မြန်မာ့နိုင်ငံရေးသုတေသီ ဦးမင်းဇင် တရုတ်နိုင်ငံတွင် ဖမ်းဆီးခံရမှု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတည်ပြု
မြန်မာ့နိုင်ငံရေးကို အထူးပြုလေ့လာနေသည့် အမေရိကန်နိုင်ငံသား သုတေသီလည်းဖြစ်၊ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒရေးရာလေ့လာရေးအဖွဲ့ (ISP-Myanmar) ကို တည်ထောင်သူလည်းဖြစ်သည့် ဦးမင်းဇင်ကို တရုတ်လုံခြုံရေးအရာရှိများက ကူမင်းမြို့တွင် ဖမ်းဆီးလိုက်ပြီး နိုင်ငံတော်လုံခြုံရေးထိခိုက်စေမှုဖြင့် စွပ်စွဲထားကြောင်း နယူးယောက်တိုင်းမ်သတင်းစာက သံတမန်ရေးရာ သတင်းရင်းမြစ်များကို ကိုးကား၍ ဖော်ပြသည်။
