ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
Essay

မနွဲ့ရည်များနှင့် ခေတ်ဆိုးက တွန်းပို့နေသော အဆိုးကျော့သံသရာ

ကျောင်းရပ်နားထားတဲ့ ကျောင်းသူတချို့ကို အင်တာဗျူးလုပ်ရင်း သူတို့လည်း ကျမလိုပဲ မနွဲ့ရည်တွေ မဖြစ်ကြဖို့ ကြိုးစားနေကြတာသိခဲ့ရတယ်။ တယောက်ကဆို သူ့အိပ်မက်၊ သူတက်ခဲ့တဲ့ ဘာသာရပ်နဲ့ မဆိုင်တာတွေလုပ်နေရတဲ့အပြင် စားဝတ်နေရေးအတွက်သာ ဦးစားပေးလုပ်ရကြောင်း ငိုရင်းပြောပြတော့ ကျမပါ သူနဲ့ ရောငိုမိပါတယ်။ ခေတ်ကာလအခြေအနေတွေကပဲ ကျမတို့အရွယ်တွေကို မနွဲ့ရည်လို ‘မစပ်သောငရုတ်’ ဖြစ်အောင် တွန်းပို့နေတာမှန်း သဘောပေါက်လာတယ်။

ဆရာမ မစန္ဒာရဲ့စာအုပ်တွေကို ဘယ်အချိန်ကနေ စဖတ်ခဲ့လဲ ကျမ သေချာမမှတ်မိတော့ပါ။ ဒါပေမဲ့ စာအုပ်တအုပ်ကိုတော့ မှတ်မှတ်ရရဖြစ်နေတာ အခုထိ ဆိုပါတော့။ စာအုပ်နာမည်က ‘မစပ်သောငရုတ်’ တဲ့။ မဆလခေတ်က အင်ဂျင်နီယာဘဝကနေ ငါးပွဲစားအဖြစ် အသက်မွေးဝမ်းကျောင်း ပြုတဲ့ မနွဲ့ရည်၊ “ငရုတ်သီးဖြစ်ပြီး မစပ်ရင် တာဝန်မကျေတဲ့ ငရုတ်သီးပဲ” ဆိုတဲ့ သူ့အဖေစကားကို ကြားယောင်တဲ့ မနွဲ့ရည်၊ မိသားစုစားဝတ်နေရေးကြောင့်သာ ငါးပွဲစားဖြစ်လာပေမဲ့ အခါအခွင့်ကြုံရင် အင်ဂျင်နီယာပညာလေး အသုံးချချင်သေးရဲ့ဆိုတဲ့ မနွဲ့ရည်အကြောင်း ကျောရိုးတည်ထားတဲ့ ဇာတ်လမ်းပေါ့။ ဘာလို့ ဒီစာအုပ်မှ ခေါင်းထဲစွဲနေသလဲဆိုရင် စာအုပ်ဖတ်တုန်းမှာရော ဖတ်ပြီးသကာလမှာပါ ငါတော့ ဒီလိုမဖြစ်ချင်ပေါင် ဆိုပြီး ရေရွတ်မိလို့ပါ။ 

ကျမ ဆယ်တန်းအောင်ပြီး တက္ကသိုလ်ရောက်တော့ တက်ဖြစ်တဲ့မေဂျာကို ကြိုက်လို့ ရွေးတာမဟုတ်ဘဲ တက်ရင်းကြိုက်လာခဲ့တယ်ပဲ ဆိုရမယ်။ ဒါ့အပြင် အမျိုးမျိုးသော ကျောင်းပြင်ပလှုပ်ရှားမှုတွေမှာ ဝင်ပါရင်း ကျောင်းပြီးရင် လုပ်ငန်းခွင်ဝင်ဖို့ပြင်ဆင်ရင်း ကိုယ့်ကိုယ်ကိုယ်လည်း ဒုတိယမနွဲ့ရည် မဖြစ်ဖို့ ကြိုးစားခဲ့တယ်ဆိုပါတော့။ ဒါပေမဲ့လည်း ကိုဗစ်တို့ ကိုစစ်တို့လို အရာတွေမှ ကြိုတင်မမြင်နိုင်၊ မမှန်းဆနိုင်ခဲ့ဘူး။ ဖြစ်လာတော့လည်း အများနည်းတူ ရုန်းရကန်ရတဲ့အပြင် ရေမျောကမ်းတင် မဖြစ်ဖို့လည်း ကြိုးစားရပြန်တယ်။ တခါတခါမှာလည်း ငါများ မနွဲ့ရည်လမ်းစဉ် လိုက်မိနေပြီလားလို့ ပြန်လည်သုံးသပ်မိပါတယ်။

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

ဒီကာလထဲမှာပဲ ကျောင်းရပ်နားထားတဲ့ ကျောင်းသူတချို့ကို အင်တာဗျူးလုပ်ရင်း သူတို့လည်း ကျမလိုပဲ မနွဲ့ရည်တွေ မဖြစ်ကြဖို့ ကြိုးစားနေကြတာ သိခဲ့ရတယ်။ တယောက်ကဆို သူ့အိပ်မက်၊ သူ တက်ခဲ့တဲ့ ဘာသာရပ်နဲ့ မဆိုင်တာတွေ လုပ်နေရတဲ့အပြင် စားဝတ်နေရေးအတွက်သာ ဦးစားပေးလုပ်ရကြောင်း ငိုရင်းပြောပြတော့ ကျမပါ သူနဲ့ ရောငိုမိပါတယ်။ ခေတ်ကာလအခြေအနေတွေကပဲ ကျမတို့အရွယ်တွေကို မနွဲ့ရည်လို ‘မစပ်သောငရုတ်’ ဖြစ်အောင် တွန်းပို့နေတာမှန်း သဘောပေါက်လာတယ်။ အရင်တုန်းကဆို တိုင်းပြည်က အတန်အသင့်ပွင့်လင်းလာတဲ့နောက်မှာ ကျမတို့ရည်မှန်းချက်တွေကလည်း ပိုပြီး မြင့်လာကြတယ်။ ဦးသန်းရွှေခေတ်မှာ သူငယ်တန်းစတက်ပြီး ဦးသိန်းစိန်ခေတ်မှာ ဆယ်တန်းအောင်၊ ဒေါ်အောင်ဆန်းစုကြည်ခေတ်မှာ တက္ကသိုလ်ရောက်တဲ့သူပီပီပဲ ကျမအပါအဝင် ပတ်ဝန်းကျင်က လူငယ်တွေရဲ့ အိပ်မက်တွေဟာလည်း အရင်ခေတ်တွေကထက် ပိုပြီး မက်ရဲ၊ တွေးရဲလာတာ တွေ့ရတယ်။ ဥပမာ ဆရာဝန်၊ အင်ဂျင်နီယာ၊ ကျောင်းဆရာစတဲ့ သမားရိုးကျရည်မှန်းချက်တွေကနေ လွှတ်တော်အမတ်၊ သမ္မတ၊ ဝန်ကြီးစတဲ့ ရည်မှန်းချက်မျိုးပါ ရှိလာကြတာမျိုးပေါ့။ ဆိုလိုတာက သာမန်အရပ်သား သားသမီးတွေလည်း ဒီလိုအိပ်မက်မျိုး မက်ရဲလာကြတာပါ။

ဒါပေမဲ့လည်း ခေတ်ကြီးကပဲ တပတ်ပြန်လည်တာလား။ ပညာရှင်များ သုံးနှုန်းကြသလို အဆိုးကျော့ သံသရာလည်တာလား။ ကျောင်းဝင်းကို စွန့်ခွာပြီး ပြည်ပထွက်အလုပ်ရှာကြတဲ့ လူငယ်တွေ၊ ပြည်ပထွက်ခွင့်ကန့်သတ်ပိတ်ပင်ခံရတဲ့ လူငယ်တွေ၊ ပြည်တွင်းမှာပဲ အဆင်ပြေသလို လုပ်ငန်းခွင်ဝင် နေကြတဲ့လူငယ်တွေ စသည်ဖြင့် များလာကြပါတယ်။ အခုခေတ်မှာ ယောက်ျား မနွဲ့ရည်တွေ၊ မိန်းမ မနွဲ့ရည်တွေ၊ အယ်လ်ဂျီဘီတီ မနွဲ့ရည်တွေလည်း အစီစီဖြစ်လာကြတာကို ဝမ်းနည်းဖွယ် မြင်လာရတယ်။

နိုင်ငံရေးတွေ၊ အုပ်ချုပ်မှုစနစ်တွေ၊ မငြိမ်းချမ်းခြင်းတွေ၊ နေရပ်စွန့်ခွာရမှုတွေ၊ ပေါ်တာဆွဲတာတွေ၊ ကုန်စျေးနှုန်းကြီးမြင့်တာတွေစတဲ့ အထွေထွေအကျပ်အတည်းကြီးကို အရွယ်ပေါင်းစုံ ရင်စည်းခံကြရတာများ ကမ္ဘာစစ်နဲ့ ရှေးဘုရင်ခေတ် စစ်ပွဲအတွင်းတောင် ဒီလောက်ဆိုးပါ့မလား တွေးမိပါတယ်။ အမျိုးမျိုးသော မူးယစ်ဆေးတွေ၊ ဂိမ်းပေါင်းငါးရာ လောင်းကစားတွေနဲ့ လွယ်လင့်တကူ ငွေရှာလို့ရတဲ့ ကျားဖြန့်အလုပ်ခွင်တွေဆီလည်း ရောက်မှန်းမသိ ရောက်ကုန်ကြပြီ။ မနွဲ့ရည်တွေ ဖြစ်ကုန်တာ ဘာအရေးလဲ။ ငရုတ်သီးတွေ မစပ်တော့တာ ဘာအရေးလဲ။ ဒီနေ့ကလွဲရင် မနက်ဖြန်လည်း မသေချာ၊ သန်ဘက်ခါလည်း မသေချာတဲ့ နိုင်ငံသားတွေမှာ ဝါသနာနဲ့အိပ်မက်၊ စားဝတ်နေရေးနဲ့ အိပ်မက်၊ ဘာက ဘာကို အရင်ဝါးမျိုလိုက်ပြီလဲ။ ကိုယ့်ကိုယ်ကိုယ်သာ လုံးပါးမပါးအောင် နေထိုင်ရင်း စိတ်ထဲမှာ ဆိုမိတာက “ဖြစ်ချင်တာတွေလည်း မဖြစ်ရပါ။ မဖြစ်ချင်တာတွေလည်း ဖြစ်ရတာ….. အဲ့ဒါ အဲ့ဒါ ဘဝသံသရာ”1

ကိုးကားချက်

  1. အကယ်ဒမီ ဦးသုခ၏ “ဘဝသံသရာ”သီချင်း။ ↩︎

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles