ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

သူမတူ သန်စွမ်းကြသူများ

၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းအရ မြန်မာပြည်လူဦးရေရဲ့ ၁၃ ရာခိုင်နှုန်းလောက်ဟာ မသန်စွမ်းဘဝနဲ့ အသက်ရှင်ရပ်တည်နေကြပါတယ်။ ... တဦးတယောက်ချင်းစီကနေ လူ့အဖွဲ့အစည်းတရပ်လုံးအထိ မသန်စွမ်းတွေအပေါ် ထားရှိတဲ့ သေးသိမ်တဲ့ ထင်မြင်ယူဆချက်တွေကို ပြောင်းလဲပစ်ရပါမယ်။

ကျနော်တို့ရဲ့ လူမှုကွန်ရက် ရပ်ဝန်းကြီးမှာ  ဆူညံဗလံသံတွေနဲ့ ပြည့်နှက်နေပါတယ်။ ဖြစ်ပေါ်လာတဲ့ ကိစ္စရပ်တခုချင်းစီအပေါ် သေသေချာချာ အချိန်ပေးပြီး မတွေးနိုင်ကြပါဘူး။ ဒါပေမဲ့ အချိန်မပေးနိုင်ရင်တောင် အတွေးအေးအေး၊ အတွေးမှန်မှန်နဲ့ စဉ်းစားချင့်ချိန်ဖို့တော့ လိုအပ်ပါလိမ့်မယ်။ ပြဿနာတိုင်းလိုလိုဟာ အပေါ်ယံဖြေရှင်းနည်းတွေနဲ့ပဲ ပလုံးပထွေး အဆုံးသတ်သွားလေ့ရှိပါတယ်။ အခုတလောမှာ မသိလို့ဖြစ်ဖြစ်၊ သိလို့ဖြစ်ဖြစ် မသန်စွမ်းတွေအပေါ် ဟာသလုပ် ခွဲခြားပြောဆိုမှုတွေနဲ့ ပြန်လည်ချေပမှုတွေစတဲ့ အပြန်အလှန် ရေးသားပြောဆိုချက်တွေကို တွေ့ရတဲ့အတွက် ဒါဟာ အလေးအနက်ထားသင့်တဲ့ ကိစ္စတခုလို့ မြင်မိပါတယ်။ မသန်စွမ်းဖြစ်ခြင်းကို အပြစ်တခုသဖွယ် နှစ်ကာလရှည်ကြာ စွဲမှတ်နေကြတဲ့ ကျနော်တို့ မြန်မာ့လူ့အဖွဲ့အစည်းမှာ အခုလို ဆိုရှယ်မီဒီယာပေါ်က ဆွေးနွေးချက်တွေဟာ ဘယ်အတိုင်းအတာအထိ ရှိနေမလဲဆိုတာ မသိရပေမဲ့ မသန်စွမ်းတွေအဖို့ သိက္ခာရှိရှိ ရပ်တည်နိုင်ဖို့အတွက်တော့ စိတ်မောဖွယ်ရာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းအရ မြန်မာပြည်လူဦးရေရဲ့ ၁၃ ရာခိုင်နှုန်းလောက်ဟာ မသန်စွမ်းဘဝနဲ့ အသက်ရှင်ရပ်တည်နေကြပါတယ်။ ဒီအပေါ်မှာမှ ပြည်တွင်းစစ်ပွဲတွေကြောင့် အကောင်းပကတိ အနေအထားကနေ ဒုက္ခိတဘဝ ရောက်သွားရတဲ့ အရပ်သားပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေလည်း နေ့စဉ်နဲ့အမျှ တိုးပွားနေပါတယ်။

ဒါဟာ လူသားအရင်းအမြစ် ဆုံးရှုံးခြင်းပြဿနာတခု ဖြစ်ပါတယ်။ ဒါကြောင့် မသန်စွမ်း ဖြစ်သွားတဲ့ ပြည်သူတွေ၊ ရဲဘော်တွေနဲ့ သူတို့ရဲ့ သားသမီးတွေ နောင်တချိန်မှာ အေးချမ်းသာယာစွာ အသက်ရှင်သန်နိုင်ရေး၊ ပညာရေးနဲ့ ကျန်းမာရေး အထောက်အပံ့တွေ ရရှိရေး၊ လူ့အဖွဲ့အစည်းအတွင်း ရပ်တည်နိုင်ရေးတို့ဟာ အခုရော နောင်မှာပါ နိုင်ငံရေးအရ ဖြေရှင်းရမယ့် ကိစ္စရပ်တွေ ဖြစ်ပါတယ်။ လက်ရှိအနေအထားမှာ နိုင်ငံရေးအရ မဖြေရှင်းနိုင်သေးပေမဲ့ မသန်စွမ်းတွေအပေါ် ထားရှိတဲ့ လူ့အဖွဲ့အစည်းရဲ့ ထင်မြင်ယူဆချက်တွေနဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို ကျနော်တို့ တဦးတယောက်ချင်းစီကနေ လူအုပ်စုကြီးအထိ ဉာဏ်ပညာရှေ့ထားပြီး ဆန်းစစ်လို့ရပါတယ်။ ပထမဆုံးအဆင့်အနေနဲ့ ဒါဟာ မဖြစ်မနေ လုပ်သင့်တဲ့ အပြောင်းအလဲတခုလည်း ဖြစ်ပါတယ်။ ရုပ်ရှင်တွေ၊ ဇာတ်ပွဲတွေနဲ့ လူရွှင်တော်တွေရဲ့ ဟာသပြက်လုံးတွေဆိုတာ လူသားတွေ ရယ်ရယ်မောမော အပန်းဖြေအနားယူနိုင်ဖို့ အင်မတန်မှ လိုအပ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ ကြည့်ရှုခဲ့ရတဲ့ ရုပ်ရှင်တွေနဲ့ ဟာသပြက်လုံး တော်တော်များများမှာ လူမျိုးရေး ခွဲခြားမှုတွေ၊ ကျား/မ ဂျန်ဒါခွဲခြားပြီး လိင်အကြမ်းဖက်မှုကို အားပေးတဲ့ စကားလုံးတွေနဲ့ မသန်စွမ်းတွေရဲ့ ဘဝကို လှောင်ပြောင်တဲ့ သရုပ်ဖော်မှုတွေ များပြားလှပါတယ်။ ခွဲခြားဆက်ဆံမှုသဘော သက်ရောက်ပြီး လူ့အဖွဲ့အစည်းအတွင်း အဆိပ်အတောက်ဖြစ်စေတဲ့ ဟာသပြက်လုံးတွေဟာ “ဇာတ်သမားပြန်ရင် မှတ်သားစရာ ကျန်ရမယ်” ဆိုတဲ့ ဆိုရိုးစကားနဲ့အညီ လူကြီး၊ လူငယ်မရွေး ပါးစပ်ဖျားမှာ စွဲကျန်ရစ်နေတတ်ပါတယ်။

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

ဒီလို ခွဲခြားဆက်ဆံမှုတွေကို ရယ်စရာဟာသအနေနဲ့သာမကဘဲ တဖက်မှာလည်း ဘာသာရေးအဆုံးအမတွေနဲ့ရောပြီး တရားဝင် ဟောပြောဆုံးမနေကြတာတွေလည်း ရှိနေပြန်ပါတယ်။ ဥပမာအားဖြင့် ဘာသာရေးခေါင်းဆောင်တွေအနေနဲ့ ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံအောင် စောင့်ထိန်းဖို့ ဟောပြောချက်တွေမှာ လူမှုရေးဆိုင်ရာ ဖိနှိပ်မှုတွေနဲ့ ခွဲခြားဆက်ဆံမှုတွေကို သွယ်ဝိုက်သောနည်းအားဖြင့် ပံ့ပိုးပေးသလို ဖြစ်စေတဲ့ အဆုံးအမမျိုးတွေကို တွေ့ရတတ်ပါတယ်။ သူတပါးအသက်ကို မသတ်ဖို့ ဟောပြောတဲ့အခါမှာ “ဒီဘဝမှာ ကိုယ်လက်အင်္ဂါမစုံဘဲ ဒုက္ခိတတယောက်ဖြစ်နေရတာဟာ အရင်ဘဝက သူတပါးအသက်ကို ညှဉ်းပန်းသတ်ဖြတ်ခဲ့လို့ဖြစ်တယ်” စသည်ဖြင့် ဟောပြောဆုံးမကြတာကို တွေ့ရပါတယ်။ ဒီဟောပြောချက်တွေဟာ သူတပါးအသက် မသတ်ဖို့ ဟောပြောတာဆိုပေမဲ့ တဖက်မှာ ဆိုးကျိုးအနေနဲ့ ဒီလိုအဆုံးအမတွေနဲ့ အသားကျနေတဲ့ လူ့အဖွဲ့အစည်းဟာ မသန်စွမ်းတွေကို မြင်တဲ့အခါ စံချိန်မီလူသားတယောက်အဖြစ် လက်ခံဆက်ဆံဖို့၊ လူ့အခွင့်အရေး အပြည့်အဝရရှိအောင် ထောက်ခံအားပေးဖို့ မစဉ်းစားကြတော့ပါဘူး။ အဲဒီအစား “အရင်ဘဝက မကောင်းမှုတွေ လုပ်ခဲ့သူ”၊ “သနားစရာကောင်းသူ”၊ “လူဖြစ်ရှုံးသူ”၊ “ကိုယ်ပြုတဲ့ကံ ကိုယ်ခံရသူ” စသည်ဖြင့် ပုဂ္ဂိုလ်ရေးပြဿနာတခုအဖြစ်သာ လျှော့ချပစ်လိုက်ကြပါတယ်။

တဖက်မှာလည်း အစိုးရတွေအနေနဲ့ စာသင်ကျောင်း၊ ကစားကွင်း၊ ဆေးရုံ၊ အများပြည်သူသွားလာနိုင်တဲ့ လမ်း၊ ယာဉ် စတဲ့ နေရာတွေမှာ မသန်စွမ်းတွေ အများနည်းတူ အသုံးပြုနိုင်အောင် တာဝန်ယူပေးဖို့ ပျက်ကွက်နေသလို လူ့အဖွဲ့အစည်းကိုယ်တိုင်ကလည်း ဒါတွေကို တိုက်တိုက်တွန်းတွန်း မတောင်းဆိုကြပါဘူး။ မသန်စွမ်းအရေးဟာ တကယ်တော့ ပုဂ္ဂိုလ်ရေးပြဿနာ မဟုတ်ဘဲ လူသားအခွင့်အရေး ရရှိအောင် ဖန်တီးပေးနိုင်ရေးနဲ့ လူသားအရင်းအမြစ်ကို တန်ဖိုးထားရေးအတွက် ထည့်သွင်းစဉ်းစားရမယ့် နိုင်ငံရေးပြဿနာသာ ဖြစ်ပါတယ်။ လူသားအခွင့်အရေး အပြည့်အဝရရှိအောင် အစိုးရရော ပြည်သူပါ ပူးပေါင်းဆောင်ရွက်ရပါမယ်။ ကျနော်တို့ တဦးတယောက်ချင်းစီကနေ လူ့အဖွဲ့အစည်းတရပ်လုံးအထိ မသန်စွမ်းတွေအပေါ် ထားရှိတဲ့ သေးသိမ်တဲ့ ထင်မြင်ယူဆချက်တွေကို ပြောင်းလဲပစ်ရပါမယ်။ လူသားချင်း ခွဲခြားဆက်ဆံတဲ့ (ဒါမှမဟုတ်) လိင်အကြမ်းဖက်မှုတွေကို အားပေးတဲ့ ဟာသပြက်လုံးတွေနဲ့ ရုပ်ရှင်တွေကို အားမပေးတာ၊ မိရိုးဖလာ ဟောပြောဆုံးမချက်တွေကိုလည်း ဝေဖန်ဆန်းစစ်တာတွေ ပြုလုပ်ပြီး လူသားအချင်းချင်း လေးစားတန်ဖိုးထားတဲ့ လူ့ဘောင်အဖွဲ့အစည်းကို တည်ထောင်ရမှာ ဖြစ်ပါတယ်။ မိမိလူမျိုး၊ မိမိတပည့်၊ သူငယ်ချင်း၊ သားသမီး၊ မိဘဆွေမျိုးထဲက တဦးဦး မသန်စွမ်း ဖြစ်လာခဲ့ရင်၊ မိမိကိုယ်တိုင် မသန်စွမ်း ဖြစ်လာခဲ့ရင်လို့ စဉ်းစားဆင်ခြင်နှလုံးသွင်းကြည့်ပြီး လိုအပ်တဲ့ အပြောင်းအလဲတွေကို အခြေခံကျကျ လုပ်ဆောင်သွားကြရမှာ ဖြစ်ပါတယ်။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles