ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

ဒဏ်သင့်ရဦးမည့် အညာမြေ – အယ်လ်နီညိုက ရောက်လာပြီ

မိုးရေကို အားပြုနေရတဲ့ အညာတောင်သူတွေဟာ အယ်လ်နီညိုဖြစ်စဉ်ကြောင့် မိုးခေါင်မယ့်အန္တရာယ်နဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ စစ်တပ်ရဲ့ နယ်မြေစိုးမိုးရေး လုပ်ဆောင်မှုတွေနဲ့ တော်လှန်ရေးတပ်တွေရဲ့ ခုခံမှုတွေ အရှိန်မြင့်နေချိန်မှာ အဖွဲ့အစည်း တဖက်ဖက်ဆီကနေ အယ်လ်နီညိုအတွက် ကာကွယ်မှု၊ ပြင်ဆင်မှုနဲ့ ကုစားမှု တစုံတရာ လုပ်ပေးနိုင်ပါ့မလားဆိုတာက မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

ဇွန်လရောက်ပြီမို့ မိုးရာသီထဲ ဝင်ရောက်လာပေမဲ့ အယ်လ်နီညိုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံမှာ အပူချိန် သိသိသာသာ ပြင်းထန်တာတွေ၊ မိုးခေါင်တာတွေနဲ့ ရာသီဥတု ကမောက်ကမဖြစ်တာတွေ ကြုံရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ စိုက်ပျိုးရေးကို အားထားနေရတဲ့ ကျနော်တို့နိုင်ငံအနေနဲ့ စိုက်ပျိုးဖို့နဲ့ သောက်သုံးရေအတွက် ရေအရင်းအမြစ်တွေ ပြင်ဆင်စုဆောင်းထားကြဖို့ မိုးလေဝသပညာရှင်တွေက တိုက်တွန်းထားကြပါတယ်။ ကျန်းမာရေးပြဿနာတွေအတွက်လည်း ပြင်ဆင်ကာကွယ်ဖို့ တိုက်တွန်းချက်တွေကို တွေ့ရပါတယ်။

ဒါပေမဲ့ စစ်မက်ပဋိပက္ခတွေ ပြင်းထန်နေပြီး မိုးနည်းဒေသဖြစ်တဲ့ အညာဒေသဟာ တခြားဒေသတွေထက် များတဲ့ စိန်ခေါ်မှုတွေ ရှိနေပါတယ်။ စစ်တပ်က အညာဒေသတခွင်ကို စိုးမိုးနိုင်ဖို့ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတဲ့အပြင် စားသောက်ကုန်နဲ့ အိမ်သုံးဆေးဝါးတွေကိုပါ ဖြတ်တောက်ထားပါတယ်။ တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေလည်း မကြာခဏ ဖြစ်ပေါ်နေပြီး စစ်ဘေးရှောင်ဦးရေကလည်း တိုးလာနေပါတယ်။ ၂၀၂၆ ခုနှစ် မေလ ၄ ရက်နေ့အထိ UNHCR ရဲ့ စာရင်းအရ စစ်ကိုင်းတိုင်းမှာ စစ်ရှောင်ဦးရေဟာ ၁ ဒသမ ၃ သန်းကျော်အထိ ရှိနေပြီ ဖြစ်ပါတယ်။ တချို့ရွာတွေဆိုရင်လည်း အကြိမ်ကြိမ် မီးဒဏ်ခံရလို့ ယာယီသဘောမျိုးလောက်ပဲ ဆောက်လုပ်ထားကြရပါတယ်။ အရင် ၂၀၂၁ ခုနှစ်မတိုင်ခင် ကာလတုန်းကတော့ မိုးနည်းလွင်ပြင် အညာဒေသဟာ ဆည်ရေသောက် ဧရိယာတွေနဲ့ ကောင်းကောင်း လည်ပတ်နိုင်ခဲ့ပြီး၊ ပွင့်လင်းရာသီ ရောက်ရင် ပျက်စီးယိုယွင်းနေတဲ့ ဆည်မြောင်းတွေကို အစိုးရယန္တရားနဲ့ အချိန်မီ ပြုပြင်ပေးတာတွေ ရှိခဲ့ပါတယ်။

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

အခုအခါမှာတော့ အဲဒီဧရိယာတွေကို စနစ်တကျ ထိန်းသိမ်းတာတွေ၊ ပျက်စီးတာတွေကို သေသေချာချာ ပြုပြင်နိုင်တာတွေ မရှိခဲ့တာ ကြာခဲ့ပါပြီ။ မိုခါလို မုန်တိုင်းတွေ၊ ရေကြီးမှုတွေကြောင့် အဲဒီဧရိယာတွေမှာ ပျက်စီးမှု ကြီးမားခဲ့ပေမဲ့ ပြည်သူတွေဟာ ကိုယ့်ထူကိုယ်ထနဲ့ပဲ ပြန်လည်ရုန်းကန်ခဲ့ကြရပါတယ်။ (စက်ယန္တရားကြီးတွေနဲ့ ဧရိယာအားလုံးကို ဖြန့်ကြက်လုပ်ဆောင်ပေးတာမျိုး မဟုတ်တဲ့အတွက် ပြည့်စုံမှု မရှိခဲ့ပါဘူး။) အဲဒီအခါမှာ ပြည်သူတွေဟာ ကိုယ့်လယ်ယာမြေအတွက် မိုးရေကိုပဲ အဓိက အားကိုးကြရပါတယ်။ တဖက်မှာလည်း မြေအောက်ရေတွေကို အလွန်အကျွံတူးပြီး လယ်ယာမြေအတွက် ထုတ်ယူသုံးစွဲတာတွေ ရှိလာပါတယ်။ အခုဆိုရင် မိုးရေကို အားပြုနေရတဲ့ အညာတောင်သူတွေဟာ အယ်လ်နီညိုဖြစ်စဉ်ကြောင့် မိုးခေါင်မယ့်အန္တရာယ်နဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ စစ်တပ်ရဲ့ နယ်မြေစိုးမိုးရေး လုပ်ဆောင်မှုတွေနဲ့ တော်လှန်ရေးတပ်တွေရဲ့ ခုခံမှုတွေ အရှိန်မြင့်နေချိန်မှာ အဖွဲ့အစည်း တဖက်ဖက်ဆီကနေ အယ်လ်နီညိုအတွက် ကာကွယ်မှု၊ ပြင်ဆင်မှုနဲ့ ကုစားမှု တစုံတရာ လုပ်ပေးနိုင်ပါ့မလားဆိုတာက မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

မိုးလေဝသပညာရှင်တွေ သတိပေးနေတဲ့ ပြင်ဆင်ကြဖို့ အကြံပြုချက်တွေဟာ အညာလူထုအတွက် လက်တွေ့လုပ်ဆောင်ဖို့ အတော်လေး ခက်ခဲပါလိမ့်မယ်။ အနည်းဆုံး နှစ်စဉ်ကြုံတွေ့နေရတဲ့ မီးဘေးအန္တရာယ်ကို တားဆီးဖို့တောင် စစ်တပ်ယန္တရားအောက်က မီးသတ်ကားတွေ လာရောက်ငြှိမ်းသတ်ဖို့နဲ့ လူမှုကူညီရေးအဖွဲ့တွေ သွားလာဖို့အတွက် အကန့်အသတ် အများကြီး ရှိနေပါတယ်။ ဆေးဝါးတွေအတွက်လည်း စစ်တပ်က အခုပုံစံအတိုင်း ဆက်ပြီး ကန့်သတ်ထားမယ်ဆိုရင် အညာလူထုအနေနဲ့ အခက်အခဲ ဒုက္ခပေါင်းများစွာ ကြုံတွေ့ရနိုင်ခြေ ရှိပါတယ်။ အိုးအိမ်စွန့်ခွာနေရတဲ့ စစ်ဘေးရှောင်တွေအတွက် အပူဒဏ်နဲ့ ရာသီဥတုဖောက်ပြန်မှုဒဏ်တွေကို ရင်ဆိုင်ဖို့ အနည်းဆုံးအဆင့် နေရာချထားပေးမှုတွေ လိုအပ်မှာ ဖြစ်ပါတယ်။ ၂၀၁၅-၁၆ ခုနှစ် ကာလတုန်းက မြန်မာနိုင်ငံအနေနဲ့ စံချိန်တင် ပူပြင်းခြောက်သွေ့မှုတွေ၊ မီးလောင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတုန်းကတော့ လွှတ်တော်အထိ တင်သွင်းဆွေးနွေးပြီး ပြင်ဆင်မှု၊ ကာကွယ်မှုတချို့ လုပ်ခဲ့ပါတယ်။ အခု ၂၀၂၆ ခုနှစ်မှာ ရန်ကုန်၊ မန္တလေးလို ဧရိယာတွေမှာ ပြင်ဆင်မှုတွေ လုပ်နိုင်ကောင်း လုပ်နိုင်မှာ ဖြစ်ပေမဲ့ အညာဒေသတွေမှာတော့ (အပေါ်မှာ ပြောခဲ့သလို) မြေအောက်ရေ အလွန်အကျွံ သုံးစွဲမှုတွေအတွက် အသိပညာပေးတာတွေ၊ အစားထိုး ဖြေရှင်းမယ့် နည်းလမ်းတွေ၊ အလွန်ကာလအတွက် ကုစားဖို့ ပြင်ဆင်တာတွေ စသဖြင့် လုပ်ဆောင်ဖို့ လိုအပ်ချက်တွေ အများကြီးရှိနေတဲ့အပြင် စိန်ခေါ်မှုတွေလည်း အများကြီး ရှိနေပါတယ်။

ပြည်သူလူထုဟာ မုန်တိုင်း၊ ရာသီဥတု၊ သဘာဝကပ်ဘေးနဲ့ လူလုပ်ကပ်ဘေးတွေ ကြားထဲကနေ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အကြိမ်ကြိမ် ရုန်းထခဲ့ရပြီးဖြစ်တဲ့အတိုင်း အခုလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ပြန်လည်ရုန်းထစရာသာ ရှိပါတယ်။ အရပ်ဘက်အဖွဲ့အစည်း တချို့ဆီကနေ အသိပညာပေး လက်ဆင့်ကမ်းမှုတွေ ရနိုင်စရာရှိပေမဲ့ အစိုးရယန္တရားလို ကျယ်ကျယ်ပြန့်ပြန့် လွှမ်းမိုးနိုင်တဲ့ အဖွဲ့အစည်းတခုခုက ဝင်ရောက်လုပ်ဆောင်မှသာ အတိုင်းအတာတခုအထိ ပိုထိရောက်မယ်လို့ ယူဆစရာ ရှိပါတယ်။ ဒါပေမဲ့လည်း စစ်ရှိန်မြင့်တက်နေတဲ့ အညာဒေသဟာ အာဏာလေဟာနယ်လို ပုံစံမျိုး ဖြစ်သွားနေတဲ့အတွက် အယ်လ်နီညိုဖြစ်စဉ် သက်ရောက်မှုသာ ကြီးမားခဲ့မယ်ဆိုရင် တပူပေါ်နှစ်ပူဆင့်တဲ့ သဘာဝကပ်ဘေးကို ပြင်းပြင်းထန်ထန် ခါးစည်းခံကြရဖို့ပဲ ရှိနေပါတယ်။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles