ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

မူဝါဒတခြား လူထုတခြား – နေပြည်တော်နှင့် ဝေးခဲ့ပြီ

ဖွံ့ဖြိုးရေးအစီအမံတွေနဲ့ တခြားမူဝါဒတွေဆိုတာ ဘယ်လောက်ပဲ နည်းနာအရ ပြည့်စုံပါစေ၊ အုပ်ချုပ်သူနဲ့ လူထုအကြား အချိတ်အဆက် မရှိ၊ လက်ခံယုံကြည်မှု မရှိရင် အလကားပဲလို့ မြင်လာပါတယ်။ တတိုင်းပြည်လုံးရဲ့တိမ်းညွတ်မှု (national mood) က ဘယ်လို ရှိနေသလဲ ဆိုတာကလည်း အရေးကြီးတယ်လို့ မြင်ပါတယ်။​

ကျနော့်ကိုယ်ကျနော် ‘ရွာသား’ လို့ ဂုဏ်ယူစွာ ပြောလေ့ရှိပါတယ်။ ရွာမှာကြီးလာလို့ ရွာသားလို့ ဆိုတာမဟုတ်ဘဲ မိဘမဲ့ တကောင်ကြွက်ဘဝမှာ တရွာလုံးက ဝိုင်းဝန်းကျွေးမွေးထားခဲ့လို့ ‘တရွာလုံးရဲ့သား၊ ရွာသား’ လို့ ဆိုချင်တာပါ။ ကြွားရရင် ကျနော် ရှင်ပြုတုန်းက ရွာဦးကျောင်း ဘုန်းကြီးကတောင် ငါးထောင်ကျပ် မတည်လှူဒါန်းဖူးသေးတယ်။

ရွာနဲ့ အခု အဆက်အသွယ် ပြန်ရတော့ ကျနော့်ကို ကျွေးမွေးခဲ့တဲ့ လူတွေ အဆင်မပြေဖြစ်နေတာ ကြားရပြီး စိတ်ထဲမကောင်း ဖြစ်မိတယ်။ ကျနော့်ကို အရင်က ကျွေးမွေးခဲ့တဲ့ တောင်သူရဲ့အိမ်က အခုဆို ကျနော့်လို တကောင်ကြွက် နောက်တယောက်ကို ကြီးပြင်းလာအောင် ထပ်ကျွေးမွေးပျိုးထောင်နိုင်စွမ်း မရှိတော့တဲ့ အခြေအနေ ဆိုက်နေပါပြီ။ မြေဩဇာဈေး၊ ဆီဈေးတွေက အဆမတန် တက်နေတော့ စိုက်လေရှုံးလေ သံသရာထဲမှာ သူတို့ပါ ပါသွားတယ် ထင်ပါရဲ့။ ဘယ်လောက်တောင် ဆိုးနေသလဲဆိုတော့ သူ့အိမ်က ကျောင်းနေအရွယ် လူပျိုပေါက်ကလေးကိုတောင် အတိုးနဲ့ငွေချေးယူပြီး ထိုင်းနိုင်ငံကို ပို့နေရပါပြီ။ အတိုးသက်သာအောင် လက်ငုတ်လက်ရင်း လယ်ကို ရောင်းဖို့ ကြိုးစားပြန်တော့လည်း အဝယ်မရှိ၊ အရောင်းအဝယ်တွေက ရပ်တန့်နေတယ်။ နောက်လူပျိုပေါက်တယောက်ကတော့ ရန်ကုန်တက်ပြီး ဂျပန်စာသင်တန်း တက်နေလေရဲ့။ အိတ်စိုက် သိန်းလေးငါးရာလောက် ကုန်မယ့်အပြင် ဂျပန်ရောက်တာနဲ့ ချက်ချင်း ပိုက်ဆံရမှာလည်း မဟုတ်သေး။ အေဂျင်စီဆီ ပြန်သွင်းရမယ့် ငွေက ရှိသေးတယ်။ ဒါတောင် ပိုက်ဆံရှိလို့ သွားနိုင်တာ မဟုတ်ဘူး။ စင်ကာပူထွက်ပြီး အလုပ်သွားလုပ်နေတဲ့ အစ်မဖြစ်သူက ရှိတာလေး စု၊ မလောက်ရင် ဂျပန်မှာနေတဲ့ သူ့ရည်းစားဆီကနေ ချေးငှားပြီး ပို့ပေးရမယ့်သဘော။ အခုဆို ရွာတွေမှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေလောက်ပဲ ကျန်တော့တဲ့အထိ လူပျိုပေါက်အရွယ်တွေ တိုင်းပြည်ကနေ ထွက်ပြေးနေရတဲ့ မြင်ကွင်းဟာ ရင်နာစရာ ကောင်းလှပါတယ်။

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

ဒီအခြေအနေကို မြင်ရတော့ အရာအားလုံးဟာ ကျနော့်အဖို့ မေးခွန်းထုတ်စရာ၊ စိတ်နာကြည်းစရာ ဖြစ်နေပါတယ်။ ဒီလပိုင်းတွေမှာ ဣရိယာပုတ် ပြောင်းထားတဲ့ အစိုးရက ရက် (၁၀၀) စီမံချက်တွေအကြောင်း ပြောနေတာတွေကို မြင်နေကြားနေရပါတယ်။ တိုင်းပြည်ကို ဘယ်လို ဖွံ့ဖြိုးအောင် လုပ်မယ်၊ အတူတကွ ကြိုးစားရမယ် ဆိုတာလည်း ပါလိုက်သေး။​ တခြားတဖက်မှာလည်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီတို့၊ တပ်ပေါင်းစုတို့က အွန်လိုင်းပေါ်မှာ ပြောကြဆိုကြပေါ့။ ဒါတွေအားလုံးက ကျနော်တို့ ရပ်ရွာလူထုနဲ့ မအပ်စပ်တော့သလို ခံစားလာရတယ်။ နေပြည်တော်ကွန်ဗင်းရှင်းစင်တာမှာ ပွဲတွေ အလီလီလုပ်နေတော့ နေပြည်တော်နဲ့ တတိုင်းပြည်လုံးဟာ တခြားစီ ဖြစ်နေသလိုပါပဲ။ ကျနော်တို့လို ကျေးလက်နေပြည်သူက အွန်လိုင်းက ပြောကြဆိုကြ ဆွေးနွေးကြတာကို စိတ်ဝင်စားတော့မယ် မထင်ဘူး။ အတ္တကြီးတယ်ပဲ ပြောပြော၊ ရှင်သန်ဖို့က လိုအပ်လာတယ်လေ။ ဒါကြောင့် လူထုက နေ့စဉ်လူမှုစီးပွားအခက်အခဲ၊ စားဝတ်နေရေးအတွက် သောကရောက်နေချိန်မှာ အာဏာရှင်တွေ၊ နိုင်ငံရေးသမားတွေရဲ့ စကားလုံးတိုင်း၊ ကတိတိုင်းဟာ စိတ်နာကြည်းစရာတွေပါပဲ။ 

ဒီအခြေအနေမှာ ဖွံ့ဖြိုးရေးအစီအမံတွေနဲ့ တခြားမူဝါဒတွေဆိုတာ ဘယ်လောက်ပဲ နည်းနာအရ ပြည့်စုံပါစေ၊ အုပ်ချုပ်သူနဲ့ လူထုအကြား အချိတ်အဆက် မရှိ၊ လက်ခံယုံကြည်မှု မရှိရင် အလကားပဲလို့ မြင်လာပါတယ်။ မူဝါဒ စကားလုံးနဲ့ ဆိုရရင် တတိုင်းပြည်လုံးရဲ့တိမ်းညွတ်မှု (national mood) က ဘယ်လို ရှိနေသလဲ ဆိုတာကလည်း အရေးကြီးတယ်လို့ မြင်ပါတယ်။​ ပြန်ကြည့်ရရင် ဦးသိန်းစိန် လက်ထက်တုန်းကဆို တိုင်းပြည်ဟာ လမ်းကြောင်းမှန်ပေါ် ရောက်နေတယ်လို့ လူများစုက ခံစားချက် ရှိခဲ့ကြသလို ဒေါ်အောင်ဆန်းစုကြည် လက်ထက်မှာ ပိုမိုသာလွန်တဲ့ အပြောင်းအလဲ ဖြစ်မယ်လို့လည်း ယုံကြည်ခဲ့ကြတယ်။ ကျနော်ခံစားလွန်းတယ်ပဲ ပြောပြော၊ လူထုဟာ ဒီလိုခံစားချက်မျိုးတွေကို ဘယ်ဘက်ကမှ၊ ဘယ်အစိုးရဆီကမှ မရတော့တာ ကြာပါပြီ။ 

အခုတော့ ရေးတတ်၊ ဖတ်တတ်ရုံအထိ စာသင်ကျောင်းပို့၊ ပြီးတာနဲ့ ထိုင်းကို ကြိုးစားပို့။ ဒါဟာ ကျနော်တို့ လူ့အဖွဲ့အစည်းရဲ့ ဖြစ်တည်မှုတခုလို၊ ဓလေ့တခုလို ဖြစ်နေတာဟာ ကျနော်တို့ တိုင်းပြည် ဘယ်လောက်တောင် နောက်ပြန်ရောက်သွားပြီလဲဆိုတာကို ပြနေတာပါပဲ။ ပိုပြီး ဝမ်းနည်းစရာကောင်းတာကတော့ ကျေးလက်မှာ ကြီးပြင်းရတဲ့ လူငယ်မျိုးဆက်ဟာ ‘ဉာဏ်ရည်တု၊ ဒစ်ဂျစ်တယ် စီးပွားရေး’ စတာတွေနဲ့ ထိတွေ့ရဖို့ ဝေလာဝေး၊ ထိုင်းနဲ့ အခြားနိုင်ငံ သွားအလုပ်လုပ်ရဖို့ကပဲ ငယ်ဘဝအိိပ်မက်တွေ ဖြစ်လာကြတယ်။ တိုင်းပြည်အနာဂတ် ဘယ်ဆီဘယ်ဝယ် ဦးတည်နေတယ် ဆိုတာကို လူငယ်တွေရဲ့ အိပ်မက်တွေကနေ တွေးကြည့်လို့ရပါတယ်။

ဒါကြောင့် အစီအမံတွေနဲ့ မူဝါဒတိုင်းမှာ လူထုအတွက် ‘မျှော်လင့်ချက်’ ပါဝင်သင့်ပါတယ်။ ဒီမျှော်လင့်ချက်ဟာ သူတို့ရဲ့ နေ့စဉ်ဘဝ၊ စားဝတ်နေရေး အဆင်ပြေစေမယ့် လက်တွေ့ကျတဲ့ အစီအမံတွေကနေ ပေါက်ဖွားလာရမှာပါ။ ဒါကြောင့် လူမှုစီးပွားအဆင်ပြေရေးအတွက် စဉ်းစားအကောင်အထည်ဖော်ကြဖို့ တိုက်တွန်းလိုပါတယ်။ လက်ရှိမှာတော့ အစီအမံတိုင်း၊ မူဝါဒတိုင်းမှာ လူထုအတွက် မျှော်လင့်စရာ ပါမလာပါဘူး။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles