ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

ပညာရေးပေါင်းကူးတံတားကို ချိုးဖျက်ပစ်ကြတော့မည်လား

တော်လှန်ရေးသတင်းတွေ ပေါက်ကြားနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျောင်းတက်တာကို ပိတ်ပင်မယ်ဆိုရင် ဆုံးရှုံးသွားမယ့် ပညာရေးအခွင့်အလမ်းတွေ နေရာမှာ ဘာတွေနဲ့ ပြန်အစားထိုး လုပ်ပေးကြမလဲ။ … စစ်ကျွန်ပညာရေး မသင်စေချင်ဘူးဆိုရင် အားလုံး လက်လှမ်းမီတဲ့၊ ဒေသတိုင်းကို လွှမ်းခြုံနိုင်တဲ့၊ အာမခံချက်ရှိတဲ့ ပညာရေးစနစ်မျိုးကို တော်လှန်ရေး အင်အားစုတွေဘက်က အသင့်ဖန်တီးထားနိုင်ပြီလား ဆိုတာကတော့ မေးခွန်းထုတ်စရာပဲ ဖြစ်နေပါတော့တယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း CDM လှုပ်ရှားမှုတွေမှာ အစိုးရကျောင်းမတက်ဘဲ အာဏာဖီဆန်တာက အားကောင်းတဲ့ လှုပ်ရှားမှုတခု ဖြစ်ခဲ့ပေမဲ့ အခုလက်ရှိမှာတော့ ပါဝင်နိုင်မှု အတော်လေး နည်းလာပါပြီ။ ဘာလို့လဲဆိုတော့ တော်လှန်ရေးကာလ ကြာလာတာနဲ့အမျှ မိဘတွေက သူတို့ကလေးတွေကို အခြေခံပညာရေး ပြီးဆုံးစေချင်တဲ့အတွက် အစိုးရကျောင်းတွေမှာ ပြန်အပ်လာကြလို့ပါ။ ပိုက်ဆံတတ်နိုင်တဲ့သူတွေကတော့ သူတို့ကလေးတွေကို ကိုယ်ပိုင်ကျောင်းတွေမှာ ထားကြတယ်။ ပြည်တွင်းမှာ အလုပ်လုပ်ပြီး စားသောက်ဖို့ဆိုတာတောင် အနည်းဆုံး အထက်တန်းအောင်မှ အဆင်ပြေနိုင်တာ မဟုတ်လား။ အများစုပြောနေကြသလို အစိုးရကျောင်းတွေက အတန်းပညာလောက်ပဲပေးပြီး အရည်အသွေးမရှိဘူး ဆိုတာကိုလည်း ကျနော် မငြင်းလိုပါဘူး။ ဒါပေမဲ့ အရည်အသွေးကို အတိုင်းအတာတခုအထိ ဖန်တီးယူနိုင်မယ့် တက္ကသိုလ်ပညာရေးဆီ သွားဖို့အတွက် အခြေခံပညာရေးက ပေါင်းကူးတံတားတခု ဖြစ်နေတုန်းပဲဆိုတာကိုတော့ မေ့ထားလို့ မရပါဘူး။

တက္ကသိုလ်ပညာရေးကို ဆက်တက်ဖို့ အစိုးရပညာရေး မဟုတ်တဲ့ တခြား GED, IGCSE လို အတန်းတွေတက်ပြီး ပညာရေး အခွင့်အလမ်းတွေ ရယူနိုင်တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ အဲဒီအတန်းတွေရဲ့ ကုန်ကျစရိတ်က အခြေခံလူတန်းစားတွေအတွက် မတတ်နိုင်ပါဘူး။ ပညာသင်ဆုတွေ လျှောက်ပြီး နိုင်ငံခြားတက္ကသိုလ်တွေ တက်ဖို့ဆိုရင်လည်း အစိုးရအသိအမှတ်ပြုလက်မှတ် ဒါမှမဟုတ် GED, IGCSE လို လက်မှတ်မျိုးပါမှသာ ကျောင်းဝင်ခွင့်ရတာဆိုတော့ ကလေးတွေအတွက် ရွေးချယ်စရာ သိပ်မရှိလှပါဘူး။ မိဘတွေအနေနဲ့လည်း ကိုယ့်ကလေးကို နိုင်ငံတကာကျောင်းတွေ၊ ပြင်ပကိုယ်ပိုင်ကျောင်းတွေမှာ မထားနိုင်ဘူးဆိုရင် အစိုးရကျောင်းတွေကလွဲပြီး တခြားရွေးချယ်စရာ မရှိသလောက် ဖြစ်လာပါတယ်။

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

ဒီနေရာမှာ ပြင်ပပညာရေးအဖွဲ့အစည်းတွေက ကလေးတွေအတွက် ပညာရေးရှေ့ဆက်နိုင်အောင် လုပ်ပေးနေတယ်ဆိုပေမဲ့ ဘယ်လိုအာမခံချက်မျိုး ပေးနိုင်လဲဆိုတာကို သေချာမတွေ့ရသေးပါဘူး။ ဥပမာ ကြားကာလတော်လှန်ရေးအစိုးရရဲ့ ကျောင်းတွေကို တက်ပြီး အထက်တန်းအောင်သွားသူတွေအတွက် တက္ကသိုလ်ပညာရေး ဆက်တက်ဖို့ ဘယ်လိုအာမခံချက်မျိုး ပေးနိုင်မလဲ။ အဲဒီအောင်လက်မှတ်တွေဟာ ပြည်တွင်းမှာ အလုပ်လုပ်ဖို့တောင် မလွယ်ကူလှပါဘူး။ ပြည်ပမှာ ဆက်လက်သင်ယူခွင့်ရသူတချို့ ရှိတယ်လို့ ဆိုပေမဲ့ အချိုးအစားအရ နည်းပါးလွန်းပါတယ်။ အဲဒီတော့ အစိုးရကျောင်းတွေ မတက်ဖို့ ပြောနေတဲ့သူတွေ ကိုယ်တိုင်ရော သူတို့ရဲ့ သားသမီးတွေကို ပညာရေးနဲ့ ဝေးပြီး အထက်တန်းတောင် မပြီးတဲ့အဖြစ်မျိုး ရောက်သွားတာကို လိုလားပါ့မလားလို့ မေးစရာဖြစ်လာပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ သားသမီးတွေအတွက် အာမခံချက်တခုခု ပေးနိုင်မယ့် ပညာရေးစနစ်ကိုပဲ ရွေးချယ်လိုက်ရတယ်ဆိုတာကို နားလည်ပေးသင့်ပါတယ်။

တချို့က အစိုးရကျောင်းတွေက အတန်းပညာပဲပေးလို့၊ ဒါမှမဟုတ် စစ်အစိုးရ ဖွင့်ထားလို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ကျောင်းမတက်ဖို့ ပြောလာရင် အဲဒီ ‘စစ်ကျွန်ပညာရေး’ ဆိုတာကြီးကိုပဲ ကျနော်တို့ကိုယ်တိုင် ငယ်ငယ်ကတည်းက သင်လာခဲ့ရတာ မဟုတ်ဘူးလားလို့ မေးစရာ ရှိလာပါတယ်။ တချို့က အဲဒီပညာရေးစနစ်အောက်မှာပဲ ဆရာကောင်းသမားကောင်းတွေနဲ့ တွေ့ပြီး အသိပညာတွေ ရခဲ့သလို၊ တချို့ကလည်း တက္ကသိုလ်ရောက်မှသာ အမြင်ကျယ်လာတယ်ဆိုတာကို လက်ခံကြမယ် ထင်ပါတယ်။ ဒီလို ပညာရေးစနစ်အောက်ကနေပဲ တက္ကသိုလ်ပြီးသွားပြီး မာစတာဘွဲ့၊ ဒေါက်တာဘွဲ့တွေ ရလာတဲ့သူတွေထဲမှာ ဒေသတွင်း အဖွဲ့အစည်းတွေကို အကျိုးပြုနေတဲ့သူတွေ အများကြီး ရှိပါသေးတယ်။ သူတို့တွေကိုယ်တိုင်ကလည်း စစ်အာဏာရှင်အဆက်ဆက်ရဲ့ ပညာရေးစနစ်အောက်ကနေပဲ သင်ယူပြီး တက္ကသိုလ်ပညာရေးကို တက်လှမ်းနိုင်ခဲ့ကြတာ မဟုတ်လား။ ဒါပေမဲ့ လက်ရှိအချိန်မှာ ကလေးတွေကို အစိုးရကျောင်းတွေ မတက်စေချင်တဲ့ အဖွဲ့အစည်းတွေရဲ့ လုပ်ရပ်တွေက ကလေးတွေအတွက် ရွေးချယ်စရာမရှိအောင် တွန်းပို့နေသလို ဖြစ်နေပါတယ်။

တော်လှန်ရေး အဖွဲ့အစည်းတွေအနေနဲ့ အစိုးရကျောင်းတက်တဲ့ ကလေးတွေကနေတဆင့် တော်လှန်ရေးသတင်းတွေ ပေါက်ကြားနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျောင်းတက်တာကို ပိတ်ပင်မယ်ဆိုရင် ဆုံးရှုံးသွားမယ့် ပညာရေးအခွင့်အလမ်းတွေ နေရာမှာ ဘာတွေနဲ့ ပြန်အစားထိုး လုပ်ပေးကြမလဲ။ ကျောင်းမတက်ကြတော့မှပဲ သတင်းပေါက်ကြားတာတွေ လုံးဝမရှိတော့မှာ သေချာလို့လား။ အချုပ်ပြောရရင် ကလေးတွေကို စစ်ကျွန်ပညာရေး မသင်စေချင်ဘူးဆိုရင် အားလုံး လက်လှမ်းမီတဲ့၊ ဒေသတိုင်းကို လွှမ်းခြုံနိုင်တဲ့၊ အာမခံချက်ရှိတဲ့ ပညာရေးစနစ်မျိုးကို တော်လှန်ရေး အင်အားစုတွေဘက်က အသင့်ဖန်တီးထားနိုင်ပြီလား ဆိုတာကတော့ မေးခွန်းထုတ်စရာပဲ ဖြစ်နေပါတော့တယ်။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles