News Featuring Min Zin

12 Jun 2026
The NewsRoom Myanmar

တရုတ်အကျိုးစီးပွား နဲ့ အခန်းကဏ္ဍကို လေ့လာစောင့်ကြည့်တဲ့ ISP Myanmarရဲ့ ဦးဆောင်သူ ကိုမင်းဇင် တရုတ်မှာ အဖမ်းခံရ

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွား၊ ဆက်ဆံရေး အပါအဝင် တရုတ်အခန်းကဏ္ဍတို့ကို လေ့လာစောင့်ကြည့်နေတဲ့ မြန်မာ့သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar)ရဲ့ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုမင်းဇင်ကို တရုတ်နိုင်ငံက ဖမ်းဆီးထားကြောင်း သိရပါတယ်။

12 Jun 2026
Neutral Brief

အမေရိကန် နိုင်ငံသားကို တရုတ်ကဖမ်းတာလေ..။

ဒီဘက်မီဒီယာတွေမှာ ရေးထားကြတာက တရုတ်ကအမေရိကန် နိုင်ငံသားကို ဖမ်းလို့ မကြာသေးခင်ကမှရထားတဲ့
ထရမ့်နဲ့ရှီကျင့်ဖျင်ရဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကိုချိုးဖောက်လိုက်သလိုလို..ဘာလိုလို နဲ့ဆိုတော့။

12 Jun 2026
BBC Burmese

ISP-Myanmar အဖွဲ့က ဦး မင်းဇင်ကို တရုတ် အာဏာ ပိုင်တွေ ဖမ်းဆီ

မြန်မာပြည်ဖွား၊ အမေရိကန်နိုင်ငံသား တယောက်လည်းဖြစ်၊ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု ISP-Myanmar ရဲ့ ဦးဆောင်သူလည်းဖြစ်တဲ့ ဦး မင်းဇင်ကို တရုတ် အာဏာ ပိုင်တွေက တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဖမ်းဆီးလိုက်ပါတယ်။ တရုတ် နိုင်ငံတော် လုံခြုံရေးကို ထိခိုက်စေတဲ့ လှုပ်ရှားမှုတွေ လုပ်ကြောင်း မသင်္ကာလို့လို့ ဆိုပါတယ်။

12 Jun 2026
Khit Thit Media

မြန်မာ့နိုင်ငံရေးအထူးပြုလေ့လာနေသည့် ISP Myanmar ဦးဆောင်သူ အမေရိကန်နိုင်ငံသား ဦးမင်းဇင် ကို တရုတ်အစိုးရက ကူမင်းမြို့တွင် ဖမ်းဆီး၊ တရုတ်နိုင်ငံတော်လုံခြုံရေး ထိခိုက်စေမှုဖြင့် စွပ်စွဲထားဟုဆို

မြန်မာ့နိုင်ငံရေးကို အထူးပြုလေ့လာနေသည့် အမေရိကန်နိုင်ငံသား သုတေသီလည်းဖြစ် ISP Myanmar ဦးဆောင်သူလည်းဖြစ်သူ ဦးမင်းဇင်ကို တရုတ်အာဏာပိုင်များက ဖမ်းဆီးလိုက်ပြီး နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေမှုဖြင့် စွပ်စွဲထားကြောင်း အဆိုပါဖမ်းဆီးမှုနှင့် နီးစပ်သည့် သတင်းရင်းမြစ်များ၏ ပြောကြားချက်များကို ကိုးကား၍ နယူးယောက်တိုင်းမ်သတင်းစာက သတင်းဖော်ပြသည်။

12 Jun 2026
ဖက်ဒရယ် FM

ISP Myanmar ဦးဆောင်သူ ဦးမင်းဇင် တရုတ်ပြည်မှာ ဖမ်းဆီးခံထားရ

ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့က Institute for Strategy and Policy – Myanmar( ISP Myanmar ) တည်ထောင်သူ ဦးမင်းဇင် ကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ တရုတ်အာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ နိုင်ငံတကာသတင်းတချို့က ဖော်ပြပါတယ်။

12 Jun 2026
RFA Burmese

“ISP Myanmar ဦးမင်းဇင်ကို သူလျှိုမှုသံသယနဲ့ ဖမ်းဆီးထားဟု တရုတ်အစိုးရအတည်ပြု”

မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အထူးပြုလေ့လာတဲ့ အကြံပေးအဖွဲ့ (Think Tank) တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအဖွဲ့ (Institute for Strategy and Policy – Myanmar or ISP Myanmar) ရဲ့ တည်ထောင် သူနဲ့ အမှုဆောင် ဒါရိုက်တာဖြစ်တဲ့ ဦးမင်းဇင်ကို တရုတ်နိုင်ငံရဲ့ သူလျှိုလုပ်မှု၊ တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေး ကို ထိပါးစေမှု သံသယတွေနဲ့ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ တရုတ်နိုင်ငံခြားရေးဌာနက ဇွန်လ ၁၂ ရက်နေ့က အတည်ပြုပြောကြားလိုက်ပါတယ်။

12 Jun 2026
m.CDM

ISP-Myanmar ဦးဆောင်သူ ကိုမင်းဇင် တရုတ်နိုင်ငံတွင် ထိန်းသိမ်းခံထားရသည့်သတင်းများ ထွက်ပေါ်

Institute for Strategy and Policy – Myanmar (ISP-Myanmar) ၏ ဦးဆောင်သူများထဲမှ တစ်ဦးဖြစ်သူ ကိုမင်းဇင်သည် တရုတ်နိုင်ငံတွင် ဖမ်းဆီးခံရကြောင်း AAMIJ သတင်းဌာန ၏ ဇွန် ၁၁ နေ့စွဲ ကနဦးသတင်းဖော်ပြချက်အရ သိရှိရသည်။ ကိုမင်းဇင်ကို တရုတ်အစိုးရက ဖမ်းဆီးခဲ့ကြောင်း နီးစပ်သူများကို ကိုးကားထားသည့် သတင်းများထွက်ပေါ်လာသည်။

1 8 9 10 11 12 14