ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

စတေးခံလိုက်ရသော လုပ်အားများ

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းကာလအလွန်မှာတော့ တော်လှန်ရေးအတွက် ဆိုပြီး ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးစတဲ့နယ်ပယ်စုံမှာ အဖွဲ့ပေါင်းများစွာ တအုန်းအုန်းပေါ်လာသလို အဲဒီအဖွဲ့တွေမှာ အလုပ်လုပ်တဲ့ လူငယ်တွေ၊ CDM တွေနဲ့ တော်လှန်ရေးနိုင်လိုစိတ်တခုတည်းပဲ ကြည့်တဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေဟာလည်း ‘တော်လှန်ရေးအလုပ်’ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ခေါင်းပုံဖြတ်ခံနေရတုန်းပါပဲ။

နိုင်ငံတကာမှာတော့ အလုပ်သမားတယောက်၊ ဒါမှမဟုတ် စေတနာ့ဝန်ထမ်းတယောက်ရဲ့ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်နဲ့ အကျိုးခံစားခွင့်တွေကို တိတိပပ ချမှတ်ထားတဲ့ မူဝါဒတွေ အများကြီး ရှိပါတယ်။ မြန်မာနိုင်ငံအကြောင်းကို ပြန်ပြောရရင် စစ်အာဏာမသိမ်းခင်ကာလတုန်းကတော့ အလုပ်သမားတွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့ ပတ်သက်တဲ့ကိစ္စမျိုးတွေမှာ တက်ကြွလှုပ်ရှားသူ (activist) တွေ၊ အရေးပါ အရာရောက်တဲ့သူတွေ ထုတ်ဖော်ပြောဆိုတဲ့အခါ အရွေ့တခု မြင်ခဲ့ရဖူးပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ အလုပ်သမားတွေ၊ စေတနာ့ဝန်ထမ်းတွေ ခေါင်းပုံဖြတ်ခံနေတာတွေ၊ လိင်ပိုင်းဆိုင်ရာ ထိပါးခံရတာတွေဟာ ဒီကနေ့အချိန်အထိ ဒုနဲ့ဒေး ရှိနေတုန်းပါပဲ။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းကာလအလွန်မှာတော့ တော်လှန်ရေးအတွက် ဆိုပြီး ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးစတဲ့နယ်ပယ်စုံမှာ အဖွဲ့ပေါင်းများစွာ တအုန်းအုန်းပေါ်လာသလို အဲဒီအဖွဲ့တွေမှာ အလုပ်လုပ်တဲ့ လူငယ်တွေ၊ CDM တွေနဲ့ တော်လှန်ရေးနိုင်လိုစိတ်တခုတည်းပဲ ကြည့်တဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေဟာလည်း ‘တော်လှန်ရေးအလုပ်’ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ခေါင်းပုံဖြတ်ခံနေရတုန်းပါပဲ။

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းကာလအလွန်မှာတော့ တော်လှန်ရေးအတွက် ဆိုပြီး ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးစတဲ့နယ်ပယ်စုံမှာ အဖွဲ့ပေါင်းများစွာ တအုန်းအုန်းပေါ်လာသလို အဲဒီအဖွဲ့တွေမှာ အလုပ်လုပ်တဲ့ လူငယ်တွေ၊ CDM တွေနဲ့ တော်လှန်ရေးနိုင်လိုစိတ်တခုတည်းပဲ ကြည့်တဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေဟာလည်း ‘တော်လှန်ရေးအလုပ်’ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ခေါင်းပုံဖြတ်ခံနေရတုန်းပါပဲ။ ခေါင်းတုံးပေါ်ထိပ်ကွက်ခံရတဲ့ စိတ်မကောင်းစရာ တော်လှန်ရေးကာလရဲ့ အကျည်းတန်မြင်ကွင်းတွေပါပဲ။  စာရေးသူကိုယ်တိုင်လည်း တော်လှန်ရေးကာလ အစကနေ နိုင်ရာပိုင်ရာအဖွဲ့တွေမှာ စေတနာ့ဝန်ထမ်း (volunteer) အနေနဲ့ တတ်နိုင်သလောက် ကူဖို့ကြိုးစားရင်း ဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေအပေါ် ခေါင်းပုံဖြတ်နေတာတွေကို မနည်းမနော မြင်ခဲ့ကြားခဲ့ရပါတယ်။

တော်လှန်ရေးကာလနောက်ပိုင်းမှာ ဖွင့်တဲ့ ကျောင်းတကျောင်းမှာ ကြုံခဲ့ရတာဆိုရင်လည်း အလုပ်အတွေ့အကြုံမရှိတဲ့ လူငယ်တွေနဲ့ CDM ဆရာ၊ ဆရာမတွေကို လစာနည်းနည်းနဲ့ အလုပ်တွေ အများကြီး ခိုင်းတာမျိုးတွေ၊ လုပ်ငန်းခွင်ဆိုင်ရာ ကျင့်ဝတ်မရှိတာမျိုးတွေ၊ ‘တော်လှန်ရေး’ ခေါင်းစဉ်ကို အသုံးချပြီး လူပုဂ္ဂိုလ်တဦး (ဒါမှမဟုတ်) လူတစုရဲ့ အကျိုးစီးပွားအတွက် ခေါင်းပုံဖြတ်ချင်တာမျိုးတွေကို မြင်ခဲ့ တွေ့ခဲ့ ကြားခဲ့ရဖူးပါတယ်။ တော်လှန်ရေးအတွက် ပေးဆပ်ချင်တဲ့ လူငယ်တွေ၊ တော်လှန်ရေးနိုင်ဖို့အတွက် အလုပ်လုပ်ပေးလိုတဲ့ လူတွေကို စကားလှလှတွေ သုံးပြီး ကိုယ်ကျိုးစီးပွားရှာကြတဲ့ ပညာတတ်လူတန်းစားတွေလို့ပဲ ဆိုကြရပါမယ်။

လုပ်ငန်းခွင်အတွေ့အကြုံမရှိသေးတဲ့ လူငယ်တွေကို လုပ်ငန်းခွင်နဲ့ပတ်သက်ပြီး သင်ပေးမယ်။ ပညာသင်ဆုတွေရဖို့ ကူ‌ပေးမယ်။ တော်လှန်ရေး၊ နိုင်ငံပြန်လည်တည်ဆောက်ရေးကိုလည်း ကူညီရာရောက်မယ်ဆိုပြီး ရာထူးကြီးကြီးယူထားသူတွေရဲ့ မမျှမတ အလုပ်စေခိုင်းတာတွေ၊ လစာနည်းနည်းပဲ ပေးတာတွေကို ခံစားနေရပေမဲ့ ထုတ်ဖော်ပြောဆိုဖို့ မဝံ့မရဲ ဖြစ်တာတွေကိုလည်း မြင်တွေ့နေရပါတယ်။ များသောအားဖြင့် အဲဒီအဖွဲ့အစည်းတွေကို ဦးဆောင်နေသူတွေဟာ တော်လှန်ရေးမှာဖြစ်ဖြစ်၊ အရပ်ဘက်အဖွဲ့အစည်းတွေမှာဖြစ်ဖြစ် လက်တံရှည်သူတွေ၊ အချိတ်အဆက်များသူတွေ ဖြစ်တာကြောင့် “ငါတို့ကိုများ တခုခုလုပ်ရင် ဘယ်လိုလုပ်မလဲ”၊ “ငါ နောက်ထပ်အလုပ် ရှာရခက်သွားမလား”၊ “ငါ့ကို ဒီအသိုင်းအဝိုင်း (community) ကနေ ပယ်ထားရင်ရော ဘယ်လိုလုပ်မလဲ“ စတဲ့ အတွေးတွေကြောင့် ထုတ်ဖော်ဖို့ ခက်ခဲကြောင်း အမြတ်ထုတ်ခံရသူတွေဆီကနေ ကြားဖူးပါတယ်။

ပညာရေးဘက်မှာသာမကဘဲ အခြားကဏ္ဍတွေမှာလည်း လူပေါင်းများစွာဟာ ‘တော်လှန်ရေး’ ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ မိမိတို့လုပ်အားအတွက် အကျိုးအမြတ်တခုတလေတောင် မရဘဲ အမြတ်ထုတ်ခံနေရဆဲပါပဲ။ ဒါကို လတ်တလော ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ကြည့်ခြင်းအားဖြင့် မျက်ဝါးထင်ထင် မြင်တွေ့နေရဆဲပါပဲ။ ပိုဆိုးတာကတော့ နိုင်ငံရေးအရရော ဥပဒေအရပါ အရေးယူမှုတွေ တင်းတင်းကျပ်ကျပ် မလုပ်ဆောင်နိုင်သေးတဲ့ ဒီလိုအချိန်ကာလမှာ ဝန်ထမ်းတွေအနေနဲ့ ထုတ်ဖော်ပြောဆိုမှု မလုပ်ရဲတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာအနာတရတွေ ပိုတိုးပွားလာမှာကို စိုးရိမ်မိပါတယ်။

အများပြောသလို နောက်ပြန်မလှည့်တော့ဘူးဆိုတဲ့ တော်လှန်ရေးပဲ ဆိုဆို၊ သွေးကြွေးမှာ ဆွေးနွေးစရာ မရှိဘူးပဲ အော်အော်၊ လတ်တလောကာလမှာ လူငယ်တွေ၊ CDM တွေ၊ တတ်သိပညာရှင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ သွေးယိုစိမ့်မှုတွေကိုရော ဘယ်အစိုးရရဲ့ ဘယ်ဝန်ကြီးဌာနကို တိုင်ရမလဲ၊ ဘယ်အဖွဲ့အစည်းက တာဝန်ယူမလဲ၊ ဘယ်တော်လှန်ရေးဆယ်လီက ထုတ်ဖော်ပြောဆိုမလဲဆိုတာ စောင့်ကြည့်နေရဆဲပါပဲ။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles