ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

သယံဇာတ မြေစာပုံထက်က အသံမဲ့ ဒဏ်ရာများ

နိုင်ငံကြီးတွေမှာ လေထုသန့်စင်သွားဖို့၊ ပတ်ဝန်းကျင် စိမ်းလန်းဖို့အတွက် ကျနော်တို့ဆီမှာ မြေတွေ ပြို၊ တောင်တွေ ပြောင်၊ မြစ်တွေ ခန်းပြီး လူတွေ အဆိပ်သင့်နေရတာဟာ သိပ်ကို ရင်နာစရာကောင်းတယ်။

ယနေ့ကမ္ဘာမှာ ‘မြစိမ်းရောင်စွမ်းအင်’ ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ ကမ္ဘာကြီး ပူနွေးလာမှုကို ကာကွယ်ဖို့အတွက် ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေဟာ လျှပ်စစ်ကား (EV) တွေ၊ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြား (solar panels) တွေကို အပြိုင်အဆိုင် ထုတ်လုပ်လာကြပါတယ်။ ဒီမှာ မေးစရာ ရှိလာတာက တိုးတက်လာတဲ့ နည်းပညာတွေအတွက် မရှိမဖြစ် လိုအပ်လှတဲ့ မြေရှားသတ္တု (rare earth elements) တွေ၊ အင်ဒီယမ် (Indium)၊ လီသီယမ် (Lithium) နဲ့ ကိုဘော့ (Cobalt) စတဲ့ သတ္တုတွေကို သူတို့ ဘယ်ကနေ ထုတ်ယူနေကြသလဲ ဆိုတာပါပဲ။ အဖြေကတော့ ရှင်းပါတယ်။ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲ နိုင်ငံတွေ၊ နိုင်ငံရေး မတည်ငြိမ်တဲ့ ဒေသတွေကနေ အလုအယက် တူးဖော်ကြတာပါပဲ။ နိုင်ငံကြီးတွေမှာ လေထုသန့်စင်သွားဖို့၊ ပတ်ဝန်းကျင် စိမ်းလန်းဖို့အတွက် ကျနော်တို့ဆီက မြေတွေ ပြို၊ တောင်တွေ ပြောင်၊ မြစ်တွေ ခန်းပြီး လူတွေ အဆိပ်သင့်နေရတာဟာ သိပ်ကို ရင်နာစရာကောင်းတယ်။

‘တိုင်းပြည်ဖွံ့ဖြိုးတိုတက်ရေး’ နဲ့ ‘စီးပွားရေးအင်အားကြီးမားရေး’ ဆိုတဲ့ ခေါင်းစဉ်တွေအောက်မှာ ကျနော်တို့ မကြာခဏ မေ့လျော့သွားတတ်တဲ့ အရာတခု ရှိပါတယ်။ အဲဒါကတော့ တောင်တန်းတွေ၊ သစ်တောတွေနဲ့ မြစ်ချောင်းတွေရဲ့ အသက်ရှူသံပါပဲ။ ဒီနေ့ခေတ်မှာ ခေတ်မီနည်းပညာတွေ၊ ဇိမ်ခံပစ္စည်းတွေအတွက် သယံဇာတတွေကို အလွန်အကျွံ တူးဖော်နေကြတဲ့အခါ စက်ယန္တရားကြီးတွေရဲ့ ဆူညံသံအောက်မှာ ဖုံးကွယ်သွားတာကတော့ သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံပြည်သူတွေရဲ့ ဖော်ပြခွင့်မရှိတဲ့ ဒဏ်ရာတွေပဲ ဖြစ်ပါတယ်။

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

ပြဿနာက ဒီလိုအပြိုင်အဆိုင် တူးဖော်တဲ့အခါ သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ဘယ်သူမှ ထည့်မတွက်ကြတော့တာပါပဲ။ တိုင်းပြည်ဖွံ့ဖြိုးရေးဆိုပြီး ခေါင်းစဉ်တပ်ထားပေမဲ့ တကယ်တမ်း အကျိုးအမြတ်ရသွားတာက လူတစု၊ အဖွဲ့အစည်းတစုသာ ဖြစ်နေပါတယ်။ ကမ္ဘာပေါ်မှာ သတ္တုတူးဖော်ရေးလုပ်ငန်းတွေကြောင့် နေ့စဉ်နဲ့အမျှ ထွက်ပေါ်လာတဲ့ စွန့်ပစ်မြေစာပုံကြီးတွေရဲ့ ပမာဏဟာ ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ် (UNEP) ရဲ့ အစီရင်ခံစာတွေအရ ကမ္ဘာတဝန်းမှာ နှစ်စဉ် သတ္တုတူးဖော်ရေးလုပ်ငန်းတွေကနေ စွန့်ပစ်မြေစာ (mine tailings) မက်ထရစ်တန်ချိန် ဘီလီယံနှင့်ချီပြီး ထွက်ပေါ်နေပါတယ်။

စက်ယန္တရားကြီးတွေနဲ့ တောင်တွေကို ဖြို၊ မြေတွေကို တူးဆွလိုက်တဲ့အခါ ထွက်လာတဲ့ ဓာတုဗေဒ အဆိပ်အတောက်တွေက ဘယ်ကိုသွားမလဲ။ လူတွေ နေ့စဉ် သုံးစွဲနေတဲ့ ချောင်းတွေ၊ မြစ်တွေ၊ အင်းအိုင်တွေထဲကို တိုက်ရိုက် စီးဝင်သွားပါတယ်။ အရင်က ရေသောက်လို့ရတဲ့၊ ငါးဖမ်းလို့ရတဲ့ မြစ်ချောင်းတွေက အခုဆို အဆိပ်ရည်တွေ ဖြစ်ကုန်ပါပြီ။ ဒီစွန့်ပစ်မြေစာတွေဟာ သာမန်မြေကြီးတွေ မဟုတ်ပါဘူး။ တောင်တွေကို ဖြို၊ မြေတွေကို တူးဆွလိုက်တဲ့အခါ ထွက်လာတဲ့ ဓာတုဗေဒ အဆိပ်အတောက်တွေ အပြည့်ပါဝင်နေတဲ့အရာတွေ ဖြစ်တယ်။ အဲဒီအဆိပ်တွေက ကျနော်တို့ နေ့စဉ် သုံးစွဲနေတဲ့ ချောင်းတွေ၊ မြစ်တွေ၊ အင်းအိုင်တွေထဲကို တိုက်ရိုက်စီးဝင်သွားတဲ့အခါ အရင်က အသက်မွေးဝမ်းကျောင်းပြုခဲ့တဲ့ မြစ်ချောင်းတွေဟာ အဆိပ်ရည်တွေအဖြစ် ပြောင်းလဲသွားပါတော့တယ်။

ဒီလိုအဆိပ်သင့်နေတဲ့ ရေတွေကို သုံးပြီး စိုက်ပျိုးရေးလုပ်တဲ့အခါ လယ်ယာမြေတွေ ပျက်စီးသွားရတဲ့အပြင် အဲဒီကနေ ထွက်လာတဲ့ သီးနှံတွေကတဆင့် ကျနော်တို့ရဲ့ ထမင်းပန်းကန်ထဲအထိ အဆိပ်အတောက်တွေ တိုက်ရိုက် ရောက်လာပါတယ်။ ဒါဟာ ကျည်ဆန်မလိုဘဲ လူတွေကို သတ်ဖြတ်နေတဲ့ ‘အသံတိတ်ကပ်ဘေး’ ပါပဲ။ ဒါဟာ လူတွေရဲ့ ရှင်သန်ရပ်တည်ရေး အခြေခံအုတ်မြစ်ကို ရိုက်ချိုးလိုက်တာပါပဲ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် ဆေးပညာဆိုင်ရာ သုတေသနတွေမှာ ထောက်ပြထားတာကတော့ သတ္တုတူးဖော်တာကနေ ထွက်လာတဲ့ ပြဒါး (mercury)၊ ခဲ (lead) နှင့် အာဆင်းနစ် (arsenic) လိုမျိုး လေးလံသတ္တု (heavy metal) တွေဟာ ရေနဲ့ မြေဆီလွှာကတဆင့် လူ့ကိုယ်တွင်းကို ဝင်ရောက်လာတဲ့အခါ ကင်ဆာရောဂါ၊ အာရုံကြောဆိုင်ရာရောဂါ၊ ကျောက်ကပ်ပျက်စီးမှုနဲ့ ကလေးငယ်တွေမှာဆိုရင် မွေးရာပါ ချို့ယွင်းချက်တွေ ဖြစ်စေတဲ့အထိ ပြင်းထန်တဲ့ ကျန်းမာရေးဆိုးကျိုးတွေကို ဖြစ်စေတယ်လို့ ဆိုပါတယ်။

အဲဒါကတော့ တိုင်းပြည်ဖွံ့ဖြိုးရေး၊ စီးပွားရေးဆိုတဲ့ ခေါင်းစဉ်တွေအောက်မှာ သယံဇာတတွေကို အလွန်အကျွံ တူးဖော်နေမှုတွေနဲ့ အဲဒီကနေလာတဲ့ ဆိုးကျိုးတွေပါပဲ။ ရေဆိုးရေညစ်တွေနဲ့ ဓာတုအဆိပ်တွေကြောင့် ကင်ဆာရောဂါတွေ အဖြစ်များလာတယ်၊ မွေးရာပါ ချို့ယွင်းချက်ပါတဲ့ ကလေးတွေ မွေးလာတယ်၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ စတဲ့ ဒဏ်တွေကို ခံစားလာရတယ်။ ကျန်းမာရေး ထိခိုက်လာတော့ အလုပ်မလုပ်နိုင်ဘူး။ ဆေးဖိုးဝါးခတွေကြောင့် စုဆောင်းထားသမျှ ကုန်ပြီး စီးပွားရေးတွေ ပြိုလဲလာတယ်။ စိုက်ပျိုးရေးလုပ်ငန်းတွေ ပျက်စီးလို့ ဝင်ငွေလမ်းကြောင်းတွေ ပိတ်ဆို့ကုန်တယ်။ သတ္တုတူးဖော်ဖို့ မြေယာအတင်းသိမ်းပိုက်မှုတွေကတဆင့် နေရပ်စွန့်ခွာ ထွက်ပြေးရတာတွေ၊ မိသားစုတွေ ကွဲကွာရတာတွေနဲ့ နောက်ဆုံးတော့ ဒေသခံတွေဟာ ကိုယ့်မြေကိုယ့်ရေမှာတင် အဘက်ဘက်ကနေ သေမလို ရှင်မလို ခံစားကြရတော့တာပါပဲ။

သယံဇာတ တူးဖော်မှုတွေ ဝင်လာပြီဆိုတာနဲ့ သဘာဝပတ်ဝန်းကျင်တင် ပျက်စီးတာ မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ လူ့အဖွဲ့အစည်း၊ ဒေသခံတွေရဲ့ စည်းလုံးညီညွတ်မှုဆိုတဲ့ သစ်ပင်ကြီးပါ အမြစ်ကနေ ကျိုးကျပျက်စီးသွားရတတ်ပါတယ်။ စီမံကိန်းကြောင့် အလုပ်အကိုင်ရလို့ ထောက်ခံတဲ့ လူအချို့နဲ့ အသက်မွေးဝမ်းကျောင်းလုပ်ကိုင်တဲ့ လယ်ယာမြေတွေ ဆုံးရှုံးလို့ ကန့်ကွက်တဲ့သူတွေကြားမှာ ပဋိပက္ခတွေ စတင်လာပါတယ်။ အကျိုးအမြတ် လောဘတွေကြောင့် ဒေသတွင်း အကျင့်ပျက် ခြစားမှုတွေ ကြီးထွားလာပြီး တရားဥပဒေစိုးမိုးရေး ပျောက်ကွယ်လာပါတယ်။

ကိုယ့်ဒေသ၊ ကိုယ့်မြေ၊ ကိုယ့်ရေကို ကာကွယ်ဖို့ဆိုတာ သေနတ်ကိုင် တိုက်ခိုက်မှ မဟုတ်ပါဘူး။ မြေစာပုံတွေအောက်မှာ ဖုံးကွယ်ခံထားရတဲ့ အမှန်တရားတွေကို ဖော်ထုတ်တာ၊ မှန်ကန်တဲ့ သတင်းအချက်အလက်တွေ ဖြန့်ဝေတာ၊ ပတ်ဝန်းကျင်ကို ထိခိုက်စေမယ့် စီမံကိန်းတွေကို ရဲရဲဝံ့ဝံ့ မေးခွန်းထုတ်တာတွေ လုပ်ရင်း ဒီအသံမဲ့ ဒဏ်ရာတွေကို အားလုံး ဝိုင်းဝန်း ကုစားကြဖို့ အချိန်ရောက်နေပြီ ဖြစ်ပါတယ်။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles