ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
Essay

နေ့တာတိုသော မြို့

အာဏာသိမ်းပြီးကတည်းက လှုပ်ရှားရုန်းကန်နိုင်တဲ့အချိန် နည်းလာလိုက်တာ အခုဆို နေ့တာဟာ ခြောက်နာရီလောက်ပဲ ကျန်တော့တယ် ထင်ရပါတယ်။ ရွာကလာတဲ့ အသီးအရွက်ကားတွေ၊ သားငါးသည်တွေက မနက်ခုနစ်နာရီလောက်ထိ ဈေးကို ရောက်မလာသေးဘူး။ ကံမကောင်းရင် စစ်ဆေးရေးဂိတ်က အကြောင်းပြချက်မရှိ ပိတ်လိုက်လို့ ရောက်မလာဘဲ လှည့်ပြန်သွားရတဲ့ ဈေးသည်တွေလည်း ရှိတယ်။

ကျနော်တို့မြို့ဟာ အခုနှစ်တွေ အတွင်းမှာ သိသိသာသာ နေ့တာတိုလာတယ်။ တခြားမြန်မာနိုင်ငံက မြို့တွေလည်း ဒီလို ဖြစ်မယ်ထင်တာပဲ။ တပ်အပ်တော့ မပြောနိုင်ဘူးပေါ့လေ။ မပြောနိုင်ဆို မြို့ကနေ အပြင်ဘက်ကို ခြေတလှမ်းတောင် မထွက်ဖြစ်တာ အတော်ကြာပါပြီ။ သွားရေးလာရေးကလည်း ခက်တာကိုး။ ခရီးသွားတော့မယ်ဆို အုပ်ကြီး (ရပ်ကွက်အုပ်ချုပ်ရေးမှူး) ဆီက နေထိုင်ကြောင်း ထောက်ခံစာ တောင်းရတယ်။ တခါ အဲ့ထောက်ခံစာကိုင်ပြီး ရဲစခန်း ဒါမှမဟုတ် မြို့နယ်အုပ်ချုပ်ရေးမှူးဆီမှာ ခရီးသွားထောက်ခံစာ ထပ်တောင်းရတယ်။ ကိုယ်သွားတဲ့မြို့ ရောက်ပြန်တော့လည်း ဧည့်စာရင်း တိုင်ရတယ်။ တခါ အီရန်စစ်ပွဲစကတည်းက ဓာတ်ဆီရှားလို့ဆိုပြီး တက်သွားတဲ့ ကားခတွေကလည်း ဘယ်တော့မှ ပြန်ကျမလာတော့ဘူး။ ဆိုတော့ ခရီး မသွားခင်ကတည်းက စရိတ်ရော၊ လူရော ထောင်းနေပြီမို့ တော်ရုံဆို ဘယ်မှ မသွားဖြစ်တော့ဘူး။ ထားပါတော့ လိုရင်းမရောက်ဘဲ ဖြစ်တော့မယ်။ နေ့တာတိုတဲ့အကြောင်း ဆက်ပြောပြဦးမယ်။

နေ့တာတိုလာရတာက နေထွက်နောက်ကျပြီး နေဝင်စောနေလို့တော့ မဟုတ်ဘူးဗျ။ အိမ်ပြင်ထွက်ရတဲ့အချိန်၊ အလုပ်လုပ်ရတဲ့အချိန် နည်းလာတာကို ပြောတာ။ အခုကာလကို ရွေးကောက်ပွဲအလွန်ကာလဆိုပြီး ပြောကြတယ်။ မှန်တယ်၊ မှားတယ်ဆိုတာထက် ရွေးကောက်ပွဲတောင် ကျင်းပခဲ့တယ်ဆိုတော့ ဘာတွေပြောင်းလဲလာမလဲဆိုတာကို ပြည်သူတွေက သိချင်ကြတယ်။ ကြုံတွေ့ခဲ့ရတာတွေလည်း များတော့ ဘယ်အဖွဲ့အစည်းရယ်လို့မှလည်း ကျနော်တို့ မျှော်မနေတော့ဘူး။ ကိုယ့်အားကိုယ်ကိုးပြီး အပြည့်အဝ လုပ်ကိုင်ရှာဖွေနိုင်ဖို့ ဘယ်လောက်အဆင်ပြေလာမလဲဆိုတာပဲ သိချင်တယ်။ ဒါလေးတော့ မျှော်လင့်မိတာ အမှန်ပဲ။ လက်တွေ့မှာတော့ အိပ်မက်ဟာ တကယ်ဖြစ်မလာပါလို့ပဲ ပြောရမယ်။ ပိုတောင်ဆိုးလာသေးတယ်လို့ ဆိုရမယ်။

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

အဆိုးဆုံးတခုကို ရွေးပါဆိုရင် ပေါ်တာဆွဲတဲ့ကိစ္စကိုပဲ ပြောရမယ်။ မနိုင် နိုင်ရာ မဲတယ်ပဲ ဆိုမလား။ တကယ်ပဲ အင်အားနည်းနေလားတော့ မပြောတတ်ဘူး။ ကျနော်တို့မြို့နဲ့ အနီးအနားတဝိုက်မှာ အကျအဆုံးများလာပြီဆိုရင် ကျနော်တို့မြို့ကို ပိုအာရုံကျလာတယ်။ နေ့ရော ညပါ ပေါ်တာဆွဲတယ်။ လမ်းထိပ်မှာ ကြွေအန်ဆော့နေတဲ့ လူအုပ်စုလိုက်ကြီးကို ဆွဲသွားတယ်။ လက်ဖက်ရည်ဆိုင်ထဲ နေ့ခင်းကြောင်တောင် ဝင်ဆွဲတယ်။​ နောက်ဆုံး ဘုရားပွဲသွားတဲ့ လူငယ်တွေကိုပါ ဆွဲတော့ သမီးပျိုတွေ အပြင်ထွက်ပြီး သားပျိုတွေကို အိမ်တွင်းပုန်းခိုင်းရတဲ့ အခြေအနေ ရောက်ကုန်တယ်။ မိန်းကလေးတွေက မြို့တွင်း ပစ္စည်းပို့ကြရတယ်။ မိန်းကလေးတွေပဲ မုန့်ဆိုင်၊ ဖုန်းဆိုင်မှာ အလုပ်လုပ်တယ်။ နောက်ဆုံး ရေသန့်ဘူးတွေ ထမ်းချပြီး လိုက်ပို့ရတာလည်း မိန်းမတွေကပဲ ဦးဆောင်လာရတယ်။ မိန်းကလေးမို့ လုံခြုံနေတာရယ်လည်း မဟုတ်ဘူး။ အနည်းဆုံး စစ်မှုထမ်းဖို့ ခေါ်သွားမခံရသေးရုံပဲ။ ဆိုတော့ တတ်နိုင်တဲ့ မိဘတွေက ကိုယ့်သားသမီးကို နိုင်ငံခြားပို့ဖို့ပဲ စဉ်းစားတော့တယ်။ တက္ကသိုလ်ဝင်တန်း အောင်ပြီးရင် ဘယ်တက္ကသိုလ် တက်မလဲဆိုတာထက် ဘယ်ဘာသာစကား သင်နေလဲ။ ဘယ်နိုင်ငံကို သွားမလဲ ဆိုတာပဲ စိတ်ဝင်စားကြတော့တယ်။ နိုင်ငံခြား ရောက်သွားရင် သားရွှေအိုး ထမ်းလာနိုင်၊ မလာနိုင်က အသာထား၊ လုံခြုံသွားပြီဆိုတာနဲ့တင် စိတ်ချလိုက်ရတော့တာပဲ။

မြို့ပတ်ချာလည်က စစ်ဆေးရေးဂိတ်တွေကလည်း ထိုနည်းလည်းကောင်း ဒုက္ခရောက်စေတာပါပဲ။ ကျနော်တို့ဒေသက လူတွေဟာ အတော်လေး ဝီရိယကောင်းတယ်လို့ ပြောရမယ်။ မနက်ခြောက်နာရီလောက်ဆို စားသောက်ဆိုင်တွေ၊ ဈေးတွေက ပျားပန်းခပ် လှုပ်ရှားနေကြပြီ။ ညဆိုလည်း ဝီရိယကောင်းကောင်းနဲ့ စုဖွဲ့ကြ၊ လည်ပတ်ကြ စည်ကားနေဆဲပဲ။ ဒါပေမဲ့ အာဏာသိမ်းပြီးကတည်းက လှုပ်ရှားရုန်းကန်နိုင်တဲ့အချိန် နည်းလာလိုက်တာ အခုဆို နေ့တာဟာ ခြောက်နာရီလောက်ပဲ ကျန်တော့တယ် ထင်ရပါတယ်။ ရွာကလာတဲ့ အသီးအရွက်ကားတွေ၊ သားငါးသည်တွေက မနက်ခုနစ်နာရီလောက်ထိ ဈေးကို ရောက်မလာသေးဘူး။ ကံမကောင်းရင် စစ်ဆေးရေးဂိတ်က အကြောင်းပြချက်မရှိ ပိတ်လိုက်လို့ ရောက်မလာဘဲ လှည့်ပြန်သွားရတဲ့ ဈေးသည်တွေလည်း ရှိတယ်။ တခါ လူသုံးကုန်တွေ၊ အဝတ်အစားတွေ ရောင်းဖို့ စောင့်နေတဲ့ မြို့မဈေးကြီးက နေ့လယ်မွန်းတည့်တာနဲ့ သရဲခြောက်တော့မလား ထင်ရအောင် ခြောက်ကပ်သွားတယ်။

တကယ်တော့ ပြဿနာတွေအားလုံးဟာ တနည်းမဟုတ် တနည်း သက်ဆိုင်နေကြတာပါပဲ။ လမ်းကြောင်းတွေ ပိတ်လိုက်တော့ ကောင်းရောင်းကောင်းဝယ် စီးပွားရေးတွေ ကျပ်တည်းကုန်တယ်။ ဆလော့ဂိမ်း၊ ငါးပစ်ဂိမ်းတွေ ဆော့မယ်။ နှစ်လုံး၊ သုံးလုံး ထိုးမယ်။ တချို့ဆို ပျူစောထီးအဖွဲ့ထဲ ဝင်ဖို့တောင် ရွေးချယ်ကြတယ်။  ရွာက ကလေးတွေလည်း ကျောင်းမရောက်တော့ဘူး။ အထက်တန်းအရွယ် သားသမီးရှိတဲ့သူတွေထဲက ချောင်လည်တဲ့ မိသားစုတွေဆို မြို့ကို ရွှေ့လာရတယ်။​ မချောင်လည်ရင်တော့ ရွာမှာ အတန်းစာ တက်ဖူးသူတွေက သေစာရှင်စာတတ်ရုံ သင်ပေး၊ ကံကောင်းလို့ ပေါ်တာဆွဲ မခံရရင်တော့ သက်တမ်းစေ့လိမ့်မပေါ့။ မြို့ထဲက လမ်းတွေပေါ်မှာ၊ တက္ကသိုလ်ရှေ့က အဆောင်တွေမှာ လူငယ်တွေ မတွေ့ရတော့ဘူး။ ခြံတံခါးတွေကို တနေကုန် ပိတ်ထားရတယ်။ နေ့တာက တိုလာတယ်။ ပြည်သူတွေ ချောင်လည်ဖို့ ဘာမှ မကူညီနိုင်ရင်တောင် နေ့တာရှည်အောင် လုပ်ပေးနိုင်ရင် ကောင်းမယ်။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles