News Featuring Min Zin

12 Jun 2026
Khit Thit Media

မြန်မာ့အရေး သုတေသီ၊ ISP Myanmar ထူထောင်သူ အမေရိကန်နိုင်ငံသား ဦးမင်းဇင်ကို သူလျှိုလုပ်မှု သံသယဖြင့် ဖမ်းဆီးထားဟု တရုတ်အစိုးရက သတင်းထုတ်ပြန်

မြန်မာ့အရေး သုတေသီ၊ ISP Myanmar ထူထောင်သူ အမေရိကန်နိုင်ငံသား ဦးမင်းဇင်ကို သူလျှိုလုပ်မှုဖြင့် ဖမ်းဆီးထားကြောင်း တရုတ်အစိုးရက ယနေ့ တရားဝင် သတင်းထုတ်ပြန်သည်။
မြန်မာ့ရေးရာလေ့လာသုံးသပ်သူ အမေရိကန်နိုင်ငံသား ဦးမင်းဇင်ကို တရုတ်နိုင်ငံ၊ ကူမင်း (Kunming) မြို့တွင် သူလျှိုပြုလုပ်မှု၊ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုတို့ဖြင့် ဖမ်းဆီးထိန်း သိမ်းထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ သောကြာနေ့တွင် အတည်ပြုပြောကြားသည်။

12 Jun 2026
New Day Myanmar

ISP Myanmar ဦးဆောင်သူ ဦးမင်းဇင်ကို နိုင်ငံတော်လုံခြုံရေး ပုဒ်မနဲ့တရုတ်အစိုးရ ဖမ်းဆီးထား

မြန်မာ့နိုင်ငံရေးနဲ့ ပဋိပက္ခအခြေအနေတွေကို အထူးပြုလေ့လာနေတဲ့ ISP Myanmar အဖွဲ့ကို တည်ထောင်သူနဲ့ အမေရိကန်နိုင်ငံသား သုတေသီ ဦးမင်းဇင်ကို တရုတ်အာဏာပိုင်တွေက ဖမ်းဆီးထားပြီး တရုတ်နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေတဲ့ ပြစ်မှုနဲ့ စွပ်စွဲထားတယ်လို့ The New York Times သတင်းစာက ဇွန်လ ၁၂ ရက်မှာ ဖော်ပြပါတယ်။

12 Jun 2026
The Irrawaddy-Burmese Edition

တရုတ်အစိုးရက ဦးမင်းဇင်အား သူလျှိုမှုဖြင့် သံသယရှိ၍ ဖမ်းထားကြောင်း အတည်ပြု

တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ဘေးအန္တရာယ်ပြုသည်ဟု သံသယရှိသဖြင့် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု(ISP-Myanmar)၏ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်အား သူလျိုမှုဖြင့် ဖမ်းထားကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့အတည်ပြုပြောကြားကြောင်း Reuters သတင်းကဆိုသည်။

12 Jun 2026
Tai Youth Support SNLD

ISP Myanmarအင်စတီကျူ့ ဦးဆောင်သူကိုမင်းဇင် တရုတ်နိုင်ငံမှာဖမ်းဆီးခံထားရ

Institute for strategy and policy – Myanmar( ISP Myanmar )အဖွဲ့ဦးဆောင်သူကိုမင်းဇင် တရုတ်နိုင်ငံမှာဖမ်းဆီးခံထားရတယ်လို့သတင်းရရှိပါတယ်။

12 Jun 2026
Network Media Group - NMG

ISP-Myanmar ဦးဆောင်သူ ဦးမင်းဇင်ကို တရုတ်ဖမ်းထားကြောင်း အတည်ပြု

မြန်မာ့အရေးသုတေသန အဖွဲ့အစည်းတစ်ခုကို ဦးဆောင်နေသူ အမေရိကန်နိုင်ငံသား ဦးမင်းဇင်အား သူလျှိုလုပ်မှု၊ တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ထိခိုက်စေမှုတို့ဖြင့် သံသယရှိသဖြင့် ဖမ်းဆီးထိန်းသိမ်းထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ သောကြာနေ့တွင် အတည်ပြုပြောကြားလိုက်သည်။

12 Jun 2026
DVB TV News

ISP Myanmar ဦးဆောင်သူ ဦးမင်းဇင်ကို တရုတ်နိုင်ငံက ဖမ်းဆီးထား

မြန်မာ့ မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) ရဲ့ ဦးဆောင်သူ အမေရိကန် နိုင်ငံသား ဦးမင်းဇင်ကို တရုတ်နိုင်ငံက ဇွန်လ အစောပိုင်းကတည်းက ဖမ်းဆီးထားတယ်လို့ New York Times သတင်းစာက ဖော်ပြပါတယ်။

1 10 11 12 13 14