ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

မြန်မာပြည်တွင် ရှင်သန်ရခြင်း၏ ဝန်ထုပ်ဝန်ပိုး

စစ်ကော်မရှင်အနေနဲ့ စစ်မှုထမ်းခိုင်းတဲ့အရသာကို ခံတွင်းတွေ့သွားပါပြီ။ အခုဆို အမျိုးသမီးစစ်မှုထမ်း အပတ်စဥ်တစ်ကိုတောင် စခေါ်လိုက်ပါသေးတယ်။ ဒါတွေကိုကြည့်ရင် ရွေးကောက်ပွဲအလွန်မှာလည်း စစ်မှုထမ်းကိစ္စကို ဖြေလျှော့ဖို့ မရှိနိုင်ပါဘူး။ ပဋိပက္ခအရှိန်လျော့ကျ(conflict de-escalation) လာရင်တော့ လူငယ်တွေ စစ်မှုထမ်းအန္တရာယ်လျော့မယ့် အခြေအနေရှိပါတယ်။

လူငယ်တွေ အနာဂတ်ပျောက်တယ်ပြောရင် ရိုးအီနေပြီ၊ ဖန်တရာတေနေပြီလို့များ ထင်မလားမသိဘူး။ မြန်မာကလူငယ်တွေ အထူးသဖြင့် အသက် ၁၈ နှစ်ကနေ ၃၀ အကြား လူငယ်တွေ မရေရာတဲ့ အနာဂတ်၊ မသေချာတဲ့ပစ္စုပ္ပန်ကို နေ့စဥ်ဖြတ်ကျော်နေရတာ ဆိုးဝါးလှပါတယ်။ အာဏာသိမ်း လေးနှစ်ကျော်ကာလမှာ တိုင်းပြည်အခြေနေကလည်း ပိုလို့ခက်၊ စီးပွားရေးကလည်း ပိုလို့ပျက်၊ စစ်မှုထမ်းခေါ်တာကလည်း ပိုလို့ကျပ်နဲ့ ပြည်ပကို တရားဝင်ရော၊ တရားမဝင်ပါ နည်းမျိုးစုံနဲ့ ထွက်နေကြရပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း လူငယ် သုံးသိန်းကနေ ငါးသိန်းအကြား ပြည်ပကို ထွက်ခွာပြီးဖြစ်တယ်လို့ UNDP ရဲ့ မြန်မာလူငယ်သဘောထားစစ်တမ်းက ဆိုပါတယ်။ ဒါ့အပြင် လူငယ် ၁၀ ဦးမှာ လေးဦးက ယိုယွင်းလာတဲ့ လူမှုစီးပွားအခြေအနေနဲ့ စစ်မှုထမ်းဥပဒေတွေကြောင့် အခွင့်သင့်ရင် တိုင်းပြည်ကနေ ထွက်ခွာလိုကြောင်း ဖြေထားပါသေးတယ်။ စစ်မှုထမ်းလို့ဆိုရာမှာ စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းခေါ်ယူတာရော၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အသီးသီးရဲ့ စစ်မှုထမ်းခေါ်ယူတာကိုပါ ဆိုရပါမယ်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့လို ပဋိပက္ခမပြင်းထန်သေးတဲ့ဒေသတွေသာမက ပဋိပက္ခအရှိန်တက်နေတဲ့ဒေသတွေက လူငယ်တွေပါ စစ်မှုထမ်းအန္တရာယ်ကို ကျော်လွှားဖို့လုပ်နေရတာပါ။ ဒီလိုအခြေနေကြောင့်ပဲ မြန်မာကလူငယ်တွေဟာ ဘေးကျပ်နံကျပ်ဖြစ်ကာ သစ်လွင်တဲ့ အနာဂတ်ကို တည်ဆောက်ဖို့ အဟန့်အတားဖြစ်နေပါတယ်။ 

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

ကိုယ့်မိခင်တိုင်းပြည်မဟုတ်တဲ့ တခြားတိုင်းပြည်မှာနေရတာ နေ့စဥ်အသက်ရှူရင်းတောင် ငွေကုန်ပါတယ်။ လူငယ်အများစု ထွက်ခွာလာကြတာက ထိုင်းနိုင်ငံပါ။ တရားဝင်လမ်းကြောင်းကနေ ထိုင်းကို ရောက်လာသူအများစုက ပညာရေးဗီဇာ (Education Visa) ကို ပွဲစားကနေတဆင့် လုပ်ရတာ ငွေအတော်ကုန်ပါတယ်။ ဒါဟာ တနှစ်စာနေထိုင်ခွင့်အတွက်ပဲ ရှိပါသေးတယ်။ စားစရိတ်၊ နေစရိတ်ပါ ထည့်တွက်ရင် တနေ့တာ လုံခြုံစွာအသက်ရှူရဖို့လေးတောင် ငွေအတော်ကုန်နေပါပြီ။ နေထိုင်ခွင့် အတွက် ဗီဇာက ဘတ် ၅၅,၀၀၀ ဝန်းကျင်ဆိုတော့ တနေ့စာကို ဘတ် ၁၅၀ ရှိပါတယ်။ စားစရိတ်ကို အောက်ထစ်ဆုံး ချွေတာတဲ့နှုန်းနဲ့ ဘတ် ၂၀၀ ဆိုပါစို့။ အကြမ်းဖျင်းတွက်ကြည့်ရင် နေထိုင်ခွင့် (ဗီဇာ) နဲ့ စားစရိတ်ချည်းပဲတောင် တနေ့တာအတွက် ထိုင်းဘတ်ငွေ ၃၅၀ လောက်ရှိပါတယ်။ ဒါဟာ အခန်းခ၊ ရေဖိုး၊ မီးဖိုးတို့ မပါသေးပါဘူး။ လုံခြုံစွာအသက်ရှူရဖို့အရေး မြန်မာငွေ ၄၆,၀၀၀ ကျပ်ဝန်းကျင် နေ့စဥ်ကုန်ပါတယ်။ 

အထောက်ထားမရှိဘဲ နယ်စပ်လမ်းကြောင်းကတဆင့်လာတဲ့ လူငယ်တွေဆိုရင်လည်း အန္တရာယ် သိပ်ကြီးသလို ခရီးစရိတ်၊ ဘတ်ရိုက်ဖို့ သုံးရတဲ့စရိတ်တွေနဲ့ အတော်ကို ခက်လှပါတယ်။ မိဘတွေကလည်း ကိုယ့်သားသမီး လုံခြုံစေဖို့ ရတဲ့နည်းနဲ့ ထုခွဲရောင်းချချေးငှားပြီး ပို့ကြတာပါ။ ရောက်လာတော့ရော အလုပ်အကိုင်ရဖို့ လွယ်သလားဆိုတော့ မလွယ်ပြန်ပါဘူး။ အလုပ်ရပြန်ရင်လည်း အလုပ်ကြမ်းသဘောမျိုးသာ ရကြတာပါ။ ဒီလို ခွန်အားရှိပြီး သစ်လွင်တဲ့ လူငယ်တွေ ရရာနည်းနဲ့ ထွက်ခွာနေကြတာ ပြည်တွင်းလုပ်သားအင်အား များစွာကျဆင်းပါတယ်။ တချို့ဒေသတွေမှာ လယ်ယာလုပ်ဖို့ လူငယ်အားကောင်းမောင်းသန်တွေ မရှိကြတော့ပါဘူး။ တချို့ရွာတွေမှာဆိုရင် လူကြီးတွေနဲ့ ကလေးတွေပဲ ရွာထဲကျန်တော့တယ်လို့ ပြောကြပါတယ်။ လူငယ်လူရွယ်တွေက ရရာနည်းနဲ့ ထိုင်း၊ ဂျပန်၊ ကိုရီးယား၊ ယူအေအီး စတဲ့ နိုင်ငံတွေကို ထွက်ခွာနေကြသလို မထွက်ရတဲ့လူငယ်တွေကလည်း အခွင့်သာရင်ထွက်ဖို့ စိုင်းပြင်းနေကြတာပါ။ လူငယ်လုပ်သားအင်အား နည်းပါးလာတာဟာ ကမောက်ကမဖြစ်ကာ ယိုယွင်းလာတဲ့ မြန်မာ့စီးပွားရေးအတွက် စိုးရိမ်စရာပါ။ တချိန်ကနာမည်ကြီးခဲ့တဲ့ Brain Drain ဆိုတာမျိုး တကျော့ပြန်ဖြစ်လာပါတယ်။

UNDP ရဲ့ စစ်တမ်းကို ဖြေဆိုသူလူငယ် ၅၅ ရာခိုင်နှုန်းကျော်က အမိနိုင်ငံဟာ ပျက်သုန်းမှုလမ်းမှားဆီ ရောက်နေတယ်လို့ ဖြေဆိုထားပါတယ်။ ဒါပေမဲ့လည်း လာမယ့်ငါးနှစ်အတွင်းမှာ ပိုမိုကောင်းမွန်တဲ့ အနာဂတ်တခုရှိလာမယ်လို့ မျှော်လင့်ထားတဲ့ လူငယ်တွေကလည်း ၄၅ ရာခိုင်နှုန်းရှိပါတယ်။ ပြည်ပနိုင်ငံကို ထွက်ခွာဖို့ ပြင်နေတဲ့ လူငယ် ၉၀ ရာခိုင်နှုန်းကျော်က နိုင်ငံရေး၊ စီးပွားရေးကောင်းရင် အမိမြေကို ပြန်လာဖို့ ပြင်းပြတဲ့ဆန္ဒရှိကြောင်းလည်း ဖြေပါသေးတယ်။ အခုဆိုရင် ရွေးကောက်ပွဲ ဆိုတာကြီးကို စစ်ကော်မရှင်က ဦးတည်ပြင်ဆင်နေပါတယ်။ ဒီရွေးကောက်ပွဲကလည်း အချိန်တန်ရင် သူ့နည်းသူ့ဟန်နဲ့ ဖြစ်သွားဦးမှာပါပဲ။ စစ်ကော်မရှင်အနေနဲ့လည်း နိုင်ငံတကာထောက်ခံမှုရဖို့ ရွေးကောက်ပွဲအလွန်မှာ တစုံတရာပွင့်လင်းမြင်သာမှု၊ တိုးတက်သာယာမှုတွေကို ဟန်ကိုယ့်ဖို့ လုပ်ပြဦးမှာပါပဲ။ သို့ပေတဲ့ လူငယ်တွေကို အဓိကခြိမ်းခြောက်နေတဲ့ စစ်မှုထမ်းကိစ္စကတော့ ပြေလျော့ဖို့ မရှိပါဘူး။ 

စစ်ကော်မရှင်ရဲ့ ပြည်သူ့စစ်မှုထမ်းခေါ်တာဟာ အပတ်စဥ်-၁၅ ပြီးလို့ လူဦးရေ ၇၅,၀၀၀ လောက်ရှိပါပြီ။ ဒီအင်အားတွေနဲ့ပဲ မိုးဗြဲ၊ သပိတ်ကျင်း၊ နောင်ချိုတို့ကို ပြန်သိမ်းနိုင်ခဲ့သလို စစ်ဆေးရေးဂိတ်တွေနဲ့ လုံခြုံရေးကိစ္စတွေမှာ စစ်မှုထမ်းလူငယ်တွေကို နေရာချလာပါတယ်။ စစ်ကော်မရှင်အနေနဲ့ စစ်မှုထမ်းခိုင်းတဲ့အရသာကို ခံတွင်းတွေ့သွားပါပြီ။ အခုဆို အမျိုးသမီးစစ်မှုထမ်း အပတ်စဥ်တစ်ကိုတောင် စခေါ်လိုက်ပါသေးတယ်။ ဒါတွေကိုကြည့်ရင် ရွေးကောက်ပွဲအလွန်မှာလည်း စစ်မှုထမ်းကိစ္စကို ဖြေလျှော့ဖို့ မရှိနိုင်ပါဘူး။ ပဋိပက္ခအရှိန်လျော့ကျ(conflict de-escalation) လာရင်တော့ လူငယ်တွေ စစ်မှုထမ်းအန္တရာယ်လျော့မယ့် အခြေအနေရှိပါတယ်။ သို့ပေတဲ့ ပဋိပက္ခအရှိန်လျော့ကျဖို့ဆိုတာ ဘက်အသီးသီးက ဘယ်လောက်ထိ အပေးအယူ၊ အလျှော့အတင်းလုပ်မလဲအပေါ် မူတည်နေပါတယ်။ ကိုယ့်နိုင်ငံဟာ ဆန်းကြယ်တဲ့ဖြစ်ရပ်တခုကြောင့် နတ်ရေကန်ထဲကျသလို ပြောင်းလဲဖို့ အတော်ခဲယဥ်းပါတယ်။ ဆိုတော့ အမိမြေကို ချစ်လို့ ပြည်တွင်းကို ပြန်လာချင်တဲ့ လူငယ်တွေရဲ့ ပြည်တော်ပြန်ဆန္ဒက အလှမ်းဝေးနေဆဲပါပဲ။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles