ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

မွန်လူငယ်များ၏ ပြည်ပထွက်ခွာလိုစိတ်ကို ရောင်းကုန်အဖြစ် အသုံးချခြင်း

စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက်ပိုင်းမှာ စစ်မှုထမ်း ဥပဒေကို ရှောင်တိမ်းရတာက ပြည်ပကို ထွက်ခွာဖို့ အရင်ထက် ထူးကဲတဲ့ ဖိအားတခု ဖြစ်လာပါတယ်။ ဒါ့အပြင် မွန်လူငယ်တွေအကြား ပြည်ပထွက်ခွာလိုတဲ့ စိတ်ဆန္ဒကို ရောင်းကုန်အဖြစ် အသုံးပြုလာတဲ့ ပညာရေးဝန်ဆောင်မှုအမည်ခံလုပ်ငန်းတွေ ပေါ်ပေါက်လာတာကလည်း အရင်နဲ့ မတူတဲ့ ထူးခြားချက်တခုပါ။ 

စစ်မက်ပဋိပက္ခ အသင့်အတင့်သာ ရှိပြီး ဒေသတည်ငြိမ်အေးချမ်းမှု အတန်အသင့် အားကောင်းတဲ့ မွန်ပြည်နယ်က အနာဂတ်မျိုးဆက် မင်းပျိုမင်းလွင်တွေဖြစ်တဲ့ လူငယ်ထုကြီးဟာ မွန်ပြည်နယ်ကို စွန့်ခွာပြီး နိုင်ငံခြားကို ထွက်ခွာနိုင်ဖို့ အပတ်တကုတ် အားထုတ်ကြိုးပမ်းနေကြပါတယ်။ ဒါကြောင့် မွန်ပြည်နယ်အဖို့ လူငယ်မျိုးဆက်တခုစာ လူ့အရင်းအမြစ် ဆုံးရှုံးလာနိုင်တဲ့အထိ တဖြည်းဖြည်း တိုက်စားခံနေရတဲ့အတွက် ရေရှည်မှာ မျိုးဆက်တွေအကြား ခါးဆက်ပြတ်မယ့်အရေးဟာ စိုးရိမ်ဖွယ်ရာ ဖြစ်လာနေပါတယ်။ ဌာနေကို စွန့်ခွာသွားလိုကြတဲ့ လူငယ်တွေရဲ့ ‘စိတ်ဆန္ဒ’ ဟာလည်း စျေးကွက်ဝင် ရောင်းချကုန်စည် ဖြစ်လာသလို ဒီဝယ်လိုအားကို အလျင်မီအောင် ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေလည်း အပြိုင်းအရိုင်း ပေါ်ပေါက်လာပါတယ်။

ဌာနေကို စွန့်ခွာလိုတဲ့ မွန်လူငယ်တွေအတွက်တော့ နိုင်ငံရေး မတည်ငြိမ်မှု၊ စစ်မက်ပဋိပက္ခတွေရဲ့ သက်ရောက်မှု၊ စစ်မှုထမ်းဥပဒေ အသက်ဝင်မှုတို့ဟာ ပင်မတွန်းအားတွေ ဖြစ်သလို ဒီတွန်းအားတွေကို ပိုမိုအားကောင်းစေဖို့ ပံ့ပိုးပေးနေတဲ့ အခြားအကြောင်းအရာတွေလည်း ရောယှက် ဆက်နွှယ်နေတာ တွေ့ရတယ်။ မွန်လူငယ်တွေရဲ့ လူမှုဓလေ့ကိုယ်၌က ရေကြည်ရာမြက်နုရာ အေးချမ်းရာဒေသဆီကို သွားရောက်အခြေချနေထိုင်လေ့ ရှိပါတယ်။ မွန်လူငယ်တွေ ပြည်ပကို ထွက်ခွာနေတာ ဆယ်စုနှစ်ကျော်ခဲ့ပါပြီ။ ဒါပေမဲ့ စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက်ပိုင်းမှာ ဒီဥပဒေကို ရှောင်တိမ်းရတာက ပြည်ပကို ထွက်ခွာဖို့ အရင်ထက် ထူးကဲတဲ့ ဖိအားတခု ဖြစ်လာပါတယ်။ ဒါ့အပြင် မွန်လူငယ်တွေအကြား ပြည်ပထွက်ခွာလိုတဲ့ စိတ်ဆန္ဒကို ရောင်းကုန်အဖြစ် အသုံးပြုလာတဲ့ ပညာရေးဝန်ဆောင်မှုအမည်ခံလုပ်ငန်းတွေ ပေါ်ပေါက်လာတာကလည်း အရင်နဲ့ မတူတဲ့ ထူးခြားချက်တခုပါ။ 

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

မွန်လူငယ်ထုကို အကြမ်းဖျင်း ခွဲခြမ်းကြည့်ရင် အုပ်စုသုံးစု ရှိနေတာကို တွေ့မြင်ရပါတယ်။ တော်လှန်ရေးမှာ ထဲထဲဝင်ဝင် ပါဝင်သွားကြတဲ့ လူငယ်အုပ်စုတွေ၊ လက်ရှိ ပြည်တွင်းမှာ အခြေချနေထိုင်ရင်း ဆင်းရဲခါးသီးတဲ့ ဒုက္ခဒဏ်တွေကို ခါးစည်းခံနေကြသူတွေနဲ့ ပြည်ပကို ထွက်ခွာသွားတဲ့ လူငယ်အုပ်စုတွေ ဆိုတဲ့ အုပ်စုသုံးခု ဖြစ်ပါတယ်။ မွန်၊ ကရင်၊ တနင်္သာရီနဲ့ ရန်ကုန်လို ဒေသတွေမှာ ထုထည်ပမာဏ ကြီးကြီးမားမား ရှိနေတဲ့ မွန်လူငယ်ထုအင်အားနဲ့ နှိုင်းယှဉ်လိုက်ရင် လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်သွားတဲ့ မွန်လူငယ်အရေအတွက်ဟာ ရာခိုင်နှုန်းအားဖြင့် အနည်းငယ်သာ ရှိပါတယ်။ လက်ရှိ ပြည်တွင်းမှာ ကြံ့ကြံ့ခံကျန်နေတဲ့ လူငယ်အုပ်စုကို ထပ်ပြီး သရုပ်ခွဲရရင် ကျောင်းဆက်တက်နေတဲ့ လူငယ်အုပ်စု၊ မူးယစ်နွံထဲ နစ်ဝင်နေတဲ့ လူငယ်အုပ်စု၊ ပြည်ပကို ထွက်ခွာဖို့ ကိုးရီယား၊ ဂျပန်၊ အင်္ဂလိပ် စတဲ့ ဘာသာစကားတွေ လေ့လာဆည်းပူးပြင်ဆင်နေတဲ့ လူငယ်အုပ်စု၊  အရပ်ဘက် အဖွဲ့အစည်းတွေမှာ ပါဝင်လုပ်ကိုင်နေကြတဲ့ လူငယ်အုပ်စုတွေနဲ့ မိမိတို့ ရပ်ရွာအတွင်းမှာ သိုသိုသိပ်သိပ် နေထိုင်နေတဲ့ လူငယ်အုပ်စုတွေအဖြစ် အမျိုးအစားတွေ ခွဲခြားမြင်တွေ့နိုင်တယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်းမှာ ပညာရေးဝန်ဆောင်မှုတွေ ဒုနဲ့ဒေးနဲ့ အလျင်အမြန် တိုးပွားလာခဲ့တယ်။ အထူးသဖြင့် ပွင့်လင်းရာသီမှာ ပိုမိုများပြားလာပါတယ်။ ပညာရေးဝန်ဆောင်မှုတွေ များပြားလာတာက လူငယ်တွေအတွက် ပညာရေးကို လွယ်လင့်တကူ လက်လှမ်းမီခွင့် ရရှိစေပေမဲ့ အခြားတဖက်မှာလည်း အင်္ဂလိပ်၊ ကိုရီးယား၊ ဂျပန် စတဲ့ ဘာသာစကားတွေကို သင်ယူပြီး နိုင်ငံခြားထွက်လိုတဲ့ လူငယ်တွေရဲ့ “ဆန္ဒ” တွေကို ရောင်းကုန်အဖြစ် အသွင်ပြောင်းရာ လုပ်ငန်းတွေသာသာ ဖြစ်လာခဲ့ပါတယ်။

အရင်တုန်းကတော့ လူငယ်တွေ စွမ်းရည်မြင့်မားလာစေဖို့ ရည်ရွယ်ချက်နဲ့ အင်္ဂလိပ် ဘာသာစကား အပါအဝင် စွမ်းရည်မြှင့်သင်တန်းတွေကို ဖွင့်လှစ်ပြီး သင်ကြားပေးခဲ့ကြတယ်။ အထူးသဖြင့် အကျိုးအမြတ် မယူတဲ့ အဖွဲ့အစည်းတွေက ဒီလိုအပ်ချက်ကို တတ်စွမ်းသမျှ ဖြည့်ဆည်းပေးခဲ့ကြပြီး ရောင်းကုန်သဘော မဆန်ခဲ့ပါဘူး။ ဒီသင်တန်းတွေကနေ ပြီးမြောက်သွားတဲ့ လူငယ်တွေကို မိမိတို့ သက်ဆိုင်ရာ လူမှုအဖွဲ့အစည်းမှာ ပြန်လည် ဝင်ရောက်လုပ်ကိုင်နိုင်ဖို့ စွမ်းရည်မြှင့်တင်ပေးတဲ့သဘော ပိုဆန်ပြီး နက်ရှိုင်းတဲ့ လူမှုစံတန်ဖိုးတွေ ထားရှိကြတယ်။

ဒါပေမဲ့ အားကောင်းလာတဲ့ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေ၊ “နိုင်ငံခြား ထွက်နိုင်မှ လူရာဝင်မယ်” ဆိုတဲ့ တလွဲဆံပင်ကောင်း အတုယူမှုတွေ၊ “ဆန္ဒ” တွေကို စျေးကွက်ရောင်းကုန်အဖြစ် ဝန်ဆောင်မှုပေးတဲ့ ဝန်ဆောင်မှုတွေက “ကိုယ့်လူမှုအဖွဲ့အစည်းမှာ ပြန်လည် ဝင်ရောက် လုပ်ကိုင်ရမယ်” ဆိုတဲ့ ယခင်လူမှုစံတန်ဖိုးတွေကို ရိုက်ချိုးပစ်လိုက်ပြီး အကျိုးအမြတ် ရရှိရေးကိုသာ ဦးတည်တဲ့ ရင်းနှီးမြှုပ်နှံမှုပုံစံ ဖြစ်လာခဲ့ပါတယ်။ အခုအခါ ပညာရေးဝန်ဆောင်မှုတွေဟာ ဘာသာစကားအပါအဝင် စွမ်းရည်မြှင့်ပေးတာမျိုး မဟုတ်ဘဲ ပြည်ပကို မြန်မြန်ထွက်နိုင်စေဖို့၊ ပြည်ပက ကျောင်းတခုခုနဲ့ ချိတ်ဆက်ပေးတဲ့ ပညာရေးအေဂျင်စီသဘော ဆန်လာတယ်။​

ပညာရေးဝန်ဆောင်မှုလုပ်ငန်းတွေရဲ့ ကြော်ငြာစာတွေမှာလည်း “ကုန်ကျစရိတ်ကို အရစ်ကျ ပေးသွင်းနိုင်တယ်”၊ “ကုန်ကျစရိတ်ရဲ့ ၃၀ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်း လျှော့ပေးတယ်”၊ “တစိတ်တပိုင်း ဒါမှမဟုတ် အပြည့်အဝ ပညာသင်ဆု ရရှိဖို့ ဝိုင်းဝန်းကူညီပေးတယ်” စတဲ့ စကားလုံးတွေနဲ့ ညှို့ယူ ဖမ်းစားလာကြတယ်။ ပညာရေးဝန်ဆောင်မှု လုပ်ငန်းတွေ အချင်းချင်းကြားမှာ ကိုယ့်ကျောင်းက ထွက်တဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ အရည်အချင်းထက် ပြည်ပကို ထွက်ခွာသွားနိုင်တဲ့ အရေအတွက်တွေကို ပြိုင်ဆိုင်လာကြပါတယ်။ တဖက်မှာ ပြည်တွင်းစစ်မက်ပဋိပက္ခနဲ့ စစ်မှုထမ်းဥပဒေကို လွတ်လွတ်ကျွတ်ကျွတ် ရှောင်ကွင်းလိုကြတဲ့ လူငယ်တွေကို ထိရောက်တဲ့ ညှို့ချက် စကားလုံးတွေနဲ့ မြှူဆွယ်လာတယ်။ စွဲမက်စရာကောင်းတဲ့ ယုတ္တိအမှား (logical fallacies) တွေကို  ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ အယုံသွင်းလာကြပါတယ်။

နိုင်ငံလူဦးရေတိုးနှုန်း တည်ငြိမ်နေတဲ့ အခြေအနေ၊ မွေးဖွားမှုနှုန်း တည်ငြိမ်နေတဲ့ အခြေအနေမှာ ရှိရင်းစွဲ မွန်လူငယ်အင်အားတွေက အကြောင်းအရင်း အမျိုးမျိုးကြောင့် ဌာနေကို စွန့်ခွာကြဖို့ အတွက်သာ အပတ်တကုတ် အားထုတ်နေကြတာက အနာဂတ်အတွက် ရင်လေးစရာ အခင်းအကျင်း ဖြစ်နေပါတယ်။ အကျိုးအမြတ်ကို အခြေခံတဲ့ စျေးကွက်ဆန်မှု အပေါ်ကိုသာ အာရုံစိုက်လာကြတဲ့အတွက် ဝန်ဆောင်မှုပေးရာ နေရာတွေဟာလည်း မိရိုးဖလာ ကျင့်သုံးလာကြတဲ့ “အတတ်ပညာ တတ်မြောက်ပြီးနောက် မိမိတို့ လူမှုအဝန်းအဝိုင်းကို ပြန်လည် အကျိုးပြုစေရေး” ဆိုတဲ့ လူမှုစံတန်ဖိုးတွေ ပါးလျားလာပါတယ်။ ဒီအရွေ့နဲ့ လားရာဟာ မွန်လူမှုအဝန်းအဝိုင်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အနုတ်လက္ခဏာဆောင်လာတယ်လို့ ကောက်ချက်ပြု နိဂုံးချုပ်သုံးသပ်လိုပါတယ်။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles