္တုတူးဖော်ရေး၊ အခွန်ကောက်ခံရေးစတဲ့ ဘဏ္ဍာရေးလုပ်ငန်းတွေဟာလည်း ‘တော်လှန်ရေးရန်ပုံငွေ’ ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ စနစ်ဟောင်းကအတိုင်းပဲ လည်ပတ်နေတာပါ။ တနည်းပြောရရင်တော့ စစ်အစိုးရအဆက်ဆက်က ပြဋ္ဌာန်းခဲ့ပြီး လူထုအပေါ် ဖိနှိပ်တဲ့ ဥပဒေတွေကိုပဲ (သိလျက်သော်လည်းကောင်း၊ မသိလို့သော်လည်းကောင်း) ယူသုံးနေကြတာပါ။

တော်လှန်ရေးနယ်မြေအချို့မှာ အခွန်ကောက်ခံတဲ့အခါ အာဏာရှင်ခေတ်တွေကအတိုင်း ‘အမိန့်’ နဲ့ ကောက်ခံတာ၊ ကောက်ခံရရှိတဲ့ အခွန်ငွေကို သုံးစွဲတဲ့အခါ ပွင့်လင်းမြင်သာမှု အားနည်းတာတွေ ရှိနေပါတယ်။ ဖမ်းဆီးထိန်းသိမ်းမှုတွေမှာလည်း စနစ်ဟောင်းက ဥပဒေပုဒ်မတွေကိုပဲ အသုံးပြုပြီး တရားစီရင်နေတာမျိုးတွေ ရှိနေတာဟာ ‘စနစ်သစ်’ ကို သွားနေတဲ့ လမ်းကြောင်းအပေါ် စိန်ခေါ်မှုကြီးတခု ဖြစ်နေပါတယ်။

နိဂုံးချုပ်ရရင် တော်လှန်ရေးရဲ့ အနှစ်သာရဟာ အာဏာရှင်ကို ဖြုတ်ချဖို့တင် မဟုတ်ဘဲ အာဏာရှင် သုံးစွဲခဲ့တဲ့ ‘ဖိနှိပ်ရေး ဥပဒေယန္တရား’ တွေကိုပါ တပါတည်း သင်္ဂြိုဟ်ပစ်ဖို့ ဖြစ်ပါတယ်။ လက်ရှိ တော်လှန်ရေးကာလအတွင်းမှာ စနစ်ဟောင်းက ဥပဒေဆိုးတွေကို ဆက်ပြီးသုံးစွဲနေမယ်ဆိုရင် ဒါဟာ တော်လှန်ရေးရဲ့ အနှစ်သာရကို ပျောက်ပျက်သွားစေနိုင်ပါတယ်။ ပြည်သူလူထုအနေနဲ့လည်း ကိုယ့်ကိုလာပတ်သက်နေတဲ့ ဥပဒေဟာ တရားတဲ့ဥပဒေလား၊ မတရားတဲ့ဥပဒေလား ဆိုတာကို သေသေချာချာ စဉ်းစားသင့်သလို နယ်မြေအသီးသီး၊ ကဏ္ဍအသီးသီးကို တာဝန်ယူထားကြတဲ့ တော်လှန်ရေးသမားတွေအနေနဲ့လည်း ကိုယ်ပြောနေတဲ့ ဥပဒေဟာ ဘယ်လိုဥပဒေလဲ ဆိုတာကို စဉ်းစားသင့်ပါတယ်။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles