ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

အရပ်သား ကြီးကြပ်ကွပ်ကဲမှု ဘယ်ဆီဘယ်ဝယ်

စစ်အင်အားအခြေပြုထားတဲ့ အာဏာရှင်ကို စစ်လက်နက်အင်အားနဲ့ တုံ့ပြန်ရင်ဆိုင်ရမယ်ဆိုတဲ့ အယူအဆကို မငြင်းပယ်လိုပေမဲ့ အဲဒီတွန်းလှန်မယ့် စစ်ရေးအခြေပြုအင်အားစုကိုရော ဘယ်လိုပြန်ထိန်းကျောင်းမလဲဆိုတဲ့အချက်က သိပ်အရေးကြီးပါတယ်။ ဒီအင်အားစုကို မှန်မှန်ကန်ကန် မထိန်းကျောင်းနိုင်ခြင်းက လူသတ်မှု၊ မုဒိမ်းမှုစတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖြစ်စေတယ်လို့ ပြောရင် မမှားပါဘူး။

ရခိုင်ဒေသမှာ ဖြစ်ပွားနေတဲ့ သက်ငယ်မုဒိမ်းမှုအပေါ်မှာ လွှမ်းခြုံနိုင်စွမ်းမရှိတဲ့ တရားစီရင်ရေးကွက်လပ်ကို စံဒေဝီရဲ့ ဆောင်းပါးမှာ မီးမောင်းထိုးပြခဲ့ပါတယ်။ အခုဆောင်းပါးမှာတော့ ရှေ့ကဆောင်းပါးရှင် စံဒေဝီရဲ့ ထောက်ပြချက်တွေကို ငြင်းဆိုဖို့မဟုတ်ဘဲ အဲဒီပြဿနာတွေကို ဖြစ်စေတဲ့အကြောင်းတရားကို တခြားရှုထောင့်ကနေ ဆက်စပ်တင်ပြသွားမှာ ဖြစ်ပါတယ်။ မူလဆောင်းပါးမှာ ဒေသတခုရဲ့ ပြဿနာ၊ အဲဒီဒေသရဲ့ ဥပဒေလစ်ဟာချက်အဖြစ် တင်ပြထားပေမဲ့ ကျနော်ကတော့ တနိုင်ငံလုံးဖြစ်ပွားနေတဲ့ ပြဿနာလို့ မြင်မိပါတယ်။

တော်လှန်ရေးကာလမှာ တနိုင်ငံလုံးက ပြည်သူတွေ ပါဝင်လာကြသလို ဒေသအလိုက် လူမျိုးစုတွေလည်း အာဏာရှင်လက်အောက်က ကိုယ့်ဒေသလွတ်မြောက်ရေးဆိုတဲ့ မျှော်လင့်ချက်ကိုယ်စီ ရှိကြပါတယ်။ နောက်ခံအကြောင်းအရာ တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ စစ်အာဏာရှင်ကို ဖြုတ်ချဖို့အတွက် စစ်ရေးက အဓိကနေရာကနေ ပါဝင်နေတဲ့အချက်ဟာလည်း ငြင်းမရနိုင်ပါ။ အာဏာသိမ်းမှုမတိုင်ခင် ၂၀၁၉ ခုနှစ်က ဧရာဝတီသတင်းဌာနနဲ့ အင်တာဗျူးမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဒေါ်အောင်ဆန်းစုကြည်ဟာ “သူ့အမိန့်ကို မနာခံတဲ့ စစ်မြင်းရထားပေါ် တက်စီးမိနေပြီ” လို့ ထောက်ပြခဲ့ပါတယ်။ သဘောတူသူတွေရှိသလို ဝေဖန်ချက်အပေါ် သဘောမတူသူတွေလည်း ရှိခဲ့ပါတယ်။ အဲဒီအချိန်တုန်းက သဘောမတူခဲ့ပေမဲ့ နောက်ပိုင်းမှာ သဘောထားပြောင်းလဲခဲ့တဲ့သူတွေလည်း ရှိပါတယ်။ အခုအချိန် တော်လှန်ရေးတပ်ဖွဲ့တွေထဲမှာ စစ်မြင်းရထားကို ကိုယ်တိုင်မောင်းသူတွေ ပါဝင်နေကြပြီလား စဉ်းစားစရာပါ။ ရခိုင်ဒေသမှာဖြစ်ဖြစ်၊ တခြားဒေသမှာဖြစ်ဖြစ် စစ်ရေးကို ဦးစားပေးတဲ့ “စစ်မြင်းရထားစီးမိခြင်း” ရဲ့ အန္တရာယ်ကို ပြန်လည်သုံးသပ်ဖို့ လိုအပ်နေပါပြီ။ တရားစီရင်ရေး၊ ဥပဒေပြုရေးဆိုတဲ့ တခြားမဏ္ဍိုင်တွေက နောက်ကျကျန်ရစ်ပြီး စစ်ရေးက ရှေ့တန်းရောက်နေတဲ့ အခြေအနေမျိုးမှာ သက်ငယ်မုဒိမ်းမှုလို လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်ပွားနေတာဟာ မဆန်းဘူးလို့ မြင်မိပါတယ်။ 

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

တနိုင်ငံလုံးမှာဖြစ်စေ၊ ဒေသတခုမှာဖြစ်စေ၊ စစ်တပ်ကို အလုံးစုံလက်ကိုင်ပြုမိရင် အန္တရာယ် များလှပါတယ်။ စစ်တပ်ကို နိုင်ငံတော်က ထူထောင်ဖွဲ့စည်းရပြီး အရပ်သားကြီးကြပ်ကွပ်ကဲမှု (civilian oversight) ရှိဖို့က သိပ်အရေးကြီးပါတယ်။ စစ်အင်အားအခြေပြုထားတဲ့ အာဏာရှင်ကို စစ်လက်နက်အင်အားနဲ့ တုံ့ပြန်ရင်ဆိုင်ရမယ်ဆိုတဲ့ အယူအဆကို မငြင်းပယ်လိုပေမဲ့ အဲဒီတွန်းလှန်မယ့် စစ်ရေးအခြေပြုအင်အားစုကိုရော ဘယ်လိုပြန်ထိန်းကျောင်းမလဲဆိုတဲ့အချက်က သိပ်အရေးကြီးပါတယ်။ ဒီအင်အားစုကို မှန်မှန်ကန်ကန် မထိန်းကျောင်းနိုင်ခြင်းက လူသတ်မှု၊ မုဒိမ်းမှုစတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖြစ်စေတယ်လို့ ပြောရင် မမှားပါဘူး။

ဒီနေရာမှာ လက်နက်ကိုင်အင်အားစုအပေါ် အရပ်သားကြီးကြပ်ကွပ်ကဲမှုနဲ့ ပြင်ပကနေ စောင့်ကြည့်မှုတို့ကို ကွဲကွဲပြားပြား သိစေချင်ပါတယ်။ လူထုအဖွဲ့အစည်းတွေအနေနဲ့ လက်နက်ကိုင်အင်အားစုတွေရဲ့ ကျူးလွန်မှုတွေအပေါ် စောင့်ကြည့်တာ၊ ကန့်ကွက်တာ၊ တောင်းဆိုတာမျိုးက အရပ်သားကြီးကြပ်ကွပ်ကဲမှု မဟုတ်ပါဘူး။ အဲသလို ပြင်ပအဖွဲ့အစည်းတွေက စောင့်ကြည့်ရုံ၊ အသံထုတ်ပေးရုံသာ လုပ်နိုင်ပါတယ်။ သူတို့မှာ ဝင်ရောက်ညွှန်ကြားထိန်းကျောင်းနိုင်တဲ့ လုပ်ပိုင်ခွင့်မရှိပါဘူး။ အရပ်ဘက်ကြီးကြပ်ကွပ်ကဲမှု (civilian oversight) နဲ့ စောင့်ကြည့်မှု (monitor) ဆိုတဲ့ လုပ်ငန်းစဉ်နှစ်ခုကို ရောထွေးလိုက်လို့ မရပါဘူး။

ဖြေရှင်းနည်းအနေနဲ့ ပြဿနာတခုချင်းစီကို ချဉ်းကပ်ဖြေရှင်းဖို့ လိုအပ်သလို ပြဿနာအားလုံးရဲ့ အရင်းအမြစ် (root cause) အထိ ချဉ်းကပ်မှသာ ပြေလည်မှာဖြစ်ပါတယ်။ မြန်မာပြည်မှာဖြစ်သမျှ ပြဿနာအားလုံးက စစ်မြင်းရထားကို စီးမိတဲ့ အခြေအနေလို့ ဆိုရမလိုပါ။ စစ်ရေးဦးဆောင်ရာနောက်ကို ဒရောသောပါးလိုက်နေရပြီး တရားစီရင်ရေးနဲ့ ဥပဒေပြုရေးက အတော်လှမ်းလှမ်းမှာ ကျန်နေခဲ့ပါတယ်။ အုပ်ချုပ်ရေးကနေ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ဆိုတာမျိုးနဲ့ပဲ ဥပဒေပြုရေးကို လွှမ်းမိုးခြယ်လှယ်တတ်ကြပါတယ်။

သက်ငယ်မုဒိမ်းမှုခံရသူတိုင်း တရားမျှတမှုရရှိဖို့က အခြေခံကျတဲ့ လိုအပ်ချက်ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီတရားမျှတမှုကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ရရှိစေဖို့က ပြဿနာရဲ့ အရင်းခံအကြောင်းရင်းအထိ ချဉ်းကပ်ကုစားရမှာ ဖြစ်ပါတယ်။ စစ်ရေးဦးဆောင်သော အုပ်ချုပ်မှုပုံစံအစား အရပ်သားဦးဆောင်တဲ့၊ တရားဥပဒေစိုးမိုးတဲ့၊ ပြည်သူဗဟိုပြုတဲ့ စနစ်တရပ် ပေါ်ထွန်းလာမှသာ ဒီလိုစက်ဆုပ်ဖွယ် ရာဇဝတ်မှုတွေ လျော့ပါးသွားမှာပါ။

တော်လှန်ရေးဆိုတာက အာဏာရှင်ကိုသာ ဖြုတ်ချတာမျိုး မဟုတ်ဘဲ ပိုမိုကောင်းမွန်တဲ့၊ တရားမျှတတဲ့၊ ပြည်သူတွေရဲ့ အခြေခံအခွင့်အရေးတွေကို ကာကွယ်ပေးနိုင်တဲ့ စနစ်သစ်တရပ်ကို တည်ဆောက်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အခုအချိန်က စစ်ရေးအောင်မြင်မှုတွေနဲ့အတူ တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးကာကွယ်ရေးနဲ့ အရပ်သားကြီးကြပ်ကွပ်ကဲမှုတို့ကိုပါ အလေးထား ဆောင်ရွက်ရမယ့်အချိန် ဖြစ်ပါတယ်။ ဒီစွမ်းဆောင်နိုင်မှုက တော်လှန်ရေးရဲ့ အောင်မြင်မှု၊ ကျရှုံးမှုကို တိုက်ရိုက်အဆုံးအဖြတ်ပေးနိုင်ပါတယ်။


Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles